RELAX Facial Care & Treatment
Service
2025 နှစ်တစ်နှစ်ရဲ့အစဖြစ်တဲ့မနက်ဖန်မှစပြီး ကိုယ့်ဝါသာနာဒီအလုပ်လေးဆိုင်လေးပြန်ဖွင့်နိုင်ဖို့ကြိုးစားနေပါတယ် ချစ်သောတို့ရေ💕💕
09/06/2022
တင်းတိတ် အမဲစက်ဖြစ်ရခြင်း အကြောင်းရင်း ၃မျိုး
ဘာကြောင့် တင်းတိတ် အမဲစက်ဖြစ်ရတာလဲ❓
1️⃣ နေရောင်ခြည်ကြောင့် အပူများကြောင့်
2️⃣မျိုးရိုက်လိုက်ခြင်းကြောင့်
3️⃣ဟော်မုန်းကြောင့်
တင်းတိတ်သများအများစုက အသားရည်ခြောက်ခြင်ကြောင့်ဖြစ်ကြတာပါ
တင်းတိတ်ကို အသက် ၂၀ကျော် ၃၀နောက်ပိုင်တွေအဖြစ်များပါတယ်ရှင့်
အများစုမိန်းကလေးတွေဖြစ်ကြတာပါ
မိန်းကလေးများအသက်၂၀ကျော်တာနဲ့ ငါတင်းတိတ်စတင်ထွက်ပါပြီ
ငယ်ရွယ်မှုအသားရည်တွေလည်းစတင်ဆုံးရှုံးမှုတွေတဲ့အခါ
❗️နေရောင်ခြည်နဲ့အပူများတိုက်ရိုက်ထိတွေ့ခြင်းကြောင့်
အသားရည်ဂရုမစိုက်တဲ့အခါ စတင်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်ရှင့်
အပြင်သွားတဲ့အခါ အထူးသဖြင့် နေကာမလိမ်းခြင်းကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်
❗️တချို့တွေက တင်းတိတ်မျိုးရိုးလိုက်တာကြောင့်
ဖြစ်လာရခြင်းဖြစ်ပါတယ် မျိုးရိုးကြောင့်ဆိုရင်အစကတည်းကသတိထားပါရှင့်
အချိန်မှီ အသက်၂၀ကျော်တာနဲ့SkinCareသေချာဂရုစိုက်လိမ်းပေးရင်
ဖြစ်နိုင်ခြေနည်းသွားပါမယ်ရှင့်
❗️ဟော်မုန်းကြောင့် တင်းတိတ်ဖြစ်ခြင်း
အမျိုးသမီးများဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်းတားဆေးတွေအသုံးပြုရတဲ့
အတွက်ကြောင့် တင်းတိတ်ဖြစ်လာရပါတယ် တချို့ဆိုကိုယ်ဝန်ဆောင်နေစဉ်
တချို့ဆိုကလေးမွေးပြီးမှဖြစ်လာရခြင်းဖြစ်ပါတယ်ရှင့်
ဟော်မုန်းကျတော့ ကိုယ်ဘာနဲ့မတည့်တာလဲ အဲ့အဖြေကိုရှာရပါမယ်ရှင့်💥
ဥပမာ ထိုးတာနဲ့မတည့်ရင်မထိုးပါနဲ့ ပြောင်းစားလိုက်ပါ
ပြီးရင် Skin Care သေချာလုပ်ပါ
ဒါကြောင့် ၂၀ကျော်တာနဲ့ သေချာ ကိုယ့်အသားရည်ကိုအထူးဂရုစိုက်ခြင်းအားဖြင့်
✅Skin Care သေချာလိမ်းပေးပြီး နေ့မှာနေကာမရှိမဖြစ်လိမ်းရပါမယ်ရှင့်
✅နေကာကို မိုးရွာရွာနေပူပူ အိမ်ထဲပဲနေနေ မရှိမဖြစ်လိမ်းရပါမယ်ရှင့်
ဒါဆိုရင် သင့်ရဲ့တင်းတိတ်က ဘာကြောင့်လဲဆိုတဲ့အဖြေကိုသိပြီထင်ပါတယ်ရှင့်
✅သိသွားပြီးရင် သေချာသင့်အသားရည်ကိုပြန်လည်ဂရုစိုက်လိုက်ပါရှင့်
ဒါဆိုတဖြည်းဖြည်းနဲ့ပြန်လည်သက်သာလာပါလိမ့်မယ်ရှင့်
💥တင်းတိတ် ၁ပါတ်အတွင်းပျောက် ၁၀ရက်အတွင်းပျောက်💥
ဆိုတာများကိုအထူးဂရုစိုက်ရှောင်ပေးပါရှင့်
💥တင်းတိတ်ဆိုတာ ၁ပါတ် ၁၀ရက်နဲ့လုံးဝမပျောက်နိုင်သလို
💥လုံးဝအရှင်းမပျောက်နိုင်ပါဘူးရှင့်
✅တင်းတိတ်သက်သာအောင်
✅ထပ်မပွါးနိုင်အောင်ပဲ လုပ်လို့ရပါမယ်ရှင့်
🙏အားလုံးတင်းတိတ်ကြောင့် အလှတရားများမပျက်ကြပါစေနဲ့ရှင့်
စေတနာများစွာဖြင့်
#တင်းတိတ်
#မှဲ့ခြောက်
#အမဲစက်
06/05/2022
ကဲ....မန့်ချင်တာ မန့်ကြပါ...
Reply ပြန်တာ မခံရတဲ့သူကို ဖုန်းဘေ
5000 ထည့်ပေးပါမယ်ရှင်.....😍😍😍
7.5.2022 to 9.5.22 ည၁၀နာရီReply မပြန်ရသူထဲက
၂ယောက် ကို မဲနှိုက်ပြီး ဘေလ်5000ထည့်ပေးမယ်နော်
23/04/2022
#ဝက်ခြံဘာလို့ထွက်တာလဲ၊ဘာတွေ ရှောင်ရမလဲ....
ဝက်ခြံ ထွက်ရခြင်း အကြောင်းအမျိုးမျိုးရှိပါတယ်။
🍄(၁) အဆီပြန်သော အသားအရေ
🍄(၂) ချွေးပေါက် တွေကို အဆီတွေ၊ဆဲလ် အသေတွေနဲ့ ပိတ်နေခြင်း
🍄(၃) ဟော်မုန်း အပြောင်းအလဲ
🍄(၄) စိတ်ဖိစီးမှု များခြင်း
🍄(၅) Steroid ပါတဲ့ Creamတွေ စွဲလိမ်းမိခြင်း (ဥပမာ-skineal,Tennovate) စျေးကွက်ထဲ တချို့မျက်နှာလိမ်း cream တွေမှာလဲ steroid ပါနိုင်။ဒီအချက်အလက်တွေကြောင့် ဝက်ခြံထွက်နိုင်ပါတယ်။
#ဝက်ခြံအမျိုးအစား(၇)မျိုး
🍂(၁)whiteheads-အဖြူဆံလေးတွေပါ။ သေးငယ်ပြီး အရေပြားအောက်မှာရှိပြီး ညှစ်လိုက်မှသာ အဖြူဆံ လေးတွေထွက်လာတာပါ။
🍂(၂)Blackheads-အနက်ရောင် အဆံလေးတွေ ကြည့်ရင် မြင်ရပါတယ်။
🍂(၃)Papules-သေးငယ်ပြီး အပန်းရောင်အဖုလေးတွေပါ။
🍂(၄)Pustules-အောက်ခြေမှာ အနီရောင်ရှိပြီး အပေါ်မှာ ပြည်ဖုလေးရှိပါတယ်။
🍂(၅)Nodules-အရွယ်အစားကြီးမယ်။အမာ အခဲလေးဖြစ်နေပြီး နာပါတယ်။ညှစ်ထုတ်လို့မရပဲ အရေပြားရဲ့အတွင်းထိ နစ်မြှပ်နေပါတယ်။
🍂(၆)Cysts-နာပါတယ်။ပြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။
#ဒါဆိုဘာတွေရှောင်ပြီး ဘာတွေဆောင်ရမလဲ......
❌(၁)အချိုလျှော့စားပါ။ရေများများသောက်ပါ။စိတ်ကို အနားယူပါ။စောစောအိပ်ယာဝင်ပါ။နှစ်ခြိုက်စွာအိပ်ပါ။
❌(၂)whitening ပါတဲ့ အလှကုန်တွေ ရှောင်ပါ။
❌(၃)အဆီပါတဲ့ မိတ်ကပ်ရှောင်ပါ။
❌(၄)ကျွန်တော်တို့နေ့စဉ် ဖုန်၊အညစ်အကြေးတွေ ကပ်နေတတ်တာမို့ ညအိပ်ယာဝင်တိုင်း မျက်နှာသစ်ပါ။
❌(၅)တစ်နေ့ မျက်နှာ ၂ ခါထက်ပို မသစ်ပါနဲ့။မျက်နှာသစ်ကိုလဲ ဓာတုဗေဒ ပစ္စည်း ပါတာ နည်းတာ သုံးပါ။
❌(၆)ဝက်ခြံတွေကို မညစ်ပါနဲ့။
❌(၇)မျက်နှာ ကို ခနခန မကိုင်ပါနဲ့။
❌(၈)ခေါင်းလျှော်ပါ။ခေါင်းအုံးအဖုံးလဲပါ။မျက်နှာသုတ် လျှော်ပါ။
18/12/2021
MICELLAR WATER လုံးဝ Thail made စစ်စစ်လေးကို
စျေးသက်သက်သာသာလေးနဲ့ရောင်းပေးတာပါရှင့်🤩
# # အများခေါ်ဝေါ်က မိတ်ကပ်ဖျတ်ဆေးပေါ့
မိတ်ကပ်လိမ်းထားမှ သုံးရမှာမဟုတ်ပါဘူးရှင့်
ညအိပ်ယာ မဝင်ခင် မျက်နှာမသစ်ခင် cotton padsလေးထဲကို MICELLAR WATER လေးထည့်ပြီး မျက်နှာအနှံ ညင်သာစွာ ပွတ်ကြည့်လိုက်တာနဲ့ Aww သင့်မျက်နှာပေါ်မှာ လေထုထဲက ဖုန်မှုန့်နဲ့ ဘက်တီးရီးယား တွေအာလုံးကို ချက်ချင်းသန့်စင်ပေးသွားမှာပါ ....
# #ပန်းရောင်လေးက တင်းတိတ်/မှဲ့ခြောက်/အသားဖြူချင်သူနဲ့အသားလျော့တွဲသူများတွက်
# #အစိမ်းရောင်လေးက ဝက်ခြံနဲ့ Sensitive သမားတွေတွက်
😳😳😳အရမ်း အရမ်းတန်တဲ့ စျေးနှုန်းလေးပါ
မြန်မာငွေကျပ်နဲ့ တစ်ဗူးကိုမှ 10000ကျပ်ပါရှင့်
ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ စနစ်လေးနဲ့ ပို့ပေးပါတယ်ရှင့် # # #☎️☎️☎️09428801090 hello လိုက်နော်
17/12/2021
ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့‼️‼️‼️‼️
❌◾- သနပ်ခါး မလိမ်းပါနဲ့။
❌◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
❌◾- ပင်လယ်စာ မစားရ။
❌◾- နို့ထွက် ပစ္စည်း မစားရ။
❌◾- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
❌◾- အချိုများသော အစားအစာများ မစားရ။
❌◾- ဝက်ခြံကို မညစ်ပါနဲ့။
✅◾- အိပ်ရေး ၀၀ အိပ်ပါ။
✅◾- ရေများများ သောက်ပါ။
✅◾- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။
' သင့်ရဲ့ အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
မူရင်းရေးသားသူ
19/10/2021
🙏🙏🙏
13/09/2021
ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။
(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။
(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။
အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။
Crd - ဒေါက်တာအေးမင်းထူး
08/07/2021
👩မိန်းကလေးတစ်ယောက် Skin Care မသုံးတဲ့ အကြောင်းရင်း(၃)ရပ်
1 အခြေအနေခွင့်မပြုတာ
2 သုံးဖို့ နှမြောတာ
3 ပြင်ရဆင်ရမှာကိုပျင်းရိတာ
👱♀️မိန်းကလေးတစ်ယောက် Skin Careတွေသုံးတဲ့ အကြောင်းရင်း(၃)ရပ်
1 အခြေအနေလည်းခွင့်ပြုတယ်
2 အတွေးကောင်းတွေးတတ်တယ်
3 ကိုယ့်ကိုလည်းချစ်တယ်
🙍ဆယ်နှစ်ကြာမှာတော့ ဒီမိန်းကလေး ( ၂ )ယောက်ရဲ့ ကွာခြားချက်က
တစ်ယောက်က အသက်ပါမှန်းလို့ခက်အောင်အရွယ်တင်နုပျိုပြီးတော့
နောက်တစ်ယောက်က အသက်အရွယ်နဲ့ မလိုက်အောင်အိုမင်းရင့်ရော်နေမှာပါ
အပေးရှိမှ အယူရှိမှာနော်~
မိန်းကလေးတစ်ယောက်လှဖို့ ဆိုတာ ပေးဆပ်ရတယ်နော်
ငွေဆိုတာပြန်ရှာလိုရပါတယ်။
မျက်နှာကတော့ လဲလို့ရဘူးနော်
ကဲ ဘယ်လိုမိန်းကလေးမျိုးလုပ်မယ်ဆိုတာ ကိုယ်ကိုတိုင်ပဲရွေးချယ်ရမှာနော်
တခုတော့သတိပြုစေချင်တယ်
Skincareမလုပ်ခဲ့ဘဲနဲ့တော့ဘယ်တော့မှအရွယ်မတင်ဘူးနော်...
Crd
13/05/2021
ကိုဗစ်ကြောင့်ဆိုင်ပိတ်ခဲ့ပါတယ်
ယခုအကြိမ် ကိုစစ်ကြောင့်
လတ်တစ်လောအခြေနေအရ ဆိုင်ပြန်မဖွင့်နိုင်သေးလို့ Customer အဟောင်းအသစ် မိတ်ဆွေအားလုံးကို တောင်းပန်အပ်ပါတယ် Home Service ကိုတော့ မြို့နယ် အခြေနေပေါ်မူတည်ပြီး Service လာပေးပါတယ်ရှင့်🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No-57, 4 Floor, Human Ya Wai Street, Kyaikasan Ward, Bahan Township
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |