Yangonthu Branded Cosmetics
Personal Care & Beauty Products
28/08/2026
CeraVeလေးတွေ အစုံပြန်ဝင်ထားပါပြီ။
CeraVe ဆိုတိုင်း တစ်မျိုးတည်း အဆင်ပြေတာမဟုတ်ပါဘူး။ ကိုယ့် Skin Type နဲ့ လက်ရှိ Skin Concern ပေါ်မူတည်ပြီး ရွေးသုံးရတာပါ။
မျက်နှာသစ်ဆေးထဲမှာဆိုရင်—
• Foaming Facial Cleanser — Normal to Oily Skin
• Hydrating Facial Cleanser — Normal to Dry Skin
• Hydrating Cream-to-Foam Cleanser — အသားမခြောက်ဘဲ Makeup နဲ့ Sunscreen ပါ သန့်စင်ချင်သူ
• Renewing SA Cleanser — အသားကြမ်းတာ၊ ချွေးပေါက်ပိတ်တာရှိသူ
• Acne Foaming Cream Cleanser 4% BPO — ဝက်ခြံထွက်နေသူ
Moisturizer ထဲမှာတော့—
• Oil Control Gel-Cream — အဆီပြန်၊ Combination Skin
• Ultra-Light Moisturizing Gel — ပေါ့ပေါ့ပါးပါးလိမ်းချင်သူ
• Daily Moisturizing Lotion — Normal to Dry Skin
• Moisturizing Cream — အသားခြောက်ပြီး Moisture ပိုလိုသူ
Retinol Serum နှစ်မျိုးမှာ—
• Resurfacing Retinol Serum — ဝက်ခြံအမာရွတ်၊ အသားမညီတာနဲ့ ချွေးပေါက်အတွက်
• Skin Renewing Retinol Serum — Fine Lines နဲ့ အသားအရေ အိုမင်းမှုအတွက်
Retinol ကိုတော့ ညဘက်ပဲသုံးပြီး နောက်နေ့ Sunscreen မဖြစ်မနေ လိမ်းပေးပါ။
ကိုယ့် Skin Type အတွက် ဘယ်တစ်မျိုးရွေးရမလဲ မသေချာရင် လက်ရှိဖြစ်နေတဲ့ Skin Concern လေးပြောပြီး Yangonthu Branded Cosmetics Messenger မှာ လာရောက်တိုင်ပင်နိုင်ပါတယ်။
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
26/08/2026
“Thank you for your support and for shopping with me! 🤍”
ဆိုင်လိပ်စာ >>>
အမှတ် 105, 8 မိုင်လမ်းဆုံ (ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်), ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့။
📲 09970310083, 09450010418
⏰ မနက် 9:00 မှ ညနေ 6:30 အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
25/08/2026
မင်တို့ဆိုင်လေးမှာ ဝယ်ယူအားပေးသူ တယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🙏🙏🙏
ဆိုင်လိပ်စာ >>>
အမှတ် 105, 8 မိုင်လမ်းဆုံ (ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်), ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့။
📲 09970310083, 09450010418
⏰ မနက် 9:00 မှ ညနေ 6:30 အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
18/08/2026
NEW ARRIVALS Products
Yangonthu Branded Cosmetics မှာ
Product အသစ်လေးတွေ ထပ်ဝင်ထားပါတယ်။
သုံးနေကျလေးတွေ ပြန်ရှာနေတာလား၊
အသစ်လေးတွေ စမ်းကြည့်ချင်တာလား…
ဒီတစ်ခေါက်ဝင်ထားတာတွေထဲမှာ
ကိုယ်ကြိုက်တာ ပါမပါ
ပုံလေးတွေထဲဝင်ကြည့်လိုက်နော်။
Skincare, Perfumes နဲ့
Beauty Productsတွေ အစုံပါပါတယ်။
ဘယ် Product က ကိုယ့်အတွက်အဆင်ပြေမလဲ
မသေချာရင်လည်း အားမနာတမ်း လာမေးလို့ရပါတယ်။
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
08/08/2026
မျက်နှာမသစ်ဘဲ Micellar Water နဲ့ပဲ သန့်စင်လို့ ရနိုင်လား?
အလုပ်ပင်ပန်းတဲ့နေ့တွေ၊ ညနောက်ကျတဲ့နေ့တွေမှာ “Micellar Water လေးနဲ့ပဲသုတ်လိုက်ရင် ရပြီ” ဆိုပြီး Cleanser မသုံးတော့တဲ့သူတွေ ရှိပါတယ်။ တကယ်တော့ Micellar Water က အဆင်ပြေပေမယ့် အမြဲတမ်း Cleanser ကို အစားထိုးနိုင်တာတော့ မဟုတ်ပါဘူး။
Micellar Water က Makeup အကြွင်းအကျန်၊ Sunscreen နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် Waterproof Makeup ဒါမှမဟုတ် Sunscreen လိမ်းထားတဲ့နေ့တွေမှာတော့ Gentle Cleanser နဲ့ ထပ်မံသန့်စင်ပေးတာက ပိုကောင်းပါတယ်။ သေချာမသန့်စင်ရင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာ၊ အသားအရေမွဲခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ Double Cleansing လုပ်ဖို့ မလိုတဲ့နေ့တွေရှိပေမယ့် ညဘက်မှာ မျက်နှာကို သေချာသန့်စင်ပေးတာက အရေးကြီးပါတယ်။
နေ့စဉ်အသုံးပြုဖို့ Gentle Cleanser တစ်မျိုးတော့ ရှိထားသင့်ပါတယ်။ Makeup သုံးတဲ့သူတွေဆိုရင် Micellar Water (သို့) Cleansing Oil နဲ့ အရင်သန့်စင်ပြီး Gentle Cleanser နဲ့ ထပ်သစ်ပေးတာ ပိုကောင်းပါတယ်။
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
01/08/2026
Happy Girlfriend Day ❤️
ဒီနေ့ Girlfriend Day ဆိုတော့…
ကောင်လေးတော်တော်များများလည်း
“ဘာဝယ်ပေးရမလဲ?” ဆိုပြီး
ခေါင်းစားနေကြမယ်ထင်တယ်။ 😄
လက်ဆောင်ဆိုတာ ဈေးကြီးဖို့ထက်
သူကြိုက်တာဖြစ်ဖို့က ပိုအရေးကြီးပါတယ်။
Lipstick ဖြစ်ဖြစ်…
Perfume ဖြစ်ဖြစ်…
Skincare ဖြစ်ဖြစ်…
တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာထက်…
“ငါ့ကို သတိရပြီး ဝယ်ပေးတာ” ဆိုတဲ့ စိတ်လေးကိုပဲ သူတို့က ပိုမှတ်မိတာများတယ်။
Yangonthu Branded Cosmetics ရောက်ရင် ရွေးစရာတွေ အများကြီးရှိတယ်နော်။
မရွေးတတ်ရင်လည်း chatboxကနေ အားမနာတမ်းလာမေးပါ…
သေချာရွေးပြီး ပါရမီဖြည့်ပေးချင်လို့ 😁
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
31/07/2026
ဝက်ခြံသက်သာသွားပြီဆိုတာနဲ့ Treatment Product တွေကို လျှော့လိုက်တာ၊ တချို့ဆို Skincare Routine ကို လုံးဝရပ်လိုက်တာမျိုး တွေ့ရတတ်ပါတယ်။ "အခုတော့ ဝက်ခြံမထွက်တော့ဘူး၊ အသားအရေလည်း ကောင်းနေပြီ" လို့ ထင်ရပေမယ့် တကယ်တော့ ဒီအချိန်က အသားအရေကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းပေးဖို့ အရေးကြီးတဲ့အချိန်ပါ။
ဝက်ခြံပျောက်သွားတာက ရောင်ရမ်းမှုသက်သာသွားတာကို ပြသပေမယ့် အသားအရေရဲ့ Skin Barrier က အပြည့်အဝ ပြန်ကောင်းသွားပြီလို့တော့ မဆိုလိုပါဘူး။ ဝက်ခြံထွက်နေတဲ့ကာလအတွင်း အသုံးပြုထားတဲ့ Active Ingredients တွေကြောင့် အသားအရေက ထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေနိုင်သေးပါတယ်။
ဒီအချိန်မှာ Skincare Routine ကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် အဆီဓာတ် Balance ပြန်ပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာ၊ Skin Barrier အားနည်းလာတာတွေ ဖြစ်နိုင်ပြီး ဝက်ခြံပြန်ထွက်တာ၊ အမာရွတ်သက်သာနှုန်း နှေးသွားတာ၊ အသားအရေ ယားယံလွယ်တာ၊ နီမြန်းလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဝက်ခြံသက်သာလာပြီးတဲ့နောက်မှာ Treatment Product တွေကို Skin Condition အလိုက် ဖြည်းဖြည်းချင်း လျှော့နိုင်ပေမယ့် အသားအရေကို နေ့စဉ်ကာကွယ်ပေးတဲ့ Gentle Cleanser၊ Lightweight Moisturizer နဲ့ Sunscreen ကို နေ့စဉ် Routine ထဲမှာ ဆက်ထားသင့်ပါတယ်။ အမာရွတ်၊ အသားအရောင်မညီတာတွေ ကျန်နေသေးရင် Brightening Serum ကို Skin Condition အလိုက် ထည့်သုံးနိုင်ပါတယ်။
Yangonthu Branded Cosmetics မှာတော့ Original Skincare Products တွေကို Skin Type နဲ့ Skin Condition အလိုက် အကြံပေးရွေးချယ်ပေးနေပါတယ်။ ကိုယ့်အသားအရေအတွက် ဘယ် Product က သင့်တော်မလဲ မသေချာသေးရင် Messenger ကနေ လာရောက်တိုင်ပင်နိုင်ပါတယ်နော်။
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
#ဝက်ခြံ
29/07/2026
မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။
ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အဓိပ္ပာယ်ရှိတဲ့ နေ့တစ်နေ့ပါ။ မြတ်စွာဘုရားရှင်က ဓမ္မစကြာတရားတော်ကို ပထမဆုံး ဟောကြားခဲ့တဲ့နေ့ဖြစ်သလို၊ သံဃာတော်များ ဝါတွင်းသီတင်းသုံးခြင်း စတင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။
ဒီလို မင်္ဂလာရှိတဲ့နေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း စိတ်အေးချမ်းမှု၊ မေတ္တာတရားနဲ့ ကောင်းမြတ်တဲ့ စိတ်ထားတွေ ပိုမိုပြည့်စုံလာကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေလို့ Yangonthu Branded Cosmetics မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
#မင်္ဂလာရှိသောဝါဆိုလပြည့်နေ့
#ကုသိုလ်ပွားများကြပါစေ
28/07/2026
ဝါဆိုလပြည့်နေ့ အခါသမယအတွက်
မနက်ဖြန် (၂၉ ရက်) တစ်ရက်တာ
Yangonthu Branded Cosmetics
ဆိုင်ကို ပိတ်ထားပါမယ်နော်။
ဇူလိုင်လ (၃၀) ရက်နေ့ မှာတော့
ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမယ်။
အားလုံးပဲ ဝါဆိုလပြည့်နေ့မှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ကုသိုလ်ကောင်းမှုတွေ ပြုနိုင်ကြပါစေလို့
Yangonthu Branded Cosmetics မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#ဝါဆိုလပြည့်နေ့
25/07/2026
မျက်နှာအဆီပြန်လို့ Moisturizer မသုံးဘူးဆိုတာ တကယ်မှန်ရဲ့လား?
“အဆီပြန်နေပြီးသားကို Moisturizer ထပ်လိမ်းရင် ပိုအဆီပြန်မယ်” လို့ ထင်နေတဲ့သူတွေ တော်တော်များပါတယ်။ အဲ့ဒါကြောင့် Moisturizer ကို လုံးဝကျော်သွားတာ၊ ညဘက်မှပဲ လိမ်းတာမျိုးလည်း တွေ့ရတတ်ပါတယ်။ တကယ်တော့ အဆီပြန်တဲ့အသားအရေက Moisturizer မလိုတာမဟုတ်ဘဲ မှန်ကန်တဲ့ Moisturizer ကို ရွေးသုံးဖို့ပဲ လိုတာပါ။
အသားအရေမှာ ရေဓာတ်မလုံလောက်တဲ့အခါ Skin Barrier က အားနည်းလာပြီး အသားအရေက သူ့ကိုယ်သူကာကွယ်ဖို့ အဆီကို ပိုထုတ်တတ်ပါတယ်။ ဒါကြောင့် Moisturizer မသုံးတာက အဆီပြန်တာကို လျော့စေတာမဟုတ်ဘဲ တချို့လူတွေမှာ ပိုတောင်ဆိုးလာစေနိုင်ပါတယ်။ အရေးကြီးတာက Texture ပါ။ Gel Type၊ Water-Based၊ Non-Comedogenic Moisturizer တွေက ပေါ့ပါးပြီး အဆီပြန်တဲ့ Skin အတွက် ပိုအဆင်ပြေပါတယ်။
အဆီပြန်တဲ့ Skin အတွက်ဆိုရင် Lightweight Moisturizer ကို ဦးစားပေးရွေးသင့်ပါတယ်။ Yangonthu Branded Cosmeticsမှာ Original Moisturizer တွေကို Skin Type အလိုက်ရွေးချယ်ပေးနေပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Productကိုမသိသေးရင်လည်း Messenger ကနေ လာတိုင်ပင်နိုင်ပါတယ်နော်။
📍 အမှတ် (105), 8 မိုင်လမ်းဆုံ
(ရွှေဘဲစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
ပြည်လမ်းမပေါ်, မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
📲 09 9703 10083, 09 4500 10418
⏰ မနက် 9:00 မှ ညနေ 6:30အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(105), 8 Mile, Pyay Road
Yangon