BLOOM Hair & Body Care
"Nourish your hair, body and soul with Bloom Botanical Products"
12/06/2026
အများကြီးအားပေးကြတဲ့ Bloomies လေးတွေကို
ငြင်းရမှာအားနာလို့
သတ်မှတ်ထားတဲ့ promotion sets အရေအတွက် ထက်ပိုရောင်းပေးခဲ့ပါတယ်
Shampoo & serum လေး out of stock ဖြစ်သွားပြီမလို့
Pre-order လေးလုပ်ထားပေးလို့ရပါတယ်နော်
နောက်တစ်ပါတ်ထဲပစ္စည်းပြန်ဝင်မှာပါရှင် 🙏🏻🥰
08/06/2026
ခေါင်းလျှော်ရုံတင်မဟုတ်ဘဲ
Scalp Care ပါ သေချာလုပ်ပေးမယ့်
Botanical 2xscalp care shampoo 🌿
အနံ့ sensitive ဖြစ်တဲ့သူ bloomie လေးက
Bloom shampoo နဲ့တွေ့တော့ အနံ့လေးကြိုက်လို့တဲ့
"ချက်ချင်းမဆေးချချင်ဘူး၊
အနံ့ကို သဘောကျလွန်းလို့ ရေမဆေးချချင်တာ...
ခေါင်းပဲ နေ့တိုင်းလျှော်ချင်နေလို့
စိတ်ကို ထိန်းနေရတယ်" ဆိုပြီး ပြောထားပါတယ်
rosemary essential oil, fresh bergamot, grapefruit
ပေါင်းစပ်ထားတဲ့ aromatherapy ရနံ့လေးမလို့
သဘာ၀ဆန်ပြီး စိတ်ကိုအရမ်းလန်းဆန်းစေတာပါ
Bloom Shampoo သုံးရင်လေ...
ချက်ချင်းရေမဆေးချဘဲ
ခေါင်းပေါ်မှာ ၂ မိနစ်လောက်
ဦးရေပြားနဲ့ contact time ထားပေးပါနော်၊
scalp care အတွက်ထဲ့ပေးထားတဲ့
ingredients တွေ သေချာစိမ့်၀င်ပြီး
ခေါင်းလျော်ရင်း တစ်ခါတည်း
scalp care လုပ်ပြီးသားပါဖြစ်သွားမှာပါရှင့်
နောက်တခုက... BLOOM ပေါင်းဆေးလေးကို
leave in conditioner လို
သုံးပြီးအဆင်ပြေနေပါတယ်တဲ့
၀င့်ကိုတိုင်လဲ အခုနောက်ပိုင်း
အဲ့လိုလေးသုံးဖြစ်နေတာ...
အရမ်းပြေသော
"Local ထဲက အခုလို အရည်အသွေးကောင်းတဲ့ 
ပစ္စည်းထုတ်ပေးလို့ ကျေးဇူးတင်တယ်" လို့
ပြောပေးတဲ့ စကားတစ်ခွန်းက
BLOOM အတွက် တကယ် ခွန်အားပါပဲ။
Quality ကို တကယ် ယုံယုံကြည်ကြည်နဲ့
စိတ်ချလက်ချ သုံးပေးပြီး
သူငယ်ချင်းတွေကိုပါ ထပ်ဆင့် ညွှန်းပေးလို့လဲ
ကျေးဇူးအများကြီးတင်ရပါတယ်
BLOOMIE လေးရေ ✨🌿🤎🤎🤎
07/06/2026
၄ ကြိမ်လောက် လျှော်ရုံနဲ့ ဆံပင်ကျွတ်တာ
သိသိသာသာ သက်သာသွားတယ်ဆိုတဲ့
Bloomie ရဲ့ Review လေး! 🫶
ဆံပင်ကျွတ်တာ သက်သာစေရုံတင်မကဘဲ
အနံ့လေးပါ အရမ်းကောင်းတယ်တဲ့
Bloom ရဲ့ Botanical Scalp Care Shampoo က
သဘာ၀ဆန်တဲ့
Rosemary Essential Oil,
Fresh Bergamot,
Grapefruit ရနံ့
တို့ကို အချိုးကျကျပေါင်းစပ်အသုံးပြုထားတာမလို့
အနံ့လေးက တကယ့်ကို
Natural Aromatic (သဘာ၀ရနံ့ကုထုံး)
ဆန်ဆန်လေးနဲ့ စိတ်ကိုလန်းဆန်းပေါ့ပါးသွားစေမှာပါ 🌿🌿
ဆံသားလေးလည်း လှ၊
စိတ်လည်း လန်းဆန်းစေဖို့
သဘာဝရဲ့ အထိအတွေ့ကို
အခုပဲ စမ်းသုံးကြည့်ဖို့
ဖိတ်ခေါ်လိုက်ပါရစေရှင်။ 🤎
05/06/2026
Kaw’s honest review လေးပါရှင် 🌿
Sensitive scalp သမားတွေအတွက်
အဆင်မပြေနိုင်တဲ့ Alcohol & mint
လုံးဝမပါပဲ
Bloom tonic လေးဖြန်းလိုက်ရင်
လေအေးလေးတိုက်လိုက်သလို
အေးမြသွားတာ
Formula ထဲမှာပါတဲ့ humectants တွေကြောင့်ပါရှင်
အဲ့အပြင် anti-inflammatory & soothing effect
ပေးတဲ့ botanical extracts လေးတွေလဲပါတော့
ဦးရေပြားရဲ့ microbiome ကိုသိသိသာသာ
ကျန်းမာမျှတစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်
Niacinamide က ဦးရေပြားရဲ့ အကာကွယ်အလွှာ (skin barrier) ကိုသန်စွမ်းစေတယ်
ဆံပင်ကျွတ်သက်သာစေရုံမကပဲ
အဆီပြန်တာနဲ့ ယားယံခြင်းတွေပါလျော့ချပေးနိုင်တဲ့
Healthy hair growth - scalp tonic လေးပါ 🌿🤎
💟BLOOM Hair & Body Care - Scalp Hair Tonic💟
Kaw ဒီ Hair Tonic လေးကို Haircare Routine Vlogလေးမှာထဲ ထည့်သုံးပြဖူးပါတယ်🥰
အဲ့တုန်းကတော့ သုံးနေဆဲ တလလောက်ရှိပြီ🥰
ခု ၂လပြည့်ခါနီးလေးမှာ စာလေးနဲ့အတူ Detail review လေး Share ပေးချင်စိတ်ဖြစ်လာတာနဲ့ ထရေးပြီး Honor Sharing လုပ်ပေးတာပါရှင့်🤩
🤎 Kawက Oily scalp မို့ ပုံမှန်ဆို Hair Tonic တွေကို ခေါင်းလျှော်ပြီးမှ သုံးပေးလေ့ရှိသူပါ။ ဒီ Hair Tonicလေးကိုတော့လေ ခေါင်းမလျှော်ခင် တစ်ညလောက်အလိုထဲက ဦးရေပြားကိုဖြန်းပေးပြီး လက်ထိပ်လေးတွေနဲ့ နှိပ်နယ်ပေးတယ်။
🤎 သူက ပူရှိန်းဖြန်းလိုက်သလို အေးအေးကြီး ဖြစ်သွားတာမျိုး မဟုတ်ပဲ သဘာဝလေအေးလေးတိုက်သလို အေးမြမြ ခံစားမှုလေး ရတာကို Kaw သိပ်သဘောကျတယ်။
🤎 ဆံပင်ပြန်ပေါက်လားမေးရင်တော့ “YES”
Kawအတွက်တော့ ၂လအတွင်း ရတဲ့ resultကို satisfied ဖြစ်တာမို့ ကြိုက်တယ်။
🤎 အဆီပြန်နှုန်းကို သိသိသာသာ သက်သာစေချင်ရင်တော့ Bloom ရဲ့ Shampoo နဲ့ တွဲသုံးပေးဖို့ Kawက အကြံပြုပါတယ်ရှင့်။
🤎 Kawက Packaging လေးကိုပဲ ဒီထက် ပို modernise ဖြစ်စေချင်တာလွဲ ကျန်တာကို သဘောကျပါတယ်။
💰 Price - 15900ks (100ml)
😍 ဒါပေမဲ့ Kaw သိသလောက်တော့ ဒီ Hair Tonic ဘူးလေးကို Production Break ပြီး Update Version နဲ့ ထပ်ထုတ်မယ်လို့ Bloom ရဲ့ ပဲ့ကိုင်ရှင် မဝင့်က တင်ထားတာ တွေ့လိုက်ပါတယ်။ ခုတောင် ဒီလောက်ကောင်းတာ Update ဆို ဘယ်လောက်တောင် မိုက်နေမလဲ တွေးကြည့်ပေါ့ရှင်🤩🤩🤩
❌NOT Sponsored Post❌
⭕️ my Honest review naw⭕️
Product is received as PR Gift 🎁
စာသားအားလုံးကို ပြီးဆုံးအောင်ဖတ်ပေးလို့ကျေးဇူးပါနော်💝
Content လေးကို သဘောကျရင် React&Share လေး လုပ်ပေးလို့ ရပါတယ်ရှင့်😍
🚨🚨🚨လွတ်လပ်စွာ share ပိုင်ခွင့်ရှိပါသည်။
Copy ကူးယူ၍ ပြန်လည်ရေးသားခြင်း
သည်းခံပါရှင့်။
03/06/2026
၀င့်က ဆံပင်နဲ့ဦးရေပြားကျန်းမာရေးဘာသာရပ်ကို
လေ့လာသင်ယူနေတဲ့ Trichology student ပါ၊
သင်ယူထားတဲ့ knowledge တွေကိုအခြေခံပြီး
Most Common Hair Loss Categories
(ဆံပင်ကျွတ်ခြင်း အမျိုးအစား ၃ ခု) ကို
sharing လုပ်ပေးချင်ပါတယ်
1️⃣ Telogen Effluvium (TE)
Shock or Trauma တစ်ခုခု
mentally or physically ခံစားရပြီး
ဆံပင်တွေကResting Phase ထဲ
တစ်ပြိုင်နက်ရောက်သွားလို့
ရုတ်တရက်အများကြီးကျွတ်တဲ့အခြေအနေပါ။
ယာယီဖြစ်ပြီး root cause တွေသက်သာသွားရင်
၆လအတွင်းဆံပင်ပုံမှန်ပြန်ထွက်တတ်ပါတယ်။
ဘယ်လိုကျွတ်လဲ ❓
ဦးရေပြား ဘေးဘက်ခြမ်းတွေ
အဓိကသိသိသာသာကျွတ်တယ်။
တစ်ခေါင်းလုံးက ဆံပင်တွေ လက်နဲ့သပ်လိုက်ရုံ
ဘီးဖီးရုံနဲ့ ပုံမှန်မဟုတ်တဲ့
ပမာဏကျွတ်ထွက်လာတာမျိုးပါ။
(Trigger ဖြစ်ပြီး ၂ လမှ ၄ လအကြာမှာ စကျွတ်တတ်ပါတယ်)
ဘာကြောင့်ကျွတ်လဲ❓
❗️ပြင်းထန်သော စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ (emotional trauma)
❗️အပြင်းအထန် ဖျားနာခြင်း၊ ခွဲစိတ်မှုလုပ်ခြင်း (physical trauma)
❗️ဟော်မုန်း အပြောင်းအလဲ မြန်ခြင်း (postpartum)
❗️လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း (overtraining)
❗️အစားအသောက်အပြင်းအထန်လျော့ချခြင်း (crash diet)
ဘာလုပ်သင့်လဲ❓
အပေါ်မှာပြောသွားတဲ့ Root Cause ကို ဖြေရှင်းပါ၊
၃ လမှ ၆ လအတွင်း ဆံပင်ပုံမှန် အတိုင်း
ပြန်ပေါက်လာတတ်ပါတယ်။
ဦးရေပြားကို သေချာ care လုပ်ပေးရင်
ဆံပင်များများနဲ့မြန်မြန်ပြန်ပေါက်နိုင်ပါတယ်။
2️⃣. Diffuse Hair Thinning
TE လိုမျိုး ဆံပင်တွေ အထွေးလိုက်ချက်ချင်း
အများကြီးကျွတ်ထွက်တာမဟုတ်ဘဲ၊
ဦးရေပြားအနှံ့မှာဆံပင်တွေ
တဖြည်းဖြည်းနဲ့မှပါးပြီးကျဲလာတာမျိုးပါ။
တစ်နေရာထဲမကွက်၊ တစ်ခေါင်းလုံး
ပါးလာတဲ့ အခြေအနေပါ။
ဘယ်လိုကျွတ်လဲ❓
ဆံပင်သိပ်သည်းဆ (Volume)
တဖြည်းဖြည်းချင်း လျော့နည်းလာမယ်၊
ဆံပင်တွေမျှင်လာတယ်၊
ponytail စီးလိုက်ရင်
အလုံးဆိုဒ်သေးလာတာသတိထားမိမယ်။
ဘာကြောင့်ကျွတ်လဲ❓
❗️Nutritional Deficiencies: သံဓာတ် (Iron) ချို့တဲ့ခြင်း၊ Ferritin Level ကျခြင်း၊ Zinc နဲ့ Vitamin D, B12 မလုံလောက်ခြင်း
❗️Chronic Illness: သိုင်းရွိုက် (Thyroid) ရောဂါအခံ သို့မဟုတ် သွေးအားနည်းရောဂါ ရှိနေခြင်း
❗️ အသားဓာတ် (Protein) စားသုံးမှုနည်းပါးခြင်း
ဘာလုပ်သင့်လဲ ❓
Blood Test & Supplements: သွေးစစ်ပြီး
လိုအပ်တဲ့ဓာတ်တွေကို အစားအသောက် + supplements နဲ့ သေချာပြန်ဖြည့်တင်းပေးပါ
3️⃣ Androgenetic Alopecia (AGA)
မျိုးရိုးလိုက်ခြင်း/ DHT ဟော်မုန်းကြောင့် ဖြစ်တာပါ
ဘယ်လိုကျွတ်လဲ ❓
စစခြင်း သတိထားမိမှာက ဆံပင်တွေ
မျှင်လာတယ်၊ ပါးလာတယ်။
အမျိုးသားတွေမှာ နဖူးဆံစပ်
M-shape ပါးပြီးပြောင်လာတာမျိုး၊
အမျိုးသမီးတွေမှာတော့
ခွဲကြောင်း ကျယ်လာတာ၊
နားထင်စပ် နဲ့ ခေါင်းထိပ် (Crown) ပိုင်း
ပါးလာတတ်ပါတယ်။
ADA ဖြစ်ပြီဆို မြန်မြန်ကုသမှုခံယူသင့်ပါတယ်၊ ဆံပင်လဲပြန်ထွက်ပါတယ်။
DHT ကြောင့် follicles miniaturization ဖြစ်ပြီး လုံး၀သေသွားရင် hair loss ကို
reverse လုပ်ဖို့ခက်သွားတတ်ပါတယ်။
ဘာလို့ကျွတ်တာလဲ❓
❗️DHT Sensitivity: Testosterone ဟော်မုန်းကနေ ပြောင်းလဲလာတဲ့ DHT (Dihydrotestosterone) က ဆံပင်အိတ်တွေမှာ တွယ်ကပ်ပြီး follicles တွေကိုသေးသွားစေတယ် (Follicular Miniaturization)။
❗️မျိုးရိုးဗီဇ (Genetics) နှင့် အသက်အရွယ် ရလာခြင်း (Aging) တွေကြောင့်ဖြစ်တယ်၊ မိန်းမတွေမှာ estrogen ကျလာတာနဲ့အမျှ DHT sensitive ပိုဖြစ်လာတယ်။
ဘာလုပ်သင့်လဲ❓
DHT ဟော်မုန်းကို လျှော့ချပေးနိုင်တဲ့
Botanical Ingredients တွေ ပါဝင်တဲ့
shampoo တွေ scalp tonic တွေသုံးပေးပါ။
Bloom Shampoo & scalp tonic မှာ
ဒီ botanical ingredients တွေပါပါတယ် ၊
Advanced: Anti-DHT scalp tonic
အသစ်လဲထွက်ဖို့ရှိပါတယ်
DHT Blockers supplement တွေ
သောက်ပေးလို့ရပါတယ်၊
natural ဖြစ်တဲ့ saw palmetto, pumpkin seed oil တွေက
side effect နဲပါတယ်။
Finasteride လိုမျိုး pharmaceutical တွေကတော့ side effect ပြင်းထန်တတ်လို့
ဆရာ၀န်နဲ့တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။
ခုပြောသွားတဲ့ hair shedding/hair loss categories တွေကို
နောက်ထပ်ပိုစ့်တွေမှာ
အသေးစိတ်ထပ်ပြီးရှင်းပြပေးပါမယ်ရှင်၊
သိချင်တာရှိရင် မေးခဲ့လို့ရပါတယ်နော် 🌿🤎
28/05/2026
ဆံပင်ရှည်မြန်ဖို့ Hair care products က
ဘယ်လိုသက်ရောက်မှုရှိလဲ❓
သာမန်အားဖြင့် လူတစ်ယောက်ရဲ့ ဆံပင်ဟာ
တစ်လကို ပျမ်းမျှ ၀.၅ လက်မ
တစ်နှစ်ကို ၆ လက်မခန့်သာ ရှည်လေ့ရှိတာကြောင့်
၅ လဆိုရင် ပုံမှန်အားဖြင့် ၂.၅ လက်မလောက်ပဲ
ရှည်ရမှာပါ
ဒါပေမဲ့ ဝင့်ရဲ့ ပုံ ၂ ပုံကိုကြည့်ရင်
အနည်းဆုံး ၄ လက်မနီးပါးရှည်ထွက်လာပါတယ်
ဒီလို သိသိသာသာ ရှည်လာပြီး
ကျန်းမာတဲ့ဆံသားလေးရလာတဲ့
နောက်ကွယ်မှာတော့
BLOOM Hair Products တွေရဲ့
ပံ့ပိုးမှုတွေအများကြီးပါပါတယ် 🤎
ဆံပင်သန်စွမ်းပြီး ရှည်နှုန်းမြန်ဆန်ဖို့ဆိုတာ
မျိုးရိုးဗီဇနဲ့ဆိုင်သလို
Scalp Care (ဦးရေပြားဂရုစိုက်မှု) ကလဲ
အရမ်းကိုမှအရေးပါပါတယ်
ဒါကြောင့် ဆံပင်အရှည်နှေးတယ်၊
အရှည်မွေးလို့မရဘူးဖြစ်နေရင်
Essential hair care products တွေဖြစ်တဲ့
BLOOM ရဲ့ Shampoo, Hair mask, Serum
၃ မျိုးကိုတော့ မဖြစ်မနေသုံးစေချင်တယ်၊
scalp tonic လေးကတော့ ဦးရေပြားအတွက်
extra care & nourishment လေးပေးတာပေါ့နော်
Botanical 2x scalp care shampoo က
sulfate free, silicone free ဖြစ်တဲ့အပြင်
ဆံပင်အုံထူပြီး အရှည်မြန်ဖို့အတွက်
အဓိက Root Cause ဖြစ်တဲ့
ဦးရေပြား သွေးလည်ပတ်မှုကောင်းအောင်နဲ့
Hair Follicles (ဆံပင်အိတ်လေးတွေ) အားရှိစေဖို့
Rosemary essential oil, Rosemary Extract, Green tea Extract, Aloe Vera extract အပြင်
Hydration & nourishment ပေးတဲ့
provitamin B5 ပါလို့
ဆံပင်ကျွတ်သက်သာ၊
အဆီပြန်သက်သာပြီး
ဦးရေပြားကို ကျန်းမာစေတယ်
Intense repair hair mask & instant gloss hair serum က
ဆံသားကျိုးပြတ်ခြင်း (Anti-Breakage) မှ
ကာကွယ်ပေးလို့ ဆံပင်တွေ အဖျားကနေ
ကျိုးပြတ်၊ နှစ်ခွဖြစ်ပြီး ဆံပင်အရှည်နှေးတဲ့
ပြဿနာကို ဖြေရှင်းပေးပါတယ်
Jun လက ဝင့်မွေးနေ့လလေးမလို့
Promotion လေးလဲလုပ်ပေးချင်ပါတယ်
ခုပြောသွားတဲ့ Essential hair care set
၃ မျိူးပေါင်းကို
combo price 100,000ks နဲ့ရောင်းပေးပါမယ်ရှင်
***Limited set အရေအတွက်လေးတော့သတ်မှတ်ထားပါတယ်
Bloomies လေးတွေရဲ့ ဆံသားအလှပဆုံးဖြစ်ဖို့ BLOOM မှတာဝန်ယူပေးပါရစေရှင် ✨🌿
26/05/2026
BLOOM ကို ချစ်ပေးတဲ့ Customers မမ၊ ညီမလေးတွေရဲ့ Reviews လေးတွေပါ🥹
💬 "အနံ့လေးက ကောင်းလိုက်တာ၊ ဆံပင်လေးတွေ ညှိနေတာ ရှင်းရတာ လွယ်တယ်၊ အဆင်ပြေတယ်ရှင်"
💬 "Hair Serum နဲ့ Tonic က အဆင်ပြေပါတယ်၊ Tonic လေးက Scalp (ဦးရေပြား) အတော်အေးတယ်"
💬 "Bloom hair shampoo (detox), Hair mask, Hair serum သုံးရတာ တော်တော်လေး အဆင်ပြေပါတယ်၊ Brand တံဆိပ်တွေထက်တောင် အဆင်ပြေ"
ခုလို Brand လေးကို အားပေးပြီး စိတ်ကျေနပ်မှုအပြည့်နဲ့ Feedback လေးတွေ တကူးတက ပြန်ပို့ပေးကြလို့ တကယ်ကို ပီတိဖြစ်ရပါတယ်ရှင်။ တစ်ယောက်ချင်းစီရဲ့ Review လေးတွေက BLOOM အတွက် အားဆေးပါပဲ။ 🤎🤎🤎
25/05/2026
ဆံပင်ဖြူတာကို တွေ့တဲ့အခါ နှုတ်ပစ်ချင်စိတ် ပေါက်တတ်ကြတယ်ဆိုပေမယ့် မလုပ်ဖို့ အကြံပေးပါရစေရှင်
ဆံပင်ဖြူနှုတ်ခြင်းရဲ့ ဆိုးကျိုးတွေက...
ဆံပင်မွေးညင်းပေါက် (Hair Follicle) ပျက်စီးခြင်း
ဆံပင်တစ်ပင်ကို အတင်းဆွဲနှုတ်လိုက်တဲ့အခါ အရေပြားအောက်မှာရှိတဲ့ ဆံပင်မွေးညင်းပေါက်ကို ဒဏ်ရာရစေပါတယ်။ ဒါက ရေရှည်မှာ မွေးညင်းပေါက်ကို ကျုံ့သွားစေတာ ဒါမှမဟုတ် လုံးဝပျက်စီးသွားစေတာကြောင့် အဲဒီနေရာကနေ ဆံပင်ပြန်မပေါက်တော့ဘဲ ထိပ်ပြောင်တာ၊ ဆံပင်ပါးတာတွေ ဖြစ်လာနိုင်ပါတယ်။
ဆံပင်အသားအရေ ကြမ်းတမ်းလာခြင်း
ဆံပင်ဖြူကို နှုတ်လိုက်လို့ နောက်တစ်ကြိမ် ပြန်ပေါက်လာတဲ့အခါ (ဆံပင်ဖြူပဲ ပြန်ပေါက်လာမှာဖြစ်ပြီး) အသစ်ပေါက်လာတဲ့ အမျှင်က ပုံမှန်ထက် ပိုပြီး ကြမ်းတာ၊ ထောင်တာ၊ ဒါမှမဟုတ် ကောက်ကောက်ကွေးကွေးကြီး ဖြစ်လာတတ်ပါတယ်။
အရေပြားပိုးဝင်ခြင်းနှင့် သွေးကြောမျှင်များ ထိခိုက်ခြင်း
အတင်းဆွဲနှုတ်လိုက်တဲ့အတွက် မွေးညင်းပေါက်နံရံတွေ ရောင်ရမ်းလာပြီး ဗက်တီးရီးယားပိုးဝင်ကာ အဖုအပိမ့်ထွက်ခြင်း၊ ပြည်တည်ခြင်း (Folliculitis) တွေ ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက ဘေးကမွေးညင်းပေါက်တွေပါ ပိုးကူးဆက်သွားနိုင်ပါတယ်။ Scalp Inflammation ဖြစ်သွားရင် ဆံပင်တွေအများကြီးကျွတ်စေပါတယ်။
ဆံပင်တွင်းငုပ်ခြင်း (Ingrown Hair)
ဆံပင်ကို အမြစ်ကပြတ်အောင် နှုတ်လိုက်တဲ့အခါ အသစ်ပြန်ပေါက်မယ့် ဆံပင်အမျှင်အသစ်က အရေပြားပေါ်ကို ဖြောင့်ဖြောင့်မထွက်နိုင်တော့ဘဲ အသားထဲလိပ်ဝင်သွားပြီး အဖုအကျိတ်ဖြစ်တာ၊ ယားယံတာ၊ နာကျင်တာတွေ ကြုံရတတ်ပါတယ်။
အဲ့တာကြောင့်ဆံပင်ဖြူတွေထွက်လာလို့ မနှုတ်ဖို့သတိပေးပါရစေ၊ ဆေးလဲမဆိုးချင်ဘူးဆိုရင် ဦးရေပြားနဲ့ ကပ်ပြီး ကတ်ကြေးအသေးလေးနဲ့ ညှပ်ပေးလို့ရပါတယ်။ အချိန်ပေးရပေမယ့် ဦးရေပြားမထိခိုက်စေတာမလို့ ဒီနည်းလမ်းလေးစမ်းလုပ်ကြည့်ဖို့အကြံပေးပါတယ်ရှင် 🤎
Comment ထဲမှာ Dan ရေးထားတာလေးဖတ်ကြည့်နော်
BLOOM ရဲ့ Niacinamide body lotion မှာ အထိရောက်ဆုံးပမာဏ 5% ထဲ့ပေးထားပါတယ်
ဒီထက်များလို့ ပိုထိရောက်မယ့် % နဲ့ cost တက်သွားမယ့် % နဲ့က မတန်လို့
Cost တက်သွားရင် customers တွေပေးရတဲ့စျေးကလဲပိုတက်သွားမှာမို့
ပြီးတော့ Niacinamide က သုံးတဲ့အချိန်ပဲ အသားရည်ကို ကျန်းမာကြည်လင်စေတာမဟုတ်ပဲ
သူ့ effect က build ဖြစ်သွားတာမျိုးမလို့
စွဲသုံးလေ skin ကောင်းလာလေ… ပိုကြည်ပိုဝင်းလာလေ
ရပ်လိုက်လို့လဲ ဝုန်းဆို ရထားတဲ့ result လေးတွေပြယ်သွားတာမျိုးမဟုတ်ပါ
But skin care တိုင်းကတော့ ၃ လသုံး ၃ နှစ်ကောင်းတော့မဟုတ်ဘူးပေါ့နော်
ရေရှည်လေးသုံးပေး care ပေးရတာမျိုးပါ
Niacinamide 5% ကို ၁ နှစ်လောက်သုံးပြီး ၁ လ ၂ လ လောက်ရပ်လိုက်လို့ effect ပြယ်မသွားဘူးလို့ပြောပြချင်တာပါ 🤎🌿
Click here to claim your Sponsored Listing.
Category
Website
Address
90C-6 Shwe Taung Kyar 1 Street, Bahan Township
Yangon