BaYin UK Direct Authentic Collections
BaYin UK Direct Authentic Collections
ရေခဲတွေ နဲ့ Air pollution အမြင့်ဆုံးနေ့
05/11/2024
ဟင် ဒိုကတော့ ၁ ၃ ၄ မကောင်းတတ်လို့ လှူမိတာတဲ့
ကဲ ချစ်တို့ ဖတ်ပီ မက်ခဲ့အုန်းနော်
17/08/2024
တာကီမှာရွှေ တစ်ကျပ်သား ၄၂သိန်းဘဲ့
UK မှာ £992 ပေါင်
Myanmar ပြည်မှာ ပြန်ကျတာတောင် ၈၀ကျော်ဆိုတော့ ဘယ်ကောင်ရွပိုးထိုးပီး တတ်လိုက်ကျလိုက်လုပ်နေတာလဲ စိတ်ပျက်စရာ
06/08/2024
တချိန် ငါ့သမီးလေးကို ပြောပြရမယ်
ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ
တချိန် သမီးလေး သိဖို့
"ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်"တဲ့
ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား....😃
၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက
သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို
အန္တရာယ်များလိုက်တာလို့
တွေးရင်လည်းတွေးလို့ရနိုင်တာကိုး....
သမီးတို့အနေနဲ့
ယောက်ျားနောက်လိုက်သွားရုံနဲ့
အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ
ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့
ခပ်လွယ်လွယ်တွေးလိုက်တာတွေ
သိပ်များနေပြီလားလို့လည်းတွေးမိပါ့...
ခုခေတ် ယောက်ျားတွေ(အများစု)က
အတွေးအမြင်တွေ ပြောင်းကုန်ကြတာ
သမီးတို့မသိသေးတာလား?
ယောက်ျားတွေက
အလုပ်ရှိတဲ့မိန်းကလေး
ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို
ပိုသဘောကျကြတယ်ဆိုတာ...
ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ
ပိုသဘောကျကြတယ်ဆိုတာ...
အလုပ်လုပ်တတ် စီးပွားရှာတတ်
အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ
ပိုတွဲချင်ကြတယ်ဆိုတာ..
သူတို့ကိုအစစအရာရာ သိပ္မမွီခိုတဲ့
အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ
တန်ဖိုးပိုထားကြတယ်ဆိုတာ...
ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ...
ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး
အိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်
မိန်းကလေးမျိုးကို
သိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်း
ပြောပြချင်သေးတယ်
(တချို့တွေကိုဆိုလိုတာနော်
အားလုံးလို့မပြောဘူး)
ခုခေတ်ယောက္ခမတွေကရော.....
အိမ်ပေါ်တက်လာတဲ့ချွေးမကို ဘယ်လိုကြိုဆိုကြသလဲ
ဘာပညာမှမတတ် ဘာအလုပ်မှမလုပ်တတ်
ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို
ဝမ်းသာအားရ ကြိုဆိုမယ့် ယောက္ခမမျိုး
သိပ်ကိုရှားသွားပြီဆိုတာ ငါ့သမီးတို့သိပါလေစ...
အိမ်ထောင်မပြုခင်
လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်
ရင်ဆိုင်နိုင်အောင်
မိဘတွေက လက်နက်မျိုးစုံ
တပ်ဆင်ပေးနေတာကို ငါ့သမီးတို့သိပါလေစ...
ရော့ ပညာလက်နက်
ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်
လင်မျက်နှာ ယောက္ခမမျက်နှာ
ကြည့်စရာမလိုဘူး
ရော့ အတွေးအခေါ်လက်နက်
ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး
ငါခွဲခြားနိုင်တယ်
ရော့ အလုပ်အကိုင်လက်နက်
ငါ့မှာ အလုပ်အကိုင်ရှိတယ်
အသိုင်းအဝိုင်းရှိတယ်
ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်
အဲဒီလိုလက်နက်တွေပါသွားတော့
ပိုမကောင်းဘူးလား
မွေးရာပါလက်နက်ဟာ
တစ်ဘဝလုံးအတွက်
အာမခံချက်မရှိဘူးဆိုတာ
ငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလား...
ပညာကမစုံ အတွေ့အကြုံကမရင့်ကျက်
အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့
ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့...
လင်ယူလိုက်မှ
ဒုက္ခတွေစတာဆိုတာ ပြောပြချင်လိုက်တာ...
တကယ်လို့များ
သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာ
ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့အချိန်မှာ
ဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကို
မျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်...
လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီး
သူ့ကိုပါ ရှာကျွေးနေရရင်
ငါ့သမီးတို့ အလကားနေအလကား
လင်တစ်ယောက် အဖက်တင်နေမှာပေါ့...
ကဲ.... ဘဝက ထင်သလောက်လွယ်သေးလား?
လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှ
လောကကြီးထဲ ထွက်လိုက်စမ်းပါ...
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံးပဲ
ကိုယ်ရပ်တည်ဖို့အတွက်
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံးပဲ
ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပါ
05/08/2024
ယောက်ျားများ အသက်ကြီးလာလျှင်
ဖြစ်တတ်သော လက္ခဏာကြမ်းများ-😂😂
1-ပါးစိပါးစပ် များလာခြင်း..
2-မကြာမကြာ စိတ်ကောက်ခြင်း..
3-အလကားနေရင်း တရှူးရှူး စိတ်တိုတတ်ခြင်း..
4-ကိုယ့်ကိုကိုယ်ကလွဲရင် စိတ်မရှည်ခြင်း..
5-အဆိုးမြင်စိတ် များလာခြင်း..
6-နေရာတကာ လျှာရှည်တတ်လာခြင်း..
7-စပ်စပ်စုစု နိုင်လာခြင်း...
8-မျက်စောင်း မသိမသာ ထိုးတတ်လာခြင်း..
9-ကိုယ်မှန်တယ်ဘဲ တထစ်ချ ယုံကြည်လာခြင်း..
10-မိမိအမှားဟု သိသာထင်ရှားသော်လည်း
မသိချင်ယောင်ဆောင်နေတတ်ခြင်း..😏
အဲဒါ အမှန်တွေကြီးနော်
11-မိန်းမတွေကို အလျှော့မပေးဘဲ ရန်ထောင်လိုခြင်း..😠
-
-
-
မိန်းမများ အသက်ကြီးလာလျှင်
ဖြစ်တတ်သော လက္ခဏာကြမ်းများ-
-
-
-
-
-
-
ဘာတေမျှော်လင့်နေတာလဲ ခေါင်းကြီးတို့..
အသက်ကြီးတဲ့မိန်းမဆိုတာ ရှိလို့လား.
😁😁😁
04/06/2024
မြန်မာပြည်မှာ စိန်အတုတွေပွထနေလို့ စိန်အကြောင်းရှာဖတ်ရင် ပြန်မျှဝေပေးလိုက်တယ်နော်
Lab Diamonds ရဲ့ အရည်သွေးနဲ့ natural diamonds ရဲ့အရည်သွေးတူပါတယ်
စျေးကတော့ Lab diamonds စျေးက ၆၀% ကနေ ၈၅%စျေးသက်ပါတယ်
စိန်ဝယ်ရင်စျေးလျော့ပေးတိုင်း promotion ပေးတိုင်းသတိထားပါနော်
UK မှာတော့ တကယ့်စိန်ဆိုင်တွေမှာ Lab လား Natural လားဆိုတာ စာပါကပ်ထားပီး ရောင်းတာပါ လိမ်ရောင်းရင်လည်းတရားစွဲလို့ရတယ်
Moissanite diamonds အတုကဝင်ပါသေးတယ်
Website ထဲမှာ translate နဲ့ဝင်ဖတ်ကည့်နော်
ချစ်သော မေတ္တာဖြစ်
မင်မင်
https://www.queensmith.co.uk/diamond-guides/lab-grown-diamonds/lab-diamonds-vs-natural-diamonds
https://www.thediamondstore.co.uk/amora-oval-200ct-hidden-halo-lab-diamond-engagement-ring-f-vs1-set-in-18k-gold-p30636c1486.cfm
https://www.queensmith.co.uk/journal/moissanite-vs-diamond-buying-guide
13/05/2024
UKမှာ ဒူးရင်းသီးတစ်လုံးစျေး ၅သိန်းတန်ပါတယ်နော် ပုံကည့်ပီးစားလိုက်တယ်😋😭
13/04/2024
မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံပြီး သာယာပျော်ရွှင်တဲ့ နှစ်သစ်လေးဖြစ်ပါစေ 😇🙏🙏🙏🌼🍀
01/04/2024
ဘေးဥပဒ်လည်းမဖြစ် ငွေကုန်ကျလည်းသက်သာပြီးထိရောက်သော ဂျေးချွတ်နည်း
ဂျွတ်တက်နေတဲ့ မီးဖိုချောင်ပစ္စည်းလေးတွေကို ချွတ်ဆေးမလို ပြောင်အောင်လုပ်နည်းလေးပါ
လိုအပ်တာက SODA နဲ့ သံပုရာသီး
အခုမင်မင့်ဘိုးတော်ရဲ့ရေနွေးဓာတ်ဗူးလေး ကို soda ထမင်းစားဇွန်းတစ်ဇွန်း နဲ့ သံပုရာသီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပြီး သံပုရာသီးအခွန်ပါဗူးထဲထည့် ရေနွေးကို ဓာတ်ဗူးအပြည့်ထည့်ပြီး ၂၄ နာရီထားထားပြီး မှဆေးလိုက်တာပါ အသစ်အတိုင်းပြောင်သွားပါတယ်
UKမှာ SODA နဲ့ သံပုရာသီးကို သွားဖြူအောင်နဲ့ အနံ့ဆိုးပျောက်အောင်တိုက်ကြတာကြားဖူးပါတယ် မင်မင်
စမ်းပြီးရင် ပြန်ပြောပြမယ်နော် 😊
လုပ်ကြည့်နော် 😊
Londonမှာ ရေခဲမိုးရွာ
Springထဲမှာ အနွေးထည်က ကာယားကာယားနဲ့ဘဲ့သေး💦
27/02/2024
Spring ရောက်လာပြီဆိုတော့ ပန်းလေးတွေစပွင့်ပြီ အေးပါတယ်ဆိုမှ မိုးကရွာ လေကတိုက် 🥶
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Ye