J6 Beauty Studio

J6 Beauty Studio

Share

-Hair
-Make Up
-Nail Art
-Skin Care
-Permanent Make Up
(Eyebrows,Eyeliner,Lip)

14/04/2026

Personal brand တည်ဆောက်ရမလား?
ဒါမှမဟုတ် နာမည်ကြီးသူတယောက်ဖြစ်ရမလား?

အရင်တုန်းက ကျမထင်ခဲ့တာက—
ကိုယ့်အလုပ်ကို လူသိများစေချင်ရင်
TikTok / Facebook မှာ follower များရမယ်လို့ပါ…

ဒါပေမယ့် တစ်ခုကတော့ မကိုက်ညီဘူး—
ကျမက low profile နေချင်တဲ့လူတစ်ယောက်ပါ။

Follower မများဘူးဆိုရင်
“ငါမပေါက်သေးဘူး” လို့ပဲ ထင်နေခဲ့တယ်…

တစ်နေ့တော့ ဧည့်သည်တစ်ယောက်က ပြောတယ်—
“အစ်မကို ဒီမြို့မှာ လူတော်တော်များများ သိပြီးသားပါ” လို့။

အဲ့ဒီစကားတစ်ခွန်းက ကျမကို ပြန်စဉ်းစားစေခဲ့တယ်…

🪬 Personal brand ဆိုတာ
social media ပေါ်မှာ famous ဖြစ်တာ မဟုတ်ဘူး

ကိုယ်လုပ်တဲ့အလုပ်ကို
စေတနာ + ဝါသနာ + အတတ်ပညာနဲ့
တန်ဖိုးရှိအောင် ဆက်တိုက်လုပ်နေတဲ့အချိန်မှာ
လူတွေထဲမှာ ယုံကြည်မှုတစ်ခု ဖြစ်လာတယ်

အဲ့ဒီ “ယုံကြည်မှု” ကပဲ
ကိုယ့်ရဲ့ personal brand ဖြစ်လာတာပါ

🍀 Celebrity တစ်ယောက်လို ပေါက်ဖို့
social media မှာ အချိန်အများကြီးပေးရတဲ့အခါ
အလုပ်အပေါ် အာရုံလျော့သွားနိုင်ပါတယ်

🍀 Personal brand တည်ဆောက်ချင်ရင်တော့
ကိုယ့်အလုပ်ကို အာရုံစိုက်ပါ
ကိုယ့်တန်ဖိုးကို မြှင့်ပါ
ကိုယ်ကျင့်တရားနဲ့ လမ်းကြောင်းမှန်မှန်သွားပါ

📌 Social media က မဖြစ်မနေမလိုပါဘူး
ဒါပေမယ့် သုံးတတ်ရင်
ကိုယ့် brand ကို ပိုမြန်မြန် တိုးချဲ့နိုင်တဲ့ tool တစ်ခုပါ

💥နောက်ဆုံးကျမသိလိုက်တာကတော့—
နာမည်ကြီးဖို့ထက်
ယုံကြည်ခံရတာက ပိုတန်ဖိုးရှိပါတယ်။

12/04/2026

တမူးရောက်ပါပီရှင့် မနက်ဖြန် မိုးရေးထဲ အလုပ်စပါမယ်နော်… မိုးရေး ကအမျိုးတို့ ရေ လာပါပီရှင့် ♥️

တမူးဘိုကင်တွေလဲပေးနေပါပီ ..သကြ်န် ရေစိုမှာစိုးရင်တော့ …သကြ်န်ပီးမှ ဘိုကင်ချိန်တွေ ပြောင်းချင်းတယ်ဆို ပြန်ပြောပေးပါရှင့် ♥️

အကြာကြီး စောင့်ပီး အားပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့် ♥️

ဘိုကင် ယူရန် cb ကနေ ယူပေးပါရှင့် …

#တမူး #မျက်ခုံးတက်တူး

Photos from J6 Beauty Studio's post 10/04/2026

Master class တွေကို join ပေမယ့် ..ကိုယ့်ကိုယ်ကို master တယောက်လို့ မခံယူထားပါဘူး..ဆရာမလို့ခေါ်ရင်တောင် ကိုယ့်ကိုယ်ကို တမျိုးဖြစ်လို့ …ဧည့်သည်နဲ့ အရမ်းရင်းနီးသွားရင် အစ်မ /ညီမလို့ပဲ ခေါ်စေချင်တာမျိုး..မို့ ..ဘဝကို သင်ယူမူ့တွေပဲ ကုန်ဆုံးချင်ပါတယ်..

ကိုယ့်အတွက် ပညာဝမ်းစာ တခါဖြည့်ဖို့ အချိန်နဲ့ ငွေ ရင်းနှီးရတဲ့အခါ ..ကိုယ့်အတွက် အကျိုးရှိတာပဲ လိုချင်တာမို့ …ရွေးချယ်မူ့ မှန်ကန်ဖို့တော့လိုပါတယ်..အခုတက်ခဲ့တဲ့ သင်တန်းက ကိုယ်လိုချင်တာကို ကွက်တိ ရခဲ့တဲ့သင်တန်းဖြစ်ပီးအနယ်နယ်အရပ်ရပ်က ချစ်မိတ်ဆွေတွေကို အကောင်းဆုံးပဲပေးချင်တာမို့ …အတိုင်းမသိ ပျော်ရွှင်ခဲ့ရ ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်.

💥နောက်ဆုံးပေါ် နည်းပညာတွေဟာ တောရော မြို့နေ လူတိုင်းအတွက် ထိုက်တန်ပါတယ်💥

ဒါက ကျမ အနယ်နယ်အရပ်ရပ်ကို လိုက်ပီး ဝန်ဆောင်မူ့ ပေးရခြင်း အကြောင်း တရားပဲဖြစ်ပါတယ်။

🌹သကြ်န်မှာ လျော့စျေးရှိလား လို့ မျှော်နေတဲ့ ချစ်မိတ်ဆွေတွေကိုလဲ အားနာစွာနဲ့ပဲ… ဖြေချင်ပါတယ်ရှင့်…J6 က ဝန်ဆောင်မူ့တွေကို အစစအရာရာ စျေးတက်နေတဲ့အချိန်မှာ စျေးလဲ ထပ်မတက်ထားပါဘူးရှင့်..

❌အရေပြားပေါ် ဆေးထင်ရုံ မျက်ခုံး မဟုတ်ပဲ ..

🍀ထိမိတဲ့ မျက်ခုံး တစုံကို ဆေးတမျိုး စျေးတမျိုးထဲနဲ့ လူတန်းစားမရွေး

🍀ကျမ Artist Cho တယောက်ထဲရဲ့ လက်ရာ တမျိုးထဲကို ပဲ ဝန်ဆောင်မူ့ ပေးလျက်ရှိပါတယ်ရှင့်…

တမူးမှာ - ၁၃.၄.၂၀၂၆ -၄လပိုင်းကုန်သည်ထိ
ကလေးမှာ -၅လပိုင်း တလလုံး
ကလေးဝ -၆လပိုင်း ၁၅ရက်နေ့ထိ
ရန်ကုန် -၇ လပိုင်း တလလုံး ရှိပါမယ်နော်

🫟ဘိုကင် ရက်တွေ ပေးနေပါပီ🫟

🎉🎊သကြ်န်မှာ Happy Money လေးပေးချင်ပါတယ်ရှင့်..ကွန်မန့်မှာ နံပါစဉ်တပ်ပီး

၁.နာမည်
Kpay no
ရေးပီးချန်ထားပေးပါရှင့် …(အယောက်၂၀ပေးပါမယ်)

အားလုံးပဲ နှစ်သစ်မှာ ကျန်းမာ လှပပီး ဘဝအမောတွေ ပြေပျောက်ကြပါစေရှင့် …

#ကလေးဝ #ကလေးမြို့ #တမူး #တွံတေးမြို့ #ရန်ကုန် #မုံရွာ း
#မျက်ခုံးသင်တန်း

09/04/2026

အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းမှာ တဝဲလည်လည်ဆိုတာ အမျှင်+အမှုံ မျက်ခုံးလေး♥️

ဒီနည်းပညာမထိုးပေးဖြစ်တာကြာနေပီ ပြန်ပီး ခြစ်မယ်….ဆို…
ကျမ လက်ရာ လှနေသေးလားရှင့် ?

ကလေးဝက ဧည့်သည်လေးကတော့ မျက်ခုံးထိုးထားမှန်းတောင် မသိရဘူးနော်တဲ့

♥️Microshading နည်းပညာ ♥️

#ကလေးမြို့ #ကလေးဝ #တမူး #မျက်ခုံးတက်တူး #မျက်ခုံးသင်တန်း

07/04/2026

ကလေးဝမြို့ကိုရောက်ပါပီရှင့်..

အခု လေးလပိုင်း 8/9/10/11 နေ့ထိရှိပါမယ်နော် ..

အခု မျက်ခုံး မီနူး အသစ်လေးကတော့ ..အသက် ၁၈-၂၃ နှစ်အရွယ် အမျိုးသမီးငယ်လေးတွေ နဲ့ ယောက်ကျားလေးတွေ အတွက် Special service ဖြစ်ပါတယ်ရှင့် .

ဘိုကင်ကတော့ ပြည့်ပါတော့မယ်ရှင့် ♥️

Booking -09967152211
09798238155

#ကလေးဝ #ကလေးမြို့ #တမူး #မျက်ခုံးတက်တူး

Photos from J6 Beauty Studio's post 05/04/2026

ကိုယ့်အရမ်းရူးသွပ်တဲ့ ပညာတခုကို စတင်ပုံဖော်ရတာ ဘယ်လောက်စိတ်ခုန်ရင်တုန်ဖို့ကောင်းလဲနော်…..လက်တွေ့မော်ဒလ် စထိုးတဲ့အချိန် ရင်တွေတုန် အခုမှ မျက်ခုံးစထိုးဖူးတဲ့သူလိုပဲ..ပျော်လဲပျော်တယ်…

💚သူများကို လှအောင်လုပ်ပေးချင်တဲ့စိတ်က အဲ့လောက်တောင်နော် …

💚Hairstroke အမွှေးနဲ့ Douyin အမွှေးလေးတွေ ကွာခြားချက်ကြည့်ပါအုံး …ပုံအောက်မှာ စာရေးထားပါတယ်..ဒါကြောင့် ပြောခဲ့ပါတယ် ..super natural (သဘာဝလွန် ) မျက်ခုံးပါပဲ..

💥ဆရာနှစ်ရောက်လုံးက Xing + Pham မျက်ခုံး Pattern လှတယ်လို့ ပြောခံရလို့ ပျော်ပါတယ်..🙏💕

💚ဒါပေမယ့် ဒီနည်းပညာက ၁၈-၂၃နှစ် အတွင်း အမျိုးသမီးငယ်လေးတွေနဲ့ ယောက်ကျားလေး တွေအတွက် J6 ရဲ့အထူးဝန်ဆောင်မူ့အဖြစ် 💥Special Service 💥ဖြစ်ပါတယ်နော် …

ကျန်တဲ့ ၂၃နှစ်အထက် အမျိုးသမီးများအတွက်ကတော့ ဒီနည်းပညာနဲ့ လုံးဝ မကိုက်ညီလို့ သဘာဝအမျှင် လိုချင်တယ်ဆို Magical stroke ကို ရွေးချယ်နိုင်ပါတယ်ရှင့်…

အခုဆို Doyin look နဲ့ ပုံဖော်ဖို့ ဘိုကင်တွေ ယူထားကြပီ …ကလေးဝအမျိုးတို့ရေ လာပီနော် 💕

03/04/2026

Master ချောချော နှစ်ယောက်နဲ့ ….ဘယ်လိုတွေ TikTok ဆော့..😬🫶💕

Photos from J6 Beauty Studio's post 02/04/2026

Douyin Style Eyebrow သင်တန်း ဒုတိယ ရက်မှာ..
ဒီပုံလေးတွေဆရာနဲ့အတူ လေ့ကျင့်ရပါတယ်..

J6 ရဲ့ ဧည့်သည်တွေကို အကူအညီ တခုတောင်းပါအုံးမယ်..
ဒီပုံနှစ်ပုံမှာ ဆရာကတပုံဆွဲပြထားပါတယ်.

ပုံ(A)ပုံ(B)မှာ ဘယ်ပုံက ဆရာဆွဲထားတဲ့ပုံလဲ ဖြေပေးပါအုံးရှင့်..
ဆရာနဲ့တူဖို့ အများကြီး ထပ်ကြိုးစားဖို့ လိုသေးတာမို့ …နောက်ရက်တွေတွက် အားဆေးလေးပါ 😬💚

Photos from J6 Beauty Studio's post 01/04/2026

သင်တန်း ပထမဆုံးနေ့လေး..
ဆရာမကို ဘာတွေ မေးခဲ့လဲ?

🦠မျက်ခုံးထိုးနေစဉ်အတွင်း Oily skin မှာ ဆေးမစွဲလွယ်တာမျိုး…အရည်ကြည် အရမ်းထွက်တာမျိုး..ဆို ဘယ်လို ထိုးသင့်လဲ ?

🦠မျက်ခုံးထိုးနေစဉ် အရေပြားရဲတာ…ထိုးပီးတဲ့အခါ အရေပြားရဲသွားတာ .procedure (လုပ်ရိုးလုပ်စဉ်အတိုင်း)သွားပေမယ့် ထုံဆေးအသုံးပြုတာနဲ့ ဆိုင်လား…?

🦠တခြား သိချင်တာတွေကို မေးစရာမလိုပဲ အသေးစိတ် ပြောပြပေးသွားတာမို့…..

🦠နည်းပညာ အသစ်တိုင်းမှာ တကယ်ပဲ အသစ်တွေ ပါလာတာမို့ တစက္ကန့်လေးမှာ မလွတ်အောင်နားထောင်ရင်း

ပထမတရက်မှာတင် လုံးဝနောင်တမရတဲ့ $ 1300/ သင်တန်းပါ ..နည်းပညာအသစ်တွေကို သယ်လာပေးတဲ့ Tr နှစ်ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်♥️

Want your business to be the top-listed Nail Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. (36/A), Myittar Road, 11 Ward, South Okkalar Township
Yangon
50301