Flawless Myanmar
MADE IN MYANMAR skin care and personal care products based on natural greens. Believe in green
Believe In Flawless
Fearless shampoo ကို ဆံပင်နဲဲ့ဦးရေပြားအတွက်အကောင်းဆုံးသော အရွက်၊ အသီးနဲ့ အပင်ကနေရတဲ့ Essential oil 3 မျိုး ဖြစ်တဲ့ Peppermint Oil,
Lime Oil နဲ့ Tea Tree Oil တို့ပါဝင်တာကြောင့် ဗောက်ထခြင်းနဲ့ ဉီးရေပြားယားယံခြင်းကို အဓိက ကာကွယ်ပေးပြီး ဆံပင်ကျွတ်တာကို သိသိသာသာသက်သာစေသည့်အပြင် ဦးရေပြားခြောက်သွေ့ခြင်းနဲ့ အဆီပြန်ခြင်းကိုလဲ သိသိသာသာ သက်သာစေပါတယ်
Fearless shampoo 12500ကျပ်ဖြင့် Market Place By Citymart / Bazaar /Beauty Diary/ Medicare ဆိုင်တွေအပြင် Flawless ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူရရှိနိုင်ပါတယ်
28/01/2026
Yellow Champac 50ml
စကားဝါ (Yellow Champaca)
ဒါကတော့ ရာဇဝင်ထဲက ရွှေနဲ့တောင်မှားတယ်လို့ တင်စားခံရတဲ့ မြန်မာ့အသည်း စကားဝါပန်းနံ့ပါ။ သင်းသင်းလေးနဲ့အရမ်းအနံ့စွဲတဲ့ စကားဝါပန်းနံ့လေးက သင့်ကို စိမ်းစိုနေတဲ့ သစ်ပင်ကြီးအောက် မခို့တရို့နဲ့ စကားဝါပန်းလေးပန်ထားတဲ့ မိန်းမပျိုလေးနဲ့ ထင်မှတ်မှားစေမှာပါ။
Perfume 50ml 37000 ကျပ်ဖြင့် Market place by citymart / Beauty Diary ဆိုင်တွေအပြင် Flawless ကိုယ်စားလှယ်များထံတွင် ဝယ်ယူရရှိနိုင်ပါတယ် ရှင့်
27/01/2026
Thanakha Perfume 50ml
သနပ်ခါးကို ရေမွှေးထုတ်ဖို့ ကြိုးစားတဲ့အခါမှာ တကယ့် မြန်မာ့ သနပ်ခါး နံ့ စစ်စစ်ကို ဘယ်လို ရအောင်ထုတ်မလဲဆိုတာ ခက်ခဲခဲ့ပါတယ်။
သနပ်ခါးမှာ အမျိုးအစားတွေက အများကြီး ကွဲပြားတဲ့ အပြင် ရနံ့ကလဲ ယောင်ယောင်လေးတွေ မတူကြဘူး။
နောက်ပြီး အပွေးရဲ့ ရနံ့၊ အခေါက် ရဲ့ ရနံ့ ၊ အမြစ်ရဲ့ ရနံ့ စတာတွေကလဲ ဆင်ဆင်လေးတွေပဲ တူတော့
ဘယ်အစိတ်အပိုင်း ဘယ်အမျိုးအစားကို ဦးတည်ပြီး ထုတ်ရမှာလဲ ဆိုတာလဲ အရမ်းကို ခေါင်းစားခဲ့တာပါပဲ ။
နောက်ဆုံးတော့ သနပ်ခါး အနှစ် ထုတ်မယ့် အမြစ် ကိုပဲ အခြေခံမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကိုယ်အကြိုက်ဆုံးကလဲ အဲ့တာပဲ ဖြစ်နေတာကိုး...
သနပ်ခါးက အဆီမထွက်တဲ့ သစ်သားဆိုတော့ အနံ့ထုတ်လိုက်တိုင်း သစ်ခေါက်နံ့ ချည်း သပ်သပ် ရနေတာဟာ တန်းဝင်အဆင့်မှီတဲ့ ရေမွှေး တစ်ခုဖြစ်မလာခဲ့ဘူး။
ဒီတော့ အခြားသော လိုက်ဖက်တဲ့ရနံ့တွေနဲ့ ပေါင်းစပ်ကြည့်ပြီး အကောင်းဆုံးကို ဖန်တီးဖို့ အချိန်တွေ အများကြီးယူခဲ့ရတာပါ....
ခုတော့ တကယ့်သနပ်ခါးရနံ့စစ်စစ်ကို အခြေခံထားတဲ့ ရေမွှေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဆိုတော့
မြန်မာ့သနပ်ခါးရဲ့ ချစ်စရာ ရနံ့စစ်စစ်ကို ဂုဏ်ယူစွာ သုံးစွဲနိုင်ပါပြီရှင့်
Perfume 50ml 37000 ကျပ်ဖြင့် Market place by citymart / Beauty Diary ဆိုင်တွေအပြင် Flawless ကိုယ်စားလှယ်များထံတွင် ဝယ်ယူရရှိနိုင်ပါတယ် ရှင့်
16/01/2026
Flawless ရဲ့ Body scrub tamarind လေးက
မန်ကျည်းသီးမှရတဲ့ အဆီအနှစ်ကနေ အဆီပြန်မှုကို ကာကွယ်ပေးတဲ့ အပြင် အရေပြားအောက်ခြေထိ ကျန်းမာသော ဆဲလ်များ ပြန်လည်တည်ဆောက်ပေးခြင်းနဲ့ အသားအရေကို စိုပြေလှပစေပြီး ကြည်လင်တောက်ပစေပါတယ်
အသုံးပြုပုံလေးကတော့ ရေစိုနေတဲ့ ခန္ဓာကိုယ်ပေါ် ပွတ်တိုက်ပြီး ရေဆေးချပေးရုံပါပဲ Body scrub tamarind လေးကို ၈၅၀၀ ကျပ်ဖြင့် Market place by Citymart / Bazaar / Medicare / Lifeplus ဆိုင်တွေ အပြင် Flawless ကိုယ်စားလှယ်များ ထံတွင်လဲ ဝယ်ယူရရှိနိုင်ပါတယ် ရှင့်
07/01/2026
Skin care တွေလဲအများကြီးမသုံးချင်ဘူး ဝက်ခြံထွက်လို့ စိတ်ညစ်နေရပြီး အဆီပြန်တဲ့ အသားအရည် ပိုင်ဆိုင်သူတွေ အတွက် သုံးကိုသုံးသင့်တယ်လို့ ထင်ရတဲ့ Flawless ရဲ့ Product တွေဟာ ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ?
Flawless ရဲ့ Tea Tree Set ဖြစ်တဲ့ Facial Foaming Cleanser Tea Tree နဲ့ Tea Tree oil ကိုသာ အသုံးပြုမယ်ဆိုရင် ဝက်ခြံထွက်ခြင်းနဲ့ အဆီပြန်ခြင်းကို သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်
Facial Foaming cleanser tea tree လေးက Foam type ဖြစ်လို့ မျက်နှာသစ်တဲ့အခါ အမြုပ်လေးတွေရဲ့ နူးညံ့ထိတွေ့မှုကို ခံစားရစေမှာပါ
အသုံးပြုပုံလေးကတော့ Facial foaming cleanser tea tree လေးနဲ့ မျက်နှာသစ်ပြီး ဝက်ခြံလေးတွေအပေါ် အစက်လေးချပေးရုံပါပဲ တကယ်လို့ အဆီဖုလေးတွေ အများကြီးရှိတယ် ဆိုရင်လဲ အဆီဖု နေရာလေးတွေကို အစက်လေးချပေးပြီး ဂွန်းလေးနဲ့ ပွတ်ပြီး အသုံးပြုလို့ ရပါတယ်
Facial Foaming Cleanser Tea Tree 14500 ကျပ်/ Tea Tree Oil 11000 ကျပ်ဖြင့် Market place by citymart / Bazaar /Beauty Diary ဆိုင်တွေအပြင် Flawless ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူရရှိနိုင်ပါတယ် ရှင့်
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon