Treasure For Life

Treasure For Life

Share

Export/ Import Medical & Health Care Products, etc...

Photos from Treasure For Life's post 23/11/2022

"We are hiring"

Job title - Medical Representative
Femal (1) post
Location - Yangon
Detailed informations were mentioned below in the vacancy announcement.

31/01/2022

Gong Xi Fa Cai

31/12/2021

နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒများပြည့်ဝကျပါစေလို့ Treasure For Life Co.ltd မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏

24/12/2021

🎅☃ မိဘပြည်သူများအားလုံး ကျန်းမာပျော်ရွှင်သော ခရစ္စမတ်အချိန်အခါလေး ဖြစ်ပါစေလို့ Treasure For Life Co.ltd မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ☃🎅🎄

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေး 27/11/2021

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေး

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။

“B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်” လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။

ကနဦး ရရှိတဲ့ အထောက်အထားတွေအရ ဒီပိုးဟာ ကိုဗစ်ရောဂါ ကူးစက်ဖူးတဲ့လူတွေကို ထပ်မံကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေ တွေ့ရှိချက်တွေကို ဆန်းစစ်လေ့လာအပြီး ထုတ်ပြန်တဲ့ WHO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေကစလို့ တောင်အာဖရိကမှာ ကိုဗစ် ကူးစက်မှု တရှိန်ထိုး မြင့်တက်လာချိန်မှာပဲ Omicron လို့ခေါ်တဲ့ ပိုးအမျိုးအစားသစ်ကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

ပိုးအများအစားသစ်ဟာ ဆင့်ကဲဗီဇပြောင်းလဲမှုတွေ အများအပြား တွေ့ရတာကြောင့် စိုးရိမ်စရာ ကောင်းတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်လိုက်တာပါ။ အန္တရာယ်ရှိတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ခံရတာ ဆဌမမြောက်ဖြစ်တဲ့ Omicron ပိုးအမျိုးအစားကိုတော့ လက်ရှိ ကိုဗစ်ပိုး စမ်းသပ်တဲ့ PCR စနစ်နဲ့ စစ်ဆေးသိရှိနိုင်တယ်လို့လည်း WHO ကပြောပါတယ်။

ဒီပိုးမျိုးသစ် နဲ့ ပတ်သက်ပြီး ကူးစက်မှု အခြေနေ၊ ကာကွယ်ဆေး ထိရောက်မှု ရှိမရှိနဲ့ ကုသနည်းတွေနဲ့ ပတ်သက်ပြီး သေသေချာချာ သိရအောင် စမ်းသပ်စစ်ဆေးဖို့ သီတင်းပတ်နဲ့ချီ ကြာမြင့်နိုင်တယ် လို့လည်း WHO က ပြောပါတယ်။

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေး တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Omicron ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်....

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို Omicron လို့ WHO အမည်ပေး - BBC News မြန်မာ 27/11/2021

နောက်ဆုံး တွေ့ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲသစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဂရိအမည် သတ်မှတ်ပေးလိုက်သလို မျိုးကွဲပိုးတွေထဲမှာ စိုးရိမ်မှုရတဲ့ ဗိုင်းရပ်စ်အဖြစ်လည်း သတ်မှတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို Omicron လို့ WHO အမည်ပေး - BBC News မြန်မာ အခု မျိုးကွဲသစ် ရဲ့ ကူးစက်နိုင်စွမ်းတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိချက်တွေအရ စိုးရိမ်မှုတွေက....

ဖိုင်ဇာ ကိုဗစ်သောက်ဆေး ရောဂါပြင်းထန်နိုင်ခြေရှိသူတွေမှာ ၈၉ ရာခိုင်နှုန်း ထိရောက်တယ်လို 05/11/2021

ဖိုင်ဇာ ကိုဗစ်သောက်ဆေး ရောဂါပြင်းထန်နိုင်ခြေရှိသူတွေမှာ ၈၉ ရာခိုင်နှုန်း ထိရောက်တယ်လို့ ပြော

အမေရိကန် ကုမ္ပဏီ ဖိုင်ဇာက ထုတ်လုပ်စမ်းသပ်နေတဲ့ ကိုဗစ် ကုသဆေး သောက်ဆေးဟာ ထိခိုက်လွယ်တဲ့ လူကြီးတွေမှာ ဆေးရုံတက်ကုသရနှုန်းနဲ့ သေဆုံးနှုန်း အန္တရာယ်ကို ၈၉ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ လူနာတွေနဲ့ စမ်းသပ်မှု ရလဒ်တွေအရ သိရပါတယ်။

ဒီဆေးကို Paxlovid ပက်ဆ်လိုဗစ်လို့ ခေါ်ပြီး အသက်ကြီးသူတွေနဲ့ ရောဂါဒဏ်ပြင်းပြင်းထန်ခံရနိုင်ခြေရှိသူတွေ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

အဲဒီရလဒ်သတင်းဟာ မနေ့က အလားတူ ကုသဆေးတစ်မျိုးဖြစ်တဲ့ မာ့ခ် ရှာ့ပ်နဲ့ ဒုံးမ် Merck Sharp and Dohme (MSD) ကုမ္ပဏီထုတ်ဆေးကို ယူကေ ဆေးဝါးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ခွင့်ပြုလိုက်အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကနဦး ရလဒ် အတော်ကောင်းမွန်တာကြောင့် စမ်းသပ်မှုတွေကို စောစောစီးစီး ရပ်နားလိုက်တယ်လို့ ဖိုင်ဇာက ပြောပါတယ်။

ယူကေက ဖိုင်ဇာဆေးသစ် ဆေးပတ်အကြိမ် နှစ်သိန်းခွဲကို မှာယူထားပြီး ဖြစ်ပြီး MSD ဆေးပတ်အကြိမ် လေးသိန်းရှစ်သောင်းကိုလည်း မှာယူထားပါတယ်။

ဖိုင်ဇာဆေးက ဗိုင်းရပ်စ် ကိုယ်တွင်းမှာ ပွားဖို့ လိုအပ်တဲ့ အင်ဇိုင်းကို တားဆီးတာ ဖြစ်ပါတယ်။ အဲဒါက မာ့ခ်ရဲ့ ဆေးနဲ့ နည်းနည်းတော့ ကွာပါတယ်။ မာ့ခ်ရဲ့ဆေးက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို လွဲချော်သွားအောင် လုပ်တာပါ။

ဆေးကို အရေးပေါ် အသုံးပြုခွင့်ရဖို့အတွက် ကနဦး တွေ့ရှိမှု ရလဒ်တွေကို အမေရိကန် ဆေးဝါးထိန်းချုပ်ရေးဆီကို တင်ပြဖို့ရှိတယ်လို့ ဖိုင်ဇာက ပြောပါတယ်။

ဖိုင်ဇာ ကိုဗစ်သောက်ဆေး ရောဂါပြင်းထန်နိုင်ခြေရှိသူတွေမှာ ၈၉ ရာခိုင်နှုန်း ထိရောက်တယ်လို ဒီဆေးကို Paxlovid ပက်ဆ်လိုဗစ်လို့ ခေါ်ပြီး အသက်ကြီးသူတွေနဲ့ ရောဂါဒဏ်ပြင်းပြင်းထန်ခံရနိုင်ခြေရှိသူတွေ အတွက် ရည်...

19/10/2021

ကျန်းမာပျော်ရွှင်သော သီတင်းကျွတ်အချိန်အခါလေး ဖြစ်ပါစေလို့
Treasure For Life Co.ltd မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏

17/10/2021

💥သီတင်းကျွတ်အချိန်အခါမှာ လူကြီးမိဘများကို ကန်တော့ဖို့ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်သောက်သုံးဖို့ပဲ ဖြစ်ဖြစ် Laennec P.O. ( Dietary Supplement ) ကအကောင်းဆုံးပါပဲ 👍
✅လူကြီးများအတွက် အထူးလိုအပ်တဲ့ ကိုယ်ခံစွမ်းအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပြီး ပင်ပန်းနွယ်နယ်မှုကို ပြေပျောက်စေကာ အလိုအလျောက် အာရုံကြောထိန်းကြောင်းမှု စနစ်ကို ကောင်းမွန်စေပါတယ်...
✅ အကြောင်းအမျိုးမျိုးကြောင့် အသည်းထိခိုက်ပျက်စီးမှုအား တားဆီး ပြုပြင်ပေးနိုင်ပြီး ပုံမှန်သောက်သုံးပါက အသားအရေ ကြည်လင် ဝင်းပ၍ အရွယ်တင်နုပျိုစေပါတယ်
🟥 ယခုအချိန်တွင် ကုန်ပစ္စည်းများဈေးတက်နေသော်လည်းပဲ Htoo Laennec Clinic မှ Laennec P.O. ဆေးကိုပုံမှန်သောက်သုံးနေသူ Customer များ အဆင်ပြေစေရန် ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ယခင်မူလဈေးနှုန်းဖြင့်သာ ရောင်းချပေးလျှက်ရှိပါသည်။
👉 ဆေးကိုဝယ်ယူမည်ဆိုပါကလည်း Mobile Banking များဖြင့် ငွေပေးချေနိုင်ပြီး လာရောက်ဝယ်ယူရန် အခက်အခဲရှိသူများအတွက်လည်း အိမ်အရောက် delivery စနစ်ဖြင့် ပို့ဆောင်ပေးနေပါသည် 💯
🟩 အသေးစိတ်သိရှိလိုပါက Htoo (Laennec) Clinic ၏ Messenger သို့မဟုတ် ဖုန်းနံပါတ် ☎️09259258445 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါသည်။

💥သီတင်းကျွတ်အချိန်အခါမှာ လူကြီးမိဘများကို ကန်တော့ဖို့ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်သောက်သုံးဖို့ပဲ ဖြစ်ဖြစ် Laennec P.O. ( Dietary Supplement ) ကအကောင်းဆုံးပါပဲ 👍

✅လူကြီးများအတွက် အထူးလိုအပ်တဲ့ ကိုယ်ခံစွမ်းအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပြီး ပင်ပန်းနွယ်နယ်မှုကို ပြေပျောက်စေကာ အလိုအလျောက် အာရုံကြောထိန်းကြောင်းမှု စနစ်ကို ကောင်းမွန်စေပါတယ်...

✅ အကြောင်းအမျိုးမျိုးကြောင့် အသည်းထိခိုက်ပျက်စီးမှုအား တားဆီး ပြုပြင်ပေးနိုင်ပြီး ပုံမှန်သောက်သုံးပါက အသားအရေ ကြည်လင် ဝင်းပ၍ အရွယ်တင်နုပျိုစေပါတယ်

🟥 ယခုအချိန်တွင် ကုန်ပစ္စည်းများဈေးတက်နေသော်လည်းပဲ Htoo Laennec Clinic မှ Laennec P.O. ဆေးကိုပုံမှန်သောက်သုံးနေသူ Customer များ အဆင်ပြေစေရန် ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ယခင်မူလဈေးနှုန်းဖြင့်သာ ရောင်းချပေးလျှက်ရှိပါသည်။

👉 ဆေးကိုဝယ်ယူမည်ဆိုပါကလည်း Mobile Banking များဖြင့် ငွေပေးချေနိုင်ပြီး လာရောက်ဝယ်ယူရန် အခက်အခဲရှိသူများအတွက်လည်း အိမ်အရောက် delivery စနစ်ဖြင့် ပို့ဆောင်ပေးနေပါသည် 💯

🟩 အသေးစိတ်သိရှိလိုပါက Htoo (Laennec) Clinic ၏ Messenger သို့မဟုတ် ဖုန်းနံပါတ် ☎️09259258445 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါသည်။

24/08/2021

Vaccine ထိုးရမလား ? 💉💊

ကိုယ့် ဟာကိုယ် ဆုံးဖြတ်ပါ !!

ဘာကြောင့်ထိုးသင့်လည်း ၊ ဘာတွေ သတိပြုရမလည်းတော့ ဆက်ဖတ်ပေးပါ !

ဘာကြောင့်ထိုးသင့်လည်း ဆိုရင်တော့
1. WHO အပါဝင် နိုင်ငံတကာ ကျမ်းမာရေးဌာနတွေအားလုံးက ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနေပါတယ်
2. Covid ဆိုဒါလည်း ဘယ်ချိန်ပြီးမလဲ မသိနိုင်သေးပါ
3. ခု 3rd wave ပြီးရင် နောက် waves တွေလည်း လာရင် လာနိုင်ပါသေးတယ်
4. Covid ဖြစ်ပြီးသွားရင်တောင် Viral strain တွေမတူဒါရယ်၊ ကိုယ့် Body ကထွက်တဲ့ Antibodies ရေရှည်မခံဒါကြောင့် ကာကွယ်ဆေးထိုးဖို့ American CDC recommend လုပ်ထားပါတယ်
5. Vaccine ထိုးထားရင် မထိုးထားသူထက်ဆိုင်ရင် Protection အတိုင်းသာ တစ်ခုရပါတယ်
6. Vaccine ထိုးပြီးလည်း ရောဂါဖြစ်နိုင်တယ် ဆိုပေမယ့် ဖြစ်နိုင်ချေ နည်းပါတယ်၊ ဖြစ်သွားရင်တောင် ရောဂါပြင်းလေ့မရှိပါ။

ထိုးမယ်လို့ စဉ်းစားရင် ဘာတွေ သတိပြုရမလဲ ?
1. ကာကွယ်ဆေး ဘာအမျိုးစားလည်း? အာနိသင် efficacy ဘယ်လောက်ရှိလဲ ?
2. ကာကွယ်ဆေးက ဘယ်ကရမှာလဲ ? (Officially မဟုတ်တဲ့ အောက်လမ်းဝင်တဲ့ဟာတွေ စိတ်မချရပါ )
3. ဘယ်သူတွေက ထိုးပေးမှာလဲ ? ထိုးပေးနေတဲ့ procedure တွေ၊ method တွေအဆင်ပြေလား လက်ခံနိုင်လား?
4. ဆေးတွေကို ဘယ်လို ထားလဲ? Storages တွေကောင်းလား ?
5. ဆေးတိုင်းကတော့ side effects တွေရှိနိုင်ပါတယ်၊ ကိုယ့် risk နဲ့ ရမယ့် benefits တော့ကြည့်ရမှာပဲ
အပေါ်က အချက်တွေ အဆင်ပြေတယ် ဆိုရင်ထိုးပါ !

သိရှိရသလောက် လက်ရှိထိုးပေးနေတဲ့ Sinopharm နဲ့ Sinovac မှာ Sinopharm ကိုထိုးဖို့ recommend လုပ်ပါတယ်။ Sinopharm BIBP ဟာ >79 % effective ဖြစ်သလို WHO ကလည်း Approval ပေးပြီးသားပါ !

Edit - Sinopharm ဟာ Beijing (BIBP) နဲ့ Wuhan Verocell ၂ မျိုးရှိပါတယ်။ Beijing က WHO approve ပါ Vero cell ဆိုရင် Approve မရသေးပါ

နောက် စျေးကွက်ကြားနေရတဲ့ Covidshield ထိုးမယ်ဆိုရင်လည်း ဘယ်က ဘယ်လိုလာဒါလဲ၊ Official ရောက်လာဒါလား သေချာစုံစမ်းပြီးမှ ထိုးပါ၊ India မှာလည်း ဆေးအတုတွေပေါသလို ကားကွယ်ဆေးက Cold chain storage လည်းအရေးကြီးပ်တယ် !

Vaccine ထိုးပြီးလည်းရင်ကော ??
ဆေးထိုးပြီးလည်း Mask 😷 တပ်ရမှာပဲ၊ လက်ဆေးဒါတွေ ၊ လူစုလူဝေး ရှောင်ဒါတွေက လုပ်ရအုံးမှာပါ !

Credit
Dr YLH

18/08/2021

COVID-19 ကြောင့် Dexa ထိုးတာ၊ သောက်တာ စပြီဆိုရင် ဆီးချို ထိန်းမရ ဖြစ်တတ်ပါတယ်။ ထိုကာလမှာ ဘယ်လို ကျွေးကြမလဲ?

မနက်စာ
(၁) အဆီထုတ် နို့ သို့မဟုတ် ဆီးချို အာဟာရမှုန့် နို့ တခွက် + ပေါင်မုန့် ၁ ချပ်+ ကြက်ဥ တစ်လုံး
သို့မဟုတ်
(၂) oatmeal 4 ဇွန်း + အစေ့အဆန် အနည်းငယ်+ နို့တခွက်
သို့မဟုတ်
(၃) ခေါက်ဆွဲ၊ ကြာဇံ တရုတ်ထမင်းပန်းကန်လုံး တစ်လုံးစာ (ကြော်/သုတ်) + ကြက်ဥ ၁ လုံး

နေ့လည်စာ

(၁) ထမင်း ၆-၈ ဇွန်း
(၂) အသား အရေခွံဖယ် (၂-၃)တုံး
(၃) ဟင်းချိုရည် အရွက်ပါ ၁ ခွက်
(၄) အရွက်ကြော် ခွက် တဝက်

နေ့လည် အဆာပြေ (တခုခုကျွေးပါ)

(၁) ကြက်ဥပြုတ် အကာ ၁-၂ လုံး
(၂) အချိုမပါ ဘီစကစ် ၂-၃ ချပ်
(၃) အရွက်သုတ်
(၄) အဆီထုတ် နို့ (သို့) ဆီးချိုအာဟာရမှုန့် နို့တခွက်

ညစာ

(၁) ထမင်း ၆-၈ ဇွန်း
(၂) အသား အရေခွံဖယ် (၂-၃)တုံး
(၃) ဟင်းချိုရည် အရွက်ပါ ၁ ခွက်
(၄) အရွက်ကြော် ခွက် တဝက်

ညအဆာပြေ

(၁) ကြက်ဥပြုတ် အကာ ၁လုံး
(၂) အချိုမပါ ဘီစကစ် ၁-၂ ချပ်

ည ၉ နာရီ နောက်ပိုင်း မကျွေးပါနှင့်

အခုပြထားသော ပမာဏ သည် ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး ပြောင်းလဲမှု့ ရှိနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက သင့် နီးစပ်ရာ အာဟာရဆရာဝန်များ နှင့် တိုင်ပင်ပါ။

ကျွန်တော်တော့ ဆီးချို လူနာ Dexa စနေရင် အဲ့ကာလ ဆီးချိုထိန်းမရတတ်တော့ အသီးစားခိုင်းလေ့မရှိပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

https://t.me/drnyinyikyaw

https://m.facebook.com/story.php?story_fbid=2822644821359532&id=1708336206123738

28/07/2021

💥ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (၂၈-၇-၂၀၂၁)အတွက်ဂုဏ်ပြုဆောင်းပါး 💥
❣️"အသည်းရောင်ရောဂါ ကင်းစင်ရန် ၊ ချက်ချင်းအမြန် ဆောင်ရွက်ပါ"❣️
ဒေါက်တာ ဝင်းအောင် (သုတေသီ)
ဇူလိုင်လ (၂၈) ရက်နေ့သည် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဖြစ်ပါသည်။ “ ကမ္ဘာ့နိုင်ငံများရှိ လူသားများအားလုံးမှ အသည်းရောင်ရောဂါများကို သတိပြု အလေးထားလာကြစေရန်နှင့် ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါများ လျော့နည်း ပပျောက်သွား စေရန် ” ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှကြီးမှူး၍ ၂၀၁၁ ခုနှစ် မှစတင်ကာ အထက်ပါ နေရက်တွင် နှစ်စဉ်ဆောင်ပုဒ်တစ်ခုစီ ချမှတ် ၍ ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းတွင် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပပြုလုပ်လာခဲ့ကြပါသည်။ ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါ ကင်းစင်ရေး အတွက် ဆောင်ရွက်ရာတွင် ဦးဆောင်မှုပြုနေသည့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခု ဖြစ်သော ကမ္ဘာ့ အသည်းရောင်ရောဂါ မဟာမိတ်အဖွဲ့ ( World Hepatitis Alliance- WHA ) နှင့် WHO တို့မှ ပူးပေါင်းထုတ်ပြန်သော ယခုနှစ် ၂၀၂၁ အတွက်ဆောင်ပုဒ်မှာ “ Hepatitis Can’t wait ” ( အသည်းရောင်ရောဂါ ကင်းစင်ရန် ချက်ချင်းအမြန် ဆောင်ရွက်ပါ ) ဖြစ်ပါသည်။ WHO ၏ ရည်မှန်းချက်ဖြစ်သည့် သက္ကရာဇ်၂၀၃၀ ခုနှစ်တွင် ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါကို ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်ခြောက်ခံနေရ ခြင်းမှ ဖယ်ရှားကင်းစင်နိုင်ရေးအတွက် အသည်းရောင်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို တုံ့ဆိုင်း နှောင့်နှေး/ စောင့်ဆိုင်း ကြန့်ကြာ မှုမရှိပဲ ယနေ့ အချိန်မှစ၍ အရေးတကြီး ချက်ချင်းအမြန်ဆုံး ဆောင်ရွက်ကြပါဟု ဆိုလိုပါသည်။
၁။ "ကမ္ဘာအသည်းရောင်ရောဂါ ကူးစက်ဖြစ်ပွားမှု့"
ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါကို ဖြစ်စေပြီး လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် အသည်းရောင်အသားဝါ ရောဂါ ဗိုင်းရပ်စ် ပိုး (၅) မျိုး ရှိပါသည်။ အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီး ဗိုင်းရပ်စ် ရောဂါပိုးတို့ ဖြစ်ပါသည်။ ကမ္ဘာ့အသည်းရောင်ရောဂါ မဟာမိတ်အဖွဲ့ (WHA ) ၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက် စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ ၃၂၅ သန်းသည် အသည်းရောင်အသားဝါ ရောဂါပိုးများ ကူးစက်ခံနေရပြီး ယင်းတို့အနက်မှ ဘီပိုးနှင့် စီပိုး ကူးစက်ခံနေရသူပေါင်းမှာ ၉၆% ခန့် ရှိပါသည်။ ၂.၁ သန်းသည် ဘီပိုးနှင့်စီပိုး ပူးတွဲ ၊ ၂.၇ သန်းသည် ဘီပိုးနှင့် အိပ်ချ်အိုင်ဗီ (HIV )ပိုး ပူးတွဲ ၊ ၂.၃ သန်းသည် စီပိုးနှင့် အိပ်ချ်အိုင်ဗီပိုး ပူးတွဲ ကူးစက်ခံထား ရသူများ ဖြစ်ကြ ပါသည်။ နှစ်စဉ် ပိုးရှိလူဦးရေ ၁.၃ သန်းခန့်သည် အသည်းရောင် ရောဂါ ၏ နောက်ဆက်တွဲ အသည်းခြောက်၊ အသည်းကင်ဆာ ရောဂါများ ကြောင့် သေဆုံးလျှက်ရှိပါသည်။ ယင်းတို့အနက်မှ ဘီပိုးနှင့် စီပိုး များကြောင့် သေဆုံးသူပေါင်းမှာ ဝ.၉ သန်း နှင့် ဝ.၂ သန်းခန့် အသီးသီး ရှိပါသည်။ ထို့ကြောင့် အသည်းရောင်ရောဂါနှင့် ဆက်နွယ်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင်နေ့စဉ် စက္ကန့်၃၀ တွင် လူတစ်ဦး အသက်ဆုံးရှုံးလျှက် ရှိနေပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် သန်း ၂၉၀ သော အသည်းရောင်ရောဂါပိုး ရှိနေသော လူသားများသည် မိမိကိုယ်မိမိ အသည်းရောင်ရောဂါပိုး ကူးစက်ခံထား ကြရ သည်ကို ဂရုမပြုမိကြပါ ၊ မသိရှိကြပါ ။ ဘီပိုးရှိ လူနာများ၏ ၁၀% နှင့် စီပိုးရှိလူနာများ၏ ၁၉% သည် သာလျှင် မိမိကိုယ်မိမိ ရောဂါပိုးများ ကူးစက်ခံထားရသည်ကို သိရှိကြပါသည်။ ယင်းတို့အနက်မှ ၈% သော ဘီပိုးရှိ လူနာနှင့် ၇.၄% သော စီပိုးရှိ လူနာများသာ ဆေးဝါးကုသမှု ခံယူနေပါသည်။ ထို့အပြင် မွေးကင်းစကလေးငယ်များ၏ ၄၂% သည်သာ မွေးပြီးပြီးချင်း ဘီပိုးကာကွယ်ဆေး ထိုးနှံမှု ခံယူနိုင်ကြရပါသည်။
၂ ။ "အသည်းရောင်ရောဂါ နှင့် မြန်မာနိုင်ငံ"
မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ တိုက်ဖျက်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသည် အမျိုးသား အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက် (NHCP) ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ရောဂါ ကာကွယ်ရေး ၊ ရှာဖွေဖော်ထုတ်စစ်ဆေးရေး ၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ (၁၈) မြို့နယ်တွင် လူဦးရေ ( ၅၅၄၇ ) အပေါ် ကွင်းဆင်းသုတေသနပြု တွေ့ရှိချက်များအရ ဖြစ်ပွားမှုနှုန်း ဘီပိုး (၆.၅%) ၊ စီပိုး (၂.၇%) နှင့် ဘီပိုး စီပိုး ပူးတွဲ ( ဝ.၀၄%) ရှိကြောင်း ထုတ်ပြန်ထားပါသည်။ နိုင်ငံတစ်ဝန်းကလေးငယ်များတွင် ဘီပိုး ကာကွယ်ဆေး ၃ ကြိမ်ပြည့်ထိုးနှံခြင်းတွင် ၂၀၁၅ ခုနှစ်တွင် ၇၆ % နှင့် ၂၀၁၈ ခုနှစ်တွင် ၉၁% ရှိပါသည်။ ဘီပိုးရှိမိခင်မှ ကလေးသို့ ကူးစက်မှုကို ကြိုတင်ကာကွယ်ခြင်းဆောင်ရွက်နိုင်ရန် မွေးပြီးပြီးချင်း၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေးထိုး ထိုးနှံပေးခြင်း လွှမ်းခြုံမှု မှာ ၂၀၁၆ ခုနှစ်တွင် ၁% နှင့် ၂၀၁၈ ခုနှစ်တွင် ၁၄ % ရှိပါသည်။ မကြာမီကာလ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း (၂၆ ) မြို့နယ်ရှိ လူဦးရေ (၉၁၄၃၇) အပေါ် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ ဘီပိုး (၅.၆%) ၊ စီပိုး (၃.၆%) နှင့် ဘီပိုး စီပိုး ပူးတွဲ ( ဝ.၁၃ %) ဖြစ်ပွားမှုနှုန်းများ အသီးသီးရှိကြောင်း သိရှိရပါသည်။ အထက်ပါ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အသည်းရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ( ၄ ) နှစ် အတွင်း သိသာစွာ လျော့နည်းသွားခြင်း မရှိသေး ကြောင်း တွေ့ရှိရပါသည်။
၃ ။ "ကိုဗစ်-၁၉ ကပ်ရောဂါကာလ နှင့် အသည်းရောင်ရောဂါ အခြေအနေ"
ယခုအချိန်သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သော အထက်ပါရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ အထိ တစ်နှစ်ခွဲကာလအတွင်း ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ခံစားရသူပေါင်း ( ၁၉၃,၀၈၇,၂၃၂ ) ဦး နှင့် သေဆုံးသူပေါင်း (၄,၁၄၆,၆၀၈) ဦး ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း အထက်ပါကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ခံစားရသူပေါင်း (၂၅၃,၃၆၄ ) ဦး နှင့် သေဆုံးသူပေါင်း (၆,၁၃၃) ဦး ရှိပါသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်းတွင်လည်း (ယခုအချိန်အထိ) ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်း၊ ပြည်သူတိုင်း ရင်ဆိုင်တွေ့ကြုံခဲ့ကြရသော ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါကြီးကြောင့် နိုင်ငံတကာတွင် အသည်းရောင်ရောဂါ ကာကွယ်၊ စစ်ဆေး ၊ ကုသရေး လုပ်ငန်းများအပေါ် သိသာစွာ တုံ့ဆိုင်း ထိခိုက်မှု များ ရှိခဲ့ပါသည်။ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအပေါ်တွင်လည်း အထိုက်အလျောက် လျော့နည်း နှောင့်နှေး မှုများ ရှိခဲ့ပါသည်။
WHO ၏ ၂၀၁၆ ခုနှစ်ကတည်းက ချမှတ်ခဲ့သော ရည်မှန်းချက်ဖြစ်သည့် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အသည်းရောင်ရောဂါသည် ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် အန္တရာယ်မှ ဖယ်ရှားကင်းစင်နိုင်ရေးအတွက် ဆောင်ရွက်ရန် ဆယ်စုနှစ် တစ် ခုသာ ကျန်ပါတော့သည်။ ထို့ကြောင့် လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ကပ်ရောဂါကာလတွင်ပင် အသည်းရောင်ရောဂါ တိုက်ဖျက်ရေး အတွက် လိုအပ်သော တုန့်ပြန်ဆောင်ရွက်ချက်များကို တုန့်နှေးစောင့်ဆိုင်းနေခြင်း မရှိပဲ ချက်ချင်းအမြန် အလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ထောင်အတွင်းအကျဉ်းကျခံရနေသူများ ၊ လိင်တူဆက်ဆံသော အမျိုးသားများ၊ မွေးကင်းစကလေးငယ်များ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၊ မူးယစ်ဆေးဝါး သွေးကြောသွင်း သုံးစွဲသူများ နှင့် ရွေ့ပြောင်းအလုပ်သမားများသည် အသည်းရောင်ရောဂါကာကွယ် စစ်ဆေး ကုသမှု များကို ခံယူရန်လိုအပ်ပါသည်။ ထိုအတူ နိုင်ငံတော်၏ သက်ဆိုင်ရာ မူဝါဒချမှတ်သူ၊ စီစဉ်ဆုံးဖြတ်သူများမှလည်း ယခုအချိန်သည် အသည်းရောင်ရောဂါ ကာကွယ် စစ်ဆေး ကုသရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို ရွေ့ဆိုင်းခြင်း၊ တုံနှေးခြင်း၊ စောင့်ကြည့်ခြင်းတို့ လုံးဝမပြုလုပ်ပဲ ချက်ချင်းအမြန် ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါသည်။
၄ ။ "လိုက်နာဆောင်ရွက်ရန် ဆောင်ရွက်ရန် လိုအပ်ချက်များ"
ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါဖြစ်ပွားခြင်းကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အသည်းရောင် ရောဂါကင်းစင်သည့် ကမ္ဘာကြီးဆီသို့ အချိန်မီအောင်မြင်စွာ အရောက်လှမ်းနိုင်ရန်အတွက် WHA မှ ကမ္ဘာ့ပြည်သူများ ၊ ကမ္ဘာ့နိုင်ငံ များ နှင့် ကမ္ဘာ့ ဦးဆောင်အဖွဲ့အစည်းများသို့ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် နှိုးဆော် လမ်းညွှန် အကြံပြု ထားပါသည်။
၄ : ၁ ကမ္ဘာ့ ပြည်သူများသို့ တိုက်တွန်းနှိုးဆော်ချက်များ
အသည်းရောင်ရောဂါ ဖယ်ရှားကင်းစင်နိုင်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရန်မှာ ပြည်သူများ၏ တက်ကြွစွာပါဝင်မှုသာလျှင် အဓိက ဖြစ် ပါသည်။
၁။ လူတိုင်းသည် မိမိတွင် အသည်းရောင်ရောဂါ ပိုးများ ရှိ/မရှိ အလေးထားဂရု ပြု ချက်ချင်း စမ်းသပ်စစ်ဆေး ကြပါရန် ၊
၂ ။ အသည်းရောင်ရောဂါပိုး ရှိနေသူများသည် နောက်ဆက်တွဲ ရောဂါဆိုး (အသည်းခြောက်/ အသည်း ကင်ဆာ) များ မဖြစ်မှီ တိကျထိရောက်သော ဆေးဝါးကုသမှုများကို အမြန်ဆုံး ချက်ချင်းခံယူရန် ၊
၃ ။ အသည်းရောင်ရောဂါ ဘီပိုး မရှိသူများသည် ဘီပိုးကာကွယ်ဆေး ၃ ကြိမ်ထိုးနှံမှု ခံယူရန် ၊
၄။ ကိုယ်ဝန်ဆောင် မိခင်တိုင်းသည် မိမိမှမွေးဖွားလာမည့် ရင်သွေးငယ်ကလေးသို့ အသည်းရောင်ရောဂါ ကူးစက်ခြင်း မခံ ရအောင်ကာကွယ်ရန် အတွက် ကိုယ်ဝန်ဆောင်နေစဉ် အသည်းရောင်ရောဂါပိုး ရှိ/ မရှိ ပုံမှန်စစ်ဆေးရန် နှင့် ရှိနေပါကလည်း တုန့်နှေးစောင့်ဆိုင်းနေခြင်း မရှိပဲ ချက်ချင်းအမြန် ကုသမှုခံယူကြရန် ၊
၅။ မွေးကင်းစကလေးငယ်တိုင်းသည်လည်း မွေးပြီးပြီးချင်း ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေး ချက်ချင်းအမြန် ထိုးနှံမှုခံယူရန် နှင့် အသက်တစ်နှစ်အတွင်း နောက်ထပ် အနည်းဆုံး ၂ ကြိမ် ထပ်မံထိုးနှံပေးရန် ၊
၆။ အသည်းရောင်ရောဂါပိုး ရှိနေသူများသည်း မိမိကိုယ်မိမိ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ (Stigma) များမခံစား ကြရန်နှင့် ပိုးရှိနေသူများကိုလည်း ပတ်ဝန်းကျင်မှ လူမှုရေး ပစ်ပယ်ခြင်း၊ ရှောင်ရှား ခွဲခြားဆက်ဆံခြင်း (Discrimination) တို့ မပြုလုပ်ရန် ၊
၇။ အသည်းရောင်ရောဂါ ကင်းစင်ရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပြု နေသော ပြည်သူ့လူထုအဖွဲ့အစည်းများမှလည်း အသည်းရောင်ရောဂါ ဖြစ်ပွားမှု ကာကွယ်ရေး နှင့် ကင်းဝေးရေး အတွက် ဘက်ပေါင်းစုံမှ လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများ ကို ချက်ချင်းအမြန် ဆောင်ရွက်ရန် တို့ ဖြစ်ပါသည်။
၄ : ၂ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ အသိပေး လမ်းညွှန်ချက်များ
အထူးသဖြင့် ရောဂါ ဖြစ်ပွားမှုနှုန်းများသော ကမ္ဘာ့နိုင်ငံများ သည် မိမိနိုင်ငံမှ ပြည်သူများအား အသည်းရောင်ရောဂါ ကင်းစင်ရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရန် ဖြစ် ပါသည်။
၁။ ကမ္ဘာပြည်သူများ အားလုံးမှ အသည်းရောင်ရောဂါများကို သတိမူ အလေးထားလာကြစေရန် တိုက်တွန်း နိုးဆော် ပေးရန် ၊
၂။ အသည်းရောင်ရောဂါ ဖြစ်နိုင်ချေ များသောသူများ (အထူးသဖြင့် မွေးကင်းစကလေးငယ်များ ၊ မူးယစ်ဆေးဝါး သွေးကြောတွင်း ထိုးသွင်း နေကြသူများ) ကို ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်းအမြန် ပေးရန် ၊
၃ ။ သန့်စင် ( ပိုးကင်းစင်) သည့် ဘေးကင်း စိတ်ချရသော သွေးသွင်း ကုသမှုများ ဆောင်ရွက် ပေးရန် ၊
၄။ မူးယစ်ဆေးဝါးသွေးကြောတွင်းထိုးသွင်းသုံးစွဲသူများကို ပိုးကူးစက်ခြင်းအန္တရာယ် လျော့ပါးကင်းစင်အောင် ဆောင်ရွက်ပေးရန် ၊
၅။ ရောဂါရှိသူများအပေါ် လူမှုရေးအရ တရားမျှတမှုမရှိခြင်းနှင့် မမှန်မကန် မတရားဆုံးဖြတ်မှု ပေးခြင်းတို့မပြုလုပ်ရန် ၊
၆။ အသည်းရောင်ရောဂါ ကင်းစင်ရေးအတွက် လုပ်ရှားဆောင်ရွက်နေမှုများကို ယခုထက်ပို၍ ကြိုးပမ်းဆောင်ရွက်ရန် နှင့် လှုပ်ရှား ဆောင်ရွက်သည့်လုပ်ငန်းများတွင် ပြည်သူလူထုမှ ပါဝင်ကူညီဆောင်ရွက်မှုများ ရှိအောင် ချက်ချင်းအမြန် ဆောင်ရွက်ရန် ၊
၇။ နိုင်ငံ ဦးဆောင် စီမံခန့်ခွဲ/ မူဝါဒ ချမှတ်/ ဆုံးဖြတ်ချက်ချသူ ပုဂ္ဂိုလ်များ သည် အသည်းရောင်ရောဂါ ကင်းစင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်ခံယူ ၍ နိုင်ငံတော်၏ အမျိုးသားရေး အမြင် အသိစိတ်ဖြင့် ဆောင်ရွက်ရန်နှင့် ဘဏ္ဍာငွေကြေးသုံးစရိတ်များ၊ ပံ့ပိုးမှုများ ခွဲဝေ လျာထားသတ်မှတ်ခြင်းတို့ကို ချက်ချင်းအမြန် ဆောင်ရွက်ရန် ၊
၈။ အသည်းရောင်ရောဂါ ကင်စင်ရေးအတွက် ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာ အထောက်အပံ့ ပေးသည့် အဖွဲ့အစည်းများ ၊ ကမ္ဘာ့ နိုင်ငံ အစိုးရ များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် ၊
၉။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံတွင် အသည်းရောင်ရောဂါ ကင်းစင်ရေးအတွက် အမျိုးသားရေး ဦးတည်ချက်၊ ရည်မှန်းချက်များ စနစ်တကျ ချမှတ်ဆောင်ရွက်ရန် နှင့် ၂၀၃၀ ခုနှစ်တွင် မိမိနိုင်ငံသည် အသည်းရောင်ရောဂါ ကင်းစင်သည့် ပထမဆုံးနိုင်ငံ ဖြစ်အောင် ချက်ချင်းအမြန် ကြိုးပမ်း ဆောင်ရွက်ရန် တို့ ဖြစ်ပါသည်။
၄ : ၃ နိူင်ငံတကာနှင့် ကမ္ဘာ့ ဦးဆောင်အဖွဲ့အစည်းများသို့ အကြံပြုတင်ပြချက်များ
လက်ရှိအချိန်တွင် WHO သည် ကမ္ဘာ့နိုင်ငံများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများကို ရယူ၍ အသည်းရောင်ရောဂါ ကင်းစင်ရေး အတွက် ထိရောက်သော ရည်မှန်းချက် နှင့် စီမံချက် (Global Action Plan) များချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိပါသည်။
၁။ ကမ္ဘာ့ရောဂါများတိုက်ဖျက်ရေးလုပ်ငန်းများ၏ လက်ရှိအစီအစဉ်များတွင် အသည်းရောင်ရောဂါကင်းစင်ရေး လုပ်ဆောင်ချက်များ ကိုလည်း ချက်ချင်းအမြန် ထည့်သွင်းဆောင်ရွက်ရန် ၊
၂။ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ အသည်းရောင်ရောဂါကင်းစင်ရေး လက်ရှိ ဆောင်ရွက်ခြင်းများအတွက် ပံ့ပိုး ကူညီမှုများကို ချက်ချင်းအမြန် ပံ့ပိုးဆောင်ရွက်ရန် ၊
၃။ ကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးကလေးငယ်ထံသို့ ကိုယ်ခံအားကျ အိတ်ချ်အိုင်ဗီရောဂါနှင့် ဆစ်ဖလစ်ရောဂါများ နှင့် အတူ အသည်းရောင်ရောဂါ ကူးစက်ခံရမှုမှ လုံးဝမရှိ (ကင်းစင်) စေ ရေး ချက်ချင်းအမြန် ဆောင်ရွက်ရန် ၊
၄။ အဖွဲ့ဝင်နိုင်ငံများတွင် အသည်းရောင်ရောဂါကင်းစင်ရေးအတွက် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို စနစ်တကျ ကြပ်မတ်စစ်ဆေး ခြင်း နှင့် လမ်းညွှန် ခြင်း တို့ကို ချက်ချင်းအမြန် ဆောင်ရွက်ရန် ၊
၅။ အသည်းရောင်ရောဂါလူနာများကို လူသားတိုင်းလက်လှမ်းမှီသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်အောင် ချက်ချင်း အမြန် ဆောင်ရွက်ရန် တို့ ဖြစ်ပါသည်။
နိဂုံး
ယခုအချိန်ကာလတွင် အသည်းရောင်ရောဂါသည် ကိုဗစ်-၁၉ ကပ်ရောဂါ အတူ တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားဆဲ ရှိနေ ပါသည်။ WHO ၏ ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့ သည့် “To Eliminate Viral Hepatitis as Public Health Threat by 2030” (အသည်းရောင်ရောဂါများကို ၂၀၃၀ ခုနှစ်တွင် ပြည်သူလူထု၏ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရမှုမှ ဖယ်ရှားပစ် နိုင်ရေး) ရည်မှန်းချက် ကို လည်းကောင်း၊ ယခင် ၂၀၂၀ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဆောင်ပုဒ် ဖြစ်သည့် “HepFreeFuture” (အသည်းရောဂါကင်းစင်ရာ အနာဂတ်ကမ္ဘာ ) ကို လည်းကောင်း၊ ယခုနှစ် ၂၀၂၁ ကမ္ဘာ့အသည်းရောင်ရောဂါနေ့၏ ဆောင်ပုဒ် ဖြစ်သည့် “Hepatitis Can’t wait ( အသည်းရောင်ရောဂါ ကင်းစင်ရန် ချက်ချင်းအမြန် ဆောင်ရွက်ပါ) ဆောင်ပုဒ် တို့ကို လည်းကောင်း၊ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်သူ များမှလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ပြည်သူလူထု အနေဖြင့် မိမိကိုယ်မိမိ အသည်းရောင် အသားဝါ ဘီ/ စီ ပိုးများ ရှိ/မရှိ မသိရှိ ရသေးပါကလည်း ချက်ချင်းအမြန် စမ်းသပ်စစ်ဆေးမှုခံယူခြင်း ၊ ရောဂါပိုးမရှိပါက ချက်ချင်းအမြန် ဘီပိုးကာကွယ်ဆေး ထိုးနှံမှုခံယူခြင်း ၊ ရောဂါပိုးရှိပါက ချက်ချင်းအမြန် တိကျထိရောက်သော ဆေးဝါးကုသမှု ခံယူခြင်းတို့ကို ဆောင်ရွက်ကြပါရန် နှင့် နိုင်ငံတော်အစိုးရမှလည်း မိမိနိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာလ အတွင်း ပြည်သူများ အသည်းရောင်ရောဂါ ကင်းစင်ရေးအတွက် ရောဂါကာကွယ်ရေး ၊ စစ်ဆေးရေး ၊ ကုသစောင့် ရှောက်ရေးနှင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ချက်ချင်းအမြန် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ယခုချက်ချင်း စတင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ သို့မှသာလျှင် မဝေးတော့သည့် အနာဂတ်ကာလတွင် အသည်းရောင်ရောဂါ ကင်းစင်သောကမ္ဘာကြီး ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့တွင်ကျရောက်မည့် “ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ” အား ဤဆောင်းပါး ဖြင့် ဂုဏ်ပြု ကြိုဆို လိုက်ရပါသည်။
ကိုး ကား - WHO , World Hepatitis Day 2021 - Hepatitis can’t wait
- World Hepatitis Alliance , World Hepatitis Day 2021 Campaign Guidelines

ဤဆောင်းပါးကို ဆရာကြီးထံမှခွင့်ပြုချက်တောင်းခံ၍ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ Treasure For Life Page တွင်ဖော်ပြခွင့်ပေးပါသော ဆရာကြီး ဒေါက်တာဝင်းအောင် (သုတေသီ) ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည် 🙏🙏🙏
https://www.facebook.com/win.aung.9619

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. ( 643/A ), Pyi Thar Yar Street, ( 16/4 ) Ward, Thingangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00