Ohoe Ka Lay

Ohoe Ka Lay

Share

Every pain is a lesson�

27/09/2023

တောပြုန်းဖို့
သစ်ခုတ်နေတဲ့
သစ်ခုတ်သမားက
တေးချိုချို သီဆိုနေတဲ့
ငှက်ခလေးအသံကို
နှစ်သက်ရှာသတဲ့ဗျား
သို့ပေမဲ့
ထိန်းသိမ်းဖို့မေ့နေရှာလေသလား
ဟူးး.........မိသားစုစားဝတ်နေရေး
ဟုတ်တာပေါ့
ခက်ခဲနေရှာလေလို့ဖြစ်လိမ့်မှာပါ
ခက်ခဲမှုကြား ပိုနစ်နာသူ
ဘယ်သူဖြစ်နေမလဲ
စိမ်းပြပြသစ်တောအုပ်လေးက
မှိုင်းပြပြမြို့ပြလေးဖြစ်နေရှာလေပြီး
ဉာဏ်ကြီးရှင်လူသားတွေအတွက်
တိုးတက်လာပြီပေါ့ဗျား
ဝမ်းနည်းနေမဲ့
သီကြူးမှုသဲ့သဲ့လေးကို
ဘယ်သူနားဆင်ခံစားပေးမှာလဲ
စိမ်းပြပြသစ်တောလို
မှိုင်းပြပြမြို့ပြက
နားဆင်ပေးနေမလား
တိုးတက်နေလေသလား
ဟုတ်လောက်ပါမည်
တိုးတက်မှုကြား
ကိုယ်နှစ်သက်မှုတွေလဲ
နစ်နာနေကြသည်အတွက်
ဤတိုးတက်မှုမျိုးက
ဘယ်လိုတိုးတက်မှုလဲ
မဆိုနိုင်
ဟူ..............
တိုးတက်သည်ဆိုလည်း
တိုးတက်သည်ပေါ့ဗျား

#

Want your business to be the top-listed Beauty Salon in Ye?
Click here to claim your Sponsored Listing.

Category

Website

Address


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်
Ye
OHOE99