Thinn Thiri Thaung

Thinn Thiri Thaung

Share

From My Hand To Your Heart 💜

20/02/2026

Edited - အရောင်းပိတ်ပါပြီ

Sensodyne တွေကို သေချာလေး မရေးပေးရသေးတာမို့ အခု ရေးပေးထားပါတယ်
Sensodyne က ရိသုံးနေတာလည်းကြာပါပြီ အရင်က ဂျပန်သွားတိုက်ဆေးတစ်မျိုးသုံးတာပါ မလေးရှားကိုရောက်တော့ စားနေကျ ဂျပန်ဆိုင်က အမနဲ့ စကားပြောကျရင်း အမက သွားပြဿနာဖြစ်တော့ ပိုက်ဆံအတော်ကုန်တယ်ရိရေ အစချီရာကနေ ဆရာဝန်က သွားတိုက်ဆေးကို Sensodyne ဘဲသုံးဖို့ ညွှန်လိုက်တယ်လို့ပြောရာကနေ ကိုယ်လည်းအဲ့ဆိုင်ကနေအပြန် ဘေးကဆေးဆိုင်ကနေ Sensodyne ကို တစ်ခါတည်းဝယ်သွားတာပါ

သူ့ကို သုံးရင် စစချင်း (ခုမှစသုံးတဲ့သူအတွက်နော်) ခံစားရတာက လေ ခံတွင်းကြီး တစ်ခုလုံး လုံးဝ လုံးဝ အေးပြီးရှင်းထွက်သွားတာပါ
Sensodyne သုံးမယ်ဆို အောက်က အချက်တွေကို သေချာဖတ်ပြီး သုံးကြည့်ပါ မလေးရှားက သွားဆရာဝန် တွေ ကိုယ်တိုင် Sensodyne ကို အတော်လေး ညွှန်းပါတယ် တိုက်ပုံတိုက်နည်းပါ တစ်ခါတည်း ပြောပါတယ်
👉🏻သူက အများကြီးမသုံးရပါဘူး နည်းနည်းဘဲ သုံးရပါတယ် လက်သည်းခွံ ပမာဏ သုံးရင် ရပါပြီ
👉🏻 သွားကို ဖြေးဖြေးလေး ညင်သာစွာ အပေါ်အောက် တိုက်ပေးရပါမယ် သေချာကို တိုက်ရပါမယ် ဗြန်းဗြန်းဗြန်းမလုပ်ရပါဘူး
👉🏻သွားတွေကိုတိုက်ပြီးရင် ပါးစပ်ထဲက သွားတိုက်ဆေးတွေကို ဗြစ်ခနဲ မထွေးထုတ်ပါနဲ့ သွားတွေအပေါ်မှာအမြုပ်လေးတွေကပ်နေတယ်မလား အဲ့ဒါကို 10sec ခဏ ထားပါ ပြီးမှ ထွေးထုတ်လိုက်ပါ ပြီးမှ လျာကိုတိုက်ပါ ပလုပ်ကျင်းပါ

ပထမဆုံး သိရတာက ခံတွင်းတစ်ခုလုံးရှင်းသွားတာက အတော်လေးကျေနပ်စရာပါ
ဒုတိယကတော့ သွားကြင်တာ လုံးဝ သက်သာသွားပါတယ် အပူအအေး သောက်တိုင်း ခေါင်းကြိမ်းတဲ့အထိ သွားကြင်တာက ခံစားဖူးမှ သိရတာပါ
တတိယကတော့ Sensodyne က လွဲပြီး တစ်ခြား မတိုက်တတ်တော့တာပါ 🤭

ရိတို့အခုရောင်းတာက
❤️Fresh Mint - မည်သည့်သွားပြဿနာမှ မရှိဘူး ခံတွင်းရှင်းဖို့နဲ့ ခံတွင်းအနံ့ဆိုး ကင်းစေဖို့ဆို သုံးပါ

❤️Whitening - ကော်ဖီသောက်တယ် ဆေးလိပ်သောက်တယ် ကွမ်းစားတယ် သွားဝါတယ် သွားဂျိုးကပ်တယ် ဆိုတဲ့ သူတွေသုံးပါ

❤️Repair & Protect- သွားဖုံးတွေ အပူကန်လို့ ဝမ်းချုပ်လို့နာတတ်သူတွေ ကြွေလွှာလေးတွေ အလွယ်ပဲ့တတ်သူတွေ အပူအအေးသောက်ရင် သွားကြင်သူတွေ သုံးပါ (ရိလည်း သုံးတယ်)

❤️Gumcare သူကတော့ သွားပြဿနာ အမြဲရှိသူတွေသုံးသင့်ပါတယ် သွားလေးတွေကို အမြစ်ကနေ ကြွေလွှာအထိ စောင့်ရှောက်ပေးတဲ့အပြင် သွားဖုံး သွေးစိမ့်တတ်တဲ့သူတွေ အတွက်လည်း အဆင်ပြေပါတယ်

❤️Multicare ရိရေ ရေးတာတွေက အကုန် လုံးသုံးရမလိုဖြစ်နေတယ်ဆို ခေါင်းရှုတ်မခံပါနဲ့ တစ်မိသားစုလုံး သုံးလို့ရတဲ့အပြင် အားလုံးကို ကာကွယ် ပေးတဲ့ Multicare သာသုံးလိုက်ပါ 🤭

❌6 နှစ်အောက် ကလေးတွေကို Sensodyne မသုံးရပါဘူးနော်❌

စျေးက 100gx2 ဘူးပါတာကို 43000/- ပါ

အတုအပ မရောင်းပါ

မလေးရှားနိုင်ငံ တရားဝင် Sensodyne ကိုဖြန့်ချီတဲ့ Haleon Malaysia Sdn. Bhd ကနေ ရောင်းပါတယ်

သူများဘယ်စျေးရောင်းနေလဲ မသိသလို
ပစ္စည်း စစ်မှန်မှု့ကိုလည်းအာမခံပါတယ်

Feb.25 ထိ အော်ဒါ လက်ခံပါမယ်နော် 😘😘

စာတွေကို ကိုယ်တိုင်လေ့လာ ပြီး ရေးထားတာမို့ကူးယူခြင်းမပြုကျပါနဲ့ရှင်

ကျေးဇူးပြုပြီး ဒီကနေဘဲ မှာပေးနော် 😘😘😘

18/02/2026

အကောင့်ဘက်က တခြားအရောင်းနေနဲ့မို့ Sensodyne တွေ Sales ချတုံးလေး ရောင်းပေးပါ့မယ် 100g - Twin Pack နှစ်ဗူးတွဲတွေပါ၊ ရွေးစရာလေးမျိုးရှိပါ့မယ် / 100g

Fresh Mint -
Multi Care -
Whitening -
Gum care -

ဘာပဲယူယူ 43,000/- ပါ
Page cb or comment က‌ပဲမှာပေးပါ ပလိစ့်

Photos from Thinn Thiri Thaung's post 26/07/2025

ပထမက Due Date ကနီးလာတော့လေ အရောင်းတွေ ကို ၂၀ ကျရင် ရပ်မယ်ပေါ့ တွေးထားတာ
တကယ်ကိုလေ ထူးထူးခြားခြား ဒီရေမွှေးလေးကိုလေ ရိရှာနေတာ အတော်ကို ကြာနေပြီနော် ဘယ်ရောက်ရောက်ရှာတာ Supplier တွေလည်း စုံနေပြီ မရဘူး Dis ဖြစ်သွားပြီ စျေးကွက်ထဲ လည်း မရှိဘူးဘဲ ပြောကျတာ တကယ်ကို အံ့ဩတယ် သူနဲ့ ရနံ့တူ Rasasi ဘူး ၆၀၀ လောက် ရောင်းပြီးမှ ရှာခိုင်းထားတဲ့ Supplier ကလေ အမရေ အမရှာခိုင်းထားတဲ့ Lacoste လေးစတော့ရပြီပြောတယ်ဆိုတော့ တကယ်ကို Surprise ဘဲ ယူမယ်လို့ ဆိုပြီး အကြောင်းပြန် စျေးတွေညှိကျရင်း ခုည တော့ အရောင်းစတင်ပါပြီ 😁

Lacoste Pour Femme လေးကို စရောင်းတာ ရိအသက် ၁၆ နှစ်ပါ MK Fashion Shop က Lacoste ကောင်တာမှာ အသက်အငယ်ဆုံး အရောင်းဝန်ထမ်းစလုပ်ချိန်ကပါ အဲ့တုန်းက တစ်ဘူး ၇၀၀၀၀/- ကျော်ပါ အဲ့ခေတ်က လစာလေး ၅၀၀၀၀/- ဝန်းကျင် ရတဲ့အချိန်မှာ ရေမွှေးတစ်ဘူးကို ၇၀၀၀၀/- ပါ ဘာများကောင်းနေလို့လဲပေါ့ Lacoste မှာ Loyal Customer တွေကို ဝန်ထမ်းစာအုပ်မှာ နာမည် ဖုန်းလိပ်စာတွေ နဲ့ သူတို့ ကြိုက်တတ်တာလေးတွေကို ရေးထားလေ့ရှိတယ် သူတို့ ကြိုက်တာလေးတွေကို ရောက်ရင် Loyal Customer တွေကို ဖုန်းဆက်ပြီး ဘယ်ကောင်တာမှာတော့ အမ/ အကို ကြိုက်တတ်တဲ့ ပစ္စည်းလေးရောက်တယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားတဲ့ Service ရှိပါတယ်
အဲ့စာအုပ်ထဲမှာ အမှာအများဆုံးက Lacoste သနပ်ခါးရေမွှေးလေးရောက်ရင် ဖုန်းဆက်ပေးပါဆိုတဲ့ မှတ်ချက်ပါ
ရောက်တာနဲ့နော် ကောင်တာတစ်ခုကို အများဆုံး ၁၂ လုံး လောက်ဘဲ ရတတ်တာကို တစ်ယောက်ကို ၃-၄ လုံး တစ်ခါတည်း ဝယ်သွားတတ်တဲ့ ရေမွှေးပါ

ရိ အသက် ၁၆ နှစ်ထဲက အရမ်းရောင်းခဲ့ရ အရမ်းကို စိတ်ဝင်စားခဲ့ရတာမို့ ရေမွှေးတွေ စရောင်းချိန်မှာလည်း တကယ်ကို စမ်းခဲ့ ရောင်းခဲ့ပြီး နောက်ပိုင်း အရမ်းခက်တဲ့ ဝယ်ရခက်တဲ့ ပစ္စည်းဖြစ်သွားပါတယ်

စန္ဒကူး နဲ့ cedar ကို အချိုးကျကျ ရောစပ်ထားပြီး နူးညံ့တယ် သိမ်မွေ့တယ် လှပတယ် ကျက်သရေ ရှိတယ်ဆိုတဲ့ အရာတွေကို ဖော်ကြူးပေးတဲ့ ရနံ့ပါ လူငယ်ကောင်မလေးတွေထက် လူလတ်ပိုင်း လူကြီးပိုင်းတွေနဲ့ လိုက်ဖက်ပြီးတော့ ဆွတ်ထားရင် အနောက်ကနေပွေ့ဖက်ထားပေးသလို Warm ဖြစ်ပြီး စိတ်ထဲနွေးထွေးရပါတယ်

ရိ အရမ်းရေးစရာတော့မလိုဘူးထင်ပါတယ် ဒီရေမွှေးတွေက Old Money တွေလောက်သာ သိကျတဲ့ ရေမွှေးဖြစ်ပြီးတော့ ခုချိန်ထိ တစ်ဘူးရရင် ဝယ်ကို သိမ်းထားမယ်ဆိုတဲ့ ရေမွှေးမျိုးမို့ပါ

ရိရေ အရင် တုန်းက ဘူးပုံစံ နဲ့ မတူဘူးနော် ကာလာလေးပြောင်းသွားတယ်ဆိုရင် ဟုတ်ပါတယ် သူ့ Lacoste Official website မှာကို ဘူး ဒီဇိုင်း အသစ်ကို ပုံတင်ထားပါတယ်

စျေးလေးပြောပါ့မယ် မတရားတန်ပါ့မယ် အရမ်း တန်ပါ့မယ်
310000/- ပါ (Retail Packaging ပါ)
နောက်တစ်ခုထပ်ပြောတာပါ မြန်မာတစ်နိုင်ငံလုံး Lacoste Pour Femme EDP 90ml Retail Pack ကို ရိဆီဘဲ စတော့ ရပါသေးတယ် နောက်မှ လိုက်ရောင်းကျရင်တော့ မပြောတတ်ပါဘူး
ပစ္စည်းက ရန်ကုန်ရောက်နေပါပီ

Photos from Thinn Thiri Thaung's post 20/07/2025

❌❌❌SOLD OUT❌❌❌

Hello hello အမတို့ ညမတို့ရေ ရိ ဒန်ကီမိုရီ ရဲ့ Hair Tonic လေးကို စျေးမှားတွက်ပြီး ရောင်းထားမိလို့ပါ 🙏🙏🙏

တကယ်ကြီး တောင်းပန်ပါတယ်နော် ရိက ကလော်ကလည်တွေ ပြောတယ် မထင်ပါနဲ့နော်

ရိ တကယ်ကို စျေးက အတော်လေး ကွာနေလို့သာ ပြန်တောင်းရတာပါ

သူက Watson မှာတောင် တစ်ဘူးကို ၈၀၀၀၀ ကနေ တစ်သိန်း ဝန်းကျင် ရှိတာကို

ရိက ၃၉၀၀၀ နဲ့ရောင်းထားမိတာပါ 🥹

တကယ် စျေး အမှန်က ၆၀၀၀၀/- ပါနော် ရိက ၃၉၀၀၀/- ဆိုတော့
လိုငွေလေး ၂၁၀၀၀/- ဖြစ်သွားပါ့မယ်နော်

ဟယ် စျေးပြောင်းသွားတယ် မယူတော့ဘူးဆိုလည်း ရပါတယ်နော် အားမနာပါနဲ့ Cancel ပေးပါ့မယ်

စိတ်မဆိုးကျပါနဲ့နော် 🙏🙏🙏

Photos from Thinn Thiri Thaung's post 17/07/2025

❌❌❌❌SOLD OUT❌❌❌❌

Followers တွေအများကြီးနဲ့ Page ကပျက်သွားတော့ Page နဲ့စျေးရောင်းရတာ မပျော်တော့ဘူး အဲ့ဒါနဲ့ဘဲ ဒီ Page လေးကို ပစ်ထားလိုက်တာ ခု ဒန်ကီမိုရီတွေ အရောင်းမှာ ပြန်သုံးလိုက်မယ်နော် 😁🙏🙏🙏

❤️ဒန်ကီမိုရီတွေကို ဘယ်ဟာ ဘာအတွက်လည်း ပြန်ရေးပေးကျပါဦး ဆိုသူတွေအတွက်ရယ်
❤️ ဒီ ဟာက ဘယ်လောက်ကောင်းနေတာမို့လို့ ဒီလောက်မှာနေတာလဲ ဆိုသူတွေအတွက်ရယ်
❤️Items တစ်ခုချင်းစီရဲ့ အာနိသင်ကို သေချာလေးရေးပေးထားပါတယ် စာလေး ရှည်မှာ ဖြစ်ပါတယ် သေချာ ဖတ်ပေးမယ်ဆို ဝမ်းသာရမှပါ🙏 ဒါမှ မိမိ ဆံသား ဦးရေအတွက် လိုအပ်တာလေး ဝယ်ယူနိုင်မှာပါ
ဒန်ကီမိုရီ ကို ကိုရီးယားနိုင်ငံရဲ့ Doori Cosmetics ကနေထုတ်လုပ်ပါတယ်
ကိုရီးယားနိုင်ငံရဲ့ သဘာဝ ဆေးမြစ်တွေကနေထုတ်တဲ့ shampoo တွေထဲမှာ No-1 Best Selling ပါ
ဒန်ကီမိုရီ စီးရီးတွေ အားလုံးကို ကိုရီးယား နိုင်ငံရဲ့ သဘာဝဆေးမြစ်တွေ အပြင် ဂျင်ဆင်းကို အခြေခံပြီး ထုတ်လုပ်ပါတယ်
ဒါကြောင့် အသက်အရွယ်ကြီးသူတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးတွေ နဲ့ ကျား/ မ အရွယ်စုံ အလွှာစုံ သုံးနိုင်ပါတယ်
ဒီစီးရီးရဲ့ အဓိကက အရွယ်မတိုင်ခင် ဆံပင်ဖြူတာ ဆံပင်တွေ မြင်မကောင်းအောင်ကျွတ်တာ ဆံပင်အရှည်နှေးတာ ဦးရေပြား ပြဿနာနဲ့ မှိုစွဲ ဗောက်ထတတ်တဲ့သူတွေအတွက်ဖြစ်ပါတယ်

ရိဆီမှာ ဒန်ကီမိုရီ Original Series နဲ့ Gold Premium Series ဆိုပြီး ၂မျိုး မှာနိုင်ပါတယ်
❤️ခရမ်းရောင် Original Shampoo/ Treatment သည် ဦးရေပြားမှာ ဘောက်လို အဖတ်လိုက် အချပ်လိုက် ကွာနေတဲ့ သူတွေ ပြောရရင် ဦးရေပြား မှိုစွဲနေတဲ့ သူတွေ သုံးသင့်ပါတယ်
ဆံပင်တွေ ကလေးမီးဖွားထားလို့ မတရားကျွတ်တယ်
ကိုဗစ် ကနေ ကျွတ်လိုက်တာ မရိရေ ကျွတ်တုန်းဘဲ
ဆံပင်ကို rebound လုပ်လိုက်တယ် ဆံပင်ဆေးဆိုးတယ် ကျွတ်တာတအားဘဲ မရိ
ပြောရရင် ဘယ်လို အကြောင်းနဲ့ဘဲ ကျွတ်ကျွတ် / ဘယ်လိုအကြောင်းနဲ့ဘဲ ဘောက်ပြဿနာ ထထ ခရမ်းရောင် Original Shampoo/ Treatment သုံးပါ
အနံ့လေးက သဘာဝဆန်ဆန် အနံလေးမို့ အမျိုးသား တွေရော သက်ကြီးရွယ်အို အဖိုးအဖွားတွေကအစ ကြိုက်ကျပါတယ် မည်သည့် ဆံသားမဆို သုံးနိုင်ပါတယ်
💁ဒါကတော့ ရိသုံးတဲ့နည်းကို sharing လုပ်တာပါ ဒန်ကီမိုရီ Shampoo တစ်ဘူးမှာ 500ml ပါပါတယ် ဆံသားပေါ်ကို shampoo အနှစ်ကို တိုက်ရိုက် တင်လျော်တာမျိုး မလုပ်ဘဲ ရေခွက်လေးထဲ shampoo အနှစ်ထည့် ရေလေး နည်းနည်းထည့်မွှေအမြုပ်တွေ ရလာမှသာ ဆံသားပေါ်တင်ပြီးလျော်ပေးမယ်ဆို အပုံလိုက် shampoo အနှစ်တွေ ဆံသားပေါ်တင်တာထက် အာနိသင် ပိုကောင်းပြီး တစ်ဘူး ကို အနည်းလေး ၄-၅-၆ လ ထိ အသုံးခံပါတယ်ရှင် ဆံသား နဲ့ ဦးရေ ကို ရေနွေး နဲ့ လျော်တာမျိုးတွေလည်း မလုပ်ကျပါနဲ့ ဦးရေတွေခြောက် ဆံသားတွေခြောက်ပြီး ပို ဗောက်ထ ပိုကျွတ်နိုင်ပါတယ် ဒါလေးလည်း သတိပြုစေလိုပါတယ်

❤️Gold Premium Series သူကတော့ ဦးရေပြား မှိုစွဲတဲ့ ပြဿနာ မရှိဘူး ဗောက်တော့အနည်းငယ်ရှိတယ် ဆံသားတွေ တအားကျိုးတယ် ဆံပင်တွေ တအားကျွတ်နေတယ်ဆိုသူတွေအတွက်ပါ
သူက Original ထက် ပိုပြီး ingredients တွေကို အဆင့်မြင့်တင်ပေးထားပါတယ် ဒါပေမယ့် မိမိ ဦးရေ မှာ ဗောက်မတရားထရင်တော့ မသုံးပါနဲ့ / ဗောက်မရှိဘူးဆိုရင်တော့သုံးပါ အာနိသင်ပိုမြန်ပါတယ်
Original က ၄ ပတ်လောက် နဲ့ သိသာဆို သူက ၁ ပတ်လောက် နဲ့ သိသာပါတယ် အဲ့လို သဘောမျိုးပါ
Original နဲ့ Gold က အလွယ် မှတ် ရရင် ဗောက်တွေ မတရား ထမယ်ဆို Original သုံးပါ ပုံမှန် ဘဲ အမရေ ဆို Gold ကို သုံးပါရှင်

❤️Treatment တွေအကြောင်းပြောရရင်တော့ ဆံသား ကို တောက်တောက်ပြောင်ပြောင် ရေဓာတ် အစိုဓာတ် ပြည့်ပြီး ဆံပင် အရှည် မြန်စေချင်တယ်ဆို Treatment ကို တစ်ပတ် တစ်ခါ အပူ ပေါင်း သို့ အအေးပေါင်း သုံးပေးကျဖို့ ရိကတော့ တိုက်တွန်းပါတယ် ဆံပင် အရှည် မြန်တာမှ ၃-၄ လ အတွင်းကို လက် ၂-၃ လုံး အထိကို တစ်ယောက်နဲ့ တစ်ယောက် မတူ နိုင်ပေမယ့် အရှည် မြန်ချက် က ဆံပင်ညှပ် တဲ့သူပါ အံ့ဩ ယူရပါတယ်
ဆံပင်ဆိုင် သွားရင် ဒန်ကီ Treatment ဘူးလေး ယူသွားပီး လေဆာ ပစ်ခိုင်းတာလည်း လုပ်လို့ရပါတယ် အိမ်မှာ ဆိုရင်တော့ shower cap လေးစွပ်ပြီ ၁၀-၁၅ မိနစ်နေရင် ရေစင်အောင်ဆေးချပါ ပေါင်းဆေးသုံးတဲ့အခါ ဦးရေ နဲ့ လက် ၃ လုံး ခွါပီး ဆံသားကိုသာ လိမ်းရပါ့မယ် ဒါလေး သတိပြုပေးပါ 🙏

🙏Tonic ဒန်ကီမိုရီ ရဲ့ ဇာတ်လိုက်ကျော်ပါ မဖြစ် မနေ ဝယ်ကျဖို့ ရိကတော့ တိုက်တွန်း လိုပါတယ် Gold Series ဘဲ သုံးသုံး Original Series ဘဲ သုံးသုံး ဘယ်ဟာနဲ့မဆို တွဲသုံးနိုင်သလို မရိဆီက shampoo မဟုတ်ရင်ရောဆိုလည်း သုံးနိုင်ကြောင်းပြောလိုပါတယ် Website မှာ 45$ ရှိပါတယ် ရိဆီ သောင်ဂဏန်း နဲ့ရမှာ ဖြစ်ပါတယ်
မိမိ ဦးရေ ကိုဘဲ လိမ်းလိမ်း မိမိရဲ့ မေမေ / အမျိုးသား ဘယ်သူ့ကို မဆို သုံးနိုင်ပါတယ်
ထိပ်တွေ ပြောင်တယ် ဆံပင်တွေ အ-ုတ် လိုက် ကျွတ်ထွက်တယ် ဆိုသူတွေ ဆံပင် ခွဲကြောင်းကို နှစ်ချီခွဲတဲ့အခါ အကြောင်းကြီး ထင်းပြီးအဲ့နေရာလုံးဝ ဆံပင် မပေါက်တော့တဲ့ သူတွေ သုံးပေးပါ
ဘယ်လိုသုံးရမလဲ ?
ခေါင်းလျော်ပြီး မဆိုမခြောက် မှာ ဦးရေပြားကို ဘူးထိပ်က အချိန်လေးနဲ့ သာသာလေးထိညှစ်ပေးပါ အရည်လေးတွေ ထွက်လာပါလိမ့်မယ် ပြီးရင် လက်ချောင်း ထိပ်ကလေးတွေနဲ့ သာသာလေး ပွတ်ပေးပါ ဦးရေ တစ်ခုလုံး အေးပြီး မွှေးညှင်းပေါက်လေးတွေ ပွင့်ထွက်သွားသလို ခံစားရပါလိမ့်မယ် ပြီးရင် ပုံမှန် Dryer မှုတ်တာ ပုံသွင်းတာ လုပ်နိုင်ပါတယ်
ရိ ကာစတမ်မာ မောင်လေးဆို လွန်ခဲ့တဲ့ ကိုဗစ် ကာလ မှာ ကိုဗစ် ဖြစ်ပြီး ငယ်ငယ်လေးနဲ့ ဆံပင်တွေကြဲကုန်တဲ့အထိ ကျွတ်ကုန်တာ ဒန်ကီရဲ့ Tonic ကို သူ မိုးလင်းတိုင်း ကျွတ်တဲ့နေရာလေးတွေကို ရိပြောတဲ့ အတိုင်း လိမ်းပေးတယ် သေချာလုပ်တယ် ၂-၃ ပတ်မြောက်မှာ ပုံ နဲ့ တကွ မရိရေ ကျတော် မနက်ဆို တထွေးကြီး ကျွတ်တာ အခု တစ်ဖြေးဖြေး အကျွတ်နည်းလာပြီ လက်နဲ့ သပ်လိုက်တိုင်းလည်း မကျွတ်တော့ဘူး ဆိုပြီး လာပြောတဲ့အထိ ကို ကောင်းမွန်သော Tonic ပါ
မျက်နှာ ကိုဘဲ ဖိလိမ်း ခွလိမ်းပြီး ဆံသား နဲ့ ဦးရေကိူ ဂရုမစိုက်ရင် အရွယ်မရွေး မိမိရဲ့ ဒုတိယ မျက်နှာ ဖြစ်တဲ့ ဆံသားကို ဆုံးရှုံးရမှာပါ မဆုံးရှုံးသေးခင် ဂရုစိုက်ကျပါလို့

❤️Hair Essence
သူကတော့ ဆံသား ကျန်းမာရေးအတွက်ပါ အနံ့လေးက မွှေးမွှေးလေးနဲ့ နေဒဏ် လေဒဏ် အပူဒဏ်ကို ဆံသားကို တိုက်ရိုက် မထိအောင် ကာကွယ်ပေးပါတယ်
သူ့ကို သုံးရင် ဆံသားကို အဖျားတွေ ရှုတ်တာမရှိတော့ပါဘူး ကောက်ထားရင်လည်း ကောက်သား ပိုပေါ်ပါတယ် ဆံပင်က တောက်ပြောင် စိုပြေ လာပါတယ်
ခေါင်းလျော်ပီး မစိုမခြောက်မှာ ဆံသား အဖျားတွေကို ရွှဲရွှဲလေးဖြန်းပြီး လက်ကလေးနဲ့ စုပ်စုပ်ပေးရပါတယ် ပြီးမှ Dryer မှုတ်ပါ ပုံသွင်းပါ လုပ်ရလွယ်ပါတယ်

ဒန်ကီမိုရီ ကို ရိခဏခဏ ရေးသလိုဘဲ ရိရောင်းလာတာ အတော်တော် ကိုကြာပါပြီ ရိဆီ အားပေးကျတဲ့ ကာစတမ်မာပေါင်း ထောင်ချီပြီးတော့ ရှိနေပါပြီ ရိကိုယ်တိုင်လည်း တစ်ခြားဟာ မသုံးသလို ဝယ်သူတွေကိုလည်း ဂျင်းမထည့်ဘူးဆိုတာ ဝယ်သူတွေ သက်သေပါ 🙏 ဒါကြောင့် ဟုတ်ရော ဟုတ်ရဲ့လား ကောင်းရော ကောင်းရဲ့လားဆို ဝယ်သူတွေ ဆံပင်သာ ကြည့်ကျပါတော့လို့ 😁

ရေးတာတွေကို နားမလည်ဘူး အဆင့်ဆင့် သုံးနည်း ပြောပါဆိုသူတွေအတွက်
💁 Shampoo (Original/ Gold မိမိ နဲ့ သင့်တော်တာရွေးပါ)
💁 Treatment (Original/ Gold မိမိ နဲ့ သင့်တော်တာရွေးပါ)
💁Tonic
💁 Hair Essence
ဒီလို အစဉ် လိုက်သုံးရပါ့မယ်
သေချာလေးရေပေးထားတာမို့ မရှင်းတာမရှိဘူးထင်ပါတယ်ရှင်

စျေးတွေ ပြောပါ့မယ် (အော် စျေးကိုလည်း ရိ အတတ်နိုင်ဆုံး ငွေစျေးကို ရှေ့တစ်ခေါက်က ရောင်းတဲ့ စျေးနဲ့ သိပ်မကွာအောင် လုပ်ပေးထားပါတယ် )
Gold Series ❤️
Shampoo 500ml - 74000
Treatment 500ml -66000

Original Series❤️
Shampoo 500ml - 72000
Treatment 500ml -63000

Tonic 145ml - 60000(စျေးမှားတွက်မိလို့ စျေးအမှန်ပြင်ထားပါတယ်ရှင်)
Hair Essence 100ml-30000

ပစ္စည်းတွေက အိမ်မှာ အဆင်သင့်မို့ ထုပ်ပိုးပြီးတာနဲ့ တန်းပြီးပို့ရုံပါ
ပြီးတော့ ဒန်ကီမိုရီကို ရိသည် ကိုရီးယား နိုင်ငံကနေသာ တိုက်ရိုက်တင်သွင်းပါတယ် အတုအပရော ယိုးဒယားကနေရောမရောင်းပါဘူးနော် တစ်ခါတစ်ခါပစ္စည်းရဖို့ကို ၆-၇ လ လောက်ထိကိုကြာတတ်ပါတယ် အဲ့တော့ ဝယ်စုထားမယ်ဆိုတဲ့ အမတွေ ဝယ်စုထားကျပါတော့ နော် 🫶🏻

Photos from Thinn Thiri Thaung's post 20/11/2024

ရိ ရဲ့ Page လေးကို Like and Share လုပ်ပေးလို့
Lancôme Lipstick Full Size -4 ချောင်း give away လုပ်ပေးရာမှာ ကံထူးသွားတဲ့ (၄) ဦးပါရှင်

royal အပ်ပေးမှာ မို့ ဖုန်း လိပ်စာလေးတွေ ပေးပါနော်

ကျေးဇူးတင်ပါတယ်ရှင်

နောက်ထပ်လည်း ထပ်ဖောက်သွားပါဦးမယ်နော် 🫶🏻🫶🏻🫶🏻

19/11/2024

ရဲဘော်တို့

မဲ မဖောက်ဘဲ ပတ်ပြေးနေတာ မဟုတ်ဘူးနော် တကယ်ကြီး မအားနေလို့ မမေ့မလျော့ဘဲ ထပ်တိုးဖောက်ပေးမယ် ကတိ🫶🏻

Photos from Thinn Thiri Thaung's post 18/11/2024

မနက်က GYM မှာ ဆော့နေရင်းနဲ့ Beauty Box ထဲက ခွဲရောင်းတာလေးတွေ ကို စျေးရေးပေးတာ Lancôme Eye Cream ကို 5ml ရေးတာကို - နေရာကို 1 နဲ့ မှားထိမိရော အဲ့တော့ 15ml ဖြစ်ရော
🙂‍↔️
အဲ့တော့ ထားပါ 15ml ထင်လို့ မှာမိတာ 5ml -57000 ဆိုမယူတော့ဘူးနော်ဆိုလည်း စိတ်မဆိုးဘူးနော် ဒါ ကာစတမ်မာရဲ့ လွတ်လပ်ခွင့်ဘဲ ရတယ် Cancel လုပ်လို့
ဒါပေမယ့်လေ ပြောပြချင်တာလေးပါ Eye Cream က လေ ဘယ် Brands ရဲ့ Eye Cream မဆိုလေ ဘူး ကို ပုစိလေးဘဲ ထုတ်ပါတယ် 20ml -15ml ဆိုတာ Full Size တွေပါ Set တွေထဲက ခွဲရောင်းတာ တွေက အများစုက 5ml တွေပါ ဘာလို့လဲဆိုရင် မျက်လုံးကို လိမ်းရတာမို့ပါ မျက်လုံးထဲ cream ကို ကလောပြီး လိမ်းရတာမျိုး မဟုတ်ပါဘူး လူ့ ခန္ဓာကိုယ်မှာ အနု နယ်ဆုံးဖြစ်တဲ့ မျက်လုံး လေး အတွက် လိမ်းရတာမို့ အဲ့ ဘူးက သူ့ သက်တမ်းအတွင်းဘဲ သုံးသင့်တယ် လိမ်းတဲ့ အချိန်မှာလည်း လက်ကို သန့်ရှင်းစွာ ထားပြီးမှခြောက်သွေ့တဲ့ လက်နဲ့ လိမ်းရမယ် ဘလက်ဆို ကလော်ချပြီး လိမ်းရတာလည်း မဟုတ်ဘူး လက်ချောင်းထိပ်ကလေး နဲ့ ပါးပါးလေး ယူပြီး မျက်လုံး အနီးပတ်ဝန်းကျင်လေးတွေ ပေါ်ကို ဖွဖွလေး လိမ်းပေးရတာမျိုးပါ
5ml တစ်ဘူးဆိုရင်တောင် အနည်းလေး ၃-၄ လမက နေ့စဉ် လိမ်းတဲ့ သူတောင် အလိမ်းခံပါတယ် လိမ်းပြီးရင်လည်း သေချာ သန့်ရှင်း ပြန်ပိတ်ထားရပါတယ် ဒါမျိုးပါ

Lancôme Absolue Series တစ်ခုလုံးကို ပြင်သစ် နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Lancôme ကပိုင်တဲ့ Organic စစ်စစ် နှင်းဆီ ခင်းကြီးထဲက ရတဲ့ နှင်းဆီပွင့်သောင်းပေါင်း သိန်းပေါင်းများစွာရဲ့ အဆီအနှစ်ကို ယူပြီး လုပ်ထားတာပါ အရမ်းကို နူးညံ့တယ် အရမ်းကို အဖိုးတန်ပါတယ် ဒါကြောင့် စျေးမတရားကြီးတာပါ

20ml Eye Cream Full Size ကို အခု ငွေစျေးနဲ့ ဆို ၇သိန်းကျော် လောက်ပေါက်ပါ့မယ် အခု 5ml ကို -၅၇၀၀၀ ဆိုတော့ ဘူးကြီး က အရမ်း ကို ချမ်းသာနေရင်တော့ မပြောတတ်ဘူး ကိုယ်တော့ ဘူးသေး (၄) ဘူး ဝယ်သုံးလိုက်မယ် တွက်ချေကိုက် 😁
Nov လကုန်လောက် ရောက်ပါ့မယ် (၁၂) ဘူးသာ စတော့ ကျန်ပါတော့မယ်

ရိရေ သူက ဘာအတွက် ကောင်းတာလဲဆို လူတစ်ယောက် နဲ့ တစ်ယောက်မှာ မျက်လုံးတစ်ဝိုင် ပြဿနာတွေ မတူကျပါဘူး တစ်ချို့ အသက် ၃၄-၃၅ ဘဲရှိသေးတယ် မျက်လုံး အောက်က မျက်အိတ်ကြီးရော မျက်လုံး အပေါ်က မျက်အိတ်ရော ဖောင်းလာတယ် ဖောင်းရုံတင် မရပ်ဘူး အသက်ကြီးလာတာနဲ့ အမျှ အဲ့ မျက်အိတ်ကြီး က တွဲကျလာတာ အဲ့တော့ ပြဿနာက အသက်က ၃၀ ကျော်ဘဲ ရှိသေးတယ် မျက်အိတ် တွဲကျတာကြောင့် ရှိရင်းစွဲ အသက်ထက် ပိုအိုလာတယ် အဲ့တော့ ဘာလုပ်ကျလဲဆိုတော့ အလွယ်နည်း Clinic ကိုသွားပြီးခွဲထုတ်လိုက်တယ် တင်းသွားအောင် (ခဏဘဲ ရမယ် ထပ်ဖောင်းလာတာတွေရှိတယ်) အဲ့လို မဖြစ်ချင်ရင် အခုထဲက ကြီးကြီးငယ်ငယ် Eye Cream လိမ်းပါ နေ့တိုင်းလိမ်းပါ ညအိပ်တိုင်းလိမ်းပါ

နောက်တစ်ခု မွေးရာပါ မျက်ကွင်းညိုတာ အိပ်ရေးဝလည်းညို မဝလည်းညို ရိဆို Generation ကြောင့် ညို အခု အတော်သက်သာလာတယ် နေ့တိုင်း ညတိုင်း Eye Cream လိမ်းပါတယ် ရိက မျက်လုံးနဲ့ ပတ်သတ်ရင် Eye Cream / Mascara Lancôme ဘဲသုံးတယ် သူများလည်း မျက်လုံး ဘာလိမ်းရမလဲဆို Lancôme ဘဲသုံး ညွှန်းတယ် ဘာလို့ဆို သူ့ Eye နဲ့ ပတ်သတ်ရင် အတော်ကောင်းလို့ပါ အာနိသင်ကလေ တစ်ခုရှိတာက တစ်ခုခုကို လုပ်မယ်ဆို အကျင့် ဖြစ်အောင်လုပ်ရပါတယ် မဟုတ်ရင် ကောင်းလာမှာ မဟုတ်ပါဘူး ဆေးခန်းသွားပြီး မျက်လုံးကို ဆေးထိုးတာ ချုပ်တာတွေ အဆင့်ထိ မရောက်ခင် ဘယ်အသက်အရွယ်မဆို ကျား / မ မရွေး Eye Cream လိမ်းပါ

နောက်ဆုံးကတော့ မျက်လုံး ရဲ့အစွန်း မှာ ကျီးခြေရာလိုမျိုး အရေးအကြောင်းတွေ အဲ့ဒါတွေ အားလုံး အားလုံးအတွက် သက်သာ အောင် ပြောက်အောင် Eye cream သုံးကျပါလို့နော်

Want your business to be the top-listed Beauty Salon in Kuala Lumpur?
Click here to claim your Sponsored Listing.

Category

Website

Address


Kuala Lumpur