Eastern Beauty Palace

Eastern Beauty Palace

Share

The most beautiful thing you can be is yourself... 💖

22/01/2023

2023 ခုနှစ် ယုန်နှစ် နှစ်သစ်လမှာ ချစ်ကာစမာအပေါင်းတို့ ကျန်းမာချမ်းသာ အလှတိုးလို့ လိုအင်ဆန္ဒများပြည့်၀ကာ စီးပွားလာဘ်လာဘများဆထက်တိုး ပွားများလာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်...
ဒီလထဲပရိုမိုးရှင်းလေးတွကုန်သွားခဲ့ပေမယ့် နောက်လတွေထဲမှာလဲအများကြီးထပ်မံယူဆောင်လာခဲ့ပေးသွားဖို့ရှိတာမို့ page လေးကို like & follow ထားဖို့မမေ့နဲ့နော်..
အားပေးကြမ်းကြတဲ့ချစ်ကာစတန်မာအလှလေးများအားလုံးကိုအထူးကျေးဇူးတင်လျက်



🍀 2023 🎊🎊

㊗️大家今年财到,福到,好运到
㊗️大家今年无病,无灾,无难
㊗️大家今年一定很哇塞,一切顺利
祝你,祝我,祝我们新年钱兔似锦,兔然暴富,钱兔无忧 💯

03/01/2023

မင်္ဂလာပါချစ်ရတဲ့ကာကာလေးတို့ရေ... အခုဆိုရင်တစ်နှစ်ဟောင်းလို့တစ်နှစ်ပြောင်းခဲ့ပြီနော်။
ဒီတော့ ဖြစ်ပြီးခဲ့တဲ့ minus things & negative thinking လေးတွေကို နှစ်ဟောင်းလေးမှာပဲထားခဲ့ပြီး အတွေးသစ်အမြင်သစ်လေးတွေနဲ့အတူ 2023 နှစ်သစ်လေးကို အလှတရားလေးတွေနဲ့ပြည့်နှက်သွားစေဖို့ Eastern Beauty Palace နဲ့ အတူတူဖန်တီးကြရအောင် ... 😘

အလှတရားဆိုတာကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးပွားစေတဲ့အရာဖြစ်သလို ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိနေသူတိုင်းသာအလုပ်မှာထွန်းထွန်ပေါက်ပေါက်အောင်မြင်ကြတာကိုလဲအားလုံးသိရှိပြီးဖြစ်ကြမှာပါ။

Eastern Beauty Palace ဟာချစ်ရတဲ့ကာကာလေးတွေကို အလှဆုံးဖြစ်အောင်ဖန်တီးပေးနေပြီး မိတ်ဆွေပေါင်းရာကျော်နဲ့အတူလက်တွဲကာအလှဆုံးဖြစ်အောင် ပုံဖော်ဖန်တီးပေးနိူင်ခဲ့ပြီးဖြစ်လို့ လက်ရာလေးတွေလဲစိတ်ချရတဲ့အပြင် ချစ်ရတဲ့ကာကာလေးတွေအားလုံးအတွက် အလှဆုံးနဲ့အတန်ဆုံးဖြစ်အောင် promotion လေးတွေလဲ စဥ်ဆက်မပြတ်ကြိုးစားလုပ်ဆောင်ပေးနေပြီး
ကာကာလေးတို့ရဲ့ privacy လေးတွေကိုလဲလုံခြုံစိတ်ချစွာထိန်းသိမ်းပေးထားတာမလို့ ယုံကြည်စိတ်ချစွာလာရောက်အားပေးနိူင်ပါတယ်ရှင် 😘

2023 အတွက် ပရိုမိုးအသစ် အသစ်လေးတွေကိုလဲ အထူးခြားဆုံးနဲ့အတန်ဆုံးဖြစ်အောင်စီစဥ်နေပြီမလို့ စောင့်မျှော်အားပေးနိူင်ပြီဖြစ်ကြောင်းသတင်းကောင်းလေးပါးလိုက်ပါတယ်ရှင် ......

"အတန်ဆုံးနှုန်းနဲ့အလှဆုံးဖန်တီးပေးရာနေရာ Eastern Beauty Palace ပါ 😘"

01/01/2023
Photos from Eastern Beauty Palace's post 21/12/2022

**December Christmas and New Year Double Big promotion affairs.. 🎊🎊🎆
သူမတူတစ်မူထူးခြားတဲ့အလှတရားရှိပြီး မိတ်ကပ်အလှနဲ့အလွန်လိုက်ဖက်တဲ့ ကြာရှည်ခံအရောင်ကျန်အားအကောင်းဆုံး နှင်းမှုန်/အမှုန်/အပိတ် မျက်ခုံးလေးတွေထိုးကြမယ်😍

သူလေးဆိုရင်အမျှင်မျက်ခုံးတွေထက်ကြာရှည်ခံအရောင်ကျန်အားပိုကောင်းပြီး အမျှင်မျက်ခုံးလောက်လဲ အသေးစိတ်ထိန်းသိမ်းဂရုစိုက်ပေးစရာသိပ်မလိုတဲ့အပြင် အဆီပြန်ချွေးထွက်များသူနှင့်ပေါင်းစပ်အသားအရည် (oily skin & combination skin) ပိုင်ရှင်များနှင့်လဲအထူးသင့်တော်လို့ရွေးချယ်သင့်တဲ့အမျိုးအစားလေးလဲဖြစ်ပါတယ်။

ဒီဇင်ဘာ Christmas & New Year အတွက်နှစ်ထပ်ကွမ်း promotion လေးလဲ လကုန်ထိ BUY 1 GET 1 ရှိကာ မူရင်းစျေးထက်နှစ်ဆသက်သာပြီးအလှတရားတွေရောက်ရှိလာမှာမို့ အရမ်းတန်ပဲနော်။

Buy 1 Get 1 ဖြစ်လို့ ၂ ယောက်မရှိလဲဘာမှအားမငယ်ပါနဲ့ (Get 1 လေးအတွက် ဆိုင်မှာရရှိနိူင်တဲ့ treatment တွေထဲက ကိုယ်နှစ်သက်ရာတန်ဖိုးတူ treatment လေးကိုလဲရွေးချယ်ခွင့်ပေးထားပါသေးတယ် ❤)
တစ်ရက်ကိုလူဦးရေအကန့်အသတ်နဲ့သာလက်ခံပေးနိူင်တာမလို့ promotion လေးလက်လွှတ်မသွားရအောင်ကြိုတင်စာရင်းပေးထားဖို့တော့လိုမယ်နော် အလှလေးတို့ရေ ... 😘💕

Artists ဆရာမလေးတွေကိုလဲ Senior,
Junior အလိုက်ထားရှိပေးထားတာမလို့ ကိုယ်ထိုးချင်တဲ့သူလေးကို ကြိုတင်ဘိုကင်တင်လေးနဲ့လက်ဦးထားစို့နော ❤

ဆိုင်မှာရော home service ကောယုံကြည်စိတ်ချစွာအားပေးကြသူမိတ်ဟောင်း မိတ်သစ်တိုင်းကိုအထူးကျေးဇူးတင် ကြိုဆိုလျက်ပါရှင်။

ကြိုတင်စာရင်းပေးရန် - page messenger (or) 09795886558 သို့ဆက်သွယ်စာရင်းပေးနိူင်ပါပြီ။
*promotion ကာလ 31.12.2022 အထိသာ

Photos from Eastern Beauty Palace's post 19/12/2022

Christmas & New Year အတွက်သီးသန့် Special Promotion pakages Buy 1 get 1 free အပြင် like & share ပြုလုပ်ထားသူတိုင်းအတွက် အောက်ပါအမျိုးအစား၄မျိုးထဲက တစ်မျိုးကိုတစ်ဦးစီကံစမ်းမဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ကိုယ်လုပ်ချင်တဲ့ treatment လေးနဲ့အတူ screenshot လေးတွေကိုမန့်မှာချထားခဲ့ဖို့မမေ့နဲ့နော 😘
ကဲ.. စပြီဗျာနောက်ကျတဲ့လက်ချောင်း ရည်းစားဟောင်းပဲ
(မသိဘူး ကျန်ခဲ့တာချင်းအတူတူရည်းစားဟောင်းလဲကျန်ခဲ့ရတဲ့အမျိုးအစားထဲကတစ်မျိုးမို့ 😁😄)🎄🎆🎆

အခုခေတ်မှာ အပြင်သွားလို့ မျက်နှာမှာမိတ်ကပ်မပါရင်တောင်မျက်ခုံးလေးထင်းနေပြီး မြင်သူတကာငေးသွားမယ့်အလှတရားမျိုးကိုပိုင်ဆိုင်ချင်တယ်ဆိုရင်
တော့မျက်ခုံးတက်တူးလေးတွေထိုးထားလို့ရတဲ့အကြောင်းလေးအားလုံးကိုသတင်းကောင်းပါးလိုက်ပါရစေ။

- Eyebrowtattoo အတွက်
(ombre, microblading, microshading, hairstrokes)
မျက်ခုံးတက်တူးလေးထိုးထားရင်ဖြင့်အချိန်ကုန်သက်သာစေပြီး မျက်ခုံးမဆွဲတတ်လို့ကိုယ့်အလှတရားလေးတွေတိမ်ငုတ်နေမှာလဲမပူရတော့ဘူးပေါ့။

သူ့မှာကိုယ်ကြိုက်နှစ်သက်ရာ ပုံစံလေးတွေရွေးချယ်လို့ရနိူင်ပြီး မှုန်မှုန်ထင်းထင်းလေးရှိတဲ့ ombre အမှုန်/အပိတ် မျက်ခုံးလေးတွေနဲ့လန်းလို့ရတဲ့အပြင် အမျှင်လေးတွေရောယှက်လို့လူငယ်ဆန်ပြီးသဘာ၀ကျတဲ့ microblading အမျှင်လေးတွေလဲထိုးလို့ရနေပြီနော် ...
မျက်ခုံးပါးပြီးအမျှင်လေးလဲထိုးချင်တယ်ဆိုရင်တော့ microshading လေးကအသင့်တော်ဆုံးပဲပေါ့ရှင် ❤

- Eyeliner
(sexy eyeliner, baby eyeliner , upper+lower combo)
လာမယ့်နှစ်သစ်လေးမှာရွှေသမင်မျက်လုံး၀ိုင်းလေးနဲ့ကိုယ့် crush လေးတွေကိုညှို့ယူဖမ်းစားထားချင်ရင်တော့ eyeliner လေးကမရှိမဖြစ်ပဲနော် အလှလေးတို့ 😘
eyeliner မှာလဲ sexy eyeliner, baby eyeliner , upper+lower combo စသဖြင့်ကိုယ်ကြိုက်နှစ်သက်တဲ့ပုံစံလေးတွေရွေးချယ်လို့ရပါတယ်နော်။ eyeliner လေးထိုးထားရင် မျက်လုံးလေးတစ်ချက် blink လိုက်တာနဲ့ကိုယ့် crush အပါအ၀င် မြင်လိုက်တဲ့ပုရိသအပေါင်းကြွေဆင်းကုန်ကြမှာမယုံမရှိနဲ့နော။

- Lip colouring
ဟော 👄 ဆွဲလို့နှုတ်ခမ်းနီတွေပေပွကုန်တာ(အဲလေမှားလို့ ရှူးတိုးတိုးနော်.. ဒီစာသားလေးမေမေ မမြင်ပါစေနဲ့ 😅👀) ဘာစားစား စားပြီးတိုင်းနှုတ်ခမ်းနီတွေမရှိတော့တာ အအေးသောက်တိုင်း ရေသောက်တိုင်း ခွက်မှာနှုတ်ခမ်းပေနေတတ်တာ လေးတွေအတွက်လဲမစိုးရိမ်နဲ့တော့နော် lip colouring လေးရှိနေပြီလေ။ အဲ့အပြင် ညိုနေတဲ့နှုတ်ခမ်းသားလေးတွေအတွက်လဲအညိုဖျောက်ပြီးအရောင်သွင်းလို့ရတယ်ဗျ။အရမ်းမိုက်သောပဲ ဘာလိုသေးလဲနော။

- BBglow
(BBmakeup, BBserum, BBblush)
အပြင်သွားရင်မျက်နှာဘာလိမ်းရမှန်းမသိဘူး။ အလှကုန်မိတ်ကပ်တွေများလွန်းလို့ရွေးမတတ်ဘူးဆိုလဲဘာမှမပူနဲ့တော့ BBglow လေးသာလုပ်ထားလိုက်။ သူ့အာနိသင်လေးက အသားကြည်စေတယ် ။ အရေးအကြောင်း၊ ၀က်ခြံနဲ့တင်းတိတ်များကိုလျော့ပါးသွားစေပြီး နဂိုမျက်နှာအသားအရည်ထက်လဲတစ်ဆင့်ပိုမိုဖြူဖွေးလာနိူင်စေတယ်လေ။ cutie girl လေးတွေအတွက် ကြိုက်တတ်ရင် ပါးနီမရဲတရဲလေးလဲထည့်လို့ရတယ်နော်။

🎊🎊 ပရိုမိုးရှင်းတွေက တခါနဲ့တခါပေးရင်မတူညီကြတာမလို့ အခုလို pakages တွေများများပိုထည့်ပေးထားတဲ့ Christmas & New Year special Gift promotion လေးလိုလက်မလွှတ်တမ်းဖမ်းဆုပ်ထားလိုက်ကြရအောင်...
ဒီ promotion လေးက 1.1.2023 အထိပဲနော် 😘 👏👏

တစ်နေ့ကိုလူဦးရေအကန့်အသတ်နဲ့ပဲလက်ခံပေးထားနိူင်တာကြောင့် Booking စနစ်ဖြင့်ကြိုတင်စာရင်းပေးသွင်းထားကြဖို့မမေ့နဲ့နော် 😘
အသေးစိတ်အချက်အလက်များအတွက် page messenger (or) 09795886558 သို့ဆက်သွယ်စာရင်းပေးနိူင်ပါပြီ။

Photos from Eastern Beauty Palace's post 22/10/2022

🎊promotion🎊အသစ်လေးတွေနဲ့အတူ
အကြိမ်ရေများရင်များသလိုပက်ကေ့ချ်လေးတွေအလိုက် ၅၀%ထိ discount လေးတွေရရှိနိူင်မယ့် BBglow events လေးလာပါပြီနော် 👏👏

BBglow လေးဟာဆိုရင် တစ်ကြိမ်ပြုလုပ်ထားရုံနဲ့တင်အသားအရေကိုတင်းရင်းလှပစေပြီး ဖန်သားပြင်လေးလိုကြည်ကြည်ပြောင်ပြောင်လေး glow လာစေနိူင်တဲ့ treatment လေးတစ်ခုဖြစ်ပါတယ်ရှင်။

နာခြင်း၊ ယောင်ခြင်းမရှိသလို တစ်ကြိမ်ဆိုတစ်ကြိမ် ဆိုသလောက် သိသာထိရောက်တဲ့အကျိုးအာနိသင်သက်ရောက်မှုအားကောင်းပြီး မိတ်ကပ်လိမ်းထားတာတစ်နေကုန်ကြာလာတဲ့အခါ ဂါသလိုဖြစ်လာတတ်တဲ့ရုပ်ထွက်မျိုးကနေလဲကာကွယ်ပေးတာကြောင့် လူကြိုက်များတဲ့ treatment လေးလဲဖြစ်ပါတယ်။

- အသားအရေကိုဘေးဥပဒ်ဖြစ်စေတဲ့ chemical တွေမပါ၀င်ပဲ သဘာ၀သစ်ဥ သစ်ဖုလေးတွေကနေအဆင့်မြင့်နည်းပညာနဲ့ဖော်စပ်ထုတ်လုပ်ထားပြီး အဟာရများကိုအသားအရည်အတွင်ဆုံးလွှာပိုင်းအထိစိမ့်၀င်သွားအောင်ရောင်ခြည်ပေးကာ အရေပြားဆဲလ်လေးတွေကိုနိုးဆွပေးတာမလို့ babyလေးလိုနူးညံ့တဲ့အသားအရည်ရရှိစေပြီး အရေးအကြောင်းများကိုလျော့ပါးစေပါတယ်။
- ၀က်ခြံ၊ တင်းတိပ်၊ အမဲစက်သမားများအတွက်လဲ treatment တစ်ကြိမ်ပြုလုပ်ရုံဖြင့် ၀က်ခြံလေးတွေချပ်ပြီး တစ်လတစ်ကြိမ်ပုံမှန်ပြုလုပ်ပေးသွားလျှင် တင်းတိပ်၊ အမဲစက်တွေကိုမှေးမှိန်ပျောက်ကွယ်သွားစေနိူင်ပါတယ်ရှင်။
- BBglow / BBserum treatment လေးဟာအသက်ကြီးငယ် ကျား/မ မရွေးနဲ့အထူးသင့်တော်တဲ့ ကုထုံးလေးတစ်ခုဖြစ်တဲ့အပြင် အသားအရေကိုအကျိုးပြုအဟာရဖြည့်ပေးတဲ့ vitamin များသာအဓိကပေါင်းစပ်ပါ၀င်တာမလို့ sensitive skin သမားလေးတွေလဲစိုးရိမ်စရာမလိုပဲ treatment လေးကိုယုံကြည်စိတ်ချစွာရယူနိူင်သလို ကိုယ့်အကြိုက်မက်မွန်သီးလေးလို ပါးမို့မို့လေးကိုသဘာ၀ဆန်ဆန်ပန်းရောင်သန်းနေစေဖို့ peach cheek လေးလဲသွင်းလို့ရတယ် 😍

ကြည်လင်လှပတဲ့အသားအရည်လေးနဲ့အတူ မနက်အိပ်ရာနိုးတိုင်းအလှတရားလေးတွေနေ့စဥ်လင်းလက်နေစေဖို့ မျက်နှာသစ်တိုင်း skincare လေးလိမ်းပြီးတာနဲ့ သီးသန့်အချိန်ပေးကာအခြားမိတ်ကပ်တွေထပ်လိမ်းစရာမလိုတော့အောင်သိပ်သိပ်လေးနဲ့သဘာ၀ကျတဲ့အလှတရားလေးကိုပိုင်ဆိုင်လိုသူများအတွက်ပိုပိုတန်တဲ့ ၃ကြိမ်ပက်ကေ့ချ် ၅ကြိမ်ပက်ကေ့ချ်လေးတွေလဲရယူထားလို့ရတယ်နော် ...

ယခု promotion လေးကအစောဆုံးအယောက် ၅၀ အတွက်ပဲရရှိနိူင်တာမလို့ အမြန်ဆုံးဘိုကင်တင်ထားကြမယ်နော် 📩☎

သင်တန်းတက်လိုသူများနှင့်
ဘိုကင်လေးများအတွက် 📩 page messenger သို့မဟုတ် ☎ hotline number 09795886558 သို့ဆက်သွယ်စာရင်းပေးနိူင်ပါသည်။
location : သင်္ကန်းကျွန်းမို့နယ်၊ ရန်ကုန်မြို့။

Photos from Eastern Beauty Palace's post 15/10/2022

တောင်းဆိုသူများလို့ eyebrow promotion လေးတွေကိုအောက်တိုဘာလကုန်ထိထပ်တိုးပေးထားပါတယ်ရှင်။ တစ်ရက်တစ်ရက်ကို လူဦးရေအကန့်အသတ်နဲ့ပဲလက်ခံပေးနိူင်တာမို့ ဘိုကင်အမြန်ယူထားကြပါနော်။

Eastern Beauty Palace (အရှေ့တိုင်းအလှနန်းတော်)
09795886558
တည်နေရာ - သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

15/10/2022

ဒီရက်ပိုင်းအမေးများနေကြတဲ့
💞 မျက်ခုံးထိုးအပြီး
ဆောင်ရန်ရှောင်ရန်လေးတွေပါ 💞

1️⃣ ထိုးပီးပီးခြင်းနေ့ကစပြီး ၂ရက် လောက်ထိ စိတ်ကြိုက်ပုံစံလေးနဲ့ အရမ်းလှပီး အရမ်းတွေသဘောကျနေပါလိမ့်မယ် 😊

တစ်ချို့ကျ တဖက်က အရမ်းထင်းနေတယ် တစ်ဖက်က ဖျော့နေတယ် ထင်ပါလိမ့်မယ်

အနာဖေးကွာပြီးရင်တော့ အရောင်တစ်ဝက်ခန့်နီးနီးလောက်လျော့ကျအုံးမှာမို့ ထင်းနေမှကိုဖြစ်မှာပါ

2️⃣၃ရက် ၄ရက်လောက်ကြာရင် အနာဖေးကွာခါနီး ထိုးထားတဲ့ အရောင်ထက် အနည်းငယ် ပိုထင်းလာပါမယ်
အနာဖေးကွာတော့မှာမို့ ခြောက်လာပီး အရောင်ပိုရင့်လာတာပါ

3️⃣အနာဖေးစကွာလာပါမယ် တစ်ယောက်နဲ့တစ်ယောက်မတူပါ တစ်ချို့က ၃ ...၄ရက် နဲ့စကွာပီး တစ်ချို့က ၁ပတ် ၁၀ရက်လောက်မှစကွာပါတယ်
တစ်ချို့ အဖတ်လိုက်ကွာပါတယ် တချို့ကတော့ အမှုန့်လေးတွေနဲ့ ကွာမှန်းမသိကွာပါတယ်
လက်နဲ့လုံးဝမခွါရပါ... ခွါလိုက်ရင် အရောင်မကျန်ပါ📌

4️⃣ အဲ့မှာစတွေ့ပါပီ😬
အနာဖေးကွာသွားတော့ အောက်မှာ ဘာမှမကျန်တော့ဘူး ဘာမှမထင်တော့ဘူးဆိုပီး စိုးရိမ်လာကြတယ်
စိုးရိမ်စရာမရှိပါ It’s just a normal ပါရှင့်
အနာဖေးကွာပီးခြင်းအရောင်က မမှန်သေးပါ
(ချော်လဲလို့ ဒူးပြဲဖူးတာတို့ ဒဏ်ရာလေးတွေရဖူးတဲ့လူဆို သိပါလိမ့်မယ် အနာဖေးတက်တဲ့ အချိန် အနာက ခြောက်ပီး ပိုမဲလာပီး အနာဖေးကွာသွားတဲ့ချိန်အဲ့နေရာမှာ ဖြူပီးကျန်ခဲ့တာ တွေ့ဖူးမှာပါ နောက်တဖြည်းဖြည်းနဲ့ အသားရောင်ပြန်လာပါတယ်)

5️⃣ စိတ်ရှည်လက်ရှည်စောင့်ပါရှင့်
၁လ ၁ခွဲမှာရှိတဲ့အရောင်က အရောင်မှန်ဆုံးပါ

6️⃣၁လခွဲဝန်းကျင်လောက်မှာ အရောင်ပြန်ဖြည့်ရပါမယ်
လိုတဲ့နေရာ ထပ်ဖြည့်ရပါမယ် ထပ်ဖြည့်မှသာ ကြာရှည်ခံပြီး စိတ်ကြိုက်အရောင်ရမှာပါ

✅ထိုးပီးချင်း ပထမနေ့မှာ ရေလေးနဲ့ သန့်ရှင်းရေးလုပ်လို့ရပါတယ်
✅ဒုတိယမြောက်နေ့ကစပီး အနာဖေးလုံးဝကွာတဲ့ထိရေလုံးဝမထိနိုင်ရင်တော့ ပိုကောင်းပါတယ်
Ombre ဆိုရင်တော့ရေထိလို့ရပါတယ် ထိပြီးရင် ချက်ခြင်းပြန်သုတ်ရမှာပါ။ (ပု၀ါနဲ့အကြမ်းပတမ်းမသုတ်ပဲတစ်ရှူးအနုလေးနဲ့သာတို့တို့ပြီးသုတ်ပေးပါ)
📌ဆပ်ပြာ skin careတော့ လုံးဝမထိရပါ
✅ပေးလိုက်တဲ့ after care creamကို မဖြစ် မနေလိမ်းပါ။ မလိုအပ်လျှင်မလိမ်းလဲရ။

အနာမကျက်မချင်း
မျက်ခုံးကိုလက်နဲ့လုံးဝမထိရပါ❌

Eyebrows are sisters 📌
Not twins 📌
လူတိုင်းက မျက်နှာ၂ခြမ်းမတူပါ
တချို့ နားရွက်၂ဖက် အနိမ့်မြင့်မတူ
တချို့မျက်လုံး၂ဖက်မတူ
ဒါ့ကြောင့်မို့ မျက်ခုံး၂ဖက်ကွက်တိကျညီနေဖို့ဆိုတာ မဖြစ်နိုင်လို့ အတတ်နိုင်ဆုံးတော့ ဆိုင်က ညီအောင်ညှိပီးဆွဲပေးပါတယ်

Body tattoo ဆေးမဟုတ်တဲ့အတွက် မျက်ခုံးတွေက နှစ်အကြာကြီးမခံပါ📌

တစ်ချို့အသားအ​ရေကောင်းသူ... ၂နှစ် ၃နှစ်
တစ်ချို့ ...၁နှစ်
တချို့ အရမ်းအဆီပြန်ဝက်ခြံများသူများဆို ၉လ ...၁၀လဝန်းကျင်သာအရောင် ကောင်းကောင်းခံတာတွေလဲရှိပါတယ်

body tattoo ဆေးနဲ့ထိုးလဲရတယ် မဲမဲတုံးကြီးဖစ်နေလဲရတယ် ကြာကြာခံပီးရောဆိုရင် ဘာဖြစ်မလဲဆိုတော့ အရောင်စိမ်းစိမ်းကြီးဖြစ်လာပါမယ်
ကြာလေ စိမ်းလေ ဖြစ်ပါမယ် ❌
လုံးဝသဘာဝမကျပဲ ငါးခူဓားမွှန်းထားသလိုဖြစ်နေပါမယ်❌

အားလုံးပဲ လှပသောမျက်ခုံးလေးတွေပိုင်ဆိုင်နိုင်ပါစေ🥰🥰🥰🥰🥰

ဒီစာလေးကို အားလုံးသိစေချင်သောဆန္ဒနဲ့တထပ်ထဲ
ထပ်တူကျနေလို့ကူးယူလာခြင်းဖြစ်ပါတယ် ။

မူရင်းရေးသားသူအား ပေးပါတယ်ရှင် ... 💕

08/10/2022

သီတင်းကျွတ်လပြည့် 9.10.2022-10.10.2022 ထိဆိုင်လေးနှစ်ရက်ပိတ်ပါတယ်ရှင်။

အားလုံးပဲပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါ သမယမှာပြီးပြည့်စုံတဲ့အလှတရားလေးတွေနဲ့အတူစိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ Eastern Beauty Palace(အရှေ့တိုင်းအလှနန်းတော်)မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ရှင်။
ချစ်ခင်အားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးကိုထာ၀ရအမြဲကျေးဇူးတင်လျက် ...

မှ Eastern Beauty Palace
အရှေ့တိုင်းအလှနန်းတော်

05/10/2022

မျက်ခုံးအဟောင်းလေးတွေအရောင်ပြန်ဖြည့်မလား? ထိုးပြီးသားမျက်ခုံးတက်တူးလေးတွေကို စိတ်တိုင်းမကျဘူးဖြစ်နေလား? သီတင်းကျွတ်ကာလ ငါးသောင်းကျပ် ထဲနဲ့စိတ်တိုင်းမကျသေးတဲ့မျက်ခုံးလေးတွေကိုပြန်ပြင်ကြမယ်လေ...

မဟုတ်ဘူးဆရာမရယ် အပြီးဖျက်လိုက်ချင်တာဆိုလဲ လေဆာနဲ့ဖျက်လို့ရတယ်နော်။ ပုံမှန် တစ်ကြိမ် ၃၀၀၀၀ ကျပ်ကို သီတင်းကျွတ်ပရိုမိုးရှင်းလက်ဆောင်အဖြစ် တစ်ကြိမ် ၂သောင်းကျပ်တည်းနဲ့ဖျက်ကြမယ်...

ကဲဘာလိုသေးလဲ.. တခြားပရိုမိုးရှင်းလေးတွေလဲအများကြီးရှိသေးတာမို့ ဆိုင်လာပြီးကြိုက်တာရွေးလို့ရတယ်နော်။

ကြိုက်လား.. ကြိုက်လား... အလှလေးတို့... ပရိုမိုးရှင်းလေးက ၁ ပတ်တည်းပဲရရှိမှာမို့ စိတ်၀င်စားရင် page messenger သို့မဟုတ် 09795886558 ကိုအမြန်စာရင်းပေးထားလိုက်တော့နော်...

Category

Telephone

Address


Thingangyun
Yangon
11071

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Alerts

Be the first to know and let us send you an email when Eastern Beauty Palace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.