Nature LIFE
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nature LIFE, Yangon.
07/02/2026
ကမ္ဘာကြီးမှာ ရိုးနေပြီဖြစ်တဲ့ မြင်ကွင်းတွေက ငါတို့ဆီမှာတော့ ခေတ်မီနေဆဲ၊ အထူးအဆန်း ဖြစ်နေဆဲပါပဲလေ ဒလတံတားကြီးကလှပါတယ် ဒါပေမဲ့မကြွားကြပါနဲ့
သူများတွေ ဖြတ်သန်းခဲ့ပြီးသား ခေတ်ဟောင်းတစ်ခုကို ငါတို့ကတော့ အခုမှ အသစ်အဆန်းလုပ်ပြီး ငေးမောနေရတုန်း
ဖွံ့ဖြိုးမှုခြင်း ကွာခြားချက်က ဒီလိုနေရာမျိုးမှာ ပိုသိသာတယ် သူများဆီမှာ သမိုင်းဖြစ်နေပြီ၊ ငါတို့ဆီမှာတော့ အနာဂတ်တဲ့
နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ခေတ်နောက်ကျကျန်ခဲ့တဲ့ အမြင်တွေဖြစ်ပေမဲ့ ငါတို့အတွက်တော့ ဒီလောက်နဲ့ပဲ ကျေနပ်နေရရှာတယ်
ဒလတံတားက လှပါတယ်၊ ဒါပေမဲ့ ကမ္ဘာ့အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ငါတို့တွေ ခေတ်နောက်ကျ ကျန်ရစ်နေခဲ့တာ အတော်ကြာပြီဆိုတာ သက်သေပြနေသလိုပါပဲ #ဒလတံတား #ကမ္ဘာ့အမြင် #မြန်မာ့အမြင်
17/12/2025
ယောင်္ကျားတွေ မျက်နှာပွင့်တဲ့ လတ်ဗီးယားနိုင်ငံ
အဲနိုင်ငံမှာ ယောင်္ကျားတွေရှားလွန်းလို့ အမျိုးသမီးတွေဟာ ရည်းစားရရေး အချင်းချင်း တိုက်ပွဲဝင်နေကြရပါတယ်။ အမျိုးသမီး ၁၀၀ မှာ ၂၀ ဟာ ရည်းစားရဖို့ လုံးဝ အခွင့်အရေးမရှိဘူး။ တော်ရုံအလုပ်အကိုင်ရှိတဲ့ အမျိုးသားတယောက်ဟာ အမျိုးသမီးတွေ ဝိုင်းကြိုက်တာ ခံရနိုင်ပါတယ်။ အချို့အမျိုးသမီးတွေက သူတို့အိမ်လာနေဖို့၊ စားစရာလည်းထောက်ပံ့၊ မုန့်ဖိုးလည်းပေး၊ အလုပ်လုပ်ချင်ရင် အလုပ်ပါကူရှာပေးမယ်ပြောကာ အမျိုးသားတွေ သူတို့ဖက်ပါလာရေး မြူဆွယ်နေကြရပါသတဲ့။
ကျားမ အချိုးဟာ မတရားကွာနေတော့ အစိုးရဟာ အမျိုးသားတွေကို မယားပြိုင်ထားခွင့်ပြုရေး ဥပဒေသစ်ပြဌာန်းကာ အဆင်ပြေအောင်လုပ်ဖို့ ကြိုးစားနေရပါပြီ။ ကဲ FA ညိုကီတို့၊ မြေပုံပေါ် လတ်ဗီးယားကိုရှာပြီး ဒိုးလိုက်ကြပေတော့။ 🤣
photo: credit
28/08/2025
ခပ်ငယ်ငယ်က ကိုယ်နေတဲ့ရပ်ကွက်မှာ အိချောပိုလို တောင့်တောင့်ဖြောင့်ဖြောင့် body နဲ့ ဆော်တစ်ယောက်ရှိတယ်။
အစကအကောင်း။ ဒီတိုင်းပဲငမ်းနေတာ။ ကိုယ့်အရွယ်၀တ်တဲ့ size မှ မဟုတ်ဘဲလေ။
ဖြစ်ချင်တော့ အဲ့ဆော်ကြီးလမ်းလျှောက်သွားတာကို ဆိုက်ကားဂိတ်က ဦးလေးကြီးတွေပြောနေတာကိုကြားလိုက်တာကနေ ဇာတ်လမ်းစတာ ...
"အဲ့စော်ကြီးက ဟိုကလပ်က *ာသည်မ ကွ"
"ဟုတ်လို့လားကွ မင်းကလဲ"
"ဟုတ်တယ်ကွ မသေချာဘဲပြောမလား၊ တစ်ည ၅သောင်းနဲ့ရတယ်။ ငါ့ဆိုက်ကားပေါ်စျေးညှိတာကွာ ငါ့နားနဲ့ ဆတ်ဆတ်ကြားတာ"
ကိုယ်ကတော့ သူတို့ပြောတာနားထောင်ပြီး မျက်လုံးလေး ၀ိုင်းလို့။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ၅သောင်းဆိုတာကလည်း အခုခေတ်ဆို ၁၀သိန်းနီးပါးလောက်ရှိတာဆိုတော့ ...
အဲ့နေ့ကစ ကျတော် မုန့်လည်းမစားတော့ဘူး။ မနက်စာလည်း မစားတော့ဘူး။ ရသမျှ မုန့်ဖိုး အသားကုန်စုတာ။ ဘယ်လောက်ဆိုးလဲဆို အမေ တန်ဆောင်မုန်း ကထိန်သင်္ကန်းကပ်ဖို့စုထားတဲ့ စုဘူးကို တုတ်နဲ့ထိုးချခိုးပြီးစုတာ။ အဲ့လိုနဲ့ ၅သောင်းပြည့်တဲ့အခါကျ လူကအရိုးပဲရှိတော့တယ်။
လူကသာပိန်လိုက်လာတာ မျက်လုံးကတော့ မျှော်လင့်ခြင်းရောင်ခြည်တွေ ဖြာလင်းလို့ 😁
ငါ မမကို ၅သောင်းပေးရင် ကလေးဆိုပြီး မမက တကယ်လိုက်ပါ့မလား။ အို လိုက်မှာပါလေ ငါအလကားခေါ်တာမှ မဟုတ်တာ။ သူလည်းတန်ရာတန်ကြေးရတာပဲ ဆိုပြီး ပိုက်ဆံ ၅သောင်းကို ကျွတ်ကျွတ်အိပ်နဲ့ထုပ်ပြီး အိမ်ကနေ မယောင်မလည်နဲ့ ထွက်လာခဲ့လိုက်တယ်။
ပုံမှန်လာနေကျ အချိန်ကျော်သွားပေမယ့် မမက ရောက်မလာတော့ ကျတော် မရိုးမရွနဲ့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ ဆိုက်ကားဂိတ်က ဦးလေးကြီးတွေကို မေးကြည့်မိတယ်။
ဦးလေး ဒီအချိန်ပြန်လာနေကျ ဟိုဟာလုပ်တဲ့ မကြီးရော ဆိုတော့ ဆိုက်ကားသမားဦးလေးကြီးက ခဏစဥ်းစားပြီး
"အော် ... ဟိုဆော်ကြီးကို ပြောတာထင်တယ်။ မရှိတော့ဘူးကွ ပြီးခဲ့တဲ့တစ်ပတ်ကပဲ စီမံချက်နဲ့တိုးလို့ ထောင်ကျသွားတယ်ကြားတယ်" တဲ့။
သွားပြီ မျက်လုံးထဲ ကျတော်ဘာမှမမြင်တော့ဘူး။ ပိုက်ဆံ ၅သောင်း ထည့်ထားတဲ့ကျွတ်ကျွတ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း လည်ချောင်းထဲတစ်ဆို့ပြီး မျက်ရည်တွေနဲ့လဲကျသွားတာပဲ မှတ်မိတော့တယ်။ အတွေးထဲမှာတော့ မမက ကျတော့်ကို အာဘွားတွေပေးလို့ပေါ့ 🥹
အဲ့လိုနဲ့ .... ကျတော် ပြန်သတိရတော့ ဆေးရုံပေါ်မှာ အမေကငိုလို့။ ဆရာ၀န်ကအဖေ့ကို "ကလေးက အာဟာရချို့တဲ့နေတာ ခင်ဗျားတို့ ကလေးကို အာဟာရရှိအောင် မကျွေးဘူးလား" ဘာညာနဲ့ ဆူနေသံကြားလိုက်ရတယ်။
ဆေးရုံကဆင်းတော့ အမေ ကထိန်သင်္ကန်းကပ်မယ့်အထဲကို စုထားတဲ့ ၅သောင်း ရင်နာနာနဲ့ ထည့်လိုက်တော့ -
အဖေနဲ့အမေက ငိုသံကြီးနဲ့ သာဓုခေါ်ရှာတယ်။
"ငါ့သားသူတော်ကောင်းလေး ကထိန်သင်္ကန်းကပ်ချင်ရှာလို့ သူ့ခမျာ ငါတို့ ပေးတဲ့မုန့်ဖိုးတွေတောင် မစားရက်ဘဲ
စုထားရှာတယ်" တဲ့ 😁
ကိုယ်လည်း မသိသလိုဘဲ အဝေးကိုငေးပြီး မမ အကြောင်းပဲ တွေးနေမိတော့တယ်။
🥺🥺🥺🥺🥺🥺🥺
နှစ်တွေအများကြီးကြာပြီးမှ ပြန်တွေ့ရတဲ့ငယ်ချစ်ဦးကို
မျက်နာမမြင်ရတာတောင်မှ တန်းသိနေတာမျိုး 🩷🖤🩷💙
04/04/2025
ချစ်တဲ့သူကို
ချစ်ကြောင်းပြောထား။
ခွင့်လွှတ်ဖို့လဲ မမေ့နဲ့
ကျေးဇူးတင်ဖို့လဲ မမေ့နဲ့ ။
ဒီကမ္ဘာဟာ မနက်ဖြန်တောင်
မသေချာဘူး ။
- မယ်ညို
ခေါင်းတွေလဲ ပြုတ်ထွက်ကုန်ပါဦးမယ် 😅😅😅
05/01/2025
သူတို့ နှစ်ယောက်သာ ယူလိုက်ကြရင် ဘယ်လောက်တောင် အောင်မြင်မလဲ😁😁
ဟိုဘက်က မ လာတာ 😅
ဘယ်သူလက်ကမြင်းလိုက်တာလဲ မသိဘူး။
ခါးပိုက်နှိုက်
"ညီလေး ဒီမှာဘာညာရလား "? 🤣🥸
Click here to claim your Sponsored Listing.
Website
Address
Yangon