Mon Mon Cosmetic Online shop and Makeup artist

Mon Mon Cosmetic Online shop and Makeup artist

Share

🇺🇸 USA မှတင်သွင်းသော cosmetics & skincare များကို 💯authentic ဖြစ်ကြောင်းအာမခံပြီး ရောင်းချပေးပါတယ်ရှင်။

Photos from Mon Mon Cosmetic Online shop and Makeup artist's post 26/09/2026

Preorder post လေးပါရှင် 💛💛
✨Forever N**e Matte and Radiant Filter Blurring Setting Powder✨

USA Macy’s မှာ Dior ရဲ့ နာမည်ကြီး Cushion ပုံစံအိတ်လေးနဲ့ လာတဲ့ Setting Powder အသစ်စက်စက်လေး အခုချိန် ဝယ်ရင် 15% off discount ရမှာနော် ။

📝 price -265,000
✈️Directly from USA 🇺🇸
💯 authentic
🔆Waiting time - 8 to 12 weeks

Cargo စောင့်နိုင်မှ ယူပေးပါရှင် 🙏🏼

မျက်နှာပေါ်က ချွေးပေါက်တွေကို အကောင်းဆုံး Blurring လုပ်ပေးတယ်။ Matte ဖြစ်ပေမယ့် လည်း မျက်နှာတစ်ခုလုံးကို ဖုံဖုံ ပိတ်ပိတ် ခြောက်ခြောက် ကြီး လုံးဝ မဖြစ်သွားစေပဲနဲ့ Radiant Filter ပါဝင်လို့ Glow တဲ့ Effect လေးပါ တစ်ပြိုင်တည်း ရစေမှာပါ။

အပြင်မှာ ပါးပါး ကျစ်ကျစ်ကလေးနဲ့ အိတ်ထဲဆောင်ထား သယ်သွားပြီ လည်းလေ
ကိုယ်လိုအပ်တဲ့ အချိန် မှန်ထုတ်ကြည့်ရင်လည်း ပုံစံလေးက Luxury ဆန်ပြီး အရမ်းလှပါတယ်။ 😍

အရောင်အားဖြင့်
✨00 Luminescent (အရောင်မပါ ၊ အသားအရောင် အကုန်ရ)
✨01 Fair ( အသားအရမ်းဖြူသူကိုမှ ပန်းရောက်ဖက်ဖောက်သူ)
✨02 ( အသားဖြူသူကိုမှ အဝါဘက်ဖောက်သူ)
✨03 ( အသားလတ် / ညို အကုန် ရ)
✨035 ( အသား အရမ်းညိုသူ)

Photos from Mon Mon Cosmetic Online shop and Makeup artist's post 25/09/2026

Preorder post လေးပါရှင်။ USA Macy’s website ကနေ တိုက်ရိုက် ဝယ်ပေးမှာပါ။ cargo ကြာချိန်လေး စောင့်နိုင်မှ မှာယူပေးပါရှင်။ 🫶🏻🫶🏻🫶🏻

✨ 𝐂𝐇𝐀𝐍𝐄𝐋 𝐂𝐨𝐂𝐨 𝐌𝐚𝐝𝐞𝐦𝐨𝐢𝐬𝐞𝐥𝐥𝐞 𝐂𝐫𝐮𝐬𝐡 𝐀𝐛𝐬𝐨𝐥𝐮 ✨ (New Launch 2026) 🤎Chanel ကနေ August လမှာ လတ်တလောမှ အသစ်စက်စက် ထွက်ရှိထားတဲ့ New Collection လေး ကို ရန်ကုန်အရောက်စျေး လေးတွေပါရှင်။

💛100ml -1,111,900

💛50ml- 909,000

💯 authentic
Waiting time- 8 to 12 weeks
💰Preorder- half prepaid
✈️Directly from USA 🇺🇸

20/09/2026

Mon Mon the beauty store မှာ ယုံ ယုံ ကြည်ကြည်နဲ့ Rare Beauty Lip oil တွေ အများကြီး အားပေးသွားတဲ့ makeup artist ချောချောလေး May Rose 🌹 ကို ကျေးဇူးအရမ်းတင်ပါတယ် ရှင်။

Photos from Mon Mon Cosmetic Online shop and Makeup artist's post 19/09/2026

မျက်နှာသစ်ပြီးတာနဲ့ တစ်ဆင့်ချင်း လိမ်းရတဲ့ Skincare တွေရဲ့ အာနိသင်ကို အသားထဲ ပိုစိမ့်
ဝင်အောင် လမ်းဖွင့်ပေးရုံမကပဲ ..ဒီ Fresh Kombucha Facial Treatment Essence ကလေ အချဉ်ဖောက်ထားတဲ့ လက်ဖက်ရည်ကြမ်း) နဲ့ ပြုလုပ်ထားတဲ့ အတွက်
အရေးအကြောင်းတွေကိုလည်း သက်သာပြီး နုပျိုကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရမယ် ✔️

ချွေးပေါက်ကျယ်နေတာတွေကိုလည်း သိသိသာသာ ကျင်းပေးပြီး အချိန်ကြာတာနဲ့အမျှ ချောမွေ့နူးညံ့သော မျက်နှာကိုပိုင်ဆိုင် စေရမယ် ✔️

ဝက်ခြံတွေ၊ အဆီဖုတွေ ၊နှင့် အမဲစက် အမာရွတ်တွေကိုလည်း သိသိသာသာ လျော့နည်းသက်သာစေတယ်✔️

Skincare သုံးရတာ ထိရောက်မှုမရှိဘူး ထင်နေရင် ဒါလေး ခံလိမ်းကြည့်ပါနော်။ နောက်ကလိမ်းတဲ့ Serum တွေ အာနိသင် တရှိန်ထိုး တက်လာလိမ့်
မယ်ရယ်။ 😉

မွန်ဆီမှာလေ 250ml နှင့် 150ml ဗူးကြီးsize တွေ Instock ပြန်ဝင်ထားပါတယ်ရှင်။ စောင့်စရာမလို ခုချက်ခြင်း သုံးချင်တယ်ဆိုရင် မွန်ဆီမှာ မှာယူလို့ရပါတယ်ရှင် ။ 💛💛

Exp6/2027
✨price 250ml -439,000
✨price 150ml -339,000


from USA 🇺🇸
💯authentic

Photos from Mon Mon Cosmetic Online shop and Makeup artist's post 14/09/2026

✨Rare beauty soft pinch matte bouncy blush ✨ သူ့ရဲ့ normal price က 150,000 ရှိပါတယ်ရှင်။ မွန်က set ထဲကနေခွဲရောင်းပေးမှာ ဖြစ်လို့ price ➡️84,500 (full size )ပါ။ ဘူးခွံလေးတော့ မပါ ပါဖူးရှင်။

အေးမြတဲ့ ပန်းနှင်းဆီရောင် အရင့်ဖက်လေး
ကိုမှသွားတာကြိုက်တဲ့ သူတွေအတွက် ဆို Worth လေး နဲ့ အရမ်းအဆင်ပြေပါတယ်ရှင်။ 💗💗

Cream-to-Powder Texture အမျိုးအစားထဲမှာ ပါပါတယ်ရှင်။

လက်ကလေးနဲ့ ထိလိုက်ရင်ကို အိအိလေးနဲ့ (Putty touch) ဖြစ်ပြီး ပါးပေါ်တင်ပြီး Blend လုပ်ရတာ အရမ်းလွယ်ကူပါတယ်။

လိမ်းပြီးရင်လည်း Powder အဖြစ် ပြောင်းသွားပြီး Matte Finish ပေးပါတယ်။
ပါးပေါ်မှာလည်း ပြောင်ပြောင် လင်းလင်းထင်းထင်း ကြီးမဖြစ်ဘဲ ညက်ညက်ကလေး ဖြစ်သွားစေပါတယ်။


from USA 🇺🇸
💯 authentic

Photos from Mon Mon Cosmetic Online shop and Makeup artist's post 13/09/2026

General knowledge 💛💛

September မှာ အသစ်ထွက်ရှိထားတဲ့ Dior glow up skin tint foundation လေးကို ဘယ်လိုလူတွေဝယ်သင့်သလည်း ၊မဝယ်သင့်သလည်းဆိုတာကို မွန်
သိသောက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 🫶🏻🫶🏻

Skin tint foundation ကလေ skin glow foundation ထက် မိက်ကပ်သားပိုနည်းပြီး သူ့ရဲ့ မိက်ကပ် အရည်ကျဲကျဲလေးကလေ မျက်နှာပေါ်ကို တင်လိုက်တာနဲ့ တစ်ကယ့်ကို ပါးပါး ကြည်ကြည် look ကို ရစေတယ်။ မိက်ကပ်သား အရမ်းမပါတာကို မှ ကြိုက်တဲ့သူတွေအတွက်ရယ်၊ ကိုယ့်ရဲ့မျက်နှာအသားအရေကလည်း လုံးဝperfect ပစ်မျိုးမှဲ့မထင် ရှင်းသန့်ကြည်လင်နေတဲ့ အသားအရမျိုးပိုင်ဆိုင်ထားတယ်ဆိုရင်လေ ပိုပြီးသင့်တော်ပါတယ်။ Skin tint foundation ဖြစ်တဲ့အတွက် coverage ကောင်းကောင်းတော့ သူ့ဆီကနေရမှတော့ မဟုတ်ပါဖူးရှင်။

✏️Skin tint foundation မှာ

✨အသားအရေကို ၂၄ နာရီပတ်လုံး ခြောက်သွေ့မှုမရှိဘဲ စိုပြေနေအောင် လုပ်ဆောင်ပေးပါမယ့် Hydrating Tinted Moisturizer ပါဝင်တယ်။

✨အသားအရေကို တင်းရင်းစေပြီး နုပျိုစိုအိဝင်းပတဲ့ Glow look ကို ရရှိစေမယ့် Fragmented Collagen ပါဝင်တယ်။

✨နေ့ဘက် အပြင်ထွက်တဲ့အခါမှာလည်း ခရမ်းလွန်ရောင်ခြည် (UV rays) ဒဏ်ကနေ အလယ်အလတ်အဆင့် ကာကွယ်ပေးမယ့် SPF 20 ပါဝင်ပါတယ်။

Full coverage , medium coverage မှလိုချင်သူတွေအတွက်တော့ ဒီ tint foundation လေးကို အားမပေးပါဖူးရှင်။ ကိုယ့်မျက်နှာပေါ်မှာရှိနေတဲ့ မျက်ကွင်းညို၊အမဲစက် သေးသေးပိစိကွေးကွေးလေးတွေ ပါဖုံးချင်တယ်ဆိုရင်တော့ ဒီ tint foundation လေးက ဘယ်လိုမှ cover လုပ်ပေးနိုင်မှာ မဟုတ်ပါဖူးရှင်။

သို့သော်လည်း skin tint မှ skin tint ပဲဝယ်သုံးချင်တယ်ဆိုရင်တော့ ကိုယ့်မှာ ရှိတဲ့ Concelar ကို အပေါ်ကနေပဲ ထပ်သုံးမလား ဒါမမဟုတ် foundation နည်းနည်း ထူတာလေးကိုပဲ ရော်နှောပြီး ထပ်လိမ်းမယ်ဆိုရင်တော့ မိမိလိုချင်တဲ့ coverage နည်းနည်းအထူလေးတော့ ရသွားမယ်ရှင့် ။

Skin tint foundation က လေ Dewy makeup look ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဆို လုံးဝကို perfect ပါနော် ။ ဝယ်ကို ဝယ်သုံးသင့်ပါတယ် ရှင်။

ဖန်ပုလင်းပုံစံ မဟုတ်ပဲနဲ့ သူ့ရဲ့ဘူးခွံ new design လေးကလည်း လုံးလုံး ပိစိလေးနဲ့ အရမ်းမကြီးတော့ အိတ်ဆောင်အနေနဲ့ပါ ကိုယ်ဘယ်နေရာသွားသွား ပေါ့ပေါ့ပါးပါး ထည့်သွားလို့ရအောင် ထုတ်ပေးထားတ
တာကလည်း သူ့ရဲ့ဝယ်သူတွေအပေါ်ထားတဲ့ စေတနာလေးတစ်ခုလို့ပြောရမှာပေါ့ရယ်။ 🥰🥰
🫶🏻🫶🏻🫶🏻

Photos from Mon Mon Cosmetic Online shop and Makeup artist's post 12/09/2026

✨ ပါးပြင်လေးကို သဘာဝအတိုင်း ဖူးဖူးကြည်
ကြည်နဲ့ ပြောင်ပြောင်ဝင်းဝင်း လေးနဲ့ Glow သွားစေမယ့် Rare Beauty ရဲ့ Luminous Powder Blush ✨ လေးပါရှင်။

Blush လေး ကိုမှ Matte type မဟုတ်ပဲ
ခပ်ပါးပါးလေးနဲ့ ပြောင်ပြောင်လေးပါတာ ကိုပဲ လိုချင်သူများအတွက်က ဒါလေးက လုံးဝ perfect ပါနော် 🥰🥰

Rare Beauty ရဲ့ နာမည်ကြီး Liquid Blush နဲ့ Highlighter ကို ပေါင်းစပ်ထားသလိုမျိုးလေးပဲ
သူ့ powder blush texture လေးကလည်း နူ့းညံ့အိစက်ပြီး ဖွဖွကလည်းမျက်နှာပေါ်တင်လိုက်နဲ့ ပါးပြင်လေးကို ဝင်းပစိုပြေပြီး သဘာအတိုင်း လေးပဲ ကြည်လင်တောက်ပသွားမှု့အေးတယ်။ အမှုန်ကပ်တာမျိုး လုံးဝမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ မျက်နှာပေါ်မှာ တနေကုန် ခံပါတယ်။

🌸 Hope - မျက်နှာလေး ကိုကြည့်လိုက်တာနဲ့ နူးညံ့ပြီး ချစ်စဖွယ် မိန်ကလေးတစ်ယောကိုလို ပေါ့ပါးလန်းဆန်းပြီး fresh look လေးကိုကြိုက်ရင် ပန်းရောင် နုနုလေး
👉Hope လေးကိုယူပါရှင် ။

🍂 Love အရောင်က နွေးထွေးတဲ့ Warm Tone ဘက်သွားတာကြောင့်လေ ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှု့ ရှိပြီး ညိုစိုစို ဘက်သွားတာ ကြိုက်တဲ့သူဆို ယူပါနော် ။ စတိုင်ကျကျ Glam ဖြစ်တဲ့ Look မျိုး ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ အရောင်လေးပါပဲရှင်

အပြင်အရောင်လေးကို video လေးရိုက်ပြီး ကော်မန့်မှာ ပြပေးထားပါတယ်ရှင် 🫶🏻🫶🏻🫶🏻

✏️price- 124,000

from USA 🇺🇸
💯authentic

Photos from Mon Mon Cosmetic Online shop and Makeup artist's post 10/09/2026

ဒီကနေ့မှာတော့ Hourglass ချည်း ကတော့
new limited edition Love ဆိုတဲ့ နာမည်နဲ့ Sephora မှာ ထွက်ချလိုက်ပါပြီနော် ။

စျေးများလို့ ဟင့်အင်း ဟင့်အင်း မဝယ်ချင်ဖူးဆိုပေမဲ့လည်း ငါ့ကို ဝယ်ပါ ဝယ်ပါ ဆိုပြီး ဆွဲဆောင်မှု့ ရှိအောင် ဖန်တီးပေးထားသော packing ရွေရောင်လေးကလေ မျက်လူံးထဲကနေ မထွက်အောင် ဖန်းစားထားနိုင်တဲ့ Love စာသားလေးပါ ထည့်ပေးထားပေးတယ်ကွယ်။ 🥰🥰

စျေးလေးကလည်း နာမည်လိုက်
အောင် အရမ်း ချစ်ဖို့ကောင်းပါတယ် ရှင် 🤭

အရင်တစ်ခါတုန်းကလို ရွေးရမခက်အောင်
အရောင် ရင့်တာလေး သုံးချင်လား ၊ နုတာလေး ပဲ သုံးချင်လား ဆိုပြီး ကောင်မလေးတွေရဲ့
စိတ်ကြိုက် ရွေးရမခက်အောင် ဖန်တီးပေးထားတာ တွေ့ရတယ်ရှင့် ။ 🥰🥰

ချစ်သူကောင်မလေး တွေအတွက်ဆိုရင်လည်း လက်ဆောင်ပေးလို့ အရမ်းလှတယ်ရှင့် ။ Love ဆိုတဲ့ စာသားလေးကလေ ဘယ်လောက်တောင် romance 💝 ဖြစ်လိုက်လည်းကွယ်။

Photos from Mon Mon Cosmetic Online shop and Makeup artist's post 09/09/2026

ဝက်ခြံအရမ်းထွက် ၊ အဆီဖု အရမ်းထွက် နှင့် အဆီပြန် ပြီးချွေးပေါက်တွေအရမ်းကျယ် နေတယ်ဆိုရင်လေ ✨ 🌼 Kiehl's Calendula Set (Face Wash & Toner) လေးကို စမ်းသုံးကြည့်ပါနော် ။
မွန်ကတော့ Kiehl’s ထွက်သမျှ series ထဲမှာ ဒါလေးကို အရမ်းကြိုက်တယ်၊ မွန်လည်း သုံးတယ်ရယ်။

Kiehl’s ထွက်သမျှ series ထဲမှာ ဒီ series ကလေ အရမ်းပေါက်ပြီး အရမ်း နာမည်ကြီးပါတယ်ရှင်။ 🥰🥰

Alcohol လုံးဝမပါဝင်တာကြောင့်လေ သုံးပြီးရင် အသားခြောက်ကပ်သွားတာမျိုး မရှိဘဲ၊ အရေပြားအတားအဆီး (Skin Barrier) ကို ပိုမိုပြီး နူးညံ့ အိစက်စေပါတယ်။ 💛💛

Sensitive Skin သမားတွေ၊ အသားအရေ နုနယ် ပြီး အထိမခံသူများ ပါ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

မွန် set ထဲကနေ ခွဲရောင်းပေးမှာ ဖြစ်ပါတယ်ရှင်။

✏️Face wash 230ml- 166,000
✏️Toner 250ml - 166,000


from USA 🇺🇸
💯authentic

Telephone

Website

Address


Building 25, Nilar Street, 1 Quarter, Kamayut Township
Yangon
11041

Alerts

Be the first to know and let us send you an email when Mon Mon Cosmetic Online shop and Makeup artist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.