BiChy 7
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BiChy 7, Health/Beauty, Ground Floor ( Reception ) season tower , 12 , 1/77B , Jalan Changkat Thambi Dollah , Imbi, Kuala Lumpur.
13/11/2025
နော်ဝေနိုင်ငံဟာ လျှပ်စစ်ကားများကို မောင်းနေရင်း အားသွင်းနိုင်သော ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းလမ်းကို စမ်းသပ်နေပြီဖြစ်ပါတယ်။
ဒီတီထွင်မှုဟာ Trondheim မြို့ရှိ အများပြည်သူဘတ်စ်ကားလိုင်းများအတွက် ရည်ရွယ်၍ ဆောင်ရွက်နေတာဖြစ်ပြီး အောင်မြင်ပါက သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အနာဂတ်ကို ပြောင်းလဲသွားမှာပါ။
Trondheim ကြိုးမဲ့အားသွင်းလမ်းစီမံကိန်း အချက်အလက်များ
တည်နေရာ = Trondheim, Norway
အားသွင်းနည်းပညာ = Inductive Charging - လမ်းကြောင်းအောက်တွင်တပ်ဆင်ထားသော ကြေးနီကြိုးလိပ်များမှ သံလိုက်စက်ကွင်းဖြင့် စွမ်းအင်ကို လွှဲပြောင်းပေးမှာပါ။
လမ်းအရှည် = ၁၀၀ မီတာ
လုပ်ငန်းစဉ်အဆင့် = စမ်းသပ်ဆဲစီမံကိန်း (ကားအရေအတွက်အနည်းငယ်ဖြင့် စတင်စမ်းသပ်နေဆဲ)
စီမံကိန်းကုန်ကျစရိတ် = NOK ၂၂.၄ သန်း (US$ ၂.၁၂ သန်းခန့်)
ဒါဆိုဒီလမ်းဟာ ဘယ်လိုအလုပ်လုပ်သလဲကြည့်ကြည့်ရအောင်။
ဒီကြိုးမဲ့အားသွင်းမှုစနစ်ရဲ့ လုပ်ဆောင်ချက်မှာ ရိုးရှင်းသော်လည်း ဆန်းသစ်ပါတယ်။ ပထမဆုံးကားလမ်းကြောင်းမတည်ဆောက်ခင်မှာ လမ်းကြောင်းအောက်မှာ ကြေးနီ (coils) များကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ ဒီ (coils) တွေဟာ လျှပ်စစ်သံလိုက်စက်ကွင်းတစ်ခုကို ဖန်တီးပေးပါတယ်။
အားသွင်းမယ့် ယာဉ်ကတော့ ဒီစနစ်နှင့် သဟဇာတဖြစ်သော အားလက်ခံယူနစ် (receiver) တပ်ဆင်ထားရမှာဖြစ်ပါတယ်။
လျှပ်စစ်ကားဟာ လမ်းကြောင်းပေါ်ကိုတက်ပြီးမောင်းတဲ့အခါ၊ ကားအောက်ခြေက လက်ခံယူနစ်ဟာ လမ်းကြောင်းမှဖြစ်ပေါ်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ ထိုစွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပြီး ကား၏ဘက်ထရီအားသွင်းပေးသွားမှာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို inductive charging လို့ခေါ်ပါတယ်။
စီမံကိန်း၏ ရည်ရွယ်ချက်
1.ဘက်ထရီအရွယ်အစား လျှော့ချနိုင်ခြင်း
လမ်းမောင်းနေစဉ် အဆက်မပြတ်အားသွင်းနိုင်တဲ့အတွက် ကားတွေဟာ ဘက်ထရီအသေးစားကို အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် ကားထုတ်လုပ်စရိတ်၊ ကားအလေးချိန်လျှော့ချခြင်းနှင့် ပတ်ဝန်းကျင်အပေါ် ဘက်ထရီထုတ်လုပ်မှု၏သက်ရောက်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ် ။
2. ဆိုးရွားသော ရာသီဥတုအောက်တွင် စမ်းသပ်ခြင်း
Trondheim ၏ ဆောင်းရာသီဟာ အလွန်အေးမြပြီး ကြမ်းတမ်းပါတယ်။ ဒီစီမံကိန်းဟာ ပြင်းထန်သောရာသီဥတုအောက်တွင်လည်း ဤနည်းပညာ ယုံကြည်စိတ်ချရမှုရှိမရှိ စမ်းသပ်ရန် ရည်ရွယ်ထားတာဖစ်ပါတယ် ။
3. အများပြည်သူသယ်ယူပို့ဆောင်ရေးကို အထောက်အကူပြုခြင်း
ဒီစနစ်ကို ဘတ်စ်ကားများတွင် အဓိကစမ်းသပ်အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘတ်စ်ကားတွေကို ခရီးတစ်လျှောက် ဆက်တိုက်မောင်းနှင်နိုင်စေရန်နှင့် အားသွင်းရန်ခဏရပ်နားစရာမလိုဘဲ တစ်နေကုန်ဝန်ဆောင်မှုပေးနိုင်ရန် ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ Electreon ဟုခေါ်သော အစ္စရေးကုမ္ပဏီမှ နည်းပညာကိုအသုံးပြုထားတာဖြစ်ပါတယ် ။ Electreon ဟာ ဆွီဒင်၊ ဂျာမနီ၊ အီတလီ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင်လည်း ထိုနည်းတူစီမံကိန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ပရိသတ်ကြီးတို့ရောဘယ်လိုထင်သလဲ? ဒီနည်းပညာဟာ လက်ရှိကားတွေကို အစားထိုးနိုင်မလား? comment မှာဆွေးနွေးပေးခဲ့ကြပါဦး။
References:
Reuters ... “Norway tests first wireless charging road for electric vehicles.”
BBC News ... “Trondheim launches pilot road that powers electric buses in motion.”
The Guardian ... “Norway’s smart road aims to make EVs charge while driving.”
Forbes ... “Wireless charging roads could transform the future of electric transport.”
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ground Floor ( Reception ) Season Tower , 12 , 1/77B , Jalan Changkat Thambi Dollah , Imbi
Kuala Lumpur
55100