THE LOOK

THE LOOK

Share

Make Up Services & Accessories Rental Make Up & Nail Services

Photos 03/07/2016

Which one you want to draw?

Photos 18/05/2016

French tip with Mickey Mouse theme

Photos from THE LOOK's post 27/04/2016

ကိုရီးယားက ဟိုတစ်ခါပြောတဲ့အရမ်းကောင်းတယ်ဆိုတဲ့ spf 50 ပါတဲ့ gel type sun block တွေ စလုံးကို နောက်လ ၂၅ မှာရောက်ပါ့မယ် ယူချင်သူများ အော်ဒါမှာထားလို့ရပါတယ်ရှင့်.....စလုံးကဆို ၃၅ ဒေါ်လာနဲ့ မြန်မာကဆို ၃၅၀၀၀ ကျပ်ပါ....သယ်ယူခစရိတ် ကြီးလို့ပါ....နောက်ဆို ဈေးအတက်အကျရှိပါတယ်....ပစ္စည်းကောင်းချက်ကတော့ ကျမ ၁၀၀% အာမခံပါတယ်....ကိုယ်စားလှယ်ယူပီးသွားရင်တော့ ဈေးကိုပြန်ညှိပေးပါ့မယ်ရှင့်...အခုတစ်ခေါက်က ကျမကိုယ်တိုင်သွားသယ်မှာပါရှင့်....တဗူးမှာ 50 ml ပါပါတယ်။

Photos from THE LOOK's post 16/04/2016
Photos from THE LOOK's post 30/03/2016

Myanmar Beauty Talk အတွက်ရေးပေးဖူးတဲ့ ပိုစ့်လေးပါ။
Gel Eyeliner or Cream Eyeshadow လေးတွေ သုံးလို့မကုန်ခင်ခြောက်ဖူးကြလား မေတို့ရေ။
အဲ့လိုခြောက်သွားလို့ဆိုပြီး သုံးမရတော့ဘူး လွှင့်ပစ်လိုက်တာပဲအေးတယ် မဖြစ်ရအောင် ဘယ်လိုပြန်ပြုပြင်ရသလဲဆိုတဲ့ ကိုယ်တိုင်အတွေ့အကြုံလေးတခုပြောပြချင်လို့ပါ။
အဆင့် (၁) ခြောက်သွေ့သွားတဲ့ Gel Eyeliner/Cream Eyeshadow ခွက်ရဲ့အဖုံးကိုဖွင့်ပါ 😝
အဆင့် (၂) သွားကြားထိုးတံ တချောင်းယူပါ။ သွားကြားထိုးတံ ဘာလို့ယူခိုင်းရသလဲဆိုတော့ နောက်တဆင့်မှာ အဲ့အတံက ကြီးနေရင် ကိုယ့် gel တွေ eyeshadow တွေ များများပါကုန်မှာစိုးလို့ပါ။ ကိုယ်ကတော့ မသုံးလိုက်ရဘဲ အလဟဿဖြစ်တာလောက် နှမြောတာမရှိတော့ အလေအလွင့်နည်းနိုင်သမျှနည်းအောင် အကြံပေးတာပါ။
အဆင့် (၃) သွားကြားထိုးတံနဲ့ ခွက်ထဲကို ခရုပတ်ပုံအတိုင်း မွှေပေးပါ။ တချို့ product တွေက အဲ့လိုမွှေလိုက်ရုံနဲ့ ပြန်ပျော့သွားပြီးသုံးလို့ရပါတယ်။ မရရင် နောက်အဆင့်ကို ထပ်လုပ်ပါနော်။
အဆင့် (၄) Hair Dryer နဲ့ ပျော့လာသည် အထိမှုတ်ပေးပါ။ အဲ့လို မှုတ်တဲ့နေရာမှာ Hair Dryer ရဲ့ပြင်းအားပေါ်မူတည်ပြီး eyeliner/eyeshadow ခွက်ကလေးက ရွေ့ရွေ့သွားတတ်ပါတယ်။ လက်နဲ့ကိုင်ထားရင်လည်း ကြာလာရင် ပူလာတော့ မကိုင်နိုင်ပါဘူး။ အိမ်မှာ အပူခံလက်အိတ်ရှိရင် လက်အိတ်စွပ်ပြီး မှုတ်ပါ။ မရှိရင် ကက်ကြေးအရှည်နဲ့ ပုံပါအတိုင်းညှပ်ပြီး မှုတ်လို့ရပါတယ်။ ရေနွေး ကျွက်ကျွက်ဆူတဲ့အထဲလည်း ၁၀မိနစ်ခန့် စိမ်ထားလို့ရပါတယ်။ Hair Dryer ကတော့မြန်မြန်ပျော့စေပါတယ်။
အဆင့် (၅) အရင်လိုပျော့ပြောင်းလာအောင် မွှေလည်းမွှေပြီးပြီ မှုတ်လည်းမှုတ်ပြီးပြီဆိုပေမယ့် ခွက်ထဲက eyeliner/eyeshadow တွေဟာ ပွစာတပ်ပြီးကျန်နေခဲ့ပါတယ်။ အဲဒါကို သေသေသပ်သပ်လေးပြန်ဖြစ်ဖို့ ခွက်အဝထပ်အနည်းငယ်သေးတဲ့ အဝိုင်းပုံအရာတခုကို ယူပါ။ (ဥပမာ ပုလင်းဖုံး၊ မိတ်ကပ်brush လက်တံ၊ နှုတ်ခမ်းနီဗူး) ပြီးရင် Tissue ဖြစ်ဖြစ် အဝတ်စခြောက်တခုဖြစ်ဖြစ်နဲ့ ပတ်ပြီး ခုန ပွစိထနေတဲ့ eyeline/eyeshadow တွေကို ဖိသိပ်ပေးလိုက်ရင် ဆိုင်ကဝယ်လာတဲ့အတိုင်းလေး ပြန်ရပြီပေါ့။ ခွက်နှုတ်ခမ်းလေးတွေ သန့်ရှင်းပြီးရင်တော့ မေတို့ရဲ့ ခြောက်သွေ့သွားတဲ့ Gel Eyeline/ Cream Eyeshadow တို့ဟာ အသုံးပြုရန် အဆင့်သင့်ဖြစ်သွားပါပြီ။
ဒီနည်းဟာ ဘာအပြင် ပစ္စည်းမှ ထပ်မထည့်ဘဲ မူရင်းproduct ကိုပဲပြန်ပြုပြင်တာမို့ Original Product ရဲ့ အာနိသင်ကိုလည်း မထိခိုက်စေပါဘူး။ တခြား vaseline တို့ gel makeup primer တို့ olive oil တို့ထဲမွှေကြတာလည်းရှိပါတယ်။ ကိုယ်ကတော့ ဘာမှ ထပ်မထည့်ဘဲ ပြန်သုံးလို့ရတဲ့ ဒီနည်းလေးကို ပိုသဘောကျလို့ အများလည်းအသုံးဝင်အောင်ပြန်မျှတာပါ။ တစုံတယောက်အတွက် အသုံးဝင်ခဲ့တယ်ဆို ရေးရကျိုးနပ်ပါပြီ။

Photos from THE LOOK's post 29/03/2016

ဒီနေ့မနက် စင်္ကာပူကပို့လိုက်တဲ့ ပါဆယ်လေးရောက်လာပါတယ်။ ပါဆယ်ပို့လိုက်တဲ့ပစ္စည်းက TheOrchidSkin က ထုတ်တဲ့ AquaUVSunGel ဗူးလေးတွေပါ။ ကိုယ်သုံးတဲ့ထဲက ပစ္စည်းကောင်းတာလေးတွေရှိရင် မျှဝေချင်တဲ့ စေတနာနဲ့ ဒီ product review လေးကိုရေးပေးတာပါ။ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
ပထမဆုံးအနေနဲ့ ဘာလို့ sunblock နေ့တိုင်းလိမ်းသင့်သလဲ ပြောပြပါမယ်။ နေရောင်ခြည်ထဲမှာ အသားအရည်ကို ဘေးဥပါဒ်ဖြစ်စေတဲ့ ultra violet radiation တွေဖြစ်တဲ့ UVA နဲ့ UVB တွေပါပါတယ်။ UVA က အရည်ပြားအတွင်းထဲအထိ ဝင်ရောက်နိုင်ပြီး အရေးအကြောင်းဖြစ်ခြင်း၊ အသားအရည်လျော့ရွဲခြင်း၊ အိုမင်းရင့်ရော်စေခြင်းတွေဖြစ်စေပြီး UVB ကတော့ sunburn လို့ခေါ်တဲ့ အသားနီစပ်စပ်နဲ့ နေလောင်ခြင်းကိုဖြစ်စေပါတယ်။ ၂ခုစလုံးဟာ အသားအရည်ကို ထိခိုက်စေရုံမျှမကဘဲ အရည်ပြားကင်ဆာဖြစ်နိုင်သည်အထိ ဆိုးရွားစေပါတယ်။ ဒါအကြမ်းဖျဉ်းအရ UVA UVB ရဲ့ ဆိုးကျိုးတွေကိုပြောပြတာပါ။
ဒါဆို ဘယ်လိုကာကွယ်ကြမလဲ။ Sun Protection Factor လို့ခေါ်တဲ့ spf ပါဝင်တဲ့ ပစ္စည်းတွေကိုသုံးပြီးကာကွယ်နိုင်ပါတယ်။ အလုံးစုံတော့ မဟုတ်ဘူးပေါ့။ ဖတ်ရသလောက် spf 15 က 93% spf 30 က 97% နဲ့ spf 50 က 98% လောက်ကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့တော့ အလုံးစုံမဟုတ်တောင် မကာကွယ်တာထပ်စာရင် ကာကွယ်နိုင်သလောက် ကာကွယ်ခြင်းဖြစ်ပါတယ်။ ဘယ်လောက်ပမာဏ လိုအပ်သလဲကတော့ နေရောင်နဲ့ ဘယ်လောက်အချိန်ကြာကြာထိတွေ့သလဲ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ မျက်နှာမှ မဟုတ်ပါဘူး အဝတ်အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး sunblock လိမ်းသင့်ပါတယ်။ ငါက နေမထွက်ခင် အပြင်သွား နေဝင်မှ ပြန်တာ sunblock မလိုပါဘူး ထင်သူတွေ အိမ်က ကိုယ်တော်အပါအဝင် အများကြီးရှိပါတယ်။ မဟုတ်ပါဘူး လိုပါတယ်။ ကိုယ်က တကယ်ပဲ နေရောင်မကျတဲ့ Lab အခန်းလိုမျိုးမှာလုပ်ရရင်တော့ တမျိုးပေါ့။ အဲ့လိုမှ မဟုတ်ရင် ပြတင်းပေါက်ကတဆင့် ကျတဲ့နေရောင်မှာ UVB မပါတော့ပင်မယ့် UVA ပါနေပါသေးတယ်။ နေ့လည်နေ့ခင်း အပြင်ထွက် နေ့လည်စာစားတာတို့ ကော်ဖီထွက်သောက်တာမျိုးတို့မှာလည်း နေရောင်နဲ့ထိတွေ့ရပါတယ်။ အဲ့တော့ လူအတော်များများ လိမ်းသင့်တယ်လို့ဆိုချင်တာပါ။
ဟုတ်ပြီ လိမ်းကြမယ်ဆိုပါတော့ ဘယ်လို product မျိုးဝယ်လိမ်းကြမလဲ။ ကိုယ့်နေစဉ်လုပ်ငန်းစဉ်အရ နေရောင်အောက်ထွက်ရတဲ့ ပမာဏအပေါ်မူတည်ပြီး ရွေးချယ်ပါ။ ကိုယ့်အသားအရည် အမျိုးအစားပေါ်မူတည်ပြီး gel, cream, lotion or spray ရွေးပါ။ နောက်တခုက sunblock product ကို သူ့ချည်းသုံးမလား တခြားproductထဲမှာ spf ပါဝင်တာသုံးမလား ကိုယ့်လိုအပ်ချက်နဲ့ ရွေးချယ်ပါ။ တချို့ bb cream, cc cream, foundation and powder တွေမှာ spf ပါပြီးသားတွေရှိပါတယ်။ များသောအားဖြင့် အဲ့ဒိ product တွေဟာ နေ့ခင်းဖက်အသုံးပြုလို့ အဆင်ပြေပေမယ့် ညဖက်အသုံးပြုတဲ့အခါ ပါဝင်တဲ့ spf ကြောင့်ဖြူပြောင်ပြောင်ဖြစ်တတ်တာတော့ သတိပြုရပါလိမ့်မယ်။
ကျွန်တော်ကတော့ sunblock ကို သူ့ချည်းသပ်သပ်သုံးပါတယ်။ အဲ့မှာမှ combination skin ဖြစ်တဲ့အတွက် gel type ကိုရွေးသုံးပါတယ်။ gel type က အဆီမပြန်အောင်ထိန်းပေးပြီး မျက်နှာပေါ်တင်တဲ့အခါမှာလည်း အေးမြတဲ့ ခံစားချက်ကိုရစေပါတယ်။ သုံးဖူးသမျှထဲမှာ အကြိုက်အတွေ့ဆုံးက အခု review ရေးနေတဲ့ TheOrchidSkin ကထုတ်တဲ့ AquaGel ပါပဲ။ သူက Korea Cosmetic brand တခုပါ။ Korea သွားလည်တုန်းက အမှတ်မထင်အဲ့ဆိုင်ရောက်သွားပြီး အညွှန်းကောင်းတာရော ဗူးပုံစံလေးချစ်စရာကောင်းတာရောကြောင့် ဝယ်လာဖြစ်တာပါ။ ပထမတော့ ကိုယ်နဲ့အဆင်ပြေမပြေမသိလို့ ၂ဗူးပဲဝယ်လာလိုက်တာ သုံးကြည့်ပြီးကြိုက်တော့ စင်္ကာပူမှာ ဝယ်မရဘူးဖြစ်နေတယ်။ အဲ့ဒါနဲ့ လူကြုံရှိမှ မှာရတဲ့ ဘဝရောက်သွားတယ်။ အခုတော့ တကူးတကသွားဝယ်ပေးတဲ့ အစ်မလည်းကြိုက်သွားတော့ ယူရောင်းမယ်ပြောတယ်။ ဒါဆို အရင်လို ကိုရီးယားသွားမယ့် လူကြုံ စောင့်စရာမလိုတော့ဘူးပေါ့။
ဘယ်လိုလိမ်းရသလဲဆိုတော့
1. မျက်နှာသစ်ပြီး toner လိမ်းပါ။
2. နှစ်သက်ရာ moisturizer လိမ်းချင်လိမ်းပါ။ သူ့အညွှန်းမှာတော့ moisturing system ပါပြီးသားလို့ဆိုပါတယ်။ ကျွန်တော်ကတော့ လိမ်းပါတယ်။
3. AquaGel လိမ်းပါမယ်။ နဖူး ၃စက် နှာခေါင်းထိပ် ၁ စက် ပါး၂ဖက် ၂စက်ဆီချပြီး လက်သူကြွယ်နဲ့ တမျက်နှာလုံး နှံ့အောင် လိမ်းပေးပါတယ်။
4. လိမ်းအပြီး စက္ကန့် ၃၀ လောက်နေမှ လိမ်းနေကျ bb cream or foundation စလိမ်းပေးပါတယ်။
5. တကယ်လို့ သူ့ကိုလိမ်းဖို့ မေ့သွားရင်းရင် foundation လိမ်းပြီးတဲ့ အပေါ်မှာ လိမ်းလို့ရတယ်ဆိုပါတယ်။ ဒါမဲ့ ဒီနေရာမှာ ပြောစရာရှိတာက ကိုရီးယားမလေးတွေနဲ့ ကျွန်တော်တို့ မိတ်ကပ်လိမ်းပုံလိမ်းနည်းမတူပါဘူး။ သူတို့က sunblock လိမ်းပြီးရင် cushion လို့ခေါ်တဲ့ မိတ်ကပ်ကို puff လေးနဲ့ ဖိဖိပြီး လိမ်းပါတယ်။ ပြီးရင် ပါးနီ cream or tinted ကိုသုံးပြီးရင် သူတို့မိတ်ကပ်လိမ်းတာပြီးပါပြီ။ သိပ်အဆီပြန်လွန်းတဲ့သူမှ Tzone လို့ခေါ်တဲ့ နဖူးအလယ် နှာခေါင်း နဲ့ နှုတ်ခမ်းအပေါ်မေးစေ့လောက်ကိုပဲ ပေါင်ဒါပါတယ်ဆိုရုံလေး brush နဲ့ ပုတ်ပါတယ်။ အဲ့အတွက် လိုတဲ့အခါ sunblock gel ကို လက်ဝါးထဲပွတ်ပြီး မျက်နှာပေါ်ပုတ်ပေးရုံနဲ့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ကတော့ မိတ်ကပ်လိမ်းပြီး ပေါင်ဒါတမျက်နှာလုံး တင်မှ ကြိုက်ကြသူတွေမို့ ပေါင်ဒါမလိမ်းမှီ AquaGel လိမ်းလို့ အဆင်ပြေပေမယ့် ပေါင်ဒါပေါ်ကနေတော့ လိမ်းဖို့ အဆင်မပြေနိုင်ပါဘူး။
သူ့ကိုကြိုက်ရတဲ့အချက်လေးတွေကတော့
1. အဆီပြန်တတ်တဲ့သူတွေ သုံးသင့်တဲ့ product ပါ သုံးဖူးသမျှ gel type ထဲမှာကို သူက အဆီပြန်တာကို အထိန်းနိုင်ဆုံးနဲ့ လိမ်းလိုက်ရင် ခဏအတွင်း စိမ့်ဝင်သွားတဲ့အတွက် မျက်နှာပေါ် စေးကပ်ကပ်ကျန်နေခဲ့တာမျိုး လုံးဝမဖြစ်ပါဘူး။ လိမ်းထားမှန်းမသိသာအောင်ကို အသားနဲ့တထပ်တည်းလိုဖြစ်နေပါတယ်။
2. ရေကို အခြေခံပြီး ထုတ်ထားတာမို့ လိမ်းတဲ့အခါ စေးကပ်ကပ်မဖြစ်ပါဘူး။ အေးမြတဲ့ အထိအတွေ့ကို ရစေပါတယ်။ Aqua Gel ဖြစ်တဲ့အတွက် မျက်နှာပေါ် ပွတ်ဆွဲလိမ်းတဲ့အခါ အားစိုက်ထုတ်စရာမလိုဘဲ မျက်နှာအနှံကို အလွယ်တကူလိမ်းနိုင်ပါတယ်။ ပြာနှမ်းခြင်း လုံးဝမဖြစ်ပါ။ သူလိမ်းထားလို့ သူ့အပေါ်ထပ်လိမ်းတဲ့ product တွေ အရောင်ပြောင်ုးခင်း လုံးဝမဖြစ်ပါ။
3. မိတ်ကပ်မလိမ်းမီ သူ့ကိုလိမ်းခြင်းကြောင့် အသားအရည်ကို အစိုဓါတ်ထိန်းပေးတဲ့အပြင် ချောမွေ့စေပါတယ်။ အဲ့အတွက် သူ့အပေါ်မှာ မိတ်ကပ်လိမ်းတဲ့အခါ အရင်ကထပ်ပို ချောမွေ့တဲ့အသားအရည်ကို ရစေပါတယ်။
4. spf 50 ပါဝင်တဲ့အတွက် အပေါ်မှာရှင်းပြခဲ့တဲ့ အသားအရည်အတွက် အန္တရာယ်ရှိတဲ့ UVA UVB တွေကိုကာကွယ်ပေးနိုင်ပါတယ်။
5. တခြား နာမည်ကြီးproductတွေလို အကျိုးအာနိသင်ခြင်းတူတာတောင် အဲ့productတွေနဲ့ယှဉ်ရင် ဈေးအင်မတန်သက်သာပါတယ်။ တဗူးကို ကိုရီးယားဝမ် ၃၀၀၀၀ ပဲပေးရပါတယ်။ မြန်မာကျပ်နဲ့ဆိုလည်း အဲ့လောက်ပါပဲ။ တခုပဲ ကိုရီးယားကနေ စင်္ကာပူရောက်အောင် မြန်မာနိုင်ငံရောက်အောင် ကျွန်တော်နေတဲ့ နယူဇီလန်ရောက်အောင်တော့ delivery ခဈေးကြီးနေပါတယ်။
အဲ့ဒါကြောင့် သက်သက်သာသာနဲ့ မှာပေးလို့ရအောင် ကြိုးစားနေပါတယ်။ နည်းရတဲ့အခါ လက်တို့ပါဦးမယ်။ အားလုံးပဲ လှနိုင်ကြပါစေ။

Photos from THE LOOK's post 23/03/2016

Another one for my friend today 😉

Photos 22/03/2016

Very first 💅🏻 client in Wellington. Glad to know that she likes it 😍

Photos 14/03/2016

Playing again with Pink 💅🏻💅🏻💅🏻

Photos from THE LOOK's post 10/02/2015

makeup by THE LOOK

Photos from THE LOOK's post 08/02/2015

Today makeup look for a pretty girl

Want your business to be the top-listed Nail Salon in Wellington?
Click here to claim your Sponsored Listing.

Telephone

Website

Address


Broadmeadow
Wellington
6035

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 9am - 9pm
Thursday 9am - 9pm
Friday 9am - 9pm
Saturday 9am - 9pm
Sunday 9am - 9pm