Beauty For U
ဘ၀အတြက္အေထာက္အကူရေစရန္
08/01/2023
စီးပွားရေးလုပ်ငန်း တိုင်းက အနာဂတ်ပေါ် လောင်းကြေးထပ်တာပါပဲ။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခု ..အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာပေမယ့် ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့အချိန်ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် အလုပ်ထွက်ပြီး အလုပ်အကိုင် တစ်ခု ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် မိသားစု အချိန်တွေ ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် ကျန်းမာရေး ကို လောင်းကြေးထပ်လိုက်ရတယ်။
သေချာတာကတော့ ..
ဘာလုပ်ငန်းပဲ လုပ်လုပ် ကိုယ်စတင်လိုက်တဲ့လုပ်ငန်း အတွက်၊ အနာဂတ်မှာ ကောင်းလာနိုင်ရဲ့ ဆိုတဲ့အတွေးနဲ့ယုံကြည်မှု အချို့တစ်ဝက် ကို အနာဂတ် အပေါ် လောင်းကြေးထပ်လိုက်ရတယ်။
ဒါကြောင့် .. စီးပွားရေးလုပ်ပြီ ဆိုရင် အနာဂတ်ပေါ် လောင်းကြေးထပ်ရဲ ရမယ်။
Netflix ဆိုတဲ့ .. ဗွီဒီယိုတွေကို အင်တာနက်အသုံးပြုကြည့်လို့ရတဲ့ လုပ်ငန်း တစ်ခု ၁၉၉၇ ခုနှစ်မှာ စတင်ခဲ့တယ်။ ထူးခြားတာက အဲဒီအချိန်မှာ အင်တာနက်ဆိုတာ Modem တွေပဲ သုံးတဲ့ခေတ်။ အင်တာနက်ကအရမ်းနှေးပြီး 2.8 k speed ပဲ ရှိသေးတယ်။ HD ဗွီဒီယိုကားတစ်ကားက ပျမ်းမျှ 40 G လောက်ရှိတယ်။ အဲဒီ အင်တာနက်နုန်းနဲ့သာ ဗွီဒီယိုကြည့်ရရင် ဇာတ်ကားတစ်ကားကြည့်ဖို့ (၄) လလောက် ကြာမယ့်သဘောရှိတယ်။ Netflix ဆိုတဲ့လုပ်ငန်းအလုပ်ဖြစ်စရာအကြောင်းမရှိဘူး။ လုပ်ငန်းလုပ်ဖြစ်စရာအကြောင်းလဲ မရှိဘူး။
ဒါပေမယ့် လုပ်ငန်းတည်ထောင်သူတွေက အနာဂတ်မှာ အင်တာနက်တွေ ပိုကောင်းလာမယ်လို့ယုံကြည်တယ်၊ အဲဒီ ယုံကြည်မှု ကိုလဲ လောင်းကြေးထပ်ရဲကြတယ်။
ယနေ့မှာ လုပ်ငန်းတန်ကြေး $251 ဘီလီယံ တန်ဖိုးရှိနေပြီ။
ဒါကြောင့် .. စီးပွားရေးလုပ်ပြီ ဆိုရင် ကိုယ်ယုံကြည်မှု အတိုင်း အနာဂတ်ပေါ် လောင်းကြေးထပ်ရဲရမယ်။
ကျွန်တော်တို့အားလုံးမှာ စီးပွားရေးလုပ်ငန်း နဲ့ပတ်သတ်ပြီး အတွေးအကြံ နဲ့ ယုံကြည်မှု ကိုယ်စီ ရှိကြတယ်။ အဲဒီ ယုံကြည်မှုကို ကိုယ့်မှာ ရှိတဲ့ ငွေကြေး၊ အချိန်၊ လုပ်အားတွေနဲ့အနာဂတ်ကို လောင်းကြေးထပ်နေကြရတာပါပဲ။
အနာဂတ် ကို အဆိုးမြင်နေသ၍ လောင်းကြေးထပ်ရဲမှာ မဟုတ်ပါဘူး။
ဘာတွေဖြစ်လာမယ် ဆိုတာ ဘာမှ မသေချာပေမယ့် ..
စီးပွားရေးလုပ်နေပြီဆိုမှ တော့ .. အနာဂတ် ကို မရဲတရဲ မဝံ့တဝံ့ နဲ့လောင်းကြေးထပ် နေရတာပါပဲ မဟုတ်လား။
ဒါကြောင့် .. ကိုယ်ထပ်မယ့်လောင်းကြေးနဲ့တန်အောင် ..
အနာဂတ် ဆိုတာကြီးကို လုံးလုံးလျားလျား အကောင်းမြင်ဖို့ကလွဲလို့အခြားရွေးစရာလမ်းမရှိတော့ဘူး .. မိတ်ဆွေ။ ။
#မာသင်
In Search of Impactful Existence
19/03/2022
14/03/2022
THANKS😂
12/03/2022
လက်ရှိအခြေနေ😂😂
EPC
26/02/2022
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ
ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်
**************************
၁- ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ
အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း
(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို့ ဖေါ့ဘူးတွေတစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်
၂-ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမိုဆိုးရွာစေပါသည်။
၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကိုဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာသုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို ရှောင်ကြဉ်သင့်ပါတယ်။
၄-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသောအဆိပ်မှုန့်ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ အမွှေးတိုင်များသည်လည်းခြင်ဆေးခွေကဲ့သို့ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။
၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေသည်။
ထို့အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။
၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်
ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကိုဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။
၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့်များ
သည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်တင်သွင်းသော နှို့မှုန့်များနှင့်၎င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။
၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့်အစား
အသုံးပြုသော Creamer မှာ မလေးရှားတွင်
စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကို
တရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့်နေအောင်ကြိတ်ပြီး
Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန့်များသည် သွေးတိုးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။
၉- အချို့သော အသီအနှံများတွင် လူသေကောင်
မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။
၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်
၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ကိုစားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာအစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာ အမျိုးမျိုးကို ဖြစ်ပွားစေသည်။
မြန်မာနိုင်ငံစားသုံးသူ
ကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှ
အချို ့ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။
ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
Credit - ဓမ္မ သုတ ရသ စာပေ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon