ČĤÎŃ

ČĤÎŃ

Share

အေးချမ်းပါစေ ချင်းပြည်နယ်

11/06/2026

ပလက်ဝမြိုနယ်မှာ AA ရဲ့ စစ်မှုထမ်း ဖမ်းဆီးမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ ခူမီးလူမျိုးတွေကို ဘင်္ဂလား စစ်တပ်က စောင့်ရှောက်ပေးထား

17/03/2026
11/03/2026

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းအား စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

( စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးကြောင်း AA ထုတ်ပြန်)

မတ် ၁၁ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဥ်းစခန်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (ULAAA) က ယနေ့ မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အထိ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၄ စီး၊ Y-12 လေယာဉ် ၄ စီးတို့ဖြင့် မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် စစ်သုံ့ပန်းများ အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်လာခဲ့သည်။

AA ၏ ထုတ်ပြန်ချက်အရ စစ်သုံ့ပန်း (၁၁၆) ဦး (ယင်းတို့အထဲတွင် စစ်ဘက်အရာရှိကြီးများစွာ ပါဝင်သည်)နှင့် ဒဏ်ရာရရှိသူ (၃၂) ဦး (ပြင်းထန်၊ အလတ်စားနှင့် အသေးစား ဒဏ်ရာရရှိသူများစွာ ရှိနေသည်)ရှိကြောင်း သိရသည်။

ပြစ်ဒဏ်ကျခံနေရသည့် အရပ်သားပြည်သူအချို့လည်း သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

သေဆုံးသွားသော အလောင်းအချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးပျက်စီးသွားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲလျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အစပ်ရှိ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းစခန်းတစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး ထိုစဉ်က စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

23/12/2025

ပလက်ဝမြိုနယ် သတင်

Want your business to be the top-listed Beauty Salon in Kuala Lumpur?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kuala Lumpur
MALAYSIA

Alerts

Be the first to know and let us send you an email when ČĤÎŃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kuala Lumpur.