Beauty's House By Char Thet Cho

Beauty's House By Char Thet Cho

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty's House By Char Thet Cho, Beauty, cosmetic & personal care, Ampang.

Photos from Beauty's House By Char Thet Cho's post 12/07/2021

💗မျက်ခုံးလှလှလေး....ပုံသွင်းဖို့..မိမိ အားသန်ရာဘရိတ် ဓား

💗တမျိုး ဆောင်ထားမယ်နော်..နှစ်မျိုး လုံးနဲ့ သင်ပေးမယ်😘

Page လေးကို သူငယ်ချင်းတွေသိအောင် မျှဝေပေးပါအူး😍

10/07/2021

💝ပိုက်ဆံတစ်ပြားးမှ အကုန်ခံစရာမလိုပဲးမျက်ခုံးလှချင်ပါသလား

💝လှတစ်မျက်နှာမှာ...မျက်ခုံးလေးကလဲ အရေးကြီးဆုံး အချက်ထဲးပါတယ်နော်

💝ကိုယ့်မျက်ခုံးလေးကို ဆိုင်သွားပီ ငွေအကုန်ခံစရာ မလိုပဲ ဘရိတ်ဓားလေးရှိရုံနဲ့ ..ဇင်ယော်တောင်မျက်ခုံးလေးကိုပိုင်ဆိုင်မှာနော်

💝ဘယ်သူတွေသိချင် ကြမလဲ..?ဒီpageထဲ လာသင်ပေးမယ်နော်

💝ဘရိတ်ဓားလေးတွေ ဝယ်ထားကြမလား...?

Love you All😘😘😘

10/07/2021

ကောင်းမွန်လှပတဲ့ အသားအရေတစ်ခုကို ဖန်တီးနိုင်ဖို့နှင့်
Skin Care ခြင်းအနုပညာ 🥰🥰

Facial Foam လေးသုံးပြီး မျက်နှာလေးကို သေချာသန့်စင်ပါ။

ပြီးရင် ချွေးပေါက်လေးတွေကို သမမျှတအောင် Toner လေးလိမ်းပေးလိုက်ပါ။

ရေဓာတ်ကို ဖြည့်ပေးပြီး အသားအရေကို ကြည်လင်တောက်ပမှုပေးနိုင်တဲ့ Serum လေးကို ထပ်လိမ်းပေးပါ။

မိတ်ကပ်မလိမ်းခင် မျက်နှာပေါ်က အသားအရောင်ကို ညီညာစေပြီး မိတ်ကပ်လိမ်းလိုက်တာနဲ့ မျက်နှာလေးနဲ့ တစ်သားတည်း ဖြစ်နေစေတဲ့ Day lotion ဒါမှမဟုတ် Day Cream လေး ထပ်လိမ်းပေးနိုင်ပါတယ်။

ညအိပ်ရာမ၀င်ခင်တော့ မျက်နှာလေးကို သေချာသန့်စင်ပြီး Night Cream လေးလည်း ထပ်လိမ်းဖို့ လိုပါလိမ့်မယ်။

အဲဒီလို စနစ်တကျလိမ်းစက စပြီး ထူးခြားလာတဲ့ ပြောင်းလဲမှုကို သင့် Phone ရဲ့ Note ထဲမှာ သေချာမှတ်ထားလိုက်နော်။
Cred; skincare နှင့်အသားရေထိမ်းသိမ်းနည်းလမ်းများ

10/07/2021

🔵ဝက်ခြံထွက်စေတဲ့ အချက် (၆) ချက်

ဒီခေတ်ကြီးထဲမှာ ဆယ်ကျော်သက်အရွယ်ကစပြီး
ဝက်ခြံတွေ စထွက်နေကြပါပြီ
ဒါကြောင့်တော်တော်လေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်

လူတိုင်း တန်ဖိုးအထားဆုံးဖြစ်တဲ့ မျက်နှာလေးကို ✨
ဝက်ခြံရန်က လွတ်အောင် အသေးစိတ်ရှင်းပြပေးသွားမယ်နော်

1. Very Oily Skin

လွန်ကဲစွာ အဆီပြန်တဲ့ အသားအရေ တွေက ဝက်ခြံထွက်ဖို့ အရမ်းကို လွယ်ကူတဲ့ အသားအရေပါ💥
ဒါကြောင့် ကိုယ်သုံးတဲ့ skin care တွေကို Liquid & Gel တွေပဲ အဓိကထားသုံးပေးပါ

2.Bacteria

Bacteria ပိုးတွေကလဲ ကိုယ့်အသားအရေကို ဒုက္ခအကြီးကြီးပေးတဲ့ ပိုးမွှားပါ💥
ဒါကြောင့် ကိုယ့် မျက်နှာလေးကို သန့်သန့်စင်စင်လေးထားပါ💦

3.Hair

ဆံပင်ရဲ့ Bacteria တွေက ဝက်ခြံထွက်လာစေတယ်နော်💥
ဒါကြောင့် ဆံပင်ကိုလဲ သေချာ သန့်စင်ပါ

4.Stress

စိတ်ဖိစီးမှု များခြင်းကလဲ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်💥
ဒါကြောင့် ပျော်ပျော်လေးပဲနေပါ

5.Food

အရမ်းချိုလွန်းတဲ့ အစားအစာ၊ ချဉ် ၊ ငံ ၊ စပ် တွေကလဲ ဝက်ခြံ ဖုကြီးတွေ
မထင်ရင် မထင်သလိုထွက်တက်ပါတယ်
ဒါကြောင့် လျော့စားပါ

6.Hormones

ဒါကတော့ ဆယ်ကျော်သက်လေးတွေ အဓိက သတိထားရမှာပါ
ဟော်မုန်းပြောင်းလဲတဲ့အခါလဲ ဝက်ခြံထွက်ပါတယ်
အဲ့ဒီ့အချိန်မှာ skin ကိုသေချာဂရုစိုက်ပါ 🌟
ဂရုမစိုက်ပဲ ပြစ်ထားရင် ပိုဆိုးလာပါလိမ့်မယ်
Crd
အားလုံးပဲ ကြည်လင်စိုပြေတဲ့ အသားရည်လေး ပိုင်ဆိုင်ကြပါစေနော်😘

03/07/2021

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့
ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

စေတနာဖြင့်
Copyယူပီး မျှဝေပေးခြင်းဖြစ်ပါသည်။

#အောင်သုခ(မန္တလေး)

02/07/2021

Skin Care အကြောင်း သိကောင်းစရာ

✨ Skin care က အရမ်းအရေးပါပါတယ် တချို့က skin care အကြောင်း ကို သေချာမသိကြသေးဘူးSkin care ကို တခါတလေ မှ လုပ်လဲ ရတယ်လို့ ထင်နေကြတယ်...

✨ တချို့က အပြင်သွားခါနီးမှ skincare လိမ်းလိုက် mask ကပ်လိုက် လုပ်တက်ကြတယ် အဲ့တာကို care တယ်လို့ထင်နေကြတယ်

✨ တကယ်တော့ Skin care ကိုအမြဲလိမ်းပေးရပါမယ် နေ့ဘက် မိက်ကပ်လိမ်းတယ် အလုပ်သွားတယ် ပြန်ရောက်လို့ ညဘက်ရောက်ရင် cleansing သေချာလုပ်ပီး skin care လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှ အမြဲ Glow ဖြစ်မှာပါ

mask ကပ်တယ် ဆိုတာကလည်း ၁ပတ် ၂ခါ အနည်းဆုံး ကပ်ပေးမှ skin ကောင်းပီး Glow တာပါ သွားစရာရှိမှmask ကပ် ရမယ် ဆိုတာ မဟုတ်ပါဘူး

✨ တချို့က skin care အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ် ဆက်လိမ်းကြည့်လို့ရပါတယ်
တပတ်လောက်ထိ လိမ်းကြည့်လို့ ဆက်ပီးပေါက်နေတယ် ပိုများလာတယ် ဆို အဲ့ skincare ကို မသုံးပါနဲ့

✨ တချို့က စစချင်းလိမ်းတုန်းကတော့ အဖုလေးတွေပေါက်ပီး တပတ်လောက်ကျ ပျောက်သွားတယ် ဆို ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်

✨ တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့ Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်... တချို့ကလည်း ၁ပတ်မှ ၁ရက်သာ
skin care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး မကောင်းဘူး ပြော ကြ ပြန်တယ်...

🤷🏻‍♀️ ပီးရင် တချို့ရှိတယ် makeup မလိမ်းဘဲ skincare လိမ်းရတာ အသားမဲသလို ခံစားရတယ်တို့ အဆီပြန်တယ် တို့ပြောတတ်ကြတယ်🤷🏻‍♀️
ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့ make up တွေသုံးသုံး Skin မကောင်းရင် လှချင်သလောက်မလှဘူးနော်

✨ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် skincare ကိုသာ သေချာ စွဲသုံးပေး မျက်နှာက skin tone ညီလာမယ်။ အသားအရေ ကြည်လင် လာပီး တဖြည်းဖြည်း skin tone တက်ပီး glow လာပါလိမ့်မယ် ✨

အဓိက ကတော့ သုံးပုံသုံးနည်း မှန်ဖို့နဲ့ စိတ်ရှည်ဖို့ ပါ
သိသာတဲ့ result ကို ရဖို့ အတွက် အချိန် တခု စောင့်ရပါတယ် နေ့ချင်းညချင်း အသားအရေ ကြည်လင်ပီး glow လာဖို့ ဆမဖစ်နိုင်ပါဘူးနော်

✨ မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်၊✨
✨ Skin care ကို မနက်၊ည လိမ်းပေးရပါတယ် ✨
✨ Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ် ကပ်ပေးရပါမယ်✨
✨နေ့ခင်းပိုင်းကို နေလောင်ခံ ခရင်မ် လိမ်းပေးပါ✨
✨ ရေများများသောက်ပေးရမယ် အိပ်ရေးမှန်ရမယ်✨
✨ အစပ်နဲ့ အငံ လျှော့စားရမယ် အစားအသောက်ကြောင့်လဲ ဝက်ခြံ နဲ့ အဆီဖုလေးတွေ ထွက်လာနိုင်ပါတယ်

အပေါ်က အချက်လေးတွေ အတိုင်းဘဲ ကိုယ်နဲ့ ကိုက်ညီမယ့် skincare ကို သေချာ ရွေးဝယ်ပီး ပုံမှန်နေ့တိုင်းလုပ်သွားရင် မျက်နှာလေး ကြည်လင်ပီး Glow လာပါလိမ့်မယ်

02/07/2021

"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleansing လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာ
ရှိနေတဲ့ အညစ်အကြေးတွေကို စတင်
Cleansing လုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာ သန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ် ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်နော်😍

02/07/2021
Want your business to be the top-listed Beauty Salon in Ampang?
Click here to claim your Sponsored Listing.

Website

Address


Ampang
68000