MM myanmar
� ဂီတနှင့် � ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ အကျိုးရှိသော အကြောင်းအရာများနှင့် နေ့စဉ်ဘဝအတွက် အသုံးဝင်
တစ်ခါတုန်းက....
အလုပ်အင်မတန်ကြိုးစားပြီး ပြိုင်ဘက်ကင်းအောင်
ပြည့်စုံချမ်းသာနေတဲ့ လူ တစ်ယောက်ရှိပါတယ်။
လုပ်ငန်းတွေကလည်း အကြီးအကျယ်အောင်မြင်နေချိန်မှာပဲ
သေမင်းဆီကနေ သေမိန့်ရောက်လာခဲ့တယ်။
သူ တော်တော်တုန်လှုပ်သွားတယ်။
ဘဝမှာ ကြိုးစားရင်း၊ ရုန်းကန်ရင်း အောင်မြင်ချမ်းသာအောင်
လုပ်လာခဲ့သမျှ သေဖို့ကို တစ်ခါမှ မတွေးမိခဲ့ဘူး။
လောကကြီးထဲက ထွက်ခွာသွားဖို့ အချိန်စေ့ပြီဆိုတဲ့
အခြေအနေက သူ့အတွက်တော့တကယ့်ကို မယုံကြည်နိုင်စရာပါ။
ဒီလောက်အထိပြည့်စုံအောင် ကြိုးစားရုန်းကန်လာ
ခဲ့ပြီးမှ လွယ်လွယ် လက်လျှော့ပြီး သေဆုံးသွားရမယ့်
အဖြစ်ကလည်း သူ့အတွက်လက်ခံနိုင်စရာမရှိဘူးဖြစ်နေခဲ့တယ်။
ဒါနဲ့ သူ့မှာရှိတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လူ့ဘဝရဲ့သက်တမ်းကို
ရသလောက် ဆွဲဆန့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဒါနဲ့ သေမင်းဆီမှာ သူ့သက်တမ်းထပ်တိုးပေးဖို့
တောင်းဆိုတော့ သေမင်းက ခွင့်မပြုပါဘူး။
တောင်းဆိုချက်ကို သေမင်းက လက်မခံတော့
သူက နောက်ထပ် တစ်နာရီပဲ စျေးဆစ်ပါတယ်။
တစ်နာရီသာ အချိန်ပိုရမယ်ဆိုရင် မိသားစု၊ သူငယ်ချင်းတွေ၊
မတွေ့တာကြာတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံနိုင်မှာမို့
အဲ့ဒီတစ်နာရီကို{ရှိသမျှစည်းစိမ်အကုန်ပုံပေးပြီးဝယ်ဖို့ }
သေမင်းဆီမှာ တောင်းဆိုပါတယ်။
ဒါပေမဲ့ သေမင်းက ခွင့်မပြုပါဘူး။
နောက်ဆုံးမှာတော့ သေမင်းဆီက တစ်မိနစ်သာ အချိန်ပေးဖို့ သဘောတူညီ ခွင့်ရပြီး မကွယ်လွန်မီတစ်မိနစ်မှာ
အောက်ပါသံဝေဂစာကြောင်းလေးများကို
ရေးသားသွားခဲ့ပါတယ်။
သူရေးသားသွားခဲ့တာကတော့...
ဘဝဆိုတာ....
တိုတောင်းတဲ့အချိန်တွေနဲ့ဖွဲ့စည်းထားတဲ့
ရှားပါးအခိုက်အတန့်ဖြစ်ပါတယ်။
အဲ့ဒီ အခိုက်အတန့်လေးမှာ သင့်အတွက်
စစ်မှန်တဲ့အရာတွေကို ပေးခြင်းနဲ့ပဲ ကုန်ဆုံးစေပါ။
ဥစ္စာစီးပွားတွေ ဘယ်လောက်ပဲ ပေါများနေပါစေ၊
နောက်ဆုံးအချိန်ရောက်မှ သင်ဖြစ်ချင်တာတွေလုပ်မယ်ဆိုရင်
မရတော့ပါဘူး။
ဒါကြောင့်.. သင်အသက်ရှင်ခိုက်မှာ
သင့်ရဲ့မိနစ်တိုင်း၊ စက္ကန့်တိုင်းကို တန်ဖိုးထားလိုက်ပါ။
ဆိုတဲ့စာကြောင်းလေးပါပဲ။
းစန္ဒောဘာသာလင်္ကာရ
28/07/2026
ငါးပါးပဉ္စသီ ခါးဝတ်ထည်
ထိုနေ့ နံနက်တွင် ဒန္တပုရမြို့၊ ကာလိင်္ဂမင်း၏ နန်းတော်တံခါးဝသို့ ကာသိကတိုင်း တစ်ခွင်လုံးမှ လူအပေါင်းတို့ စုရုံးလာကြ၏။ တိုင်းပြည်တစ်ခုလုံး၌ ကျရောက်နေသော ဘေးအန္တရာယ်ကို ကာလိင်္ဂမင်းကြီး ကြားသိစေရန် တစ်ခဲနက် ဟစ်ကြွေးကြ၏။
*အရှင်မင်းကြီး၊ ယခု တစ်နှစ်တာလုံးမှာ မိုးတစ်ကြိမ်မျှ မရွာခဲ့ပါ။ တစ်နိုင်ငံလုံးမှာ အငတ်ဘေးကြီး ကျရောက်နေပါပြီ။ မရ ရတာကို စားကြရတာကြောင့် ရောဂါဘေးကြီး ကလည်း ထပ်ဆင့်လို့ လာပါပြီ။ ဒီဘေးဒဏ်တွေ မတွန်းလှန်နိုင်တာကြောင့် တိုင်းသူပြည် သား အချို့မှာ သား၊ သမီးများကို လက်ဆွဲပြီး လွတ်ရာ ကျွတ်ရာ ထွက်ပြေးသွားကြရ ပါပြီ။ ဒါကြောင့် ဒီဘေးကြီးများက လွတ်မြောက်နိုင်ရအောင် အရှင်မင်းကြီးက မိုးရွာ အောင် ဆောင်ရွက်ပေးတော်မူပါ ဘုရား”
ကာလိင်္ဂမင်းသည် ဤသို့သော ဟစ်ကြွေးသံကို ကြားနာပြီးလျှင် ရှေးမင်းတို့၏ ထုံးတမ်းစဉ်လာအရ မိုးရွာစေရန် ဆောင်ရွက်၏။ အသရေရှိသော အိမ်ရာတိုက်ခန်းအတွင်း ၌ စိမ်းစိုလန်းဆန်းသော မြေစာမြက်များ ဖြန့်ခင်းစေပြီးလျှင် ထိုအပေါ်တွင် အိပ်စက်၏။ ထိုသို့ ဆောင်ရွက်သော်လည်း မိုးက ခေါင်မြဲသာ ခေါင်နေပေသည်။
ဤတွင် မှူးကြီးမတ်ရာများက –
“အရှင်မင်းကြီး၊ ဒီနည်းနဲ့ မရွာသေးလျှင် နောက်တစ်နည်း ကြိုးစားသင့်ပါတယ်။ ဒီနိုင်ငံမှာ ဘေးမျိုးစုံ ကျရောက်၍ နေပေမယ့် ရေမြေချင်း ဆက်စပ်နေတဲ့ ကုရုတိုင်းမှာ တော့ အစာရေစာ ဝပြောလှပါတယ်။ ဒီလို ဝပြောတာကလည်း အခြားကြောင့် မဟုတ်ပါ။ ဣန္ဒပတ္ထနဂိုရ်မြို့မှာ ထီးနန်းစိုးစံတဲ့ ဓနဉ္စယကောရဗျမင်းထံမှာ အဉ္စနဝဏ္ဏ အမည်ရတဲ့ မင်္ဂလာဆင်တော် ရှိနေတဲ့အတွက် ကုရုတိုင်းမှာ မိုးလေ မှန်ကန်နေပုံ ရပါတယ်။ ဒါကြောင့် မင်္ဂလာဆင်တော်ကို ရအောင် ဆောင်ရွက်သင့်ပါတယ် ဘုရား”ဟု လျှောက်တင်ကြလေရာ –
“မှူးတော် မတ်တော်တို့၊ မင်္ဂလာဆင်တော်ကို ဘယ်လိုများရအောင် ဆောင်ယူကြ ရမလဲ။ ကောရဗျမင်းမှာ စစ်တပ်အင်အား ကြီးမားလှတယ်။ သူ့ကို ဘယ့်နှယ်လုပ်ပြီးစစ်ထိုးဖို့ နိုင်နိုင်ပါ့မလဲ"
"အရှင်မင်းကြီး၊ မင်္ဂလာဆင်တော် ရရေးအတွက်တော့ စစ်ထိုးနေဖို့ မလိုပါ။ သူ့ဆီသာ သွားပြီး တောင်းခံလိုက်ရင် အလွယ်တကူနဲ့ ပေးလှူလိုက်မှာ ဖြစ်ပါတယ် ဘုရား”
ဤသို့သော လျှောက်တင်ချက်အရ ကာလိင်္ဂမင်းသည် ပုဏ္ဏား ရှစ်ယောက်တို့အား ကောရဗျမင်းထံ စေလွှတ်၍ မင်္ဂလာဆင်တော်ကို တောင်းခံစေ၏။ ကောရဗျမင်းကလည်း အဆင်တန်ဆာ ရတနာမျိုးစုံ ဆင်ယင်ထားသော မင်္ဂလာဆင်တော်ကို ရက်ရောစွာ ပေးလှူ လိုက်လေသည်။
ပုဏ္ဏားတို့နှင့် အတူတကွ မင်္ဂလာဆင်တော် ရောက်လာသော်လည်း ကာသိက တိုင်း၌ မိုးမရွာသေးပါ။ ဤတွင်မှ ကာလိင်္ဂမင်းသည် ကောရဗျမင်းနှင့် တကွသော သူ့ ပရိသတ်များ၏ နေထိုင် ကျင့်သုံးပုံတို့ကို အတွင်းကျကျ လေ့လာ စုံစမ်းလေရာ ငါးပါး သီလ ဆောက်တည်ထားကြ၍ တစ်နိုင်ငံလုံး မိုးလေဝသ မှန်ကန်နေကြောင်း သိလာရ၏။ သို့ဖြစ်၍ မိုးရွာခြင်းနှင့် ဘာမျှ မသက်ဆိုင်သော မင်္ဂလာဆင်တော်ကို ကောရဗျမင်းထံ ပြန်ပေးရန် အမတ်တို့အား စေလွှတ်လိုက်၏။ ထိုကိစ္စနှင့် တစ်ဆက်တည်းမှာပင် ကောရဗျ မင်းကြီးနှင့် တကွ သူ့ပရိသတ်များ ဆောက်တည်နေသော ငါးပါးသီလတို့ကိုလည်း ရွှေပေလွှာ၌ ရေးမှတ်၍ ယူခဲ့ရန် မိန့်ကြားလိုက်လေသည်။
ဤသို့ဖြင့် ကာလိင်္ဂမင်း၏ အမတ်တို့သည် ဣန္ဒပတ္ထနဂိုရ်မြို့တော်သို့ လာရောက် ကာ ကောရဗျမင်းထံ ဝင်ရောက် ခစား၍ မင်းကြီးကိုယ်တိုင် ကျင့်သုံးနေသော ငါးပါးသီလ ကို အမိန့်ရှိပါရန် လျှောက်တင်ကြ၏။ ဤတွင် ဓနဉ္စယကောရဗျမင်းက
“အမတ်တို့၊ ငါးပါးသီလကို ငါ အမြဲတမ်း စောင့်ထိန်းနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ကိုယ့်သီလ ကိုယ် သံသယဝင်နေမိတယ်။ ဒါကြောင့် ငါ့သီလကို မပေးလိုပါ” ဟု မိန့်ကြားလိုက်လေရာ –
သလဲ” “အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ သီလကို ဘာ့ကြောင့်များ သံသယဝင်နေရပါ
“အမတ်တို့၊ ငါတို့ တိုင်းပြည်မှာ သုံးနှစ်တစ်ကြိမ် တန်ဆောင်မုန်းပွဲတော် ကျင်းပ ကြတယ်။ အဲဒီပွဲတော်မှာ မင်းညီ မင်းသားအပေါင်း နတ်သားတမျှ တောက်ပသစ်လွင်တဲ့ အဝတ်တန်ဆာများ ဝတ်ဆင်ပြီး ဆင်နွှဲကြရတယ်။ စိတ္တရာဇာမည်တဲ့ နတ်မင်းရဲ့ နတ်ကွန်း ကို တက်ရောက်ပြီးတော့ ပန်းတွေ ခက်ထားတဲ့ မြားတွေနဲ့ အရပ်လေးမျက်နှာသို့ ပစ်လွှတ် ကြရတယ်။
“အခု နောက်ဆုံးဆင်နွှဲတဲ့ ပွဲတော်မှာတုန်းက ငါကိုယ်တိုင် တက်ရောက်ပြီးတော့မြားတွေ ပစ်ခဲ့တယ်။ အရပ်လေးမျက်နှာကို ချိန်ပြီး ပစ်လိုက်တဲ့ မြားလေးစင်းအနက်က မြားသုံးစင်းကိုတော့ မင်းချင်းများက ရှာတွေ့ကြတယ်။ တစ်စင်းကတော့ ရေထဲကျသွားလို့ ရှာမရဘူး။ အဲဒီမြားဟာ ရေထဲက ငါးတစ်ကောင်ကောင်ကိုများ ထိမှန်သွားလေမလားလို့ သံသယ ဖြစ်နေမိတယ်။ ဒါကြောင့် ငါ့သီလကို ရေးမယူကြဘဲ ငါ့မယ်တော် သခင်မကြီး ထံ သွားပြီး တောင်းကြပါ။ မယ်တော်ကတော့ ငါးပါးသီလကို အဟုတ်တကယ် စင်ကြယ် စွာ စောင့်ထိန်းနိုင်ပါပေတယ်"
ဤသို့ ကောရဗျမင်းကြီးက လမ်းညွှန်လိုက်သဖြင့် အမတ်တို့သည် မယ်တော် သခင်မကြီး၏ နန်းဆောင်သို့ ဝင်ရောက် ခစား၍ ငါးပါးသီလ တောင်းခံကြပြန်၏။ ဤတွင် မယ်တော် သခင်မကြီးကလည်း မိမိသီလကို သံသယရှိနေကြောင်း ထုတ်ဖော်
ပြောဆိုပြီးလျှင် -
“အမောင်တို့၊ သံသယ ဝင်ရပုံက ဒီလိုကွဲ့။ မယ်တော့်မှာ သားတော်နှစ်ပါး ရှိတဲ့အနက် အမောင်တို့ သိထားတဲ့အတိုင်း သားကြီးက ရှင်ဘုရင်၊ သားငယ်က အိမ်ရှေ့ မင်းသားပေါ့။ တစ်နေ့မှာတော့ အကြည်တော် မင်းတစ်ပါးက သားတော်ကြီးထံ အသပြာ တစ်ထောင်တန်တဲ့ ရွှေပန်းခိုင်ကြီး ဆက်သလာတယ်။ သားတော်ကြီးက မယ်တော်ကြီးရဲ့ ဂုဏ်ကျေးဇူးကို ပူဇော်တဲ့ သဘောနဲ့ အဲဒီရွှေပန်းခိုင်ကို မယ်တော့်ထံ ဆက်သလာတယ်။ ဒါပေမဲ့ မယ်တော်ဟာ ပန်းပန်တဲ့ အရွယ်လည်း မဟုတ်တော့ဘူး။ နံ့သာလိမ်းတဲ့ အရွယ် လည်း မဟုတ်တော့ဘူး။ ဒီတော့ ဒီပန်းခိုင်ကို ချွေးမ နှစ်ယောက်ကို ခွဲဝေပေးလိုက်ဖို့ ရှိတော့တာပေါ့။ ဒါပေမဲ့ မယ်တော်ဟာ မိဖုရားခေါင်ကြီး ဆိုတဲ့ ဂုဏ်ထူးကို မျက်နှာလိုက် ပြီးတော့ ချွေးမ အကြီးကိုသာ ရွှေပန်းခိုင် တစ်ခုလုံး ပေးလိုက်မိတယ်။ ချွေးမ အငယ်ကို တော့ လိမ်းခြယ်စရာ စန္ဒကူးနံ့သာကိုသာ ပေးလိုက်မိတယ်။ ဒီလို မပြုသင့်တာကို ပြုလိုက်မိတဲ့အတွက် ငါ့သီလကို စင်ကြယ်မှ စင်ကြယ်ပါ့မလားလို့ သံသယ ဖြစ်နေမိတယ်။ ဒါကြောင့် ငါ့ချွေးမ အကြီးဆီကိုသာ သွားပြီး တောင်းကြပါတော့”
ဤသို့ ပြောကြားလိုက်သော စကားအရ မိဖုရားကြီးထံ ရောက်ကြပြန်လေသော် -
“အမတ်တို့၊ ငါ့သီလကိုလည်း ငါ အားမရနိုင်အောင် ဖြစ်နေရတယ်။ တစ်နေ့ တုန်းက ငါဟာ ဒီလေသာပြတင်းကနေပြီးတော့ မြို့တွင်းလမ်းကို လှမ်းမျှော်ကြည့်မိတယ်။ မြို့တွင်းလမ်းပေါ်မှာ ငါ့အရှင်သခင် ကောရဗျမင်းနဲ့ သူ့ညီတော် အိမ်ရှေ့မင်းတို့ဟာ စီးတော်ဆင် တစ်စီးစီနဲ့ မြို့လှည့်ပြီး အပူဇော်ခံနေကြတယ်။ အဲဒီအခိုက်မှာပဲ ငါ့စိတ်က မသင့်မလျော် အတွေးချော်ခဲ့မိတယ်။ “တကယ်လို့များ ခုနေခါ အိမ်ရှေ့မင်းနဲ့ အကျွမ်း တဝင် ဖြစ်ထားရင် သိပ်ကောင်းမှာပဲ။ အဲသလိုဆိုရင် နောင်တော်မင်းတရား နတ်ရွာလားလို့ ညီတော်အိမ်ရှေ့မင်း နန်းတက်ရတဲ့အခါ ငါ့ကိုပဲ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ပေလိမ့်မယ်”လို့ တွေးတောမိတယ်။ ကျေးဇူးရှင် မင်းတရားကြီး အထင်အရှား ရှိနေပါလျက် တခြားယောက်ျားကို ငါ စိတ်ကစားပြီး သာယာမိခဲ့တယ်။ ဒါကြောင့် ငါ့သီလကို ရေး ယူမယ့်အစား အိမ်ရှေ့မင်းဆီသာ သွားပြီး တောင်းကြပါတော့”
ဤသို့ ပြောကြားလိုက်သော စကားအရ အိမ်ရှေ့မင်းထံ ရောက်ကြပြန်လေသော် –
“အမတ်တို့၊ ငါ့သီလကိုလည်း အဟုတ်တကယ် စင်ကြယ်လှပြီလို့ မဆိုနိုင်သေးပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့ ညနေချမ်းတုန်းက ငါဟာ နောင်တော်မင်းတရားထံ ရထားနဲ့ သွားပြီး ခစားခဲ့တယ်။ အဲသလို ရထားနဲ့ သွားတဲ့အခါမှာ မြို့သူ၊ မြို့သား လူ အများတို့အတွက် အထိမ်းအမှတ် နှစ်မျိုးကို ငါ ထားရှိခဲ့တယ်။ တကယ်လို့ နောင်တော် မင်းတရားရဲ့နန်းဆောင်မှာပဲ ညအိပ်တော့မယ် ဆိုရင် နှင်တံနဲ့ ရထားကြိုးကို ရထားဦး မှာပဲ ထားခဲ့တယ်။ အဲသလို ထားလိုက်ရင် ရထားမှူးကလည်း စောင့်မနေတော့ဘဲ ပြန်သွား တော့တယ်။ မြို့သူ၊ မြို့သားတွေကလည်း စောင့်ကြိုမနေကြတော့ဘဲ ကိုယ့်အိမ်ကိုယ် ပြန်သွားကြတယ်။
“ဒီလိုမဟုတ်ဘဲ နောင်တော်မင်းတရားကြီဆီက ခဏနေပြီး ပြန်ထွက်မှာ ဆိုရင် တော့ နှင်တံနဲ့ ရထားကြိုးကို ရထားအတွင်းမှာပဲ ထားခဲ့ရတယ်။ အဲဒီညနေတုန်းက မြန်မြန်ထွက်ခဲ့မှာပဲ ဆိုပြီး နှင်တံနဲ့ ရထားကြိုးကို ရထားအတွင်းမှာပဲ ထားခဲ့မိတယ်။ အကြောင်းမသင့်ချင်တော့ နောင်တော်ထံ ဝင်မိလို့ မကြာခင်မှာပဲ မိုးသည်းသည်းကြီး ရွာချတော့တယ်။ နောင်တော် မင်းတရားကလည်း မိုးရွာကြီးထဲမှာ ပြန်သွားခွင့် မပေးတာနဲ့ သူ့နန်းဆောင်မှာပဲ ညအိပ်လိုက်ရတော့တယ်”
“ဒီလိုနဲ့ မနက်လင်းလို့ နန်းဆောင်က ထွက်လိုက်တဲ့ အခါမှာတော့ ရထားမှူးနဲ့ တကွ မြို့သူ၊ မြို့သားများဟာ ငါ့ကို အသင့် စောင့်ကြိုနေကြတာ တွေ့လိုက်ရတယ်။ သူတို့ တစ်ကိုယ်လုံးမှာလည်း ရွှဲရွှဲစိုလို့။ ဟန်မဆောင်နိုင်လောက်အောင် ခိုက်ခိုက်တုန်လို့။ မိုးရွာကြီးထဲမှာ တစ်ညလုံး ရပ်စောင့်နေရတဲ့အတွက် ဘယ်လောက်များ ချမ်းရှာကြမလဲ။ ဒီတော့ တစ်လျှောက်လုံးက သီလစောင့်ထိန်းလာတဲ့ ငါဟာ လူအများကြီးကို အကြောင်းမဲ့ နှိပ်စက်ရာ ရောက်ခဲ့ရတယ်။ ဒါကြောင့် ငါ့သီလကို ရေးယူမယ့်အစား ပုရောဟိတ် ပုဏ္ဏားဆီ သွားတောင်းကြပါတော့”
ဤစကားအရ ပုရောဟိတ်ပုဏ္ဏားထံ ရောက်ကြပြန်လေသော် –
“အမောင်တို့၊ တစ်နေ့တုန်းက ဘုရင့်ရွှေနန်းတော်သို့ ခစားဖို့ သွားနေတုန်းမှာ သစ်လွင် တောက်ပြောင်လှတဲ့ ရထားတစ်စီးကို တွေ့ခဲ့ရတယ်။ ရထားမောင်းလာတဲ့ မင်းမှုထမ်းများဆီမှာ မေးမြန်းကြည့်လိုက်တော့ မင်းကြီးထံ ဆက်သဖို့ ဖြစ်ကြောင်း သိရ တယ်။ ဒီတော့ ငါလည်း အိုမင်းမစွမ်း ဖြစ်လာပြီ။ တကယ်လို့များ မင်းကြီးက ဒီရထားကိုငါ့ပေးလိုက်ရင် ကောင်းမှာပဲ။ ရထားလေးနဲ့ ဆိုတော့ ခုလို ခြေကျင် မသွားရတော့ ပင်ပန်းစရာ မရှိတော့ဘူး။ ရွှေနန်းတော်ကြီးကို သက်သောင့်သက်သာ သွားလာနိုင်မှာပဲ' လို့ တွေးခဲ့မိတယ်။
တွေးလို့ ပြီးပြီးချင်းပဲ ကိုယ့်စိတ် ဖြစ်ပုံကို ကိုယ့်ဘာသာ ရှက်မိတယ်။ တစ်လျှောက် လုံးက သီလ စောင့်ထိန်းခဲ့ပါလျက် သူတစ်ပါး ပစ္စည်းကို သွားပြီး တပ်မက်ခဲ့မိတယ်။ ဒါကြောင့် ငါ့သီလကို ရေးယူမယ့်အစား မြေတိုင်းအမတ်ဆီကသာ တောင်းယူကြပါတော့"
ဤစကားအရ မြေတိုင်းအမတ်ထံ ရောက်ကြပြန်လေသော် -
"အဆွေတို့၊ တစ်ခါတုန်းက ကျွန်ုပ်ဟာ တောကျေးလက်ကို သွားပြီးတော့ လယ် မြေများ တိုင်းတာခဲ့ရတယ်။ မင်းကြီးရဲ့ လယ်မြေနဲ့ သူဌေးတစ်ဦးရဲ့ လယ်မြေ နှစ်ရပ် ဆက်စပ်နေရာမှာ နယ်နိမိတ် သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ဟာ မြေတိုင်း တာတဲ့ ကြိုးတစ်ဖက်ကို လယ်ရှင်သူဌေးကို ကိုင်ထားခိုင်းပြီးတော့ ကျန်တစ်ဖက်ကို ကျွန်ုပ်ကိုယ်တိုင် တုတ်ချွန်မှာ ချည်ပြီး ယူလာခဲ့တယ်။ နယ်ခြားမျဉ်း ကျရောက်သင့်တဲ့ နေရာမှာ ကြိုးကို ချပြီးတော့ တုတ်ချွန် စိုက်ရမည့်နေရာ ကြည့်လိုက်တော့ ပုစွန်တွင်း တစ်ခုနဲ့ တည့်တည့်ကြီး တိုးနေပါတော့တယ်။
*ဒီတော့ ကျွန်ုပ်မှာ အခက်ကြီး ကြုံရတော့တယ်။ တုတ်ချွန်ကို ဟိုဘက်နည်းနည်း တိုးစိုက်လိုက်ရင် မင်းကြီးရဲ့ လယ်မြေဘက် နစ်နာသွားတော့မယ်။ တကယ်လို့ ဒီဘက် တိုးစိုက်လိုက်ရင်လည်း သူဌေးလယ်မြေဘက်က နစ်နာသွားရတော့မယ်။ ဒါကြောင့် ဒီတွင်းမှာ ပုစွန် မရှိတန်ကောင်းပါဘူးလေ ဆိုပြီး တွင်းတည့်တည့်မှာ စိုက်ချလိုက်တဲ့အခါ တွင်းထဲက ကရိ ကရိ ဆိုတဲ့ အသံ ကြားလိုက်ရတော့တယ်။ ဒါကြောင့် ကျွန်ုပ်သီလကို ရေးယူမယ့်အစား ရထားထိန်းဆီ သွားပြီး တောင်းကြပါတော့”
ဤစကားအရ ရထားထိန်းထံ ရောက်ကြပြန်လေသော် -
“အမတ်မင်းတို့၊ တစ်ခါတုန်းက ကျွန်ုပ်ဟာ မင်းကြီးရဲ့ ရထားကို မောင်းနှင်ပြီး ဥယျာဉ်တော်က ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်ဟာ နေဝင်ရီတရော ဖြစ်နေရုံမကဘဲ မိုးသားတိမ်လိပ်များလည်း တက်လာကြတယ်။ ဒါကြောင့် ကျွန်ုပ်က မင်းကြီးကို မိုးမစို စွတ်ရအောင်လို့ သိန္ဓောမြင်းများကို ဒီထက် မြန်မြန်ကြီး သွားရအောင်လို့ ကျာပွတ်ကို လေထဲ ဝှေ့ယမ်းပြီး အသံပြုလိုက်ရတယ်။
“သိန္ဓောမြင်းများဟာ အဲဒီနေ့က ကျာပွတ်သံ ပေးခဲ့တာကို အမှတ်ထားပြီးတော့ အဲဒီနေရာ ရောက်လာတယ် ဆိုရင်ပဲ သွက်သွက် ပြေးကြပါတော့တယ်။ တကယ်တော့ဖြင့် သိန္ဓောမြင်းများဟာ နဂိုကတည်းက အပြေး မြန်ကြပါတယ်။ မြင်းဆရာကောင်းများနဲ့ သင်ကြားပေးထားတာကြောင့် အလွန်တရာ လိမ္မာကြပါတယ်။ သခင့်နှုတ်သံ နာခံရရုံနဲ့သခင့်အကြိုက်ကို လိုက်နာနိုင်ကြပါတယ်။ မင်းကြီးကို မိုးစိုမှာ စိုးတဲ့ စိတ်ကြောင့် ဒါလောက်တောင် လိမ္မာနေတဲ့ သိန္ဓောမြင်းတွေကို မလိုအပ်ဘဲနဲ့ ကျာပွတ်သံ ပေးခဲ့မိတယ်။ ဒါကြောင့်မို့ ကျွန်ုပ်သီလကို ရေးယူမယ့်အစား သူဌေးဆီ သွားပြီး တောင်းယူကြပါတော့”
ဤစကားအရ သူဌေးထံ ရောက်ကြပြန်လေသော် -
"အမတ်မင်းတို့၊ တစ်နေ့တုန်းက ကျွန်ုပ်ရဲ့ လယ်တောကို လျှောက်ကြည့်ခဲ့ပါတယ်။ လယ်တော တစ်ခွင်လုံး ဖုံးတုန်းလုံးတုန်း စပါးနှံတွေနဲ့ ရွှေရောင်သန်းလို့ နေပါတယ်။ မကြာမီ ရိတ်သိမ်းရတော့မယ့် စပါးခင်းတွေကို အားပါးတရ လျှောက်ကြည့်ပြီးလို့ အိမ် ပြန်မယ် အလုပ်မှာတော့ အမှတ်တမဲ့နဲ့ စပါးနှံတစ်ခုကို ချိုးယူပြီးတော့ ခေါင်းမှာ ပန်ခဲ့ မိပါတယ်။
“ဒီလယ်မြေ တစ်ခွင်လုံးဟာ ကျွန်ုပ်ရဲ့ ပိုင်နက် ဖြစ်ပေမယ့် ဒီလယ်ထွက် စပါးများ ထဲက မင်းကြီးအတွက် အခွန်တော်များ ပေးဆောင်ရပါတယ်။ မင်းကြီးအတွက် ပေးဆက် သင့်တဲ့ အခွန်တော်ကို မပေးဆက်ရသေးခင်က ကျွန်ုပ်က လက်ဆော့ပြီး စပါးနှံတစ်ခက်ကို ဦးဦးဖျားဖျား ပန်ခဲ့မိတယ်။ ဒါကို တွေးမိတိုင်း ကျွန်ုပ်မှာ စိတ် စနောင့်စနင်း ဖြစ်ရပါတယ်။ ဒါကြောင့် ကျွန်ုပ်သီလကို ရေးယူမယ့်အစား တင်းခြင်သမားဆီကိုသာ သွားပြီး တောင်းယူ ကြပါတော့”
ဤစကားအရ တင်းခြင်သမားထံသို့ ရောက်ကြပြန်လေသော် –
“အမတ်မင်းတို့၊ တစ်နေ့တုန်းက ကျွန်ုပ်ဟာ သူကြွယ်တစ်ဦးရဲ့ စပါးကျီထဲက မင်းကြီးအတွက် အခွန်တော်ရစု ဖြစ်တဲ့ စပါးတို့ကို တင်းတောင်းနဲ့ ခြင်ယူခဲ့ပါတယ်။ ခြင်ယူလို့ မပြီးခင်မှာပဲ မိုးကြီး ရွာချလိုက်တာကြောင့် ကျွန်ုပ်ဟာ လက်ထဲမှာ ပါလာပြီး ဖြစ်တဲ့ စပါးများကို အမှတ်မဲ့နဲ့ သွန်ချပြီးတော့ မိုးလွတ်ရာ သွားခိုနေမိတယ်။
“မိုးခိုနေရင်း ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ စောစောက သွန်ချခဲ့တာဟာ မင်းကြီးရဲ့ အပုံထဲမှာလား၊ သူကြွယ်ရဲ့ အပုံထဲမှာလားလို့ မခွဲခြားနိုင်တော့ပါ။ တကယ် လို့များ မင်းကြီးရဲ့ အပုံဘက် သွန်ချမိတာ ဆိုရင်တော့ မင်းကြီးရဲ့ စီးပွားဥစ္စာ တိုးတက် စေဖို့ မတရားသဖြင့် ပြုကျင့်ရာ ရောက်ပေတော့မယ်။ ဒါကြောင့် ကျွန်ုပ်ရဲ့သီလကို ရေးယူ မယ့်အစား တံခါးမှူးဆီသာ သွားပြီး တောင်းယူကြပါတော့”
ဤစကားအရ တံခါးမှူးထံသို့ ရောက်ကြပြန်လေသော် –
“အမတ်ကြီးတို့၊ ကျွန်ုပ်ရဲ့ တာဝန်ကတော့ နေဝင်ချိန် နီးလာလို့ တံခါးပိတ်တော့ မယ် ဆိုရင် မြို့ပြင်မှာ ကျန်နေသူ မရှိရအောင် တံခါးကြီး ပိတ်တော့မယ့် အကြောင်း သုံးကြိမ်၊ သုံးခါ ကြွေးကြော်ရပါတယ်။ တစ်ညနေမှာတော့ ကျွန်ုပ် ကြွေးကြော်လို့ ပြီးချိန် မှာမှ ထင်းခွေတဲ့ ယောက်ျားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို လက်က ဆွဲပြီးအပြေးအလွှား ဝင်လာပါတယ်။ တံခါးပိတ်တော့မယ့် ဆဲဆဲကလေးကျခါမှ သီသီလေး ကပ်ဝင်လာတာကြောင့် သူတို့ကို ကျွန်ုပ် ဒေါသထွက်လိုက်မိပါတယ်။ တစ်နေ့လုံး တော ထဲမှာ မယားနဲ့ ပျော်ပါးနေပြီး တံခါးပိတ်ခါနီးမှ ဝင်လာရသလား”လို့ ဒေါသအလျောက် ကြိမ်းမောင်းလိုက်မိပါတယ်။
ဒီတော့ ထင်းခွေယောက်ျားက တံခါးမှူးကြီးခင်ဗျာ၊ ဒီအမျိုးသမီးဟာ ကျွန်ုပ်မယား မဟုတ်ပါဘူး၊ နှမကလေးသာ ဖြစ်ပါတယ်” လို့ ရိုရိုသေသေ ပြန်ပြောပါတယ်။ ဒီတော့မှ ကျွန်ုပ် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတော့တယ်။ 'သီလစောင့်ထိန်းသူ ဖြစ်ပါလျက် မဟုတ်မတရား စွပ်စွဲမိလေခြင်း”လို့ နောင်တကြီးစွာ ရမိပါတယ်။ ဒါကြောင့် ကျွန်ုပ်သီလ ကို ရေးယူမယ့်အစား ပြည့်တန်ဆာမဆီသာ သွားပြီး တောင်းယူကြပါတော့”
လေသော် ဤစကားအရ ဆယ့်တစ်ဦးမြောက်ဖြစ်သော ပြည့်တန်ဆာမထံသို့ ရောက်ကြပြန်
“အမတ်မင်းတို့၊ ကျွန်မရဲ့သီလကိုလည်း ကျွန်မ ကိုယ်တိုင်က အားမရလှသေးပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက လုလင်တစ်ယောက်က ကျွန်မထံ အသပြာ တစ်ထောင် လာပေးပါတယ်။ သူ မကြာခင် ကျွန်မဆီ လာခဲ့မယ်လို့ မှာကြားပြီး ထွက်ခွာသွားပါတယ်။ ကျွန်မမှာ ပြည့်တန်ဆာမ အဖြစ်နဲ့ အသက်မွေးရပေမယ့် ငါးပါးသီလကိုတော့ လုံခြုံအောင် စောင့်ထိန်းပါတယ်။ ကျွန်မ ယောက်ျားတစ်ယောက်ဆီက အခကြေးငွေကို လက်ခံလိုက် တယ် ဆိုရင်ပဲ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ကျွန်မ မပိုင်တော့ပါ။ အခကြေးငွေ ပေးတဲ့ ယောက်ျား ကသာ ပိုင်ပါတော့တယ်။ ဒါကြောင့် ကျွန်မဟာ အခကြေးငွေ ပေးထားတဲ့ ယောက်ျား အတွက် တာဝန်ကျေအောင် ပြုစုလို့ မပြီးသေးသမျှ ဘယ်ယောက်ျားကိုမှ လက်မခံခဲ့ပါ။
“စောစောက အသပြာတစ်ထောင် ပေးထားတဲ့ လုလင်ဟာ မကြာခင် လာခဲ့မယ် ဆိုပေမယ့် ဆိုတဲ့အတိုင်း ရောက်မလာခဲ့ပါ။ နောက်နေ့ နောက်နေ့များမှာလည်း အရိပ် အယောင်မျှ မမြင်လာရပါ။ သူ့အတွက် တာဝန်မကျေသေးတာကြောင့် တခြားယောက်ျား များကို လက်မခံနိုင်ပါ။ ဒီလိုနဲ့ နှစ်ချီပြီး ကြာလာလေတော့ သူ ပေးထားခဲ့တဲ့ အသပြာ တစ်ထောင်က သုံးလို့၊ စားလို့ ကုန်သွားပါပြီ။ သုံးနှစ်တိုင်တိုင် တစ်ပြားတစ်ချပ်မှ မရ တာကြောင့် ကျွန်မမှာ အလွန်တရာ ဆင်းရဲကျပ်တည်းရပါတော့တယ်။
“ဒါကြောင့် သုံးနှစ်ပြည့်တဲ့ နေ့မှာတော့ ဒီအတိုင်း နေလို့ မဖြစ်နိုင်တော့တာကြောင့် တရားသူကြီးများထံ သွားပြီးတော့ ကျွန်မ အဖြစ်ကို တိုင်ကြားရပါတော့တယ်။ ဒီတော့ တရားသူကြီးများက “သုံးနှစ်ပြည့်တောင် ရောက်မလာမှတော့ သင့်တာဝန် ကျေကုန်ပြီ။ တခြားယောက်ျားတစ်ယောက်ကို လက်ခံနိုင်ပြီ”လို့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။
“တရားသူကြီးများရဲ့ ဆုံးဖြတ်စကား ကြားလိုက်ရတာနဲ့ပဲ ယောက်ျားတစ်ယောက်က အသပြာ တစ်ထောင် ပေးလာပါတော့တယ်။ အဲဒီ အသပြာကို လက်ခံဖို့ လက်လှမ်း လိုက်ခါမှပဲ စောစောက အသပြာ တစ်ထောင် ပေးထားခဲ့တဲ့ လုလင်ရဲ့ ရုပ်သွင်ဟာ ရုတ်တ ရက် ပေါ်လာပါတော့တယ်။ ဒါကြောင့် ကျွန်မက လှမ်းလိုက်မိတဲ့ လက်ကို ရှက်ရှက်နဲ့ ပြန်ရုပ်သိမ်းလိုက်ရပါတော့တယ်။
“တကယ်တော့ဖြင့် အဲဒီလုလင်ဟာ သာမည ယောက်ျားတစ်ယောက် မဟုတ်ပါ ဘူး။ သိကြားမင်း ကိုယ်တိုင်က ကျွန်မရဲ့ သီလကို စမ်းရအောင်လို့ ဖန်ဆင်းထားတာပါ ။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ ရောက်လာခါမှ ကျွန်မလည်း အဖြစ်မှန်ကို သိရပါ တော့တယ်။
“ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင်ကတော့ ကျွန်မကို ခွင့်မလွှတ်နိုင်သေးပါ။ အခ ကြေးငွေ ယူထားတဲ့ ယောက်ျားတစ်ယောက်အတွက် တာဝန်မကျေသေးပါဘဲလျက် နောက် ယောကျ်ားတစ်ယောက်ရဲ့ အခကြေးငွေကို လက်လှမ်းယူဖို့ ဟန်ပြင်ခဲ့မိတယ်။ ဒါကြောင့် ကျွန်မရဲ့ သီလကိုလည်း စင်ကြယ်မှ စင်ကြယ်ပါ့မလားလို့ သံသယ ဖြစ်နေပါတယ်”
ကာလိင်္ဂမင်း၏ အမတ်တို့သည် ပြည့်တန်ဆာမ၏ စကားကို တအံ့တသြ ကြားနာ မှတ်သားကြပြီးလျှင် –
“အို နှမ၊ သင်နဲ့တကွ သူတော်ကောင်း ဆယ့်တစ်ယောက်တို့ဟာ သီလကို အလွန် တရာ ချစ်မြတ်နိုးကြပေတယ်။ ဒါကြောင့်လည်း သေးငယ်လှတဲ့ ဖြစ်ရပ်ကလေးများ အတွက် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင် ဖြစ်နေကြရပါတယ်။ တကယ်တမ်း ကျူးလွန်လိုတဲ့ စေတနာ မပါတာကြောင့် ဘယ်သူ့သီလမှ မကျိုးပေါက်နိုင်ပါ။ သူတော် ကောင်း တစ်ဆယ့်တစ်ဦးတို့ရဲ့ သီလများဟာ အမှန်တကယ် စင်ကြယ်ကြပါပေတယ်။ ဒါကြောင့် ကျွန်ုပ်တို့မှာ အသင့်ပါလာတဲ့ ရွှေပေလွှာနဲ့ နှမတို့ရဲ့ ငါးပါးသီလကို ရေးယူ ပါရစေ”
ဤသို့ အနူးအညွတ် တောင်းပန်ကြသည်တွင် ပြည့်တန်ဆာမကလည်း မိမိ အမြဲ တစေ စောင့်ထိန်းနေသော ငါးပါးသီလကို ထုတ်ဖော် ပြောပြလိုက်လေသည်။
ကာလိင်္ဂမင်း၏ အမတ်တို့သည် ထိုငါးပါးသီလကို ရွှေပေလွှာမှာ ရေးမှတ်ယူကာ ဒန္တပုရမြို့တော်သို့ ပြန်လာကြ၏။ ကာလိင်္ဂမင်း၏ လက်သို့ ငါးပါးသီလ ရွှေပေလွှာကို ဆက်သကြလေသည်။
ထို့နောက် ကာလိင်္ဂမင်း၏ နန်းတော်မှ စတင်၍ တစ်နိုင်ငံလုံး ငါးပါးသီလ ဆောက်တည် ကျင့်သုံးကြလေရာ မကြာမီမှာပင် မိုးကြီးများ ရွာချသဖြင့် ဘေးအန္တရာယ်များ ကင်းငြိမ်းသွားကြလေသည်။
[တိကနိပါတ် ၊ ဂရုဓမ္မဇာတ်။ ]
ဤဇာတ်ကို ပေါင်းသော်
ပြည့်တန်ဆာမ -ဥပ္ပလဝဏ္ဏာထေရီ၊
တံခါးစောင့် အရှင်ပုဏ္ဏ၊
ကြိုးဆွဲအမတ်
အရှင်မဟာကစ္စာယန၊
တင်းခြင်အမတ် = အရှင်မဟာမောဂ္ဂလာန်၊
သူဌေး = အရှင်သာရိပုတ္တရာ၊
ရထားထိန်း = အရှင်အနုရုဒ္ဓါ၊
= အရှင်မဟာကဿပ၊
ပုဏ္ဏား
အိမ်ရှေ့မင်း
= အရှင်နန္ဒ၊
မိဖုရားကြီး
= ယသော်ဓရာ၊
မင်း၏ မယ်တော်
မယ်တော်မာယာ၊
ကောရဗျမင်း
= မြတ်စွာဘုရား။
#နေ့စဉ် တနေ့တပုဒ်တင်ပေးမှာမို့ ဤ လူ့ဘောင်လမ်းပြ ငါးရာ့ငါးဆယ် ဇာက်တော်ထဲက အသိအလိမ္မာ သင်ခန်းစာများ နေ့တိုင်းလာရောက်ဖက်ရူနိုင်ပါတယ်ခင်ဗျား🙏🙏🙏
#ငါးရာ့ငါးဆယ်ဇာက်
#စာပေဗဟုသုတ
#လူ့ဘောင်လမ်းပြ
28/07/2026
တစ်နေ့ တစ်လှမ်းပဲ လျှောက်ပါ သွားနေဖို့အရေးကြီးပါတယ်။
နှေးတာက ပြဿနာမဟုတ်ပါဘူး။ ရပ်သွားတာကသာ ပြဿနာပါ။
ဒီနေ့မှာ 📖 အသစ်တစ်ခု သင်ယူပါ။ 💪 ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ 😊 အပြုံးတစ်ပွင့် ဝေမျှပါ။
အောင်မြင်မှုဆိုတာ နေ့တိုင်းလုပ်တဲ့ အလေ့အကျင့်ကောင်းလေးတွေကနေ စတင်တာပါ။
🌿 အားလုံးပဲ စိတ်ချမ်းသာပြီး အောင်မြင်တဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ #ကျန်းမာရေး #နေ့သစ်
ဟင်္သာပျို လိုချင်လွန်းလို့
ကမ္ဘာဦး အခါတုန်းက အခြေလေးချောင်း ရှိသော တောသတ္တဝါ အပေါင်းသည် ကေသရာဇာ ခြင်္သေ့ကြီးကို မိမိတို့ မင်းအဖြစ် ရွေးချယ် တင်မြှောက်ကြကုန်၏။ ထို့အတူ ပင် ရေသတ္တဝါ အပေါင်းကလည်း ငါးကြီး အာနန္ဒာကို မင်းမြှောက်ကြ၏။ ငှက်သတ္တဝါ အမျိုးစုံကလည်း ရွှေအဆင်းသို့ ဝါဝင်းသော ဟင်္သာကို မင်းမြှောက်ကြကုန်၏။
ရွှေဟင်္သာငှက်မင်းတွင် သမီးပျိုကလေး ရှိလေရာ အဆင်းရုပ်ဝါ လှပ တင့်တယ်၏။ အကျင့်သိက္ခာ ဖြူစင်စွာ ရှိ၏။ မိခင်၊ ဖခင် ကျေးဇူးရှင်တို့ကို ရိုသေစွာ ပြုစု လုပ်ကျွေး၏။ သို့ဖြစ်၍ ဖခင် ရွှေဟင်္သာငှက်မင်းက သမီးပျို ဟင်္သာမယ်အား မိမိ ကြိုက်နှစ်သက်ရာ ဘဝကြင်ဖော်ကို မိမိဘာသာ စိတ်တိုင်းကျ ရွေးချယ်ရန် ဆုပေးလိုက်လေသည်။
သတို့သားလောင်း ရွေးချယ်ပွဲကြီး ကျင်းပရန် နေ့ကောင်းရက်သာ သတ်မှတ်၍ ကြေညာချက်ကြီး ထွက်လာသောအခါ တောတကာ၊ တောင်တကာမှာ ရှိနေကြသော ငှက်ဖိုအပေါင်းသည် ဟိမဝန္တာသို့ သူ့ထက်ငါ ပျံသန်းလာကြ၏။ ရွှေဟင်္သာငှက်မင်း၏ စံနန်းတော် အနီးရှိ ကျောက်ဖျာကြီးပေါ်သို့ တစ်သုတ်ပြီး တစ်သုတ် နားလာကြ၏။ အရောင်အဆင်း အမျိုးမျိုး ရှိသော အမွေးအတောင်များကို တောက်ပြောင်သည်ထက် တောက်ပြောင်နေစေရန် ပြုပြင်နေကြ၏။ ဟင်္သာပျို ကြိုက်နှစ်သက်လောက်အောင် ဟန်ရေး အမျိုးမျိုး ပြနေကြ၏။
အချိန်တန်သောအခါ ရွှေဟင်္သာငှက်မင်းသည် ငှက်အမတ်ကြီးများ ခြံရံလျက် ငှက်ညီလာခံသဘင်ရှိ ရာဇပလ္လင်သို့ တက်ရောက်လာ၏။ ချောမောလှပသော ဟင်္သာ မယ်သည်လည်း နောက်တော်ပါးမှ လိုက်ပါလာ၏။ သူ့အတွက် သတ်မှတ်ပေးထားသော စင်မြင့်ပေါ်သို့ တက်ရောက်ကာ သူ့ထက်ငါ ဟန်ရေးပြနေသော ငှက်အမျိုးမျိုးတို့ကို တစ်ကောင်ချင်း တစ်ကောင်ချင်း လေ့လာ ကြည့်ရှုလေသည်။
ထိုအချိန်တွင် ရွှေဟင်္သာငှက်မင်း၏ တူတော် ဖြစ်သော ရွှေဟင်္သာမောင်ကလည်း ငှက်မင်း အနီးမှာ ခစားလျက် ရှိ၏။ သူသည် မိမိနှင့် တစ်ဝမ်းကွဲနှမ ဖြစ်သော ဟင်္သာမယ်ကို တိတ်တခိုး ချစ်နေမိ၏။ သို့ရာတွင် ဖွင့်ဟ၍ကား မပြောမိသေးချေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နှမတော်လေး ကိုယ်တိုင်က မိမိ၏ ချစ်ခြင်းမေတ္တာကို သူ့ဘာသာ သိလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။
ဤသို့ နေလာခဲ့ရာက ဦးရီးတော် ရွှေဟင်္သာငှက်မင်း၏ ဆုပေးပုံကို ကြားလိုက်ရ သောအခါ အလွန်တရာ တုန်လှုပ်သွားရ၏။ မိမိတို့ ရွှေဟင်္သာ အချင်းချင်းသာ ကြာမြင့်စွာ နေသွားရပါက တစ်နေ့ကျလျှင် ဟင်္သာမယ်သည် မိမိဘက်သို့ တိမ်းညွှတ်လာစရာ ရှိ၏။ ယခုတော့ အဆင်စုံ၊ အသွေးစုံ ငှက်ပေါင်းစုံ ရောက်လာကြပေတော့မည်။ အသစ်အဆန်းကို မက်မောလေ့ ရှိသော မိန်းကလေးပီပီ မိမိတို့လို မြင်နေကျ ရုပ်သွင်ကို ကျော်လွှားကာ အမြင်ဆန်းရာ နောက်သို့ လိုက်ပါမိပေတော့မည်။
ဤသို့ ဟင်္သာမောင် တွေး၍၊ ဆွေး၍ နေဆဲမှာပင် ဖခင် ရွှေဟင်္သာငှက်မင်းက-“သမီးတော်၊ ရှိရှိသမျှ ငှက်ပေါင်းစုံ ရောက်လာကြပြီ။ သမီးတော် ကြိုက်နှစ်သက်ရာ ခင်ပွန်းလောင်းကို ရွေးချယ်ပေတော့” ဟု အမိန့်တော် ရှိလိုက်ရာ –
“မှန်လှပါ ခမည်းတော်ဘုရား။ သမီးတော် ရွေးချယ်လိုတဲ့ ခင်ပွန်းလောင်းကတော့ တွန်ကျူးသံလည်း သာယာရပါလိမ့်မယ်။ သူ့ကျောကုန်းကလည်း နှစ်သက်စဖွယ် တင့်တယ်ရပါလိမ့်မယ်။ သူ့လည်တံကလည်း ကြောင်မျက်ရွဲ အဆင်းနဲ့ ရှည်ရှည်လျားလျား ရှိရပါလိမ့်မယ်။ သူ့ရဲ့ မြီးဆံများလည်း တစ်လံလောက် ရှည်လျားရပါလိမ့်မယ်။ အဲဒီ အရည်အချင်းများနဲ့ ပြည့်စုံသူကတော့ မောင်မောင်ဥဒေါင်းငှက် ဖြစ်ပါတယ် ဘုရား”
ဟင်္သာမယ်၏ လျှောက်တင်သံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ငှက်ပရိသတ် ကြီး၏ တစ်ခဲနက် သြဘာသံကြီး ပေါ်ထွက်လာ၏။ စိတ်သဘောထား ရိုးသားကြသော ငှက်အပေါင်းသည် ဖိုးကံကောင်း ဥဒေါင်းမောင်ထံသို့ ဝိုင်းပျံလာကြကာ ဝမ်းမြောက် ဝမ်းသာ ချီးကျူးစကား ပြောကြားကြလေသည်။
ဥဒေါင်းမောင်မှာ ဟင်္သာမယ်၏ ရွေးချယ်သံ ကြားလိုက်ရကတည်းကပင် ဘဝင် မြင့်နေပေပြီ။ ယခုတစ်ဖန် ငှက်ပေါင်းစုံ၏ သြဘာသံများ ကြားရပြန်ပြီ။ သူသည် နဂိုကပင် စည်းနှင့် ကမ်းနှင့် ကြီးပြင်းခဲ့ရသူ မဟုတ်ပေ။ ရှက်ရ၊ ကြောက်ရမှန်း သိတတ်သူလည်း မဟုတ်ပေ။ သူ့လို ငှက်ပေါ်ကြော့များနှင့် အတူတကွ ရောက်တတ်ရာရာ လျှောက်သွား နေကျ ဖြစ်၏။ သီချင်းတကြော်ကြော် ဟစ်ကာ စိတ်ထင်တိုင်း ကနေကျ ဖြစ်၏။
ဤလို ငှက်ပေါ်ကြော့တစ်ကောင်က ဤမျှလောက် အချီးအမြှောက် ခံလိုက်ရ သောအခါ မိုးမမြင် လေမမြင် ဖြစ်သွားရတော့၏။ ဒီကောင်တွေက ခုထက်ထိ ငါ့အရည် အချင်းကို အကုန်မသိကြသေးဘူး” ဟု တွေးတောကာ သွယ်ပျောင်းသော လည်တံကို ဆန့်တန်းလျက် အကောင်းဆုံး သီချင်းတစ်ပုဒ်ကို ဟစ်လိုက်၏။ စိမ်းပြာရောင် တဖျပ်ဖျပ်တောက်ပနေသော အတောင်များကို ဖြန့်ကားကာ ဟန်ပါပါ ချီလိုက်၏။ ထို့နောက်တွင် ကား ရှည်လျားလှသော မြီးဆံများကို ယပ်တောင်သဖွယ် ထောင်မတ်ကာ ချာချာလည် အောင် ကပြလိုက်ပါတော့သည်။
သူကတော့ ဟုတ်လှပြီ၊ တင့်တယ်လှပြီ အထင်နှင့် အားပါးတရကြီး ကပြနေပါ ၏။ အလေးအနက် စဉ်းစားလေ့ မရှိသော ငှက်အပေါင်းတို့ကလည်း ကောင်းချီးသြဘာ ပေးနေကြပါ၏။ သို့ရာတွင် သူ့အကကို သေသေချာချာ ကြည့်လိုက်ပါက အရှက် အကြောက် လုံးဝ မရှိတော့သည်ကို တွေ့နိုင်ပေသည်။ မြီးတံ ရှိသမျှကို အစွမ်းကုန် ထောင်မတ်ထားမှတော့ ကသူ မရှက်၊ မြင်သူရှက် ဖြစ်ကြရပေတော့သည်။
ဤတွင် သူ၏ ယောက္ခမလောင်း ဖြစ်သော ရွှေဟင်္သာမင်းက -
“ဟယ် အရှက်မရှိတဲ့ ဥဒေါင်းငှက်၊ စည်းပျက်ကမ်းပျက် ကနေတာ ရပ်လိုက်စမ်း။ သင်ဟာ ပင်ကိုအရည်အချင်း ကောင်းပေမယ့် အရှက်အကြောက် ကင်းမဲ့စွာ ပရိသတ် ဗိုလ်ပုံ အလယ်မှာ ကပြတဲ့အတွက် ငါ့သမီးနဲ့ သင်နဲ့ မထိုက်တန်တော့ဘူး။ ဒါကြောင့် ဒီပရိသတ်ထဲက မင်း မြန်မြန်ကြီး ထွက်သွားလိုက်စမ်း”
ဤသို့ ဒေါသတကြီး နှင်ထုတ်လိုက်ပြီးလျှင် သမီးတော်အား တူတော်နှင့် လက်ထပ် ၍ ပေးလိုက်လေသည်။
(ဧကတနိပတ်၊နစ္စဇာက်)
ဤဇာက်ကိုပေါင်းသော်--
ဥဒေါင်းငှက်=ဥစ္စာများသော ရဟန်း
ဟင်္သာမင်း=မြတ်စွာဘုရား
#ဟင်္သာပျိုလိုချင်လွန်းလို့
#စာပေဖက်လိုသူများ
#စာပေဗဟုသုတ
د
🌿 ဒီနေ့ကို အကောင်းဆုံးဖြတ်သန်းလိုက်ပါ 🌿
မနေ့က အမှားတွေကို စိတ်မပူပါနဲ့။ မနက်ဖြန်အတွက်လည်း အလွန်အကျွံ မစိုးရိမ်ပါနဲ့။
ဒီနေ့ကို အကောင်းဆုံး ကြိုးစားနိုင်ရင် မနက်ဖြန်က သင့်ကို ကျေးဇူးတင်ပါလိမ့်မယ်။
ကျန်းမာတဲ့ခန္ဓာကိုယ်၊ အေးချမ်းတဲ့စိတ်နဲ့ ပျော်ရွှင်တဲ့နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
💚 အားလုံးပဲ ပျော်ရွှင်ပြီး အောင်မြင်တဲ့နေ့လေး ဖြစ်ပါစေ။
ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ တကယ်ချစ်တယ်ဆိုရင်တော့ ကိုချစ်တဲ့သူ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အကျင့်တွေကိုပြင်ပေးတယ် တကယ်မချစ်ဘူး။အနိုင်ယူတတ်သူဟုတ်တယ် ဒါမှမဟုတ် temporary ပေါ့ ယာယီမျှသာ၍ဖြစ်တယ်ဆိုရင်တော့ သူ့ကို အရှိအတိုင်း ချစ်ပေးပါဆိုတဲ့စကားမျိုးပြောလိမ့်မယ်။ဘယ်လောက်ပဲစိတ်မာတဲ့ယောက်ျားလေးဖြစ်စေ ကိုယ်တကယ်ချစ်တဲ့သူအတွက်တော့ကိုယ့်ရဲ့အကျင့်တွေကိုပြင်ပေးတယ်။ပြောင်းပေးတယ်။မပြောင်းပေးနိုင်ရင်တောင်မှသူရှိတဲ့အခါမှာဆင်ခြင်ပေးတယ်။မိန်းကလေးမှာလည်းအဲ့လိုပဲဒီယောကျာ်းလေးဒီအမျိုးသားကို သူတကယ်ပဲချစ်တယ်ဆိုရင် သူမကြိုက်တာလေးတွေပြင်ပေးတယ်။ဆင်ဆင်ခြင်ခြင်နေပေးတယ်။ခင်ဗျားတို့ရဲ့ချစ်သူ ခင်ဗျားသူ့ရဲ့အိမ်ထောင်ဘက်ကခင်ဗျားမကြိုက်မှန်းသိသိကြီးနဲ့လုပ်နေတယ်ဆိုကတည်းကရှင်းနေပါပြီ။ဒါမှမဟုတ် ကိုယ့်ချစ်သူကိုယ့်အိမ်ထောင်ဘက်က ကိုမကြိုက်မှန်းသိတယ်။ကိုယ်စိတ်ရှုပ်မှန်းသိတယ်။ကိုယ်အနှောင့်အယှက်ဖြစ်မှန်းသိတယ်ဆိုရင်အကျင့်တွေကိုဖြည်းဖြည်းချင်းပြင်သွားတယ်ဆိုရင်ဒါလည်းဘာမှန်းလဲခင်ဗျားသိပြီ။အုိေက အဲ့တော့အားလုံးပဲအိမ်ထောင်ရေးကံ ချစ်သူရကံ ကောင်းကြပါစေ။တစ်ယောက်နဲ့တစ်ယောက်ရဲ့တကယ်ချစ်တယ်ဆိုရင်တစ်ယောက်နဲ့တစ်ယောက်ရဲ့စိတ်အနောက်အယှက်ဖြစ်စေမယ့်အကျင့်တွေ၊ဝါသနာတွေပြင်ကြပေါ့၊မပြင်နိုင်ဘူးဆိုရင်လည်းဒါခင်ဗျားတို့အပေါ်မှာဘယ်လိုသဘောထားတယ်ဆိုတာပေါ်လွင်ပြီးသားဖြစ်နေတာပေါ့။အိုကေ။
Cliff Rake(sayar BoBo)
လူတိုင်းရဲ့ဘဝမှာ ကျန်းမာရေးက အရေးကြီးဆုံး အရင်းအနှီးပါ။
နေ့တိုင်း ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။
စိတ်ကို အေးချမ်းစေတဲ့ ဂီတကို နားထောင်ပါ။
အသိပညာကို နေ့စဉ် လေ့လာပါ။
သေးငယ်တဲ့ အလေ့အကျင့်ကောင်းတွေက အနာဂတ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်ပါတယ်။
ဒီ Page မှာ ကျန်းမာရေးဗဟုသုတ၊ ဂီတနဲ့ ဘဝအတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေကို အမြဲမျှဝေပေးသွားမှာပါ။
Like & Follow လုပ်ထားပြီး အတူတူ လေ့လာကြရအောင်။ 💚
ဘုရားတရားပိုလုပ်ပါ
ဘဝတွေ ပိုခက်ခဲလာရင် အသိသတိကပ်ထားပါ။ ဘာကို အသိသတိကပ်ထားရမလဲဆိုရင် ဘုရားတရားကို အမြဲမပျက်သက် ဝင်ယုံကြည်ပါ။
ကောင်းတဲ့နိမိတ်တွေဆောင်ပါ။ ကောင်းတဲ့စကားတွေပြောပါ ။ မိမိယုံကြည်သက်ဝင်တဲ့ ဂါထာ (သို ့မဟုတ်) ဂုဏ်တော် တစ်ခုခုကို ယုံကြည်မှု ရှိရှိ အာဂုံဆောင်ပြီး ရွတ်ပွားပါ။
ဘုရားတရားလုပ်လို့၊ ကုသိုလ်ကောင်းမှုပြုလို့ ဆင်းရဲ မွဲတေ သွားတဲ့လူဆိုတာ မရှိပါဘူး။
ဒါကြောင့် ဘုရားတရားများများလုပ်ပါ။ မရှိစကားတွေကို ထပ်တလဲလဲ မပြောပါနဲ့။ စိတ်ညစ်စရာတွေကို ထပ်ခါထပ်ခါ မတွေး ပါနဲ့။ ဘဝတွေ ပိုခက်ခဲလာရင် ဘုရားတရားကို ပိုလုပ်ပါ။ နိမိတ်ရှိတဲ့ စကားတွေများများပြောပါ။ ယုံကြည်ရင် ရေတောင် ဆေးဖြစ်တာမို့ ယုံကြည်ဖို့တော့ လိုပါတယ်။
08/07/2026
Click here to claim your Sponsored Listing.
Category
Website
Address
NO.49, 51 & 53, JALAN KERIS 1, TAMAN SRI TEBRAU, 80050 JOHOR BAHRU, JOHOR.
Johor Bahru
80050