Platonic Online Shop

Platonic Online Shop

Share

Enjoy with our online shopping
Contact with chat box


Orderမှာပြီး သုံးရ?

25/12/2025

Merry Christmas all Dear 🌲🎄🌲🎄🌲🎄

31/10/2024
30/10/2024

ကလေးတစ်ယောက်အတွက် အသုံးစရိတ်ဘယ်လောက်ကုန်လဲ မေးရင်

မိခင်အပေါ်မူတည်တာပေါ့
မသေရုံလေး ကျွေးထားမလား အကုန်အကျမများဘူး တစ်ကိုယ်လုံးစိန်တွေရွှေတွေပြည့်နေအောင် ခြယ်ထားလို့ရတဲ့အထိ စုလို့ရတာပေါ့

ကလေးအသုံးစရိတ် ဗန်းပြပြီး ရွှေတွေ စုနေတဲ့ အမေတွေ အများကြီးတွေ့ဖူးတာပဲ

ကလေးအတွက် အားဆေးဝယ်ဖို့ အဟာရပြည့်အောင်ကျွေးဖို့ ထက် အလှပြင်ဖို့ အားစိုက်နေတဲ့ အမေတွေ

ကလေးပဲ ဘာစားစားရတယ် ဖြစ်သလိုကျွေးပြီး ဖြစ်သလို ကြီးလာရတဲ့ကလေးတွေ လည်း မြင်ဖူးတယ်

စိတ်ရော ကိုယ်ပါ အဟာရပြည့်အောင် စီမံမယ်ဆိုရင် ကုန်ကျငွေကို မမေးနဲ့ ကလေးအတွက်နဲ့ ကိုယ့်ကိုယ့်ကိုယ် ရပ်ထားတဲ့အမေတွေရှိတယ်

အမေဖြစ်တိုင်း အမေချင်းမတူတာ ပေးဆပ်ပုံခြင်းမတူပါ ဂရုစိုက်ပုံခြင်း မတူတာကိုတော့ လက်ခံရမှာပဲ

မွေးလာတာခြင်းတူတယ် ဒါပေမဲ့ ပေးဆပ်တဲ့အမေခြင်းတော့ ကွာပါတယ်

အမေဖြစ်တိုင်း မိခင်ကောင်းမဟုတ်သလို မိခင်တိုင်းကလည်း ပြီးပြည့်စုံတဲ့မိခင်မဖြစ်နိုင်လို့ မိခင်တစ်ယောက်မှာ ရှိသင့်တဲ့ ကျင့်ဝတ် သိက္ခါ တာဝန်ယူ တာဝန်သိတတ်တဲ့ စိတ်နဲ့ မိခင်စိတ် ယှဥ်တဲွဲ ပြီး ကိုယ့်ကလေးအတွက် အချိန်ပြည့် ကြိုးစားပေးနေတဲ့ မိခင်ဖြစ်ခွင့်ကို လူတိုင်းရွေးချယ်ခွင့်ရှိပါတယ်။

ကလေးမွေးတိုင်း အမေမဖြစ်ပါဘူး။ ကိုယ်မွေးထားတဲ့ကလေးရဲ့ ကာယ ဉာဏကို ကိုယ်တိုင် ပျိုးထောင်ခွင့် ရယူဖို့ အခွင့်ရေးရယူဖို့ ကိုယ်ကိုယ်တိုင်မလုပ်နိုင်ခဲ့ရင်တောင် ကိုယ့်ကလေးဘေးကင်းအောင် တာဝန်ယူပေးနိုင်တဲ့ မေတ္တာစိတ်ရှိတဲ့ မိခင်ရဲ့ မေတ္တာအစွမ်းကတော့ ယုံကြည်ရင် ယုံကြည်သလို ကလေးရဲ့ ဘဝတစ်လျောက်လုံးအတွက်ပါ အကျိုးရှိပါတယ်။


#နေ့စဥ်အတွက်ခွန်အား

လေးစားစွာဖြင့် ✍❤ Mommy of 3

17/10/2024

သီတင်းကျွတ်လပြည့်နေ့ 🙏🙏🙏

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပြီး ဘေးကင်းကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်

29/09/2024

📢 လှိုင်မြို့နယ်အတွင်း Liquor Store တွင် တာဝန်ထမ်းဆောင်ရန် အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

🔹Sale Supervisor (ကျား) ၁ဦး

➢ အသက် (၂၅) မှ (၃၅) နှစ်အတွင်းဖြစ်ရမည်။
➢ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရမည်ဖြစ်ပြီး Liquor အပိုင်းအတွေ့အကြုံရှိသူအား ဦးစား ပေးမည်။
➢ အရောင်းဝန်ထမ်းများအား စီမံကြီးကြပ်နိုင်ရမည်။
➢ Computer Word, Excel, Power Point, E-mail အား အသုံးပြုနိုင်ရမည်။
➢ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

🔰 Sale Staff (ကျား) ၁ ဦး

➢ အသက် (၂၀) မှ (၃၀) နှစ်အတွင်းဖြစ်ရမည်။
➢ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
➢ အရောင်းပိုင်းစိတ်ဝင်စားသူဖြစ်ရမည်။
➢ ရုည်ရည်သင့်တင့်၍ စကားပြောချိုသာပြေပြစ်သူဖြစ်ရမည်။ အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

♦️Salary - Nego (လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး ညှိနှိုင်းပေးမည်။)
♦️Allowance - Uniform & OT
♦️ဆိုင်ဖွင့်ချိန် - 9:30 AM – 10:30 PM (Morning shift, Long Shift, Evening shift ခွဲဆင်းရမည်)

☑️Liquor များ အကြောင်းကို နားလည်သူ ဖြစ်ရမည်။
☑️Good Communication Skill ကောင်းမွန်ရမည်။
☑️Good Learning Skill ကောင်းမွန်ရမည်။
☑️လုပ်ငန်းလိုအပ်ချက်အရ OT ဆင်းနိုင်ရမည်။
☑️Purchasing order တင်ခြင်း။
☑️Stock စာရင်းများလုပ်ခြင်း။
☑️ငွေစာရင်းချုပ်ခြင်း။
☑️ငွေအပ်နှံခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရမည်။
☑️Customer Service နှင့်ပတ်သက်၍ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် စိတ်မရှည်တတ်သူများ၊ သည်းမခံတတ်သူများ၊ Attitude မကောင်းသူများ လာရောက် လျှောက်ထားရန် မလိုအပ်ပါ
☑️နားရက် တစ်လလျှင် (၂) ရက် ခံစားခွင့်ရရှိမည်။
☑️ မိမိ၏ ကြိုးစားမှုအလျောက် မိမိ၏ လုပ်နိုင်ကိုင်နိုင်စွမ်း၊ အပင်ပန်းခံနိုင်စွမ်း၊ အနစ်နာခံနိုင်စွမ်းပေါ် မူတည်၍ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်သည်။
☑️အမြဲတမ်းဝန်ထမ်းဖြစ်ပြီး သတ်မှတ် လုပ်သက်နှင့်ပြည့်စုံသော ဝန်ထမ်းများသည် အောက်ပါအတိုင်းထပ်မံ၍ ခံစားခွင့်များရရှိမည်ဖြစ်သည်။
- Public Holidays
- Attendance Bonus
- Sale Bonus

⚠️ လှိုင် ၊ကမာရွတ် ၊ မရမ်းကုန်းနေထိုင်သူ ဦးစားပေးမည် ⚠️

▶️ စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Viber နံပါတ်ကို ကိုယ်ရေးရာဇဝင်အကျဉ်း၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ လိုင်စင်ဓာတ်ပုံ (၁)ပုံ နှင့်အတူ အလုပ်လျှောက်လွှာ တိုက်ရိုက်ပေးပို့ပြီး လျှောက်ထားနိုင်ပါသည်။

🔰 Viber - 09 785173524
09 5173524


vacancy

12/04/2024

သကြင်္န်အကြိုနေ့မှာ ၇ရက်သားသမီးအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကံကောင်းခြင်းတွေ နှစ်သစ်နဲ့အတူ ရရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်🙏🙏🙏

13April2024

16/09/2023

အနံ့မခံနိုင်ဘူး သောက်လိုက်ရမှအဆင်ပြေသွားတာ🤣

16/09/2023

ဒါဆို ကိူယ့်ဘာသာလုပ်နော်😁

credit

08/09/2023

ဆရာကြီးအောင်သင်းရဲ့ စကားလေး

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက

မယုံမရှိပါနဲ့

တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

"ဒါဆို သင် ရင့်ကျက်လာပြီ"
*******************
#အချစ် ဆိုတာ
ဘဝရဲ့ အစိတ်အပိုင်း
တစ်ခုလောက် ပါပဲ ဆိုတာ
တစ်ဖြည်းဖြည်း နားလည် လာခဲ့ရပါပြီ။

ဘဝ နဲ့ အချစ် မှာ
ပိုင်ဆိုင်ရမယ့် အရာတွေ၊
လက်လွှတ်ရမယ့် အရာတွေ ရဲ့
အကြောင်း တွေကိုပါ သိလာပြီ ဆိုခဲ့ပါရင်
ဒါဆို သင် ရင့်ကျက်လာပြီ။

#ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်

လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ

အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပါပြီ။

#ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိက္တဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။

#ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ်

ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

#လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်

ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

#အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။

#ဘယ်အချိန်မှာ ပြောရမယ်၊

ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး

ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ

ဒါဆို ရင့်ကျက်လာပြီ။

#အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

01/09/2023

ဟန်ဂေရီ နိုင်ငံရဲ့မြို့တော် ဘူဒါပက်စ် မြို့မှာ ဇွန်လအတွင်းကျင်းပခဲ့တဲ့ ကမ္ဘာ့ ချန်ပီယံ ရေကူးပြိုင်ပွဲမှာ အမေရိကန် နိုင်ငံက ပြိုင်ပွဲဝင် အန်နီတာ တယောက် ရေကူးကန်ကြမ်းပြင်ရောက်သည်အထိ နှစ်မြုပ်သွားခဲ့တဲ့အဖြစ်အပျက် ဖြစ်ပေါ်ခဲ့ပါတယ်။

တဖက် ကန်ဘောင်ကို လှမ်းမျှော်ကြည့်ရင်း ပေါ်မလာပဲ ကြာနေတာကို သတိပြုမိတဲ့ သူမရဲ့နည်းပြဖြစ်သူအန်ဒရီယာက ဝတ်စုံအမြန် ဝတ် ရေထဲဒိုင်ဗင်ထိုးဆင်းရင်း အန်နီတာကို ဘေးကင်းအောင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အန်နီတာက သတိလစ်မေ့မျောသွားခဲ့ပြီး သူမဘာသာ သူမ ဘေးကင်းအောင် ဘယ်လိုမှကူးခပ်နိုင်စွမ်းမရှိတော့ပဲ နှစ်မြုပ်သွားခဲ့ရတာ ဖြစ်ပါတယ်။

အကယ်၍ သူမရဲ့နည်းပြ အန်ဒရီယာသာ သတိမပြုမိခဲ့ရင်သူမ နှစ်မြုပ်ပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါပေမယ့် နည်းပြက အန်နီတာ့အကြောင်း ကောင်းကောင်းသိတဲ့အတွက် သူမ ရောက်သင့်တဲ့အချိန်ထက်ပိုကြာလာတဲ့အခါ ချက်ချင်း သတိပြုမိပြီး ကြာရှည်စဉ်းစားမနေပဲ ရေထဲ ဒိုင်ဗင်ထိုးဆင်းကာ သူမကိုကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အာရုံမှာ လာရိုက်ခတ်စေတဲ့အချက် ရှိပါတယ်။

လောကဓံလှိုင်းတပိုးအောက် မင်းအကြာကြီး နှစ်မြုပ်သွားတဲ့အခါ မင်းပြန်လည်ရုန်းထပြန်ပေါ်လာဖို့ ဘယ်သူတွေက သတိတရမျှော်လင့်နေသလဲ၊ ဘယ်သူတွေက မင်းနစ်မြုပ်သွားတာကို တကူးတက သတိပြုမိကြသလဲ၊ မင်းကိုယ်တိုင် ရုန်းကန် မကူးခတ်နိုင်တော့တဲ့အခါဘယ်သူတွေက မင်းပြန်ပေါ်လာပြီး ရှင်သန်နိုင်ဖို့ ဆင်းကယ်ကြ၊ ပံ့ပိုးကြမှာလဲ။

အဲ့လို အားကိုးနိုင်တဲ့ ၊မင်းကို တကယ် သတိပြုဂရုစိုက်တဲ့သူတယောက်ယောက်၊ကူညီ ကယ်ဆယ်ပေးမယ့်သူတယောက်ယောက်ရော မင်းဘဝမှာရှိရဲ့လား။

အကယ်၍ မင်းမိတ်ဆွေတွေထဲမှာရော သူတို့ ဒီလို လောကဓံတိုက်ပွဲမှာ ရှုံးနှိမ့် နစ်မြုပ်တဲ့အခါ မင်းက သူတို့ကို သတိတရ မျော်လင့် ၊ သတိပြု၊ ကယ်ဆယ်ပေးနိုင်တဲ့သူ၊ ပြန်ပြီး ဘဝလမ်းခရီးလျှောက်နိုင်အောင် ပံ့ပိုးကယ်ဆယ်ပေးနိုင်တဲ့ သူဖြစ်တယ်လို့ရော မင်းကို
သတ်မှတ်ကြပါရဲ့လား။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon