Zen Yoga
Do your Practice, All is coming. Dm us to online & offline Yoga training class for individual or group sessions. Everything comes to you in the right moment.
Be patient.
ကိုယ့်ကိုယ်အချိန်ပေးဖို့လိုတယ်နော် 🍀🍀🍀
တစ်နေကုန် ရုံးထိုင် အလုပ်လုပ်ရလို့ ခါးတောင့်တာ၊ ပခုံးကိုင်းတာနဲ့ အကြောတက်တာတွေကို ခံစားနေရပါသလား?
Mat Pilates ဆိုတာ အလေးချိန်နဲ့ စက်ပစ္စည်းတွေ မလိုဘဲ မိမိခန္ဓာကိုယ် အလေးချိန် (Bodyweight) ကို အသုံးပြုပြီး
✅ ခန္ဓာကိုယ်ရဲ့ ဗဟိုချက် (Core Muscles) ကို အဓိက သန်မာစေတယ်
✅ ခါးနာ၊ ဂုတ်နာ၊ ပခုံးတောင့်တာတွေကို သက်သာစေတယ်
✅ Posture မှန်ကန်စေပြီး ခန္ဓာကိုယ် ကောက်ကြောင်းကို သွယ်လျ လှပစေတယ်
✅ Impact နည်းတာကြောင့် အဆစ်အမြစ် နာကျင်မှု မရှိဘဲ ဘေးကင်းစွာ လေ့ကျင့်နိုင်ပါတယ်။
ယောဂဖျာ (Mat) တစ်ချပ်နဲ့တင် ခန္ဓာကိုယ်ရဲ့ Flexibility, Balance နဲ့ Strength ကို တစ်ပြိုင်နက်
တည်း ရရှိစေမယ့် သင်တန်းလေးဖြစ်ပါတယ်။
🗓 Wednesday &Friday
⏰Morning 8:30am to 9:30am
📍 No.116, Sethmu 2Street, 8 Ward, South Okkalapa Township, Yangon.
✨ Quality ကို အဓိကထားမှာ ဖြစ်လို့ အတန်းတိုင်းအတွက် သင်တန်းသား ဦးရေ အကန့်အသတ်ပဲ လက်ခံသွားမှာပါနော်။
📩 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊
📞 (09-971961574) သို့ ဖြစ်စေ တိုက်ရိုက် ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ။
28/08/2026
September လမှာ အထူးအတန်းသစ်အနေဖြင့်
🤸♀️Mat Pilates ကို
🍀Wednesday & Friday ~ 8:30am to 9:30am
အတန်းသစ်စတင်သင်ကြားပေးမှာဖြစ်ပါတယ်။
Mat Pilates ဆိုတာ Yoga Mat ပေါ်မှာ ခန္ဓာကိုယ်အလေးချိန် (Bodyweight) ကို အဓိကအသုံးပြုပြီး ပြုလုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အမျိုးအစား ဖြစ်ပါတယ်။
ဂျာမန်လူမျိုး Joseph Pilates က ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ဟန်ချက်ညီမှုနှင့် ပြန်လည်သန်စွမ်းလာစေရန် ရည်ရွယ်၍ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး စက်ပစ္စည်းကြီးများ မလိုပဲအခြေခံ Mat ဖျာတစ်ချပ်ရှိရုံဖြင့် လေ့ကျင့်နိုင်ပါတယ်။
Mat Pilates က ဒဏ်ရာရရှိမှု Low-impact နည်းပါးပြီး ဘေးကင်းသည့်အတွက် အသက်အရွယ်မရွေး၊ ကျန်းမာရေးအခြေအနေ အမျိုးမျိုးရှိသူများ လေ့ကျင့်ရန် သင့်တော်ပါတယ်။
Mat Pilates ကို လေ့ကျင့်သင့်သူတွေကတော့
✨ခါးနာ/ကျောနာ ဝေဒနာရှိသူများ
✨ရုံးထိုင်အလုပ်လုပ်သူများ
✨လေ့ကျင့်ခန်း စတင်လုပ်ဆောင်ချင်သူများ
✨အလေးမခြင်း သို့မဟုတ် ပြင်းထန်သည့် လေ့ကျင့်ခန်းများ မလုပ်မီ အခြေခံ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ကြွက်သား ထိန်းချုပ်မှုကို တည်ဆောက်ချင်သူများ
✨အားကစားသမားများ
✨အဆစ်အမြစ် နာကျင်လွယ်သူများ
✨မီးဖွားပြီးစ မိခင်များ
✨စိတ်ဖိစီးမှု လျှော့ချချင်သူများ ဖြစ်ပါတယ်။
Mat Pilates ကကြွက်သားများ၏ ကြံ့ခိုင်မှု (Strength)၊ ထိန်းချုပ်နိုင်မှု (Control) နှင့် Core Endurance ကို ပိုမိုဇောင်းပေး လေ့ကျင့်ရတာဖြစ်လို့
ခန္ဓာကိုယ် ဗဟိုချက်သန်မာရေး(Core)ကို ဦးတည်သည့် ခေတ်သစ် အားကစားနှင့် ကြွက်သား လေ့ကျင့်စဉ်တစ်ခု ဖြစ်ပါသည်။
ခန္ဓာကိုယ် ပိုမိုသန်မာစေပြီး posture ကောင်းမွန်စေရန်အတွက် အလွန်ကောင်းမွန်သောကြောင့်
ယခုခေတ်မှာ Yoga နဲ့ Mat Pilates နှစ်ခုလုံးကို ပေါင်းစပ်လေ့ကျင့်ခြင်းများလည်း ရှိကြပါတယ်။
သင်တန်းအသေးစိတ်ကို မေးမြန်းချင်ရင်
Ma Shwe Zin Paing 📲09-971961574(Viber)ကိုဆက်သွယ်လို့ရပါတယ်။
22/08/2026
2026ဩဂုတ်လ အောင်လံသဲအင်းဂူတရားစခန်း
ဝါတွင်းနာရီရှည် ရက် ၂၀ တရားစခန်းမှာ ကျင့်ကြံအားထုတ်ခဲ့တဲ့အတွေ့အကြုံအကြောင်းအရာလေးတွေပြန်လည်ဝေမျှပေးချင်ပါတယ်🙏
တရားထိုင်ချိန်က အကြိမ်အရေအတွက်အနေနဲ့က
မများပေမယ့် ထိုင်ရတဲ့အချိန်ကြာပါတယ်။
3-5-4 က (6)ရက်
မဟာပုလ္လင်က (2)ရက်
3-9 က (5)ရက်
လျောင်း (1)ရက်
3-9-6 က (2)ရက်
3-16 က (2)ရက်
16 က (1)ရက်
5 က (1)ရက်
အချိန်ကြာကြာထိုင်တော့မှ အရင်ကမရှိဘူးလို့ထင်ထားတဲ့ ကိုယ့်စိတ်မှာတိမ်မြှုပ်နေတဲ့ စိတ်
အညစ်အကြေးတွေတစ်ခုပြီးတစ်ခုပေါ်လာတာတွေကို သိလာရတယ်။ သတိကိုအဆက်မပြတ်ထားပြီး တစိတ်ပေါ်တစိတ်သိပတ်သက်စရာမလိုဘူး ကြည့်ရုံပဲကြည့် သိရုံပဲသိဆိုပေမယ့် အချိန်ကြာလာရင် သတိတွေအားပျော့လာတတ်မျောတတ်တာကိုလဲတွေ့လာရပါတယ်။
ဆရာတော်ကြီးမိန့်ကြားတဲ့အတိုင်း 🙏🙏🙏
တရားအားထုတ်ဖို့လာကြတဲ့သူတွေက
မိဘကတိုက်တွန်းလို့ တခြားသူကတိုက်တွန်းလို့ လာပြီးအားထုတ်ကြတာမဟုတ်ပါဘူး အရွယ်ရောက်ပြီးမိမိသဘောဆန္ဒအရလာရောက်အားထုတ်ကြတာဖြစ်လို့ မိမိစိတ်ကို မိမိထိန်းသိမ်းနိုင်ရပါမယ်။ စိတ်အလိုလိုက်ပြီး မာနခံဟိုလိုမထိုင်ချင်ဘူး ဒီလိုဆိုမထိုင်ချင်ဘူး လုပ်လို့မရပါဘူး။
သူတော်ကောင်းအရိယာတွေလျှောက်တဲ့လမ်းကို လိုက်ရတာဖြစ်တဲ့အတွက် လွယ်ကူမနေပါဘူး။စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်၊ စွန့်လွှတ်ပြီး၊ သတိ၊ သမာဓိ၊ ပညာ ရအောင်ကြိုးစားအားထုတ်ရပါတယ်။
မိမိအနေနဲ့ ကအချောသပ်ပြီးထဲက နာရီရှည်အတွက် ရည်မှန်းပြီး နေထိုင်ခဲ့သူဖြစ်တဲ့အတွက် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာမှာ ကြိုတင်ပြင်ဆင်မှုထားခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်ဘယ်လောက်ပဲကြိုတင်ပြင်ဆင်ထားပေမယ့် လူ့လောကမှာ စွဲစွဲမြဲမြဲလုပ်လေ့ရှိတဲ့ အလုပ်တွေရဲ့ဇောတွေ ကပ်ပါလာတတ်ပါတယ် အဲ့ဒါတွေကို တရားစခန်းရှေ့ပိုင်းရက်တွေမှာ တော်တော့်ကိုသတိထားပြီး ရှင်းထုတ်ရပါတယ်။
အဲ့ဒါတွေကတစ်ယောက်နဲ့တစ်ယောက်ဖြစ်ပုံချင်းတော့တူမှာမဟုတ်ပါဘူး။
တကယ်ရှင်းသွားတာကတော့ပထမအကြိမ်မဟာပုလ္လင်နဲ့ ၅နာရီထိုင်အပြီးမှာ ဇောတွေကျပြီး ဝသီပေါ်တွေရှင်းလင်းသွားတာပါ။ အဲ့တာကြောင့် မဟာပုလ္လင်က ကိုယ့်မှာရှိနေတဲ့ကြွေးကျန်တွေရှင်းတယ်ဆိုတာ တကယ့်ကိုမှန်ပါတယ်။
ဒုတိယအကြိမ် မဟာပုလ္လင်ထိုင်တာမှာ
မဟာပုလ္လင်ထိုင်ခဲ့အတွေ့အကြုံတွေထဲမှာ တခါမှမဖြစ်ဖူးတဲ့အတွေ့အကြုံထူးကိုရရှိခဲ့ပါတယ်။
“မဟာပုလ္လင်ထိုင်ပြီးတရားကျင့်ကြံတယ်ဆိုတာ အမြဲလုပ်စရာမလိုဘူး လိုအပ်လို့ လုပ်ရတာပါ”ဆိုတဲ့ ဆရာတော်ကြီးမိန့်တဲ့စကားကို ပြန်ကြားယောင်မိပြီး တကယ်ဟုတ်ပါလားဆိုတာကို အံ့ဩဝမ်းသာဖြစ်ခဲ့ရပါတယ်။
ဆရာတော်ဘုရားက နေမကောင်းနေတဲ့ကြားထဲဩဂုတ်လ ၁၇ရက်နေ့ နေ့လည်၁နာရီကနေ နောက်နေ့မနက် ၅နာရီအထိ ၁၆နာရီထိုင်ရတဲ့ အချိန် ညသန်းခေါင်းပိုင်လောက်မှာ ဆရာလေးတရားထိုင်နေတဲ့အရှေ့ကို ကြွလာပြီး “ဆရာလေးမျက်ခုံးကြောတွေတင်းနေတယ် လျှော့လိုက်ပါအုန်းဆိုပြီး”တရားထိုင်တာကိုပြင်ပေးသွားတာကိုလဲ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်🙏🙏🙏
နောက်နှစ်တွေမှာ အခါအခွင့်သင့်လို့ နာရီရှည်ဝင်နိုင်အောင်လဲ နေ့ရက်တိုင်းကြိုးစားအားထုတ်သွားပါမယ်။
နာရီရှည်ဝင်ချင်တဲ့ယောဂီတွေအတွက်အကြံပြုပေးချင်တာက တရားအားထုတ်မယ်
ရည်ရွယ်ထားရင် စိတ်နဲ့ကိုယ်ကျန်းမာကြံ့ခိုင်
အောင်နေထိုင်စားသောက်ပါ။ကျန်းမာရေးကတရားအားထုတ်ရာမှာအရေးကြီးဆုံးအချက် ဖြစ်တဲ့အတွက်ကျန်းမာရေးဂရုစိုက်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
အသက်ငယ်တုန်း တရားထိုင်နိုင်တုန်းမှာလုပ်ပါ
အသက်ကြီးလာရင် ခန္ဓာကိုယ်
ယိုးယွင်းလာတဲ့အတွက် စိတ်ဘယ်လောက်ပါပါ ရုပ်ကမလိုက်နိုင်တော့ပါဘူး။
အဓိကက တရားခွေမဖွင့်တော့ဘဲ စိတ်ရှူကွက်နဲ့ပဲထိုင်ရမှာဖြစ်လို့ အဲ့လိုထိုင်တတ်မှရပါမယ်။ ကြိုတင်ပြင်ဆင်ထားမှ စိတ်ထားတတ်မှာပါ။ ယောဂီတွေအိပ်တဲ့နည်းနဲ့အိပ်တတ်အောင်လဲလေ့ကျင့်ပါ။ အစားကိုလဲ မရွေးပဲ ဘာပဲဖြစ်ဖြစ်အာဟာရဖြစ်အောင်စားတတ်အောင် လေ့ကျင့်ဖို့တိုက်တွန်းချင်ပါတယ်။
တရားကျင့်ကြံအားထုတ်သူများအားလုံး မိမိလိုချင်သောပန်းတိုင်ကိုလွယ်ကူလျှင်မြန်စွာ
ရောက်ရှိနိုင်ကြပါစေ🙏🙏🙏
ပွါးများကျင့်ကြံစောင့်ထိမ်းခဲ့တဲ့ကုသိုလ်ကောင်းမှုအစုစုကိုလဲ အမျှအတန်းပေးဝေပါတယ် အမျှ အမျှ အမျှ 🙏🙏🙏
#အောင်လံသဲအင်းဂူ
#နာရီရှည်
22/08/2026
August လ 25 ရက်နေ့ ယောဂသင်တန်းတွေ Schedule အတိုင်းပြန်စပါပြီရှင့် 🥰
Page Messenger ကနေမေးမြန်းထားသူအချို့ကို စာပြန်ပို့လို့မရတဲ့အတွက်
ဖုန်း09-971961574(သို့မဟုတ်)Viber ကနေဆက်
သွယ်ပေးပါရှင့်
30/07/2026
တရားစခန်းရက် (August 1 to August 21 )အတွင်း ဖုန်းပိတ်ထားမှာဖြစ်လို့ သင်တန်းစုံစမ်းချင်ရင် Page Messenger ကနေ မေးမြန်းထားပါရှင့်
သင်တန်းပြန်ဖွင့်တာနဲ့အကြောင်းပြန်ပေးပါမယ်။
အောင်လံသဲအင်းဂူမှာ နာရီရှည်တရားစခန်းဝင်တဲ့အတွေ့အကြုံများကိုလဲ တရားစခန်းဝင်ချင်တဲ့သူများအတွက် ပြန်လည်၍မျှဝေပေးမှာဖြစ်ပါတယ်။ 🥰🥰🥰
21/07/2026
August လမှာ အောင်လံမြို့ တိုက်ခွဲ(၃၂)သဲအင်းဂူတရားစခန်းမှာ(ဝါတွင်းနာရီရှည်) ဝင်မှာဖြစ်လို့
ရွှေဇင့်ရဲ့Online နဲ့ Studio Class တွေ ကို July လ 29ရက်နေ့ကနေ Augustလ 21ရက်နေ့အထိနားပါမယ်။ ဒီရက်တွေအတွင်းမှာ Instructor Tr. Htet ရဲ့အတန်းချိန်တွေရှိပါမယ်ရှင့်။
Tr.Htetကိုယ်တိုင်ယောဂကိုဝါသနာပါလို့လဲလေ့ကျင့်တယ်၊ သင်ကြားပေးမှုမှာလဲ အချိန်ကုန်သွားမှန်မသိအောင်ကိုပဲ အပါဆွဲခေါ်ပြီးစိတ်ရှည်စွာနဲ့သင်ကြားပေးနိုင်သူပါ။
အတန်းချိန်တွေက
August Class Schedule
Tuesday & Thursday Morning Class
Class(1) 7:00am to 8:00am
Class(2) 8:15am to 9:15am
📲09-971961574. (Tr. Shwe Zin)
09-420142508.(Tr.Htet)
29/06/2026
July လအတွက်သင်တန်းအချိန်လေးတွေပါရှင့် 🥰😍✨
Happy International Yoga Day ✨
မနက်ဖြန် (21.6.2026) Zen Ashtanga Yoga
သင်တန်းမှာ (Sunday 7:00am to 8:00am)Classကို
Yoga Dahna (Free Class) အနေနဲ့ Ashtanga Yoga
ကို အတူတစ်ကွ စုပေါင်းလေ့ကျင့်ကြပါမယ်။
Zen Ashtanga Yoga မှာ လေ့ကျင့်ဖူးသူ
သင်တန်းသား/သူများနှင့် မလေ့ကျင့်ဖူးသူမိတ်ဆွေ
များကိုပါ လာရောက်လေ့ကျင့်ကြဖို့
ဖိတ်ခေါ်ပါတယ်ရှင့်။
လေ့ကျင့်ပြီးချိန်မှာ Breakfast ဧည့်ခံကျွေးမွေးမှာ
ဖြစ်ပါတယ်။
သင်တန်းနေရာကန့်သတ်ချက်ရှိတဲ့အတွက်
လေ့ကျင့်လိုသူများအနေဖြင့် ကြိုတင်ဖုန်းဆက်ပြီး စာရင်းပေးရမယ်။
မိမိဖျာ ကို ယူဆောင်လာဖို့ အကြံပြုပါတယ်ရှင့် 🥰
Yoga Instructor
Ma Shwe Zin Paing
Location: No. 116, Street 2, Ward 8, South Okkalapa Township, Yangon.
📲09-971961574.
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 116, Sethmu 2 Street, 8 Ward, South Okkalapa Twonship
Yangon
11091
Opening Hours
| Tuesday | 07:00 - 08:00 |
| Thursday | 07:00 - 08:00 |
| Friday | 07:00 - 08:00 |
| Saturday | 07:00 - 18:30 |
| Sunday | 07:00 - 18:30 |