V5 & Hair Design & Beauty salon
ရန်ကုန်မြို့ ရဲ့ မြောက်ဥက္ကလာ နီလာလမ်းထိပ် V5 ဆိုင်ခွဲ မှနွေးထွေးစွာကြိုဆိုပါတယ် 🥰 VIDAL Sassoon Hair design salon
💙ခင်များလေးတို့ ရွေးချယ်ဖို့အတွက်👈🏻👈🏻👈🏻???
ခေတ်ဆန်ပြီ ခပ်မိုက်မိုက် အမိုက်စား silver Ash Balayage Hair ရှိတ်ကာလာ ဒီဇိုင်းတစ်ခုကို V5 Hair salon မှာ လာရောက်ပြောင်းလဲလိုက်ပါဗျ…🥰🥰🥰
color ゚viralシ
07/09/2026
Hair Extension မြန်မြန်ပျက်စီးစေသော အကြောင်းအရင်းများ 💁♀️
ဆက်ထားတဲ့ ဆံပင်ကို သေချာမထိန်းသိမ်းမိလို့ ဆံသားတွေ မြန်မြန်ပျက်စီးပြီး ငွေကုန်ကြေးကျ များနေပြီလား?
Extension တွေ သက်တမ်းကြာရှည်ခံပြီး သဘာဝဆံသားလို မြဲမြံ လှပနေစေဖို့ V5 Hair Design ကနေ "ဆောင်ရန်၊ ရှောင်ရန်" အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 🥰
✅ ဆောင်ရန် (Do's)
၁။ ဖြီးနည်းမှန်ကန်ပါစေ
Extension ဆက်ထားတဲ့ ဆံပင်အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းဘီး (Extension Brush) ကို သုံးပါ။ ဆံပင်အမြစ် (ဆက်ထားတဲ့နေရာ) ကို ရှောင်ပြီး အဖျားကနေ စတင်ကာ ညင်သာစွာ ဖြီးပေးပါ။
၂။ အိပ်ရာဝင်ခါနီး ဆံပင်စည်းပါ
ညအိပ်တဲ့အခါ ဆံပင်တွေ ငြိပြီး ရှုပ်မသွားအောင် ခပ်လျော့လျော့ ဆံပင်ကျစ်တာမျိုး၊ ဒါမှမဟုတ် ပိုးသားခေါင်းစည်းကွင်း (Silk Scrunchie) နဲ့ ခပ်လျော့လျော့ စည်းအိပ်ပါ။
၃။ Sulfate-free Products များသာ သုံးပါ
ဆံသားအစိုဓာတ်ကို ခမ်းခြောက်စေတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ Premium ခေါင်းလျှော်ရည်တွေကိုသာ ရွေးချယ်အသုံးပြုပါ။
❌ ရှောင်ရန် (Don'ts)
၁။ ရေစိုလျက် မအိပ်ပါနဲ့
ဆံပင်မခြောက်ဘဲ အိပ်ရာဝင်တာက Extension ဆက်ထားတဲ့ ကော်/တိပ် တွေကို မြန်မြန်ကွာကျစေတဲ့အပြင် ဦးရေပြား မှိုစွဲတာမျိုးပါ ဖြစ်စေနိုင်ပါတယ်။
၂။ ဆက်ထားတဲ့နေရာကို ပေါင်းဆေး မလိမ်းပါနဲ့
Conditioner နဲ့ Hair Treatment တွေကို လိမ်းတဲ့အခါ Extension ဆက်ထားတဲ့ အဖု/အဆက် နေရာတွေကို လုံးဝ မထိပါစေနဲ့။ အဖျားကိုသာ သုံးပေးပါ။
ကဲ… ဆောင်ရန်၊ ရှောင်ရန်တွေကကိုလည်း ပြောပြီးပြီဆိုတော့ မမတို့ရဲ့ Hair Extension တွေကို ပိုမိုစနစ်တကျ ဆက်ပေးနိုင်မယ့် V5 ကို အခုပဲလာခဲ့လိုက်တော့နော်
V5 မြောက်ဥက္ကလာဆိုင်ခွဲရဲ့ ကျွမ်းကျင်ပညာရှင်တွေက မမတို့ရဲ့ ဆံသားအမျိုးအစားနဲ့ အကိုက်ညီဆုံး ဖြစ်စေမယ့် Hair Extension တွေကို Quality အပြည့်နဲ့ ဝန်ဆောင်မှုပေးနေတာကြောင့် ယုံကြည်စိတ်ချစွာ လာရောက် အပ်နှံနိုင်ပါတယ်။
ဖုန်း 📞 09 662 998 265
လိပ်စာ 📍 နီလာလမ်းထိပ်၊ ခေမာသီလမ်းမပေါ်၊ နီလာလမ်းထိပ် (မေဓါဝီဈေးမှတ်တိုင်နား)၊ မြသီတာ အဆောင်ရှေ့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
💙V5 Hair salon ကို လာရောက်အားပေးကြသော ဧည့်များအားလုံး အသက်ရှည်ကျန်းမာစိတ်ချမ်သာ လိုရဆန္ဒပြည့်ကြပါစေရှင့်🙏🏻🙏🏻🙏🏻 V5 မိသာစုမှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်ရှင့်🥰
05/09/2026
စက်တင်ဘာလကို အလှပဆုံး စတင်ဖြတ်သန်းနိုင်ဖို့ V5 မှ သတင်းကောင်းလေး ပါးလိုက်ပါရစေ... ✨🍂
ရာသီအကူးအပြောင်းမှာ ဆံပင်စတိုင်လ်လေး ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် Refresh လုပ်ချင်နေတဲ့ သူတွေအတွက် September Special Promotion လေး စီစဉ်ပေးထားပါတယ်။ 🥰
V5 ကို အမြဲအားပေးကြတဲ့ Loyal Customer များအနေနဲ့ Member Card လေး ပြရုံနဲ့ မည်သည့် Hair Service ကိုမဆို 20% Discount ချက်ချင်း ရရှိမှာ ဖြစ်ပါတယ်။ 🥳
"ဒါဆို Member Card မရှိတဲ့သူတွေကရော?"
စိတ်မပူပါနဲ့နော်! V5 ကို အခုမှ လာမယ့် Customer သစ်တွေနဲ့ Member Card မလုပ်ရသေးတဲ့ သူတွေအတွက်လည်း Service အကြီး ပြုလုပ်ရုံနဲ့ 10% Discount အထူးပရိုမိုးရှင်း ရှိနေပါတယ်နော် 😘
လှပတဲ့ စက်တင်ဘာလလေးမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဂရုစိုက်ရင်း အတန်ဆုံး ပရိုမိုးရှင်းတွေကို ရယူဖို့ V5 ဆီ အလည်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💌
ဖုန်း 📞 09 662 998 265
လိပ်စာ 📍 နီလာလမ်းထိပ်၊ ခေမာသီလမ်းမပေါ်၊ နီလာလမ်းထိပ် (မေဓါဝီဈေးမှတ်တိုင်နား)၊ မြသီတာ အဆောင်ရှေ့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#အလုပ်ရှာနေပါသလား V5 Hair Salon ဆိုင်များတွင် လက်တွဲလုပ်ကိုင်နိုင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။ 📣
၁။ ဆိုင်မန်နေဂျာ (မ - ၂ဦး)
အခြေခံလစာ💸 (၈)သိန်းမှ (၁၀)သိန်း
ခံစားခွင့်များ 💎 နေစားငြိမ်း + အခြေခံလစာ + ရက်မှန်ကြေး
၂။ စာရေးမ (မ - ၃ဦး)
အခြေခံလစာ 💸 ၄သိန်း
ခံစားခွင့်များ 💎 နေစားငြိမ်း + အခြေခံလစာ + ရက်မှန်ကြေး
(🌟 ဝင်ဝင်ချင်း (၄)သိန်း ပေးမည်ဖြစ်ပြီး သတ်မှတ်ကာလ ပြီးပါက လစာပြန်လည် ညှိနှိုင်းနိုင်ပါသည်။)
၃။ ခေါင်းလျှော်ကျွမ်းကျင် (မ - ၅ဦး)
အခြေခံလစာ 💸 ညှိနှိုင်း
ခံစားခွင့်များ 💎 နေစားငြိမ်း + အခြေခံလစာ + ကော်မရှင် + ရက်မှန်ကြေး
၄။ Assistant (မ - ၅ဦး)
(🌟 Hair Stylist ဆရာများ၏ ဆေးဆိုး၊ကောက်၊ဖြောင့် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ရမည်)
အခြေခံလစာ 💸 ညှိနှိုင်း
ခံစားခွင့်များ 💎 နေစားငြိမ်း + အခြေခံလစာ + ကော်မရှင် + ရက်မှန်ကြေး
၅။ ပညာသင် (ကျား/မ - ၅ဦး)
(🌟 ခေါင်းလျှော်ခြင်းနှင့် အခြား Hair Salon ပညာရပ်များအား ပညာသင်မှ ဆရာဖြစ်သည်အထိ သင်ကြားပေးမည်ဖြစ်သည်။)
အခြေခံလစာ 💸 ၂သိန်း
ခံစားခွင့်များ 💎 နေစားငြိမ်း + အခြေခံလစာ + အခမဲ့ ဆံပင်ပညာသင်ယူခွင့် + ရက်မှန်ကြေး
အလုပ်တည်နေရာ 📍
ဆိုင် (၁) 🏡 မြောက်ဥက္ကလာ၊ နီလာလမ်းထပ်။
ဆိုင် (၂) 🏡 စမ်းချောင်း၊ Capital Supermarket အတွင်း။
အလုပ်ချိန် ⌛️
မနက် ၉နာရီမှ ည ၉နာရီအထိ။
လျှောက်ထားလိုပါက ℹ️
ခေမာသီလမ်းမပေါ်၊ နီလာလမ်းထိပ်၊ မေဓါဝီစျေးမှတ်တိုင်အနီး၊ မြသီတာအဆောင်ရှေ့၊ မြောက်ဥက္ကလာမြို့နယ်။
☎️09662998265
#အလုပ်ခေါ်စာ
💙မိုးရာသီ ပရိုမိုးရှင်းကြီး ဆက်ပေးထားပါတယ် ချစ်ကာကာတို့ရှင့်။🙏🏻🙏🏻🙏🏻
ဆံပင်အရှည်ကို မတိုချင်ပဲ ဒီဇိုင်းတစ်ခုပေါ်ချင်တဲ့ ကောင်မလေးတွေရှိလားဗျ??
ဒါဆိုရင် ဒီလိုလေးကောက်လိုက်နော်🥰
#
💙ရိုးမသွားမယ့် လိမ္မော်ရောင် လေးနဲ့ ၁၀ကျော်သက်လိုပါပဲဗျာ။🥰🥰💫
#လိမ္မော်ရောင်
31/08/2026
ရာသီအကူးအပြောင်းမှာ ဆံပင်ပိုကျွတ်တာ ပုံမှန်ပဲလား? 🍂✨
ရာသီဥတုက နွေမှမိုး၊ မိုးမှ ဆောင်းရာသီကို ကူးပြောင်းလာတဲ့ အချိန်မျိုးမှာ ခေါင်းဖြီးလိုက်တိုင်း၊ ခေါင်းလျှော်လိုက်တိုင်း ဆံပင်တွေ အများကြီး ကျွတ်ပါလာတာမျိုး အမျိုးသမီးတိုင်းလိုလို ဖြစ်ဖူးကြမယ် ထင်ပါတယ်။ 🤔
မစိုးရိမ်ပါနဲ့။ ဒါဟာ "Seasonal Hair Shedding" လို့ခေါ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။
ရာသီဥတု အပြောင်းအလဲ၊ အပူချိန်နဲ့ စိုထိုင်းဆ ကွာဟမှုတွေ ဖြစ်လာတဲ့အခါ ဦးရေပြားက အသားအရေလိုပဲ ပြင်ပရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပါတယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ သက်တမ်းစက်ဝန်း (Hair Growth Cycle) အနည်းငယ် အပြောင်းအလဲဖြစ်သွားပြီး ပုံမှန်အချိန်ထက် ဆံပင်အဟောင်းတွေ ပိုကျွတ်ကျလာတတ်ပါတယ်။ (သစ်ပင်တွေ ရွက်ဟောင်းကြွေသလိုပါပဲ)။ 🍂
ဒါပေမယ့် ဒီလိုအချိန်မှာ ပုံမှန်ထက် ပိုကျွတ်နေတဲ့ ဆံပင်တွေကို သေချာဂရုမစိုက်ဘူးဆိုရင်တော့ ဆံပင်အုံပါးသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီတော့ ဒီလိုရာသီမှာ ဆံပင်ကျွတ်သက်သာစေဖို့ …
🚿 ရေနွေးပူပူနဲ့ ခေါင်းလျှော်တာ ရှောင်ပါ
🧴 ဆံပင်အစိုဓာတ်ကို အမြဲဖြည့်ပေးပါ
💨 အပူဒဏ် တိုက်ရိုက် ထိတွေ့ခြင်းကို တတ်နိုင်သမျှလျှော့ပါ
အိမ်မှာ အသေးစိတ် ဂရုစိုက်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ V5 Hair Design (မြောက်ဥက္ကလာဆိုင်ခွဲ) ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
V5 မှာ ရာသီဥတုကြောင့် ခြောက်သွေ့ပြီး ထိခိုက်လွယ်နေတဲ့ ဦးရေပြားအတွက် သီးသန့် Treatment တွေနဲ့ အားဖြည့် Premium Hair Spa တွေကို ပြုလုပ်ပေးလျက် ရှိပါတယ်။
ဆံပင်ကျွတ်သက်သာပြီး အမြဲတမ်း ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ V5 မြောက်ဥက္ကလာဆိုင်ကို Booking လေး တင်လိုက်တော့နော် 💌
📞 Phone - 09 452 584 411, 09 954 292 456
📍 လိပ်စာ - နီလာလမ်းထိပ်၊ (မေဓါဝီဈေးမှတ်တိုင်နား)၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
💙မိမိရဲ့ Look ကို သိသိသာသာ သစ်လွင်ပြောင်းလဲချင်သူတွေ အတွက် milk tea ရွှေရောင် 💫🌟💙
Category
Telephone
Website
Address
North Okkalapa Twonship , Khaymharthi Street And Top Nilar Street
Yangon
1
Alerts
Be the first to know and let us send you an email when V5 & Hair Design & Beauty salon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.