SCM. Products Mall

SCM.  Products Mall

Share

SCM မှ100%ပြည့်ထုတ်ကုန်ပစ္စည်းမျာကို ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါပြီခဗျ

25/09/2024

"လူ့တန်ဖိုး" ( 9 ) ချက်

1" ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။

2" ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

3" အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

4" ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့မမြင်တတ်ရင် အလကားပါပဲ။

5" အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ။

6" အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ။

7" ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

8" ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

9" အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တော့
လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား...
ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား...
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ...
အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့...
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

19/09/2024

ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကျွေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကူညီနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ခိုင်းသ၍ လုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သူခိုင်းသ၍ သင်မလုပ်ပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ချေး ငှါး နိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မချေး မငှါးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

တကယ်တော့ သူငယ်ချင်းဆိုတာ
ပေးဆပ်နိုင်မှုနဲ့ မရင်းနှီးပါနဲ့
ရယူမှုနဲ့ မရင်းနှီးပါနဲ့
မေတ္တာနဲ့ရင်းနှီးပါ
နားလည်မှုနဲ့ ပေါင်းသင်းပါ
စာနာစိတ်နဲ့ မိတ်ဖွဲ့ပါ
ညာတာစိတ်နဲ့ လက်တွဲပါ
အစားကောင်းစားရတိုင်း သတိရပါ
အသိတရားကောင်းရရှိတိုင်း ဝေငှပါ
ပျော်စရာတွေ့တိုင်း လှမ်းခေါ်ပါ
စိတ်ညစ်စရာတွေ့တိုင်း တိုင်ပင်ပါ
ဝမ်းနည်းစရာတွေ့တိုင်း ဖွင့်ဟပါ
သူဆီက ဆိုတဲ့ ရလိုမှုတွေ ဖျောက်ပစ်ပါ
ဘာတွေ ဘယ်လိုကြုံကြုံ
ဘဝက ခဏလေးပါ
ကိုယ့်ရဲ့ အတ္တစိတ်ကြောင့် မာန်မာနတွေကြောင့်
သူငယ်ချင်းကောင်းတွေကိုတော့
လက်မလွတ်လိုက်ရပါစေနဲ့........

Credit

17/09/2024

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့
ခေတ်ပျက်ထဲမှာ ပျော်ရွှင်မှုမကြွားနဲ့။

တချို့တွေ ဘာဉစ္စာပစ္စည်းမှမရှိကျတော့ဘူး
တချို့တွေ အိုးအိမ်ပြာကျနေစရာ/နေရာမရှိကျတော့ဘူး
တချို့တွေ စာကောင်း‌/သောက်ကောင်းထက်
မသေထမင်း/မသေဟင်း စားပြီးအသက်ဆက်နေကျရတာ
တချို့တွေ မပျော်နိုင်ရှာဘူး/အပူမီးကိုယ်စီ
တောက်လောင်/ဝမ်းနည်းငိုကြွေး အမြဲပူပင်
သောက ရောက်နေရတာ။

ခဗျား လူပီသ/တယ်ဆို
ခဗျား မကြွားမိပါစေနဲ့
တချို့ဘဝတွေကို စာနာ/သနား
အားနားတတ်ပါစေ။

#သုတ ရသ စာစုလေးများ

16/09/2024

အပေါ်ကပုံက ဘာဟူဘာလီဇာတ်ကားထဲက ပုံဖြစ်ပြီး....
အောက်ကပုံက မြန်မာပြည် ဖခင်တစ်ဦးရဲ့သူရဲကောင်းပုံဖြစ်ပါသည်။

10/09/2024

အိမ်လည်ရဲရဲသွားပါရစေ ...

တစ်ခါတုန်းက ကျွန်တော့်အဖေက ကျွန်တော့်ကို ဆုံးမဖူးတယ် ။ " သားရေ...မင်းတို့လိမ္မာဖို့လိုတယ်နော်... မင်းတို့လိမ္မာမှ အဖေတို့အသက်ကြီးလာတဲ့အခါ သူများအိမ်တွေကို အိမ်အလည်ရဲရဲသွားရဲမှာ...အဖေ အိမ်လည်ရဲရဲ သွားပါရစေကွာ " တဲ့ ။

" ဘာဖြစ်လို့လဲ...ဖေဖေရယ် " လို့မေးတော့ " မင်းတို့က မလိမ္မာလို့ မိဘကို ကောင်းကောင်းမွန်မွန် မစောင့်ရှောက်နိုင်ရင် အဖေအိမ်သွားလည်တဲ့အခါ လာချေးတာလား...လာတောင်းတာလားလို့ ထင်ကြလိမ့်မယ်..." တဲ့ ။ " ဟာ...ဖေဖေကလည်း ဖေဖေလည်း စက်ပြင်ဆရာတစ်ယောက်ပဲဟာ...ဘယ်သူက ထင်မှာတုန်း " ဆိုတော့...

" ဒါက အခုအခြေအနေလေ သားရယ်... အသက်ကြီးလာတဲ့တစ်နေ့ ကိုယ့်ရှာစာမရှိတော့တဲ့တစ်နေ့မှာ မိဘတွေဟာ သားသမီးတွေအပေါ်ပြန်ပြီး မှီခိုရတယ်...အဲဒိအချိန်မှာ မင်းတို့တစ်တွေက လောက်လောက်လားလား အားကိုးရရင် ... သူ့သားကတော့ဘာဟဲ့...သူသမီးကတော့ဘာဟဲ့နဲ့...လူတွေက အဖေတု့ိကို လေးစားကြလိမ့်မယ် "

" မင်းတို့ငယ်ငယ်က အဖေတို့မျက်နှာနဲ့ လူလုပ်ခဲ့ရသလို... တစ်နေ့အဖေတို့အသ-က်ကြီးလာရင် မင်းတို့မျက်နှာနဲ့ လူပြန်လုပ်ရဦးမှာ ငါ့သား... အဲဒီအချိန် တပည့်တစ်ယောက်အိမ်ဝင်လည်ရင်တောင်... ဟော...ငါ့ဆရာတော့လာပြီး အကန်တော့ခံချင်လို့လား မသိဘူးလို့ အဖေအထင်မခံနိုင်ဘူးကွာ "

" အဲဒိတော့ အဖေ့ရဲ့ရှာစာမရှိတော့တဲ့ အချိန်တွေမှာ အဖေအရင်လိုပဲ ရဲရဲတင်းတင်း အိမ်လည်ပါရစေ...ငါ့သားရယ် " တဲ့ ။ ဘဝမှာ ကျရှုံးတော့မယ်ကြံတိုင်း (ယခုလည်း အောင်မြင်မနေပါ 😁😁) အဖေ့ရဲ့ ပြောစကားလေးကို ပြန်ကြားယောင်မိရင်း ပိုကြိုးစားမိ်တယ် ။ ဟုတ်တယ် ။ ငါအဖေနဲ့အမေ အိမ်လည်ရဲရဲသွားရဖို့ ငါ့မှာတာဝန်ရှိတယ်လို့ ခံယူထားတယ် ။

ညီ ညီမ တူ တူမတို့လည်း လိုအပ်ခဲ့မယ်ဆိုရင် အဲဒိစကားကလေးကို ယူပြီးရင်ထဲမှာသိမ်းထားလိုက်ပါ ။ ဘဝအတွက်ကြိုးစားနေရင်း အားလျော့လိုက်တော့မယ်ကြံတိုင်း ဒီစကားလေးကို ရင်ထဲကထုတ်ထုတ်ပြီး နားထောင်ကြည့်ပေါ့ ။ မိဘအတွက်လို့ ရည်ရွယ်ပြီး ကြိုးစားရင် အဆင်မပြေတဲ့ သားသမီးရယ်လို့ မရှိပါဘူး ။

မိဘတွေ သူတို့ရှာစာမရှိတဲ့တစ်နေ့ အရင်တုန်းကအတိုင်း ရဲရဲတင်းတင်း အိမ်လည်ရဲအောင် ပြုစုထောက်ပံ့နိုင်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာလေးတွေ ဖြစ်ကြပါစေကွာ ။ ။

10/09/2024

အချိန်မီ မိဘအပေါ် သိတတ်ပါ
***********************
ဖတ်ကြည့်နော်…

#လူတချို့က…
မိဘတွေကို ဘယ်တော့မှ
စကားကောင်းကောင်း မပြောတတ်ဘူး။

ဒါပေမဲ့…
တခြားသူနဲ့ကျ ကိုယ့်ကိုယ်ကို နှိမ့်ချ
ပြောဆိုတတ်ကြတယ်။

#လူတချို့က…
မိဘတွေဆို တွန့်တိုတတ်တယ်။

ဒါပေမဲ့…
သူငယ်ချင်း အ‌ပေါင်းအဖော်တွေနဲ့ကျတော့
ဘယ်လောက်ကုန်ကုန် ရက်ရောတယ်။

#လူတချို့က…
မိဘကို ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြတယ်။

ဒါပေမဲ့…
တခြားသူတွေကိုတော့ အနစ်နာခံနိုင်တယ်။

#လူတချို့က…
မိဘတွေကို ချစ်တယ်လို့ ပြောရတာ
ရှက်စရာလို့ ထင်နေကြတယ်။

ဒါပေမဲ့…
တခြားလူတွေကိုတော့ ချိုသာတဲ့စကားတွေ
အမျိုးမျိုး ပြောလို့ နေတယ်။

#လူတချို့က…
မိဘများ၏ စိုးရိမ်ပူပန်မှုကို
စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ရှုမြင်ကြတယ်။

ဒါပေမဲ့…
ကိုယ်မသိတဲ့လူဆီကတော့
စိုးရိမ်ပူပန်မှုကို ပြေးရှာနေကြတယ်။

#လူတချို့က…
သူတို့အတွက် အရာရာတိုင်းကို လုပ်ပေးနေတဲ့
မိဘတွေကို ကျေးဇူးတင်တယ်လို့ ဘယ်တော့မှ မပြောခဲ့ဘူး။

ဒါပေမဲ့…
တခြားလူတွေက နည်းနည်းလေး ကောင်းတာလုပ်‌ပေးရင်
ကျေးဇူးအလွန်တင်ကြတယ်။

#လူတချို့က…
မိဘတွေ ဘယ်လောက်ထိ ဝမ်းနည်းကြေကွဲနေမလဲ
ဆိုတာ ဘယ်တော့မှ ဂရုမစိုက်ဘူး။

ဒါပေမဲ့…
တစ်လောကလုံးရဲ့ ခံစားချက်တွေကိုတော့
အလွန် ဂရုစိုက်နေတယ်။

#သူငယ်ချင်း…
မင်း မှတ်ထားပါ။

တစ်ကမ္ဘာလုံးက မင်းကို ကျောခိုင်းခဲ့ရင်တောင်
မင်းကို နားလည်ဖို့ အဆင်သင့်ဖြစ်နေမယ့်သူ
နှစ်ယောက်ပဲ ရှိတယ်

အဲဒါ မိဘပါပဲ။

ပြီးတော့…
မင်းကို ဘယ်သူမှမချစ်‌လည်း
မင်းကို သူတို့က ထာ၀ရချစ်‌နေမှာပါ။

ဒါကြောင့်…
မင်း ပြုစု စောင့်ရှောက်ဖို့ မိဘမရှိတဲ့ အချိန်မှ

( သို့မဟုတ် )
မင်းချစ်ဖို့ အမေ အ‌ဖေ မရှိတဲ့‌နေ့မှ
ဒီအ‌ကြောင်းတွေကို တွေးတတ်မယ်ဆိုရင်
မင်း နောင်တ ရလိမ့်မယ်။

အချိန်မီ မိဘအပေါ်
နားလည် သိတတ်အောင် ကြိုးစားပါ။

မိဘ အားကိုးရသော သား သမီးများ ဖြစ်နိုင်ကြပါစေ…

02/09/2024

တစ်ခါက သူ့အမေကို အရမ်းမုန်းနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဘာလို့သူ့အမေကို မုန်းရသလဲဆိုတော့ သူ့အမေက မျက်လုံးတစ်ဖက် ကန်းနေလို့ပါပဲ။ တစ်နေ့ကျတော့ သူ့အမေက သူတက်နေတဲ့မူကြိုကိုလိုက်လာပြီး သူ့ကိုမုန့်လာပို့ပေးခဲ့တယ်။

ကောင်လေးရဲ့သူငယ်ချင်းတွေက “ဟာ၊ ဒီကောင့်အမေက မျက်လုံးတစ်ဖက်ကန်းနေတယ်ကွ” ဆိုပြီးပြောကြတော့ ကောင်လေးက သူ့အမေကို အော်ထုတ်လိုက်တယ်။

အိမ်ပြန်ရောက်တော့ “ နောက်မလိုက်လာပါနဲ့။ လာရင်သူ့ကိုယ်သူ သတ်သေပစ်မယ်” ဆိုပြီးပြောခဲ့တယ်။ သူ့အမေကတော့ မျက်ရည်တွေဝဲနေတာပေါ့။

ဒီလိုနဲ့အသက်တွေကြီးလာပြီး ကောင်လေးက အိမ်ထောင်ကျ၊ ကလေးနှစ်ယောက်မွေးပြီး သီးသန့်နေနေတဲ့အချိန်မှာ သူ့အမေက ကောင်လေးရဲ့အိမ်ကို လိုက်လာခဲ့တယ်။

“ ခင်ဗျား ကျုပ်ကလေးတွေလန့်အောင်လာလုပ်နေတာလား။ ဘာလို့ဒုက္ခလာပေးနေတာလဲ” ဆိုပြီး သူ့အမေကို မောင်းထုတ်ခဲ့တယ်။ သူ့အမေကလည်း တောင်းပန်ပါတယ်ဆိုပြီး ပြန်သွားခဲ့တယ်။

ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့ ကောင်လေးက သူ့မွေးရပ်မြေကကျောင်းမှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိလို့ သွားခဲ့တယ်။ မြို့ကိုရောက်တုန်း သူ့အမေဘယ်လိုအခြေအနေရှိလဲဝင်ကြည့်ခဲ့တယ်။ သူရောက်သွားချိန်မှာတော့ သူ့အမေကွယ်လွန်ခဲ့တာ တစ်လရှိသွားပါပြီ။ သူကမျက်ရည်တစ်စက်တောင်မကျခဲ့ပါဘူး။ အဲဒီ့အချိန်မှာပဲ သူ့အိမ်နီးနားချင်းတစ်ယောက်က သူ့အမေရဲ့ နောက်ဆုံးစာလေးတစ်စောင်ကိုလာပေးခဲ့တယ်။

စာထဲမှာရေးထားတာက
“ သားရဲ့မွေးရပ်မြေကို ခဏပြန်လာတာ အမေဝမ်းသာပါတယ်။ သားရဲ့ကလေးတွေကိုလန့်သွားအောင်လုပ်ဖို့ အမေမရည်ရွယ်ခဲ့ပါဘူး။ အမေမသေခင်သားကိုတွေ့ချင်လို့ လာခဲ့တာပါ။ သားမျက်နှာလေးကိုတွေ့လိုက်ရတာနဲ့တင် အမေကျေနပ်ပါတယ်။ သားငယ်ငယ်တုန်းကကစားရင်းနဲ့ မတော်တဆမှုဖြစ်ပြီး မျက်လုံးတစ်လုံးကွယ်သွားတာသားသိလား။

ငါ့သားလေး မျက်လုံးတစ်လုံးကန်းနေတဲ့ဘဝနဲ့ တစ်သက်လုံးနေသွားရမှာ အမေမလိုလားလို့ အမေ့မျက်လုံးတစ်လုံးနဲ့ အစားထိုးခဲ့တာသားသိလား”။
စာကိုဖတ်ပြီးတဲ့အချိန်မှာ ဟိုလူလည်း အရုပ်ကြိုးပြတ် မြေကြီးပေါ်လဲကျသွားခဲ့ပါတယ်…..

အေမဆိုတာ ……

တသက်မှာ တစ်ခါသာ အရမ်းချစ်ခဲ့ဖူးရင်
သင့်ကိုပဲ အမေချစ်ခဲ့မှာပါ ၊၊

ဘဝမှာ တစ်ကြိမ်ပဲ တန်ဖိူးထားခဲ့ဘူးရင်
သင့်ကိုပဲ အမေတန်ဖိုးထားမှာပါ ၊၊

ဘယ်သူမှ နားလည်မပေးနိုင်တဲ့ အချစ်မျိုး
သင့်ရဲ့ အမေမှာ ရှိနေတယ် …..

အရမ်းကြီးပဲ ချစ်ပြနေဖို့ဆိုရင်
ခွတ်လွတ်နားလည်ပြီး ဂရုစိုက်နေပေးတက်တဲ့
သင့်ရဲ့ အမေ့ရင်ခွင်ဆီကိုသာ ပြေးပါ

တစ်စှူံတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့အခါ
အထီးကျန်ခြင်းတွေနဲ့ အဖော်ပြုပြီး မနေပါနဲ့
ငယ်ငယ်က သင့်အနားမှာ အရိပ့်လိုမျိုး
စောင့်ကြည့်ပေးနေတက်တဲ့
သင့်ရဲ့ အမေ့ရင်ခွင်ဆီကိုသာ ကပ်ပါ…

ကိုယ်ကျရူံးချိန် အနားတစ်ယောက်မှ
မရှိတော့ရင်တောင်
ဝမ်းနည်းခြင်းဖြင့် မျက်ရည်မကျပါနဲ့
ငယ်ငယ်က သင်လှဲကျတိုင်း
ထထ သားရယ် … ထထ သမီးရယ်ဆိုပြီး
အမြဲအားပေးဆွဲထူးခဲ့တဲ့
သင့်ရဲ့ အမေ့ရင်ခွင်ဆီကိုသာ ပြေးပါ ၊၊

ဆင်းရဲမွဲတေချိန် အဖတ်မလုပ်တဲ့
ပတ်ဝန်းကျင်တစ်ချို့ကြောင့်
စိတ်ဓာက်တွေမကျလိုက်ပါနဲ့
သင်ငယ်ငယ်က ဘာမှမရှိချိန်မှာတောင်
သူ့အတွက် အမြဲလိုအပ်နေခဲ့ပေးတဲ့
သင့်ရဲ့ အမေ့ဆီကိုသာပြေးပါ ….

ကျရုံးလိူ့ပဲ ဖြစ်ဖြစ်
အထီးကျန်လို့ပဲ ဖြစ်ဖြစ်
ဝမ်းနည်းခဲ့မိလို့ပဲဖြစ်ဖြစ်
အသည်းကွဲလို့ပဲ ဖြစ်ဖြစ်
လောကကြီးထဲ အမေမွေးပေးခဲ့တာ
အရူံးပေးဖို့မှ မဟုတ်ပဲ

အမေ ရှိနေသေးတယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ
သင်ဟာ လောကကြီးထဲမှာ
ဘာမှ မရှိခဲ့ရင်တောင်
ဘယ်သူမှ ရှိမနေပေးခဲ့ဖူးရင်တောင်
ပြီးပြည့်စူံနေပါပြီ

ကျွန်တော် …..
အမေ့ကို ချစ်တယ် ၊၊
အမေ့ကျမ်းမာပျော်ရွှင်ပါစေ 🙏🙏🙏

26/08/2024

အနင်းခံရတဲ့ မြက်တွေဆိုတာ
ရှင်သန်လာပြီဆိုရင်
သာမန်အပင်တွေထက် ပိုသန်မာကြပါတယ်။
ဘဝက အဖိအနှိမ်ခံနဲ့
တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ။
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေအောက်မှာ
စိတ်ဓာတ်ကျသွားတာထက်
စိတ်နာတတ်အောင် လေ့ကျင့်ယူရမှာပါ။
ဒီနေ့အဆင်မပြေဘူးဆိုပြီး
ပြိုလဲသွားဖို့မလိုပါဘူး။
မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိုင်ဖို့
အခွင့်အလမ်းတွေရှိပါသေးတယ်။
လောကဓံက ကြမ်းတယ်ဆိုတာ
ဘဝတွေသန်မာဖို့အတွက်
အဆင့်အဆင့် သင်ခန်းစာတွေပါပဲ။
မုန်းတိုင်းပြီးရင်
လေပြေဆိုတာ လာစမြဲပဲမဟုတ်လား။
အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့။
ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ။
လူတိုင်းက သန်မာနေလို့တော့ ဘယ်ဟုတ်မလဲ။
လဲကျသွားမှာစိုးလို့
တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။
ဘဝက ခက်ခဲချင် ခက်ခဲမယ်
ကြမ်းတမ်းချင် ကြမ်းတမ်းမယ်။
ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။

26/08/2024

တကယ်ခင်လျှင် တန်ဘိုးထားပါ
******************************

၁နှစ်ကြာခင်ဖို့ဆိုတာ မလွယ်ပါဘူး

၂နှစ်ထိခံရင်တော့ တန်ဖိုးထားသင့်ပါပြီ

၃နှစ်ထိအခင် မပျက်ရင် အံ့ဖွယ်လို့ကိုဆိုရမှာပဲ

၅နှစ်အထိ ခင်မင်နေသေးရင်တော့ အတွင်းသိအဆင်းသိဖြစ်ပြီ

၆နှစ်ကျော်ထိ ခင်မင်နေသေးရင်တော့ အမှတ်တရသတိရနေတဲ့သူ

၁၀နှစ်တာကြာထိ ခင်မင်မပျက်ရင် ဘဝထဲထိဝင်ရောက်နေတဲ့သူ

၁၂နှစ်ကြာတိုင်အောင် ခင်မင်နေသေးရင်တော့ အမျိုးတစ်ပိုင်းတောင် ဖြစ်နေပါပြီတဲ့

အပြောင်းအလဲ များတဲ့ခုလိုခေတ်ကြီးမှာ အနီးနားကသူငယ်ချင်းတွေကို တန်ဖိုးထားပါ

နားလည်မှုပိုပေးပါ တွယ်ကပ်တာတွေလျော့ပါ

ကိုယ့်အပေါ် ကောင်းတဲ့သူတွေကို မေ့မပစ်ပါနဲ့

မူရင်း ;
ပြန်လည်မျှဝေသည်BH😍

24/08/2024

သူမကောင်းတာ
သူ့သမိုင်းဖြစ်ပြီး
သူနဲ့တုပြီး
ကိုယ်ကပြန်မကောင်းပြလိုက်တော့
ကိုယ့်သမိုင်းပါ အကျည်းတန်သွားတာပေါ့
သူရိုင်းတာ
သူ့အပိုင်းဖြစ်ပြီး
သူနဲ့တုပြီး ကိုယ်ကပြန်ရိုင်းလိုက်တော့
ကိုယ်ကပါ အဆင့်မရှိတဲ့လူဖြစ်သွားတာပေါ့
လောကမှာ မတူလို့
မတုသင့်တဲ့အရာတွေအများကြီးပဲ
ဥပက္ခာပြုသင့်တယ်ထင်ရင်
ဥပက္ခာပြုတတ်ရမယ်
လျစ်လျူရှု့သင့်တယ်ထင်ရင်
လျစ်လျူရှု့နိုင်ရမယ်
အရည်အသွေးနိမ့်တဲ့
အရာတွေနဲ့
မပတ်သက်မိအောင်နေခြင်းဖြင့်
မိမိအဆင့်အတန်းကို
မြှင့်တင်ပါ။

24/08/2024

#လောကမှာ 🌍
လိပ်ပြာမလုံတစိမ့်စိမ့်
ရှက်တတ်ဖို့ဆိုတာလည်း
ဥာဏ်ရည်ကလိုသေးတယ် ။

ဥာဏ်ရည်မြင့်မှသာ
ဘယ်အရာက ရှက်စရာ၊
ဘယ်အရာက ရှက်စရာ
မဟုတ်ဘူး ဆိုတာကို သိနိုင်တာ

ဥာဏ်ရည်နိမ့်တဲ့
လူတွေက မရှက်တတ်ဘူး ။

ဒါကို "မရှက်တတ်ဘူးလား၊
မရှက်ဘူးလား "
သွားသွားမေးနေလို့လည်း
“ဒါ ရှက်စရာမို့လို့လား '' လို့ပဲ
သူတို့က ပြန်မေးကြမှာ ။

Want your business to be the top-listed Beauty Salon in Kuala Lumpur?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kuala Lumpur