All One in Christ- AOC

All One in Christ- AOC

Share

Blessed, Chosen, Favored, Matured, Loved

17/12/2025

အနာဂတ်အတွင်ပြင်ဆင်တတ်သောသူဖြစ်ဖို့ရန်

၁။ ဘုရားသခင်ကို အရင်ဆုံးရှာဖွေပါ

“ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။”
(မဿဲ ၆:၃၃)
ဘုရားသခင်ကို ဗဟိုထားသောဘဝက အနာဂတ်ကို အာမခံပေးပါသည်။

၂။ ကြောက်ရွံ့ခြင်းမရှိဘဲ ဉာဏ်ပညာဖြင့် လျှောက်လှမ်းပါ

“ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။”
(သုတ္တံ ၂:၆)

၃။ ယုံကြည်ခြင်းဖြင့် စီမံကိန်းချပါ

“ကိုယ်ပြုသော အမှုတို့ကို ထာဝရဘုရား၌ အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။”
(သုတ္တံ ၁၆:၃)

၄။ ဘုရားသခင်ကိုနှစ်သက်စေသော ကိုယ်ရည်ကိုယ်သွေးကို တည်ဆောက်ပါ

“ဖြောင့်သောသဘောသည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏။ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။”
(သုတ္တံ ၁၁:၃)

၅။ အနည်းငယ်သော အရာများတွင် သစ္စာရှိပါ

“အနည်းငယ်သော အမှု၌သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။”
(လုကာ ၁၆:၁၀)

၆။ မသေချာသော အချိန်များတွင် ဘုရားသခင်ကို ယုံကြည်ပါ

“ငါသည်သင်တို့အတွက် အကျိုးနည်းစေခြင်းငှါကြံစည်သောအကြံမဟုတ်ပဲ၊ သင်တို့သည် မြော်လင့်သောအကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။”
(ယေရမိ ၂၉:၁၁)

၇။ အထက်အရာကိုသာ စိတ်စွဲလမ်းခြင်းရှိပါ

“မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။”
(ကောလောသဲ ၃:၂)

16/12/2025

ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁:၆

“ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။”

15/12/2025

Bible Verse (Isaiah 65:24)

ဟေရှာယအနာဂတ္တိကျမ်း ၆၅:၂၄

“ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။

ကျွန်ုပ်တို့ဆုတောင်းသံတွေ နှုတ်မမြွက်ဆိုခင်ကတည်းပင် အလုပ်လုပ်ပေးနေပြီဖြစ်သော ယေရှုဘုရားသခင်🤗✅

ဆက်လက် ယုံကြည်နေမယ်/ဆုတောင်းနေမယ်/ကိုးကွယ်နေမယ်/ကျေးဇူးတော်ချီးမွမ်းနေမယ်/….✍🏻

13/12/2025

Daily Bible Verse (13/Dec/2025)

ရှင်မဿဲခရစ်ဝင် ၁:၂၃

“ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေယူ၍သားယောကျာ်းကို ဘွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူရှိတော်မူသော ဘုရားသခင်ဟုဆိုလိုသတည်း။”

၁) ကျွန်ုပ်တို့နှင့်အစဉ်မြဲအတူရှိတော်မူသောဘုရား (ကောင်းသော်/မကောင်းသော်)

၂)အသေးစိတ်ကအစ ဂရုစိုက်တာဝန်ယူပေးသောသူ

၃)ကျွန်ုပ်တို့အတွက် သစ္စာအရှိဆုံးသောသူ

ထိုသူ၏နာမကား သခင်ယေရှုခရစ်တော်တည်းဟူသော ဧမာနွေလအမည်နာမဖြစ်သတည်း။အာမင်

12/12/2025

Daily Bible Verse (To Memorize|အလွတ်ကျက်ရန်)

ဆာလံ ၁၆:၂

“ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှ တစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ် ၌မရှိပါ။”

Without God, I am nothing; 🧘

Want your business to be the top-listed Beauty Salon in Kuala Lumpur?
Click here to claim your Sponsored Listing.

Category

Website

Address


Kajang
Kuala Lumpur
43000