BOOM Myanmar by Beauty

BOOM Myanmar by Beauty

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BOOM Myanmar by Beauty, Health/Beauty, North Dagon, Yangon.

26/03/2025

Tulip က ထုတ်တဲ့ Lotion လေး သုံးမယ်ဆို

နွေရာသီမှာ ဘယ်အရောင်လေး သုံးသင့်လဲဆိုတာ ရှင်းပြထားတာလေး နားထောင်ကြည့်ရအောင်နော်

ကိုယ်ကြိုက်တဲ့ အနံ့နဲ့ အရောင်က ကိုက်ညီရဲ့လား

ခုမှ စသုံးမယ်ဆို ကိုယ့်အကြိုက်နဲ့ ဘယ်အရောင်က ကိုက်ညီလဲ သိရတာပေါ့နော်

Photos from BOOM Myanmar by Beauty's post 24/03/2025

အချိန်တိုင်းမွှေးရနံ့သင်းပျံ့ပြီး လန်းဆန်းနေဖို့အတွက် Tulip Body Mist လေးလာပါပြီရှင့်🌷

💖စွဲဆောင်မှုရှိပြီးပန်းရနံ့ကြိုက်တဲ့မိန်းကလေးတွေအတွက် Be My Tulip Body Mist

💜တည်ငြိမ်မှု ၊ ကြီးကျယ်ခမ်းနားတဲ့ vibe ကိုဖော်ဆောင်ပေးပြီး ရနံ့သင်းသင်းလေးကြိုက်တဲ့ အမျိုးသား၊အမျိုးသမီးတိုင်းနဲ့ လိုက်ဖက်တဲ့ Be My Darling Body Mist

💚Sweet ဖြစ်ပြီး အသီးရနံ့လေးတွေကြိုက်တဲ့သူတွေအတွက် Pure Love Body Mist

ဒီရနံ့(၃) မျိုးကတော့ Tulip ကထုတ်တဲ့ Whitening Lotion ရနံ့လေးတွေကို ရေမွှေးထုတ်ပေးဖို့တောင်းဆိုတဲ့ Tulip ရဲ့ ချစ် Customer တွေအတွက် Body Mist အနေနဲ့ထုတ်ထားပေးတာဖြစ်ပါတယ်ရှင့်🥰
FDA လက်မှတ်ရ ပြီး ISO လက်မှတ်ရစက်ရုံကြီးမှထုတ်လုပ်ထားလို့ ယုံကြည်စိတ်ချစွာ သုံးစွဲပါနော်😍

🌷Price 18000 KS

Photos from BOOM Myanmar by Beauty's post 26/01/2025

အပူအအေး ထည့်လို့ရတဲ့ ဖန်ဘူး လေးတွေ ခွက်လေးတွေကို

တဗူး 5000 နဲ့ ရောင်းပေးပါမယ်နော်

ဗူး အရေအတွက် ဆယ်ဂဏန်းပဲ ရှိလို့ ဦးသူ ယူပေးပါရှင့်

07/04/2019

တစ်နေ့ရေ (၈)ခွက်ပြည့်အောင် ဘယ်လိုသောက်မလဲ ? 🧐
ပြောတော့သာ လွယ်တာလေ ဟုတ်တယ်မလား။ ဒါပေမယ့် အသားအရည်ကောင်းဖို့ ခန္ဓာကိုယ်လှပဖို့ဆိုတာ ဒီလိုရေသောက်ဖို့က အရမ်းအရေးကြီးပါတယ်။

တစ်နေ့ ရေမက်ခွက်နဲ့ ၈ ခွက်ပြည့်အောင် ဘယ်လိုသောက်ရမလဲ နေခြည်လမ်းညွှန်ပေးမယ်နော်။

အခုဆိုရင်နွေရာသီ🌞🌞ကိုရောက်လာပြီနော်။
ကျောင်းသွားတာ အလုပ်သွားတာ အပြင်ထွက်တဲ့အခါမျိုးမှာ အပူဒဏ်ခံနိုင်ဖို့ အပူရှပ်တာမျိုးမဖြစ်စေဖို့ ဂရုစိုက်ဖို့လိုတယ်နော်...☂️💦

👩🏻‍💼 နေ့ စဉ်လှုပ်ရှား ရုံးကန်သွားလာနေရတဲ့အခါ
အပူဒဏ်ကြောင့်ခန္ဓာကိုယ်က ချွေးထွက်ပြီး
ရေဓာတ်နဲ့ဆားဓာတ်တွေဆုံးရှုံးတတ်ပါတယ်။

ဒီလို ရာသီမှာ အရေးအကြီးဆုံးက‼️‼️
ရေဓာတ်ကို အဓိကဖြည့်တင်းပေးဖို့ ပါ..

တစ်နေ့ကို ရေ (၈)ခွက်
အနည်းဆုံးမဖြစ်မနေ သောက်သုံးပေးဖို့ လိုပါတယ်
ရေကို မှန်ကန်တဲ့အချိန်မှာသောက်သုံးပေးရင် ပိုပြီးတော့ ခန္ဓာကိုယ်ကို အကျိုးရှိစေတယ်နော်

(၈) ခွက်ပြည့်အောင်ဘယ်လိုသောက်သင့်လဲ ❓❓

1️⃣ 🌅 မနက်အိပ်ရာထတဲ့ အချိန်မှာ
ရေ(၁) ခွက်သောက်ပေးမယ်ဆိုရင်
ကိုယ်ခန္ဓာအတွင်းမှာ ရှိတဲ့ ကိုယ်တွင်းအဂါင်္တွေကို
နိုးထဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်🌼

2️⃣ 👱🏻‍ရေမချိုးခင် အချိန်တိုင်းမှာ ရေ(၁)ခွက် သောက်
မယ်ဆိုရင်တော့ သွေးပေါင်ချိန်တွေ သွေးတိုးတာ
တွေကို သက်သာစေနိုင်တယ်😮

3️⃣နေ့လည်စာပဲဖြစ်ဖြစ် ညနေစာပဲဖြစ်ဖြစ်🍱🍛
အစာမစားခင်မှာ ရေ(၁)ခွက် သောက်သုံးမယ်ဆိုရင်တော့
အစာခြေစနစ်ကို ပိုပြီးကောင်းမွန်စေပါတယ်
မနက်၊နေ့လည်၊ညဆိုတော့ အစားမစားခင် (၃)ခွက်ပေါ့နော်

7️⃣ နေ့လည်ခင်း အပြင်က ပြန်လာတာမျိုး နေပူထဲ
သွားလာနေရတာမျိုးဆို မောပန်းနေတဲ့အခါမျိုးမှာ
အလောတကြီးသောက်တာမျိုးမဟုတ်ပဲ ခဏနားပြီးမှ
ရေ (၂)ခွက်လောက်သောက်ဖို့မမေ့နဲ့ နော်😨🤯

8️⃣ 🌃ညအိပ်ရာမဝင်ခင်မှာ ရေ (၁)ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက်
နှလုံးဖောက်တာတွေ လေဖြတ်တာတွေအတွက်
ကာကွယ်ပေးနိုင်ပါတယ်😴🌌

ကယ်ကြည့် (၈)ခွက်ပြည့်သွားပြီ!!

အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင့်

Crd ​နေခြည်
beautybynaychi ❤️❤️❤️❤️

05/11/2018

မိန်းကလေးများ မိမိအသားအရေ အမျိုးအစားကို နားလည်ကာ မိမိနှင့်ကိုက်ညီသော skin care သုံးနိုင်ဖို့ အသားအရေ ခွဲခြားနည်းလေး တင်ပြပေးလိုက်တယ်နော်:-)

အသားအရေ အမျိုးအစားခွဲခြင်း
၁ ) ပုံမှန်အသားအရေ
၂ ) အဆီပြန်သောအသားအရေ
၃ ) ခြောက်သွေ့သောအသားအရေ
၎ ) ပေါင်းစပ်အသားအရေ
၅ ) ထိခိုက်လွယ်သောအသားအရေ

၁ ) ပုံမှန်အသားအရေ
အရေပြားနူးညံ့ချောမွေ့မှုရှိခြင်း
အဆီပြန်ခြင်း သို့မဟုတ် အရေပြားအဖတ်များဖြစ်နေမှုမရှိခြင်း
ချွေးပေါက်များ ပုံမှန်အတိုင်းရှိခြင်း

၂ ) အဆီပြန်သောအသားအရေ
အရေပြား အဆီပြန်ကာ ပြောင်လက်နေခြင်း
နူးညံ့မှုမရှိဘဲ အရေပြားမာကာကြမ်းတမ်းခြင်း
ချွေးပေါက်များ ပုံမှန်ထက် ကျယ်နေခြင်း
မျက်နှာပေါ်တွင် အမည်းစက်အသေးလေးများနှင့် ဝက်ခြံဖြစ်လွယ်ခြင်း

၃ ) ခြောက်သွေ့သောအသားအရေ
အရေပြားတွင်စိုစွတ်မှုမရှိဘဲ မာကြောကြမ်းတမ်းခြင်း
မျက်နှာပေါ်တွင် အရေပြားအဖတ်များဖြစ်ပေါ်ခြင်း (အထူးသဖြင့် မျက်နှာသစ်ပြီးစအချိန်တွင်ပိုမိုဖြစ်ပေါ်သည်)
နှင်းခူနှင့် အရေးကြောင်းများဖြစ်လွယ်ခြင်း
ချွေးပေါက်ကျဉ်းခြင်း

၎ ) ပေါင်းစပ်အသားအရေ
မိန်းကလေးအများစုတွင် ပေါင်းစပ်အသားအရေ တွေ့ရများသည်
ပုံမှန်| အဆီပြန်| ခြေက်သွေ့ အသားအရေ များတွင်တွေ့ရသည့် လက္ခဏာများပေါင်းကာတွေ့ရလေ့ရှိသည်
T- zone တွင် အဆီပြန်ကာ ကျန်နေရာများတွင် ပုံမှန် သို့မဟုတ် ခြောက်သွေ့နေတတ်သည်

၅ ) ထိခိုက်လွယ်သောအသားအရေ
အသားရေ နီခြင်း| ယားယံခြင်း| ပူလောင်ခြင်း| ခြေက်သွေ့ခြင်း များဖြစ်လွယ်သည်
အများစုမှာ cosmetic products များသုံးပြီးချိန်တွင် အဖြစ်များသည်
မိမိနှင့် ဓတ်မတည့်သော အလှပြင်ပစ္စည်းများ| အစားအစာများ စားပြီးချိန်တွင်ပိုမိုတွေ့ရတတ်သည်

မိန်းကလေးများ မိမိအသားအရေအမျိုးအစားကို သိရှိကာ မိမိနှင့်ကိုက်ညီသော skin care များအသုံးပြုနိုင်ကြပါစေ. 😍😍😍

05/11/2018

သခွားသီးရေစိမ်သောက်ခြင်းက ဘာအကျိုးရသလဲ

၁။ အသားအရေ
အင်တီ အောက်ဆီးဒင့် ဓာတ်များပါဝင်ပြီး ဓာတ်တိုးဆန့်ကျင် မှုများကို ပျက်ပြယ်စေခြင်းကြောင့် အစက်အပြောက်များ၊ ပါးရေ တွန့်ခြင်း၊ အရေပြားတွဲခြင်း၊ မျက်နှာ ပြင်အရေပြား အသားမညီပဲ အမဲရိပ် များထွက်ခြင်းကို ပယ်ရှားပေးပြီး အ ရေပြားအေးမြမှုကို ပေးစွမ်းသည်။

၂။ ခန္ဓာကိုယ် အလေးချိန်လျော့ချခြင်း
မလိုလားအပ်သောအပိုအစား အစာများ စားခြင်းထက် သခွားရည် ကိုသောက်ပေးခြင်းဖြင့် ဆာလောင် ခြင်းကို လျော့ချပေးပြီး အပိုဝိတ် တက်ခြင်းကိုလည်း ဟန့်တားစေ သည်။

၃။ ကြွက်သားများ သန်စွမ်းခြင်း
သခွားရည်၌ှSilica ပါဝင်ပြီး ခန္ဓာကိုယ် ဆက်စပ်တစ်သျှူးများမှ တဆင့် ကြွက်သားများ ကျစ်လစ်သန် မာပြီး ကြီးထွားစေသည်။

၎။ အဆိပ်အတောက်များ
သခွားရည်ကိုသောက်ပြီး စွန့် ထုတ်ပစ်သော ဆီးမှတဆင့် အဆိပ် အတောက်များကို စွန့်ပစ်ပြီး metabolism system ကို တိုးစေခြင်း၊ ၀မ်းချုပ်ခြင်း၊ ကျောက်ကပ်၌ ကျောက်တည်ခြင်းတို့ကို ကာကွယ် ပေးနိုင်သည်။

၅။ သွေးတိုးခြင်း
ပိုတက်စီယမ်ဓာတ် အခြေခံ အားဖြင့် ကောင်းစွာပါဝင်ပြီး မဆို စလောက်သော ဆိုဒီယမ်ပါဝင်မှု ကြောင့် သွေးကိုထိန်းပေးသည်ဟု Web MDဆောင်းပါး၌ ရှင်းပြထား သည်။
သခွားရည်ကိုပြုလုပ်လိုပါက ရေထည့်ထားသော ရေတကောင်း ထဲတွင် သခွားစိပ်များကို (၁ - ၂) နာရီခန့် အခန်းအပူချိန်၌ပင် ထားရှိ ပါ။ (သို့) မသောက်မီ (၃ - ၄) နာရီခန့် ရေခဲသေတ္တာထဲ ထည့်ပါ။ မိမိကြိုက်နှစ်သက်ရာ အနံ့ကို ထည့် နိုင်သည်။ အထူးသတိပြုရမည်မှာ သခွားစိပ်များကို ရေထဲတွင် (၁၂)နာရီထက် ပိုပြီးမထားပါနှင့်။ သခွား စိပ်များ ပျော့ဖတ်သွားနိုင်သော ကြောင့် ဖြစ်သည်။

27/10/2018

ပင်ပန်းစွာ ဝိတ်မချရဘဲ သွယ်လျနေသူတွေရဲ့ လျှို့ဝှက်ချက်

လေ့ကျင့်ခန်းနဲ့ အစားအသောက် လျှော့စားမှုတွေ ပင်ပန်းကြီးစွာ လုပ်စရာမလိုဘဲ ဝိတ်မတက် သွယ်လျ လှပနေသူတွေကို အားကျပါလိမ့်မယ်။

ပင်ပန်းစွာ ဝိတ်မချရဘဲ သူတို့ သွယ်လျလှပနေတဲ့ လျှို့ဝှက်ချက် (၄) ခုကို ဖော်ပြထားပါတယ်။ ဒီ လျှို့ဝှက်ချက်တွေက သွယ်လျလှပသူတွေကို မေးမြန်းလေ့လာထားတဲ့ သုတေသနရလဒ်လည်း ဖြစ်ပါတယ်။

မနက်စာ

လေ့လာမှုစစ်တမ်းမှာ ပါဝင်တဲ့ သွယ်လျနေသူ ၉၆ ရာခိုင်နှုန်းဟာ မနက်စာကို ပုံမှန် စားလေ့ရှိပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ မနက်စာစားခြင်းက နေ့လည်စာ စားချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှု ပိုဖြစ်စေပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း

သွယ်လျလှပနေသူတွေဟာ အပတ်စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ၅ ကြိမ်နဲ့အထက် ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် ကောင်းမွန်သလို စိတ်ဖိစီးမှုနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်သူ ၄၂ ရာခိုင်နှုန်းက အပတ်စဉ် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သူတွေပါ။

ကိုယ်အလေးချိန် ဆန်းစစ်ခြင်း

ခန္ဓာကိုယ် သွယ်လျလှပသူတွေဟာ သူတို့ကိုယ် သူတို့ ဂရုစိုက်လေ့ ရှိပါတယ်။ အထူးသဖြင့် အပတ်စဉ် ကိုယ်အလေးချိန် တိုင်းတာပါတယ်။ သွယ်လျသူတွေကို ပြုလုပ်ထားတဲ့ စစ်တမ်းအရ ၅၀ ရာခိုင်နှုန်းက တစ်ပတ်လျှင် တစ်ကြိမ် ကိုယ်အလေးချိန် တိုင်းတာကြပါတယ်။

အစားအစာ

သွယ်လျနေသူ ၄၄ ရာခိုင်နှုန်း အစားအစာနဲ့ ပတ်သက်ပြီး အထူးအထွေ ကန့်သတ်ထားလေ့ မရှိဘဲ ၇၄ ရာခိုင်နှုန်းဟာ အစားလျှော့စားမှု မရှိသလောက် ရှားပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


North Dagon
Yangon
123