Nilar Derma Beauty
health and beauty.
29/07/2026
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)
ယနေ့ နေ့ထူးနေ့မြတ်မှာ ကောင်းမှုကုသိုလ်များ ဆောက်တည်နိုင်ကြပြီး စိတ်၏အေးချမ်းခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်းများ ရရှိကြပါစေရှင်။ 🙏
နီလာဆေးခန်းမိသားစုမှ တောင်းဆုပြုပါတယ်ရှင်။ 🙏
29/06/2026
Skin diseases presenting with white patches on skin
19/06/2026
ညှင်း (Pityriasis Versicolor) ဆိုတာ အရေပြားပေါ်မှာ ရှိနေကျ မှိုတစ်မျိုး (Malassezia) လွန်ကဲစွာ ပွားများလာလို့ ဖြစ်ရတဲ့ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။
✅သိထားသင့်တဲ့ အချက်အလက်များ
✅ လက္ခဏာများ: ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ ပိုဖြစ်တတ်ပြီး ရင်ဘတ်၊ ကျောကုန်း၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ အဖြူကွက်၊ အညိုကွက် လေးတွေအနားသတ်ထင်ထင်ရှားရှားနဲ့ ပေါ်လာတတ်ပါတယ်။
တစ်ခါတရံ အနည်းငယ် ယားယံပြီး အကြေးခွံလို အရေပြားအဖတ်လေးတွေ ကွာကျတတ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ခုခံအားကျတာ၊ အဆီပြန်တာနဲ့ ချွေးအောင်းတာတွေကြောင့်သာ မှိုပွားနှုန်း မြန်လာရခြင်း ဖြစ်ပါတယ်။
✅✅ ကာကွယ်ကုသပုံ: သင့်တော်တဲ့ မှိုသတ်ဆေး (Antifungal) လိမ်းဆေး၊ ခေါင်းလျှော်ရည် သို့မဟုတ် သောက်ဆေးတွေနဲ့ နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသနိုင်ပါတယ်။
ပြန်မဖြစ်အောင် ကာကွယ်ဖို့ ချွေးထွက်များတဲ့ အဝတ်အစားတွေကို အချိန်ကြာကြီး ဝတ်မထားဘဲ လဲလှယ်ပေးခြင်း၊ ချောင်ချောင်ချိချိရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ပုဆိုး သို့မဟုတ် ချည်ထည်များကို ဝတ်ဆင်ခြင်းဖြင့် အရေပြားကို ခြောက်သွေ့အောင် ထားပေးဖို့ လိုအပ်ပါတယ်။
✅✅ ကုသမှု ခံယူပြီးနောက် အရေပြားအရောင် ပြန်ညီလာရန် ရက်သတ္တပတ် သို့မဟုတ် လပေါင်းများစွာ အချိန်ယူရတတ်ပါတယ်။
Reference (photos) : DermNet
နီလာဆေးခန်း ( Nilar Clinic )
🏠 မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်း၊
ရာသက်ပန်မှတ်တိုင်အနီး
☎️09773903611
🕞 ဆေးခန်းဖွင့်ချိန် - 3:00 p.m မှ 6:00 p.m
18/06/2026
Acne Soap 📍
✅ Acneguard Gold Soap -၀က်ခြံ၊အမည်းစက်၊ဆား၀က်ခြံများကို သက်သာစေပါတယ်
နီလာဆေးခန်း ( Nilar Clinic )
🏠 မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်း၊
ရာသက်ပန်မှတ်တိုင်အနီး
☎️09773903611
🕞 ဆေးခန်းဖွင့်ချိန် - 3:00 p.m မှ 6:00 p.m
#နီလာဆေးခန်း
28/05/2026
ဝက်ခြံပြဿနာကြောင့် စိတ်ညစ်နေရပြီလား?
မျက်နှာပေါ်မှာ ဝက်ခြံတစ်လုံး ပေါက်လာတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ? ဘယ်လိုကာကွယ်မလဲဆိုတာကို နီလာဆေးခန်း မှ မျှဝေပေးလိုက်ပါတယ်ရှင်။ ✨
🔍 ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ?
အရေပြားမှာရှိတဲ့ အဆီဂလင်း (Oil Glands) တွေကနေ အဆီတွေ အထွက်များတာ၊ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ဆို့ရာကနေ ဝက်ခြံစတင်ဖြစ်ပေါ်တာပါ။ အဲ့ဒီနေရာကို ဘက်တီးရီးယားတွေ ဝင်ရောက်သွားတဲ့အခါ ရောင်ရမ်းပြီး နာကျင်တဲ့ ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။
⚠️ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ
အပျိုဖော်/လူပျိုဖော်ဝင်ချိန်နဲ့ ဟော်မုန်းမညီမျှခြင်း။
မိဘတွေမှာ ဝက်ခြံပေါက်တတ်တဲ့ ရာဇဝင်ရှိခြင်း။
ချွေးပေါက်ပိတ်စေတတ်တဲ့ (Comedogenic) မိတ်ကပ်နဲ့ Skin Care များ သုံးစွဲခြင်း။
အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး။
✅ ဝက်ခြံသက်သာစေဖို့ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ
နူးညံ့တဲ့ မျက်နှာသစ်ဆေး (Gentle Cleanser) နဲ့ တစ်ရက် (၂) ကြိမ် ပုံမှန်သစ်ပေးပါ။
ဝက်ခြံကို လက်နဲ့ခဏခဏထိတာ၊ ညှစ်တာဟာ ပိုးဝင်စေပြီး ကုရခက်တဲ့ "အမာရွတ်" တွေ ကျန်ခဲ့စေနိုင်ပါတယ်။
နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
Non-comedogenic (ချွေးပေါက်မပိတ်စေသော) ပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲပါ။
အဆီပြန်တတ်သူတွေအနေနဲ့ Watery Gel Cream ဒါမှမဟုတ် Hyaluronic Acid ပါဝင်တဲ့ Moisturizer ကို သုံးပေးဖို့ လိုအပ်ပါတယ်။
🩺 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
အသားအရေ ယားယံလာခြင်း (Skin Irritation) နဲ့ ဝက်ခြံတွေ အဆမတန် ထွက်လာခြင်း (Acne Breakout) မျိုး ကြုံတွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါပြီ။
ဝက်ခြံအမျိုးအစားပေါ် မူတည်ပြီး ကုသမှုပုံစံ ကွာခြားနိုင်တာကြောင့် စောစီးစွာ ကုသခြင်းက အမာရွတ်မကျန်စေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ဝက်ခြံအမျိုးအစားနှင့် အခြေအနေမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ကုသမှု နောက်ကျခြင်း သို့မဟုတ် မှားယွင်းစွာ ကုသခြင်းသည် မျက်နှာအသားအရေကို ရေရှည် ထိခိုက်စေနိုင်ပါသည်။
နီလာဆေးခန်း တွင် ဝက်ခြံပြဿနာများအတွက် -
အရေပြားအခြေအနေအား စနစ်တကျ စစ်ဆေးပေးခြင်း။
လူနာနှင့် ကိုက်ညီမည့် ထိရောက်သော သောက်ဆေး၊ လိမ်းဆေးများကို ညွှန်ကြားပေးခြင်း။
အမာရွတ်မကျန်စေဘဲ လျင်မြန်စွာ ပျောက်ကင်းသက်သာစေရန် အနီးကပ် ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။
သင့်အသားအရေမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် ဝက်ခြံများ ဆက်တိုက်ထွက်လာခြင်း (Breakout) များ ကြုံတွေ့နေရပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။
📍 ဆက်သွယ်ရန် လိပ်စာ:
အမှတ် (၁၂၉)၊ ခရေပင်လမ်းနှင့် စိတ္တသုခလမ်းထောင့်၊ (၂-က) ရပ်ကွက်၊ ရာသက်ပန်မှတ်တိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
(HTLT Electronic Center အနီး)
📞 ဆေးခန်းဖုန်း: 09-773903611
💬 အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။
#နီလာဆေးခန်း #ဝက်ခြံကုသမှု
Skin care products တွေတော်တော်များများမှာပါဝင်တဲ့ niacinamide ရဲ့ ကောင်းကျိုးအာနိသင်များ 🧡🧡
- အသားအရည်ကိုကြည်လင်စေသည်
- ချွေးပေါက်ကျယ်ခြင်းကိုလဲ သက်သာစေနိုင်ပြီး အမည်းစက်များကိုလျော့ပါးစေသည်
- wrinkles အရေးအကြောင်းများကိုလဲ သက်သာစေနိုင်ပါတယ်
30/04/2026
🌿 ကဆုန်လပြည့်နေ့ 🌿
ညောင်ရေသွန်းပွဲ အခါသမယမှာ
အားလုံးပဲ ဘေးရန်ကင်းရှင်း
ကျန်းမာစွာနှင့်ပြည့်စုံကြပါစေရှင့်🙏
#နီလာဆေးခန်း
#ကဆုန်လပြည့်နေ့
28/04/2026
ဝက်ခြံပြဿနာကြောင့် စိတ်ညစ်နေရပြီလား?
မျက်နှာပေါ်မှာ ဝက်ခြံတစ်လုံး ပေါက်လာတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ? ဘယ်လိုကာကွယ်မလဲဆိုတာကို နီလာဆေးခန်း မှ မျှဝေပေးလိုက်ပါတယ်ရှင်။ ✨
🔍 ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ?
အရေပြားမှာရှိတဲ့ အဆီဂလင်း (Oil Glands) တွေကနေ အဆီတွေ အထွက်များတာ၊ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ဆို့ရာကနေ ဝက်ခြံစတင်ဖြစ်ပေါ်တာပါ။ အဲ့ဒီနေရာကို ဘက်တီးရီးယားတွေ ဝင်ရောက်သွားတဲ့အခါ ရောင်ရမ်းပြီး နာကျင်တဲ့ ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။
⚠️ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ
အပျိုဖော်/လူပျိုဖော်ဝင်ချိန်နဲ့ ဟော်မုန်းမညီမျှခြင်း။
မိဘတွေမှာ ဝက်ခြံပေါက်တတ်တဲ့ ရာဇဝင်ရှိခြင်း။
ချွေးပေါက်ပိတ်စေတတ်တဲ့ (Comedogenic) မိတ်ကပ်နဲ့ Skin Care များ သုံးစွဲခြင်း။
အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး။
✅ ဝက်ခြံသက်သာစေဖို့ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ
နူးညံ့တဲ့ မျက်နှာသစ်ဆေး (Gentle Cleanser) နဲ့ တစ်ရက် (၂) ကြိမ် ပုံမှန်သစ်ပေးပါ။
ဝက်ခြံကို လက်နဲ့ခဏခဏထိတာ၊ ညှစ်တာဟာ ပိုးဝင်စေပြီး ကုရခက်တဲ့ "အမာရွတ်" တွေ ကျန်ခဲ့စေနိုင်ပါတယ်။
နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
Non-comedogenic (ချွေးပေါက်မပိတ်စေသော) ပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲပါ။
အဆီပြန်တတ်သူတွေအနေနဲ့ Watery Gel Cream ဒါမှမဟုတ် Hyaluronic Acid ပါဝင်တဲ့ Moisturizer ကို သုံးပေးဖို့ လိုအပ်ပါတယ်။
🩺 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
အသားအရေ ယားယံလာခြင်း (Skin Irritation) နဲ့ ဝက်ခြံတွေ အဆမတန် ထွက်လာခြင်း (Acne Breakout) မျိုး ကြုံတွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါပြီ။
ဝက်ခြံအမျိုးအစားပေါ် မူတည်ပြီး ကုသမှုပုံစံ ကွာခြားနိုင်တာကြောင့် စောစီးစွာ ကုသခြင်းက အမာရွတ်မကျန်စေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ဝက်ခြံအမျိုးအစားနှင့် အခြေအနေမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ကုသမှု နောက်ကျခြင်း သို့မဟုတ် မှားယွင်းစွာ ကုသခြင်းသည် မျက်နှာအသားအရေကို ရေရှည် ထိခိုက်စေနိုင်ပါသည်။
နီလာဆေးခန်း တွင် ဝက်ခြံပြဿနာများအတွက် -
အရေပြားအခြေအနေအား စနစ်တကျ စစ်ဆေးပေးခြင်း။
လူနာနှင့် ကိုက်ညီမည့် ထိရောက်သော သောက်ဆေး၊ လိမ်းဆေးများကို ညွှန်ကြားပေးခြင်း။
အမာရွတ်မကျန်စေဘဲ လျင်မြန်စွာ ပျောက်ကင်းသက်သာစေရန် အနီးကပ် ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။
သင့်အသားအရေမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် ဝက်ခြံများ ဆက်တိုက်ထွက်လာခြင်း (Breakout) များ ကြုံတွေ့နေရပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။
📍 ဆက်သွယ်ရန် လိပ်စာ:
အမှတ် (၁၂၉)၊ ခရေပင်လမ်းနှင့် စိတ္တသုခလမ်းထောင့်၊ (၂-က) ရပ်ကွက်၊ ရာသက်ပန်မှတ်တိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
(HTLT Electronic Center အနီး)
📞 ဆေးခန်းဖုန်း: 09-773903611
💬 အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။
#နီလာဆေးခန်း #ဝက်ခြံကုသမှု
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 129, 2/A Ward, Khayaepin Road, Mingalardon Township
Yangon
11021
Opening Hours
| Monday | 15:00 - 18:30 |
| Tuesday | 15:00 - 18:30 |
| Wednesday | 15:00 - 18:30 |
| Thursday | 15:00 - 18:30 |
| Friday | 15:00 - 18:30 |
| Saturday | 15:00 - 18:30 |
| Sunday | 15:00 - 18:30 |