Liberation Cafe
Grab your favourite accessories and bags here �
08/10/2025
What is the most limiting belief keeping you from what you want right now ?
အိပ်မက်တွေကို ပုံဖော်တည်ဆောက်တဲ့နေရာမှာ မိမိကိုယ်တိုင်သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကဘာတွေဖြစ်မလဲ
ငါကတော့ဒါ မလုပ်နိုင်ပါဘူး ဒီလောက်ဆိူရင်တော့ ငါမရနိုင်တော့ဘူးဒီထင်တယ် ဒီပညာရပ်မှာ ငါမကျွမ်းကျင်ပါဘူး စတဲ့ ကန့်သတ်ထားတဲ့ယုံကြည်မှူတွေ အကြောက်တရားတွေက သာရှေ့ကိုဆက်မတိုးနိုင်ပဲ နောက်ကို ပြန်ပြန်ဆွဲချနေတာဖြစ်ပါတယ်
ကိုယ့်စိတ်ကူးထဲကပုံဖော်ထားတဲ့အတိုင်းဘ၀မှာနေထိုင်ဖို့ဆိုရင်တော့ ဒီစိတ်ကူးတွေဟာ အမှန်တကယ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်ချက်ရှိဖို့က ပထမဆုံးလိုအပ်ချက်ပါ
အခုချိန်ဟာ ကိုယ်ကိုယ်ကို upgrade လုပ်ဖို့အချိန်ပါပဲ
သင့်ရဲ့ယုံကြည်ချက်တွေကို အနက်ရှိုင်းဆုံးထိပြန်ရှာကြည့်ပါ
ဒါတွေကဘယ်ကနေစတင်ခဲ့တာလဲ?
ဒီထက်ရောဘယ်လ်ုယုံကြည်မှူအသစ်တွေ ပေါက်ဖွားလာနိုင်လဲ ?
ငါသာပြောင်းလဲနိုင်ရင်ဘယ်လ်ု results မျိုးတွေရလာနိုင်မလဲ ? သေချာပြန်တွေးပီးသုံးသပ်ကြည့်ပါ
Remember, your belief is the root of your results. Own it. Heal it. Upgrade it .
21/04/2025
အချစ်တဲ့။ ကျွန်မတို့သက်ရှိလူသားတွေအားလုံး အချစ်ဆိုတဲ့အရာကို ကြုံတွေ့ဖူးကြမယ် မဟုတ်လားရှင့်။ ချစ်ခြင်းမေတ္တာကို ကြုံတွေ့ဖူးပြီဆိုရင်တော့ ပျော်ရွှင်စရာတွေ၊ကြည်နူးစရာအခိုက်တန့်တွေကိုလည်း ခံစားဖူးမယ်။ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝမ်းနည်းစရာတွေ၊နာကျင်စရာတွေကိုလည်း အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ ခံစားဖူးကြမှာ အသေချာပါပဲ။ ကောင်းမွန်တဲ့အရာတွေကိုတော့ လွယ်လွယ်နဲ့ လက်ခံရယူနိုင်ပြီး ဆိုးရွားတဲ့အရာတွေကိုတော့ ကျွန်မတို့က လက်ခံနိုင်စွမ်း နည်းကြပါတယ်။ တစ်စုံတစ်ယောက်ဆီက အချစ်ကို ရရှိနေတဲ့အချိန် ကျွန်မတို့ဘဝကြီးက သာယာလှပနေတတ်ပြီး အဲ့ဒီတစ်စုံတစ်ယောက်ဆီကပဲ သွေဖယ်သွားမှုကို ခံရတဲ့အခါမှာတော့ ကျွန်မတို့ဘဝရဲ့ အစိတ်ပိုင်းတွေဟာ ကမောက်ကမတွေဖြစ်ပြီး လဲပြိုကုန်ကြပါလေရော။အဲ့ဒီလိုမျိုးတွေ ခံစားရတဲ့အချိန်ကို အသည်းကွဲတယ်လို့ ခေါ်ပါတယ်။လူတစ်ယောက် အသည်းကွဲပြီဆိုရင် အစားကို အချိန်မှန်၊ပုံမှန်မစားဖြစ်တော့တာမျိုး၊ အလုပ်တွေထဲ စိတ်မပါတော့တာမျိုး၊ အခန်းထဲမှာ တစ်ယောက်ထဲ တိတ်တိတ်လေးငိုနေတတ်တာမျိုးတွေလုပ်တတ်ကြတယ်ရှင့်။ဒါပေမယ့် အဲ့ဒီလိုတွေပဲ အမြဲလုပ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ ပျော်ရွှင်မှုတွေပျောက်ဆုံးနေမှာဖြစ်သလို ချစ်ရသူကလည်း အနားကိုပြန်ရောက်လာမှာမဟုတ်ပါဘူး။ချစ်ရသူက အနားကိုပြန်ရောက်မလာတော့ပေမယ့် ကျွန်မတို့က ပျော်ရွှင်ဖို့ ထိုက်တန်တယ်လေနော်။ ဒါဆိုရင် ပျောက်ဆုံးသွားတဲ့ ပျော်ရွှင်မှုကို ကျွန်မတို့ ဘယ်လိုမျိုးပြန်ရှာကြမလဲ။တစ်နည်းအားဖြင့် အသည်းကွဲတာကို ဘယ်လိုကျော်ဖြတ်ကြမလဲ။
နံပါတ်(၁)စိတ်ခံစားချက်ကို လွှင့်ထုတ်ပစ်ပါ😞😞
ကျွန်မတို့ဟာ အသည်းကွဲရင် ငိုကြပါတယ်။မငိုနဲ့မပြောပါဘူး ငိုပါ။စိတ်တင်းကြပ်နေတာတွေ ပြေပျောက်ဖို့ တစ်ယောက်ယောက်ကို ရင်ဖွင့်ရင်းပဲဖြစ်ဖြစ်၊ဒိုင်ယာရီရေးရင်းပဲဖြစ်ဖြစ်၊မဖြေနိုင်တဲ့စိတ်(painting, music, writing)တွေကို ပုံဖော်ရင်းပဲဖြစ်ဖြစ် မျက်ရည်တွေကို ထိန်းမထားဘဲ ဝမ်းနည်းမှုတွေကိုထုတ်ဖော်လိုက်တာက အကောင်းဆုံး ပျော်ရွှင်မှုကိုစနိုင်ဖို့ ပထမဆုံးခြေလှမ်းတစ်ခုပါပဲ။ဒါပေမယ့် အမြဲတမ်းကြီးငိုနေလို့ မရပါဘူး။ငိုလို့ဝသွားရင်တော့ ပြန်ပြီးပြုံးနိုင်အောင် အားမွေးရပါမယ်။
နံပါတ်(၂)အချိန်ကိုအသုံးချရပါမယ်❤️❤️
အသည်းကွဲတာက ချစ်ရတဲ့တစ်စုံတစ်ဦးကို ဆုံးရှုံးလိုက်ရတာမှန်ပေမယ့်လည်း ကိုယ့်ကိုယ်ကို လေးလံထိုင်းမှိုင်းနေစေလို့တော့ မရပါဘူးအ။လုပ်ထဲမှာ စိတ်နှစ်ထားတာ ဒါမှမဟုတ် သီချင်းနားထောင်တာနဲ့ ဝါသနာပါရာလေးတွေကို အချိန်ပေးလေ့လာတာမျိုးတွေ လုပ်ရပါမယ်။ဒါတွေလုပ်နေတဲ့အချိန်မှာ ကိုယ့်အတွင်းစိတ်ကို တက်ကြွလာစေပါလိမ့်မယ်။
နံပါတ်(၃)ကိုယ့်ကိုယ်ကိုချစ်ပါ🫂🫂🫂🫂
ကိုယ်တစ်ယောက်ထဲဖြစ်သွားတာက ဘဝကြီးရဲ့အဆုံးသတ်မဟုတ်ပါဘူး။တစ်ခါတစ်လေ တစ်ယောက်ထဲဖြစ်သွားတာကလည်း ကိုယ့်ကိုယ်ကို နားလာ်နိုင်ဖို့ အခွင့်ရေးတစ်ခုဖြစ်လာတတ်ပါတယ်။ကိုယ်စိတ်ချမ်းသာစေမယ့်အရာလေးတွေ အကောင်ထည်ဖော်တာမျိုးပေါ့။ခရီးတွေထွက်ပါ။ခရီးထွက်ခြင်းက စိတ်ကိုပေါ့ပါးစေပါတယ်။ကိုယ့်ကိုယ်ကို ပျိုးထောင်ဖို့ကလည်း လိုအပ်တာမို့ လှလှပပလေးဖြစ်အောင်နေပါ။လူမရှိဘဲ တိတ်ဆိတ်နေခြင်းက အသည်းကွဲဝေဒနာကို ပိုဆိုးစေတတ်တာကြောင့် သူငယ်ချင်းတွေနဲ့ ပျော်ပါ။
နောက်ဆုံးအဆင့်(၄)အတိတ်ကိုလွှတ်ချပြီး ဘဝသစ်တစ်ခုစတင်ပါ💐💐💐
အတိတ်ကအရာတွေက သင်ခန်းစာဖြစ်နိုင်ပေမယ့် ထာဝရဖက်တွယ်ထားလို့မရဘူးဆိုတာကို လက်ခံနိုင်အောင်ကြိုးစားပါ။ကိုယ်ချစ်နိုင်သလောက် ချစ်ပေးခဲ့ပြီးတာကြောင့် ကိုယ့်ဘက်က မေတ္တာတွေအကုန် ပေးအပ်ခဲ့ပြီးပါပြီ။သူနဲ့ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို သက်သက်ထားပြီး ဘဝသစ်တစ်ခုစဖို့ ကြိုးစားပါ။
အသည်းကွဲခြင်းက နှစ်တစ်နှစ်လိုပဲ တစ်ချိန်မှာတော့ ပြီးဆုံးသွားမှာပါ။အခု ခံစားနေရတဲ့အရာတွေက တစ်နေ့မှာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်တဲ့ တစ်ဦးတစ်ယောက်ဆီ ခေါ်ဆောင်ပေးမှာပါ။ဒါကြောင့် မျှော်လင့်ချက်တွေ မပျက်စီးစေဘဲ နောက်ထပ်ကောင်းမွန်တဲ့ချစ်ခြင်းမေတ္တာတွေအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ကြရအောင်နော်။
18/04/2025
နှစ်ဟောင်းကစိတ်ပင်ပန်းမှုတွေကို နှစ်သစ်မှာသယ်မသွားချင်တော့ဘူးဆို။
ပြောပြစရာတွေရှိပေမယ့် နားထောင်စရာရင်ခွင်မရှိတာလား ❓
ဒဏ်ရာတွေတပွေ့တပိုက်နဲ့ အထီးကျန်နေတာလား ❓
ဒီလိုမျိူးစိတ်ထွက်ပေါက်ပိတ်ပြီး နွေးထွေးမှုရနိုင်မယ့်နေရာလေးရှာနေရင်တော့ 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 ကိုသာ သတိရလိုက်တော့နော်။ 💐
𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 မှာ
❤️🩹 လူမှုဘဝရှုထောင့်အစုံက နာကျဥ်မှုတွေ
❤️🩹 လုပ်ငန်းခွင်တွင်းဖိနှိပ်ခံရမှုတွေ၊
❤️🩹 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩 ကြားက အဆင်မပြေမှုတွေ၊
❤️🩹 ဂုဏ်သိက္ခာထိပါးစရာ ခွဲခြားဆက်ဆံခံရမှုတွေအပြင်
အမျိူးမျိူးသော စိတ်ပိုင်းဆိုင်ရာပြဿနာအဝဝကို 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 𝐂𝐨𝐫𝐧𝐞𝐫 မှာ ရင်ဖွင့်ပြောပြနိုင်ပါပြီ။ 🌿
𝐉𝐮𝐝𝐠𝐦𝐞𝐧𝐭 မလုပ်၊ 𝐂𝐫𝐢𝐭𝐢𝐜𝐢𝐳𝐞 မလုပ်ဘဲ
ဘာမဆိုအသိပေးနိုင်တဲ့ သူငယ်ချင်းအရင်းကြီးတစ်ယောက်လို၊ မိတ်ဟောင်းကြီးတစ်ယောက်လို စိတ်ရောကိုယ်ပါနှစ်မြုပ်နားထောင်ပေးမှာဖြစ်လို့ စိတ်လုံခြုံစရာရပ်ဝန်းလေးရှာနေရင်တော့ 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 ကိုသာ လှမ်းခဲ့လိုက်တော့နော်။ ✨✨✨
𝐔𝐩𝐝𝐚𝐭𝐞 အသစ်တွေသိရဖို့၊ နှလုံးသားအတွက် အကျိူးရှိစရာစာလေးဖတ်ရဖို့ရာ 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့လည်း မမေ့ကြပါနဲ့ဦးရှင်။ 💌💌💌
17/04/2025
🌻 ယခုနှစ်သစ်မှစ နောက်နှစ်ပေါင်းများစွာတိုင်အောင် ခုနှစ်ရက်သားသမီးအပေါင်း လူသားအပေါင်းတို့ ဘေးရန်ကင်းကွာအောင်ကြောင်းဖြာ၍ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
🍃 ထွက်ခွာသွားသူများ ငြိမ်းချမ်းပြီး
ကျန်ရစ်သူများလည်း အေးချမ်းကြပါစေ။ 🍃
အကြည်ဓာတ်စိတ်၊ အကောင်းမြင်စိတ်၊ လူသားဆန်သောစိတ်နှင့် တစ်ဦးအပေါ်တစ်ဦးကိုယ်ချင်းစာဖေးမတတ်သောစိတ်တို့သည် ယခုနှစ်သစ်မှစတင်ကာ အားလုံးအပေါ်သက်ရောက်နိုင်ပါစေ။ 🌼
𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞
13/04/2025
ကျွန်မတိုဟာ မွေးဖွာလာတဲ့အချိန်ကစလို....
အသက်အရွယ်တစ်ခုထိ ဘဝဆိုတဲ့ခရီးလမ်းပေါ်ကိုလျှောက်ရင်း
လူပေါင်းများစွာနဲ့ တွေ့ဆုံရင်း
တစ်ကြိမ်တစ်ခါတော့ ချစ်ခြင်းမေတ္တာကိုခံစားရဖူးပါတယ် ။ 💓
ကြည်လင်တယ် အနှောင့်အဖွဲ အတ္တတွေမရှိ၊
တစ်စုံတစ်ခု ပြန်ရယူလိုမှုတွေမရှိတာကို
ဖြူစင်တဲ့ မေတ္တာလို သတ်မှတ်လေ့ရှိကြပါတယ်။ 🫶💌
ကိုယ့်ရင်ထဲက ချစ်ခြင်းမေတ္တာတွေ ဝေမျှပေးနိုင်ဖို ဆိုတာလဲ
အချစ်ဘာသာစကားတစ်ခုလိုအပ်ပါတယ် ။ 🫂
ဒါဆို...
မိမိ ရင်ထဲမှာရှိတဲ့ မေတ္တာတွေကို
တပါးသူဆီ ဝေမျှဖို ဘယ်လို အချစ်ဘာသာစကားသုံးရပါမလဲနော်….။
ကိုယ်ကိုယ်တိုင်ကလဲ စကားပြောရင် ကောင်းမွန်ချိုသာတဲ့စကားတွေ သုံးနှုန်းတာကို
သဘောကျတယ် ၊ သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ရင်နှီးပါစေ စကားကို
ပစ်စလတ်ခတ် မပြောတတ်ဘူး၊ ကိုယ်ချစ်တဲ့သူတွေကိုလည်း သူတိုလိုအပ်တဲ့အချိိန် အားပေးတဲ့စကားတွေပြောတာ၊ နှစ်သိမ့် နွေးထွေးပေးတာတွေက
Words of affirmation ဆိုတဲ့ အချစ်
ဘာသာစကားတစ်ခုဖြစ်ပါတယ်။
နောက်တော့တွေ့ကြမယ်နော်၊ အခုမအားသေးလို နောက်တစ်ခေါက်ပေါ့ လိုပြောပြီး ကျွန်မတို တကယ်လည်း တွေ့ဖို မဖြစ်နိုင်ကြတောတဲ့အခြေအနေမျိုး ကြုံဖူးရဖူးလား ၊ ဒီတော့ အချိန်တစ်လေး တစ်ခုလောက်သတ်မှတ်ပြီး စကားမပြောဖြစ်တာကြာတဲ့ သူငယ်ချင်းဆီကို ဖြစ်ဖြစ် ဖုန်းခေါ်ပြီး အဆင်ပြေရဲ့လား ကိုယ်သတိတရရှိနေတဲ့အကြောင်းလေးပြောကြည့်ပေးပါ။💐
ဒီလိုမျိုး Quality Time ဖန်တီးခြင်းကလည်း ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုဝေမျှနိုင်တဲ့ အချစ်ဘာသာစကားတစ်ခုပါပဲ ။🌼
အကယ်၍ ကိုယ်ဟာ အချိန်ပေးဖိုရော ငွေရော တတ်နိုင်တယ်ဆိုရင် လက်ဆောင်လေးတွေပေးကြည့်ပါ။ တန်ဖိုးကြီးမယ် နည်းရမယ်ဆိုတာတွေက အဓိကမဟုတ်ပါဘူး။
ကျွန်မအတွေ့အကြုံအရပြောရမယ်ဆိုရင်
အရင်တစ်ခါက ကျွန်မသူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း အဲ့ဒီနားက မူကြိုနားမှ ာ ကလေးမလေးတစ်ယောက်ကိုတွေ့ပါတယ် ၊
ကျွန်မလည်း ကလေးချစ်တတ်သူမို သူကိုကြည့်နေမိပါတယ် ၊ သိပ်မကြာခင် အဲ့ဒီကလေးမလေး ဘာလုပ်သလဲဆိုရင် သူလက်ထဲက ပန်းလေးတစ်ပွင့်ကို ကိုယ့်ကို လာပေးပါတယ်။ သိပ်ချစ်ဖိုကောင်းတဲ့ ကလေးမလေးပါပဲ။
ကျွန်မလဲ ကျေးဇူးတင်ကြောင်းပြောပြီး ပန်းပွင့်လေးကို သိမ်းထားလိုက်ပါတယ် ။ 🍀🍀
ဒီလို ချစ်ခင်မြတ်နိုးဖွယ်ရာ အပြုအမူလေးတွေက ရင်ထဲကို တကယ် နွေးထွေးလွန်းလှပါတယ်။
ဒါကြောင့် ချစ်မြတ်နိုးတဲ့သူတွေကို တကူးတကကြီးမဟုတ်လည်း သူတိုကိုဂရုစိုက်ပါတယ်တဲ့ အပြုအမူလေးတွေဖော်ပြပေးတာလည်း
ကိုယ့်အချစ်ဘာသာစကားက နှလုံးသားချင်းနွေးထွေးစေပါတယ်။
ဒီလို အချစ်ဘာသာစကားတွေဖော်ပြတဲ့နေရာမှာ
ကိုယ်မှာ တစ်ခုခု တတ်ထားတဲ့ ကျွမ်းကျင်မှုတစ်ခုရှိနေတာပါ။ ပန်းချီဆွဲတတ်တဲ့သူတွေဆို
ပုံလေးဆွဲပေးတာ၊ ဂစ်တာတီးပြပေးတာ၊ handmade ကလေးတစ်ခုခုလုပ်ပြီး လက်ဆောင်ပေးတာ၊
သူကြိုက်တဲ့ ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်ပေးတာ ဒါတွေက နူးညံံသိမ်မွေ့လွန်းတဲ့ချစ်ပုံချစ်နည်းတွေပဲ မဟုတ်ပါလားရှင်💕💕
နူးညံ့သိမ်မွေ့တဲ့အချစ်ဘာသာစကားတွေထဲမှာ
အထိအတွေ့လေးတွေလည်းပါပါတယ်။
ကိုယ်ဟာ လူကိုယ်တိုင် အတူရှိနေနိုင်တဲ့အနေအထားတစ်ခုထဲမှာဆို ချစ်တဲ့သူကို
ချစ်ကြောင်းပြသဖို လုပ်ပေးနိုင်တာတွေ အများကြီးရှိပါတယ် ။ ပင်ပန်းနေရင်ကို ပခုံလေးငှါးပြီး အိပ်စက်ခွင့်ပေးလိုက်ပါ၊ ကိုယ်ချစ်သူပဲဖြစ်ဖြစ် ကိုယ်ပြောချင်တဲ့စကားတွေရှိရင် လက်လေးသေချာဆုပ်ကိုင်ပြီး ပြောတာမျိုးဟာ အလေးအနက်ရှိတဲ့ စိတ်ခံစားချက်တွေ ပေါက်ဖွားလာစေပါတယ် ။
ဒီတော့ ကိုယ်နဲ့ ကိုက်ညီတဲ့ အချစ်ဘာသာစကားတစ်ခုခုသုံးပြီး ရှင်သန်နေရတဲ့ အချိန်တွေမှာ
ကိုယ် ချစ်တဲ့သူတွေ ၊ ကိုယ့်အပေါ်ချစ်တဲ့သူတွေကို အချိန်လေးပေးပြီး မေတ္တာအပြန်အလှန်ဝေမျှကြရအောင်နော် ။
11/04/2025
ကိုယ့်အတွက် စစ်မှန်တဲ့အရာတွေဆိုတာ ကိုယ့်ဆီကို အချိန်ကိုက်ရောက်လာတတ်ပါတယ် အမြဲတမ်းကိုယ့်ဘက်ကလိုက်ရှာနေစရာမလိုပါဘူး 🍀🍀
ကိုယ့်ကိုမရွေးချယ်လိုက်တဲ့အလုပ် ကိုယ့်ဆီကနေထွက်သွားတဲ့ အချစ်
ကိုယ်မပိုင်ဆိုင်လိုက်ရတဲ့ ချစ်သူ ဒီအရာတွေဟာ ကိုယ့်အတွက်မဟုတ်လိုပါပဲ 💔💔
ပိတ်သွားတဲ့တံခါးတွေ လွတ်သွားတဲ့ အခွင့်လမ်းတွေ မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေဆိုတာ ကိုယ့်အတွက်ပိုကြီးမား တဲ့ နောက်ထပ်အခွင့်အလမ်းတခု ရဲ့အစပါပဲ 💌
လက်လွတ်လိုက်ရတာတွေအတွက်ပဲ နှမြောတသဖြစ်မနေပဲ ကိုယ့်ဘေးမှာရှိနေတဲ့သူတွေ ကိုယ့်မှာရနေတဲ့ အခွင့်အလမ်း တွေ သင့်ရဲ့စွမ်းရည်တွေကို အရင်တွေ့မြင်ပီး တန်ဖ်ုးထားပါ ဒီအရာတွေဟာ ကိုယ့်အတွက်ပါပဲ
ငြင်းပယ်ခံရခြင်းတွေဟာ ကိုယ့်အားနည်းချက်မဟုတ်ပါဘူး ကြန့်ကြာမှူတွေဟာလဲ ကိုယ့်အတွက် အကာကွယ်တခုပါပဲ 🐬🐬
You are exactly where you need to be, even if it doesn’t feel that way yet.
09/04/2025
𝐒𝐨𝐜𝐢𝐚𝐥 ပေါ်ကစိတ်ပင်ပန်းစရာတွေကြောင့် အပြစ်ရှိသလိုခံစားနေရပြီလား။ ❓
နေ့စဥ်လူမှုဘဝအခက်အခဲတွေကြောင့် ရင်ထဲမှာပြောပြစရာတွေများနေပြီလား။ ❓
💁🏻♀️ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫 ကြောင့်ဖြစ်စေ၊ 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫 ကြောင့်ဖြစ်စေ
စိတ်ညစ်ညူးစရာတွေကြုံလာရတဲ့အခါ ဘယ်လောက်ပဲအားတင်းထားပါလို့ဆိုပေမယ့်
အရမ်းပြည့်ကျပ်လာပြီဆိုရင်တော့ ဖွင့်ထုတ်လိုက်ချင်တဲ့ရင်ထဲကဆန္ဒကို လိုက်လျှောပေးသင့်ပါတယ်။ 🌺
ပြောလည်းပြောပြချင်တယ်။
မြန်မာနိုင်ငံရဲ့ပုံစံခွက်အတိုင်း 𝐉𝐮𝐝𝐠𝐞𝐦𝐞𝐧𝐭 လုပ်မှာလည်းကြောက်တယ်ဆိုရင်တော့
𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 𝐂𝐨𝐫𝐧𝐞𝐫 မှာ 𝐅𝐫𝐞𝐞 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐢𝐧𝐠 ယူနိုင်ပါပြီ။ ✨
🍀 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 𝐂𝐨𝐫𝐧𝐞𝐫 ရဲ့ပင်မမဏ္ဍိုင်အတိုင်း 𝐏𝐫𝐢𝐯𝐚𝐜𝐲 စိတ်ချရမယ်၊
🫂 𝐉𝐮𝐝𝐠𝐞𝐦𝐞𝐧𝐭 လည်းလုံးဝလုံးဝလုပ်မှာမဟုတ်တဲ့အပြင် ကိုယ့်သူငယ်ချင်းတစ်ယောက်လိုရင်ဖွင့်တိုင်ပင်ပြောပြနိုင်မှာဆိုတော့ စိတ်လုံခြုံမှုလေးရစေမှာအသေအချာပါပဲရှင်။
ဒါကြောင့်
အားလုံးခက်ခဲနေချိန်မှာ မင်တို့လည်းနိုင်တဲ့ဘက်ကအကူအညီပေးချင်တာဖြစ်လို့
အကူအညီလိုလို့ ရင်ထဲဗလောင်ဆူနေတယ်ဆိုရင်တော့ 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 𝐂𝐨𝐫𝐧𝐞𝐫 ကိုသာပြေးခဲ့လိုက်တော့နော်။ 💯
☘️ ရက်အကန့်သတ်ရှိတာကြောင့် အသေးစိတ်ဆွေးနွေးလိုတာ၊ သိရှိလိုတာတွေရှိရင် အချိန်မရွေးလက်မနှေးဘဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကိုသာ 𝐇𝐞𝐥𝐥𝐨 လိုက်ပါရှင်။ ☘️
အမှတ်တရတွေဆိုတာ…..
အတူတူကြိုက်ခဲ့ကြတဲ့…သီချင်းတပုဒ်ရဲ့…သံစဉ်လို….
သူသုံးခဲ့တဲ့ရေမွှေးရဲ့…သင်းပျံ့တဲ့ရနံ့တွေဟာ…အနီးနားမှာရှိနေသလို…
မြင်တွေ့နေရတာမျိုးမဟုတ်ဘဲနဲ့တောင်….
ဘယ်လောက်…ထိပဲ။ ဝေးကွာနေပါစေ။ ဖြတ်ကနဲသတိရမိတဲ့အခါ….
ရင်ထဲနာကျင်ရတာမျိူးပေါ့။
“ဘ၀မှာ….
ကိုယ့်အတွက် တိမ်တွေနဲ့တူတဲ့ လူသားတယောက်ရှိခဲ့ဖူးတယ်။”
ကိုယ်ဘယ်နေရာမှာပဲ…ရောက်နေပါစေ…
ဒီတိမ်တွေက…ကိုယ်လှမ်းကြည့်ရင်…မြင်နေရတဲ့နေရာမျိူးမှာ…ရှိနေပေမယ်လို့ပေါ့….
သူ့ကိုပိုင်ဆိုင်ဖို့ကတော့….
အဲ့ဒီ့တိမ်တွေကိုလေ…ထိတွေ့ဖို့ဆိုတာ…မဖြစ်နိုင်သလိုပဲ..။
သူ့ကိုဘယ်သော…အခါမျှ…ပိုင်ဆိုင်ခွင့်မရှိဘဲ
ထာဝရငေးကြည့်နေရမယ်ဆိုတာ သူရော…ကိုယ်ပါ
သိနေပြီးသားပါ။
ဟော…ဒီ။
မိုးကောင်ကင်ကြီးအောက်မှာ…
တူတူရှိနေကြတယ်။
ကိုယ်တို့တယောက်ကိုတယောက် ချစ်နေကြတယ်။
ဆိုတဲ့အသိလေးနဲ့တင်…. ကိုယ့်အတွက် လုံခြုံနေပါပြီ…။
ချစ်ခြင်းတွေမှာက….
စကားလုံးတွေ၊ နီးခြင်းဝေးခြင်းတွေ၊
“မလိုပါဘူး”
အဓိက က…ချစ်..နေ..ဖို့ပါပဲ။
တနေ့တာကုန်ဆုံးသွားပီးတဲ့ညနေခင်း အလုပ်ဆင်းတဲ့အချိန်တွေမှာ အနားမှာတယောက်မှမရှိပဲ အထီးကျန်စွာနဲ့ အိမ်ပြန်နေပီလား......?
https://www.tiktok.com/?_t=ZS-8tva6uRAJWe&_r=1
Click here to claim your Sponsored Listing.
Website
Address
Yangon