NeNem
health and beauty
စက်ဘီးကောင်းကောင်းလေးတောင် မစီးနိုင်ခဲ့တဲ့ တောသူမ ခုကျေးဇူးတော် သက်သက်ကြောင့် ကားစီးနိုင်တဲ့အခွင့် ရခဲ့တယ်
ဘုရားရှင်ကောင်းမြတ်တယ် ကျမတို့မိသားစုအပေါ်မှာ Amen
05/01/2026
ဟိုးအရင်က ကလေးမြို့မှာစျေးချိိုချိုလေး😄
တောင်ပေါ်သွားရင် ဝယ်စရာတောင်မလို ပြန်ငြင်းရတာ🤭
ဒီမှာ ၁ kg $9 ဆိုတော့🤧 တော်ပါသေးတယ် အရမ်းအရမ်းကြိုက်ခဲ့တဲ့ အသီးမဟုပ်လို့🤗🤪
Adelaide city
Victoria Square
ခြံထွက် နည်းနည်းလေးဆိုပေမယ့် ခူး၍မကုန်နိုင်
# @
09/08/2025
ရှေးဟောင်း အပ်ချုပ်စက်တွေ ဒီဇိုင်းစုံ
24/08/2024
မျောက်ကျောက်ရောဂါဆိုတာဘာလဲ
=========================
မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။
ရောဂါလက္ခဏာများ
ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ အဖုအပိန့်
အများစုကို မျက်နှာ၊ လက်ဖဝါး၊ခြေဖဝါး ၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
အများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ ပျောက်ကင်းသွားနိုင်သလို မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက် အန္တရာယ်ရှိနိုင်ပါသည်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။
ကူးစက်ပျံနှံပုံ
ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေပါသည်။ ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။
ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေပါသည်။
ရောဂါဖြစ်ပွားနေသူများနှင့် အတူနေမိသားစုဝင်များ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။
ဘယ်လိုကာကွယ်ကြမလဲ
ရောဂါဖြစ်ပွားနေသူမှတစ်ဆင့် ရောဂါပိုးများကပ်ညှိနေနိုင်သည့် အဝတ်အစားများ၊ အိပ်ယာခင်းများ မျက်နှာသုတ်ပုဝါများနှင့် ၎င်းတို့ထိတွေ့ခဲ့သော အရာဝတ္ထုများ သို့မဟုတ် ၎င်းတို့၏ အရေပြား အဖုအပိန့်များ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန်များနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော အရာများ (ဥပမာ- ရေခွက်၊ ပန်းကန်များ)ကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောပါ။ လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်ပါ။ ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားပါ။ ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကိုလည်း စနစ်တကျ စွန့်ပစ်ပါ။
ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ဘာတွေလုပ်ဆောင်သင့်သလဲ။
သင်ကိုယ်တိုင် ရောဂါလက္ခဏာခံစားနေရခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါဖြစ်နေသော လူတစ်ယောက်နှင့် ကိုင်တွယ်ထိတွေ့ခဲ့သည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီတောင်းခံပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဆေးကုသမှုခံယူပါ။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် သီးခြားနေထိုင်ခြင်းနှင့် အခြားသူများကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးကြောပြီး အခြားသူများကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်ရန် အထက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်ပါ။
သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာကြပါစေ
ဒေါက်တာရဲရင့်
အာဟာရအထူးပြု
Source - WHO
#မျောက်ကျောက်
12/07/2024
တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး
မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ
ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ
သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ
တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ
သင်တန်းမှာလာတဲ့ အချို့ကလေးတွေ
အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ
Body က passive ဖြစ်ပြီး
သေးသေး လီလီ ဖြစ်နေတာတွေ
လက်တွေ့ မြင်နေရပါတယ်
ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်
မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်
ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။
ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ
ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊
ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။
ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။
ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။
နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။
ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။
ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။
ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။
သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။
လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။
တကယ်ချစ်ပေးပါ
05/03/2024
ဆုံးရှုံးပြီးမှ
လူတစ်ယောက်တန်ဖိုး
နားလည်မယ်ဆိုရင်
သင်နားလည်သွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာရှိဖို့ မသေချာတော့ဘူး ll
အနားမှာရှိတုန်း
လူတစ်ယောက်အကြောင်း
မသိခဲ့ဘူးဆိုရင်
သင်သိသွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာ မရှိနိုင်တော့ဘူး ။
အတူရှိခွင့်ရတုန်းမှာ
လူတစ်ယောက်ကို ကိုယ်ချင်းမစာတတ်ခဲ့ရင်
သင်ကိုယ်ချင်းစာတတ်တဲ့ အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာ မရှိနိုင်တော့ဘူး ။
မိသားစုမှာပဲဖြစ်ဖြစ်
သူငယ်ချင်း အချင်းချင်းမှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့ ။
လူတိုင်းလူတိုင်းဟာ
ဆုံးရှုံးပြီးမှသင်ခန်းစာရသွားတတ်သူတွေပါ။
ဒါ့ကြောင့် မဆုံးရှုံးခင် သင့်အနားမှာ ရှိနေတဲ့သူကို တန်ဘိုးထားပါ။
💗💗💗
Crd #
03/11/2023
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kajang
43000
30/10/2025