Miso Beauty Center

Miso Beauty Center

Share

Botox,Filler,PDO( cog),Fat dissolving,Whitening injection.

အရေးအကြောင်း Botox
အရေးအကြောင်းဖြည့် filler
နှာတံမြှင့်ကြိုး
ပါးကြိုးကြီး
အဆီဖျော်ဆေးထိုးခြင်း
မျက်ခွံပိ၍ ပင့်တင်ခြင်း
တတ်တူးဖျက်ခြင်း
မှဲ့ဖယ်ရှားခြင်း အသားပိုဖယ်ခြင်း
မျက်နှာအချိုင့်ဖြည့်ခြင်း
အမဲစက် ဖယ်ရှားခြင်း

16/03/2026
22/02/2026

မသိမသာနဲ့ မျက်နှာပုံစံအံ့၀င်ကွင်ကျစေဖို့ဆိုတာ လုပ်ပေးသူရဲ့ပညာနဲ့ဆိုင်ပါတယ် Chin Filler 1CC နဲ့အလှဆင်ပေးထားပါတယ်။
09_450017972 09-775489971

21/02/2026

မျက်နှာလေးသွယ်သွားဖို့ အလျင်လိုနေသူအတွက် အချိန်တိုအတွင်းသိသာစေသော Chin filler လေးထည့်သွင်းပေးထားပါတယ်ရှင့်
# ゚viralシfypシ゚viralシalシ
09-775489971 09_450017972

21/02/2026

မွေးထဲက မပါပေမဲ့ အခုရသွားနိုင်တဲ့
Service ဘာလေးဖြစ်မလဲ?
09_450017972 09_775489971

26/01/2026

💎ပထမရက် ၂၄နာရီရေမထိရ
💎၅ရက်​မြောက်အထိ active ingredient များတဲ့ Skin care ရှောင်
💎ချွေးထုတ်ခန်းနှင့်Gymခဏ brakeပါ
💎Moisturizer နဲ့ Sunscreen အိတ်ထဲအမြဲဆောင်ထား
💎ကော်ဖီ၊အရက်၊ဆေးလိပ်ယာယီနားပေးပါရှင့်။
၂လဆိုရင် So Fine💘💘
09-775489971 _09450017972

10/08/2025

Thread ကြိုးထိုးပြီးအလှပြုပြင်ခြင်း လုပ်တော့လုပ်နေတာဘဲ။
ဘယ်လိုတွေ ဖွဲ့စည်းထားလည်း ဘာတွေကွာသလဲဆိုတာ သိချင်သူတွေအတွက်.....✅️✅️✅️
PDO နဲ့ PLLA thread ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံအသေးစိတ်
​PDO (Polydioxanone) Threads

​PDO threads တွေကို ခွဲစိတ်မှုတွေမှာ အသုံးပြုတဲ့ ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် ပျော်ဝင်နိုင်တဲ့ ချုပ်ရိုးကြိုး (suture material) တစ်မျိုးဖြစ်တဲ့🎆 polydioxanone ဆိုတဲ့ ဓာတုဗေဒ ပစ္စည်းကနေ ပြုလုပ်ထားပါတယ်။ လုံခြုံစိတ်ချရပြီး ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး (toxic) ဖြစ်စေတာမျိုးမရှိပါ။

♨️​PDO threads တွေမှာ ပုံစံအမျိုးမျိုးရှိပါတယ်။
​Mono threads: ချောမွေ့တဲ့ ကြိုးလေးပုံစံ အရေပြားတင်းရင်းဖို့နဲ့ Collagen ထုတ်လုပ်မှုကို အဓိထား လှုံ့ဆော်ပေးပါတယ်။

​Screw (Tornado) threads: လိမ်ထားတဲ့ ပုံစံဖြစ်ပြီး ပိုပြီးသိသာတဲ့ အသားပြည့်တင်းမှုကို (volume up) ပေးစွမ်းနိုင်ခြင်း။

​Cog threads: ကြိုးတစ်လျှောက်မှာ အစွယ်လေးတွေ (barbs) ပါပြီး တွဲကျနေတဲ့ အသားအရေကို ဆွဲတင်ဖို့ အဓိက အသုံးပြုပါတယ်။
သိသာမှု
​ချက်ချင်းဆွဲတင်မှု (Immediate Lift)
​အရေပြားအောက်ကို thread တွေ ထည့်လိုက်တာနဲ့ အသားအရေကို ချက်ချင်း ဆွဲတင်ပေးပါတယ်။ Cog thread တွေဆိုရင် ဒီအစွယ်လေးတွေက အသားထဲကို တွယ်ချိတ်ပြီး သိသာတဲ့ ဆွဲတင်းမှုကို ပေးစွမ်းနိုင်ပါတယ်။
​Collagen ထုတ်လုပ်မှု လှုံ့ဆော်ခြင်း (Collagen Stimulation)
​Thread တွေကို ထည့်သွင်းလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ဒဏ်ရာကျက်စေတဲ့ ဖြစ်စဉ် (wound-healing response) ကြောင့် healing process ကနေ​တုံ့ပြန်ပုံစံ အလုပ်လုပ်ပါတယ်။
fibroblast ဆိုတဲ့ ဆဲလ်တွေက အသားအရေကို တင်းရင်းစေတဲ့ collagen အသစ်တွေကို စတင်ထုတ်လုပ်ပါတော့တယ်

​ဒီ collagen တွေက thread တွေ ပျော်ဝင်သွားပြီးနောက်မှာတောင် အသားအရေ တင်းရင်းမှုကို ဆက်လက် ထိန်းသိမ်းပေးပါတယ်။
​ပျော်ဝင်ပျက်စီးမှု (Dissolution)
​PDO threads တွေဟာ ၆ လကနေ ၉ လအတွင်းမှာ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း ပျော်ဝင်ပြီး ရေနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ဆင့်ကဲပြောင်းလဲခြင်း။
​Thread တွေပျော်ဝင်သွားပေမယ့် သူတို့က လှုံ့ဆော်ပေးထားတဲ့ collagen အသစ်တွေကြောင့် ရလဒ်တွေက ၁ နှစ်ကနေ ၁ နှစ်ခွဲအထိ ဆက်လက်ခံနိုင်ပါတယ်။

✅️​PLLA (Poly-L-lactic acid) Threads

​PLLA threads တွေကို poly-L-lactic acid ဆိုတဲ့ ဇီဝပျက်စီးနိုင်တဲ့ ဓာတုပစ္စည်းကနေ ပြုလုပ်ထားပါတယ်။
​ဒီပစ္စည်းကို ဆေးပညာနယ်ပယ်မှာ နှစ်ပေါင်းများစွာကတည်းက သုံးစွဲနေခဲ့တာကြောင့် ဘေးကင်းလုံခြုံပါတယ်။

​PDO threads တွေလိုပဲ PLLA threads တွေမှာလည်း ပုံစံအမျိုးမျိုးရှိပါတယ်။
​PLLA ဟာ fillers တွေမှာလည်း အသုံးပြုတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကို ပြည့်တင်းလာအောင် အားပေးတဲ့အတွက် ပိုပြီး နာမည်ကြီးပါတယ်။ Celebrity တွေအသုံးများတယ် အစစ်ပစ္စည်းကောင်းရင် စျေးကြီးတဲ့အမျိုးအစားပါ။ နာကျင် ရောင်ရမ်းမှုက PDOထက် သာလွန်ခြင်း။
​အလုပ်လုပ်ပုံ
​အဓိက Collagen ထုတ်လုပ်မှု လှုံ့ဆော်ခြင်း
​PLLA ရဲ့ အဓိက အလုပ်လုပ်ပုံက collagen ထုတ်လုပ်မှုကို အချိန်ကြာကြာ လှုံ့ဆော်ပေးတာဖြစ်ပါတယ်။
​အရေပြားအောက်မှာ ထည့်သွင်းပြီးနောက် PLLA အမှုန်လေးတွေက fibroblasts တွေကို တွန်း အားပေးပြီး collagen အသစ်တွေ ပိုမိုထုတ်လုပ်လာအောင် ဆောင်ရွက်ပါတယ်။
​ချက်ချင်းရတဲ့ ရလဒ်ထက် အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သိသာလာတတ်ပါတယ်။
​ရလဒ်ရေရှည်ခံမှု (Longevity)
​PLLA threads တွေဟာ PDO ထက် ပိုပြီးကြာကြာခံပါတယ်။ အများအားဖြင့် ၁ နှစ်ကနေ ၂ နှစ်အထိ ခံနိုင်ခြင်း။

​PLLA thread တွေ ပျော်ဝင်ပျက်စီးသွားပြီးနောက်မှာလည်း သူတို့က လှုံ့ဆော်ပေးထားတဲ့ collagen တွေက အသားအရေကို တင်းရင်းမှုနဲ့ ပြည့်တင်းမှုကို ဆက်လက်ထိန်းသိမ်းပေးပါတယ်။

(​စတင်သုံးစွဲခဲ့သည့်အချိန်ကာလ)
​PDO threads ကို ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ခွဲစိတ်မှုတွေမှာ ပျော်ဝင်နိုင်တဲ့ ချုပ်ရိုးကြိုးအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။
​အရေပြားဆွဲတင်တဲ့ (thread lifting) ကုသမှုတွေအတွက်တော့ ၂၀၀၀ ပြည့်နှစ်များအစောပိုင်းကစပြီး တောင်ကိုရီးယားနိုင်ငံမှာ စတင်အသုံးပြုလာခဲ့ပါတယ်။ နောက်ပိုင်း ကျယ်ပြန့်မှုကတော့
အံ့မခန်းပါဘဲ။
အများအားဖြင့် အသုံးပြုလေ့ရှိတဲ့ Thread တွေကတော့ PDO (Polydioxanone), PLLA (Poly-L-lactic acid), နဲ့ PCL (Polycaprolactone) တို့ပဲဖြစ်ပါတယ်။ ဒီ Thread တွေတစ်ခုချင်းစီမှာ သူ့ရဲ့အားသာချက်တွေ၊ အလုပ်လုပ်ပုံတွေ မတူကြပြန်ဘူး
​PDO (Polydioxanone) Threads

🌈🌈​PDO Threads
​ဘယ်သူတွေအတွက်သင့်တော်သလဲ:
​အသက်အရွယ်ကြီးလာလို့ အသားအရေ စတင်တွဲကျလာသူများ Sagging Skin
​ချက်ချင်းဆွဲတင်လိုတဲ့ ရလဒ်ကို လိုချင်သူများ။
​Jawline (မေးရိုးတစ်လျှောက်)၊ လည်ပင်း၊ ပါးပြင်စတဲ့နေရာတွေကို ဆွဲတင်ချင်သူများ သင့်လျော်
🌈🌈​PLLA (Poly-L-lactic acid) Threads
​ဘယ်လိုအလုပ်လုပ်သလဲ:
​PLLA Threads တွေက ရည်ရှည်အတွက် အာနိသင်လိုချင်သူတွေ သင့်တော်ပါတယ်
​PDO လို ချက်ချင်းဆွဲပင့်မှုမျိုးမရပေမယ့်၊ အသားအရေ တင်းရင်းမှုနဲ့ ပြည့်တင်းလာမှုကို အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းပိုသိသာလာစေပါတယ်။ အချိန်ပေးနိုင်သူတွေအတွက်
🌈🌈​PLLA Threads တွေဟာ ပိုပြီးဖြည်းဖြည်းချင်း ပျော်ဝင်တဲ့အမျိုးအစားပါ ရလဒ်က ပိုပြီးကြာရှည်ခံပါတယ်။
​ဘယ်သူတွေအတွက်သင့်တော်သလဲ:
​အသားအရေ တင်းရင်းပြီး ပြည့်တင်းလာစေဖို့ကို လိုချင်သူများ။
​ရလဒ်က ၂ နှစ်ခန့်အထိ ကြာရှည်ခံစေချင်သူများ။
​Filler (အသားဖြည့်ဆေး) ထိုးသကဲ့သို့ မျက်နှာကို ပြည့်တင်းစေလိုသူများ။
​PCL (Polycaprolactone) Threads

​PCL Threads တွေဟာ PDO နဲ့ PLLA ထက် အပျော်ဝင်နှုန်းနှေးကွေးပြီး၊ အကြာဆုံးခံတဲ့ Thread အမျိုးအစားဖြစ်ပါတယ်။
​Collagen ထုတ်လုပ်မှုကိုလည်း အချိန်ကြာမြင့်စွာ လှုံ့ဆော်ပေးနိုင်ပါတယ်။
​ပျော့ပြောင်းမှုအားကောင်းတာကြောင့် ထိုးပြီးတဲ့အခါ မာနေတာမျိုးမရှိဘဲ သဘာဝပိုကျပါတယ်။

​ဘယ်သူတွေအတွက်သင့်တော်သလဲ:
​Thread ရဲ့ရလဒ်ကို ၂ နှစ်ကျော်အထိ အကြာကြီး ခံစေချင်သူများ။
​အရမ်းအစွယ်ပါတာမျိုးထက် ပိုပြီးပျော့ပြောင်းတာကို လိုချင်သူများ။
​ဘယ်အမျိုးအစားကို ရွေးချယ်သင့်သလဲ?
​အကောင်းဆုံး Thread ဆိုတာ မိမိလိုချင်တဲ့ရလဒ်ပေါ်မှာ မူတည်ပါတယ်။
​ချက်ချင်းဆွဲတင်လိုတယ်၊ တင်းရင်းမှုလည်းလိုချင်တယ်ဆိုရင် PDO က အသင့်တော်ဆုံးဖြစ်ပါတယ်။
​ရလဒ်က ပိုကြာရှည်ခံချင်ပြီး အသားအရေ ပြည့်တင်းတာမျိုးကို လိုချင်တယ်ဆိုရင် PLLA ကို ရွေးချယ်သင့်ပါတယ်။
​အကြာဆုံးခံတဲ့ ရလဒ်ကို လိုချင်တယ်ဆိုရင် PCL ကို ရွေးနိုင်ပါတယ်ရှင့်။ အသေးစိတ် CBကနေမေးမြန်းပါ ဆိုင်မှာ Korean Threads သာအသုံးပြုပေးပါတယ်။
အမှတ် (၂၀၅)၊ ငုဝါလမ်း၊၁၅ရပ်ကွက် ၊ဒဂုံအရှေ့ပိုင်း
09_450017972
09-775489971

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11451