Cho Aye's Skincare Collections
😘😘😘😘😘
Copyright မိနေလို့ ဒီမှာ လာတင်ကြည့်တာ😁😁
08/08/2022
တတိယအပတ်ရဲ့ ပထမရက်🙏🙏🙏🙏လွယ်သယောင်နဲ့အရမ်းခက်တဲ့အလုပ်
ပေါ့သယောင်နဲ့ အရမ်းလေးလံတဲ့အလုပ်..
အဖျက်အမှောက်တွေနဲ့ ဆက်ထိုင်လို့မရလောက်အောင် စိတ်အာရုံတွေထွေပြားသွားပေမယ့် ကြိုးစားပြီးလုပ်ခဲ့ရတယ်..အောင်မြင်သွားပါတယ်လေ🙏🙏🙏
31/07/2022
သွက်လက်တက်ကြွတဲ့
မိန်းမငယ်တစ်ယောက်အဖြစ်ပဲ ကျွန်မကို မြင်ပေးပါ......🤍🦋
ကွယ်ရာမှာ ငိုမယ်
မပျော်ရင်တောင် ပျော်ချင်ယောင်ဆောင်မယ်
ကျွန်မ ဘေးနားက လူတွေကို စိတ်ချမ်းသာစေချင်တယ်
ပြိုလဲတာမြင်ချင်တဲ့ သူတွေရှေ့မှာ
ဝင့်ဝင့်ကြွားကြွားနဲ့ သန်မာပြမယ်
ကျွန်မ ကလေ နွံတွေကြားထဲ ဒီလိုဒီပုံ ရင့်ကျက်လာတယ်❤️
Photographer by- Ko Lynn
30/07/2022
ဒုတိယအပတ်လည်း အောင်မြင်စွာပြီးဆုံးလို့ တတိယအပတ် ပထမရက် စ ပြီးပါပြီ🙏🙏🙏
28/07/2022
မဂ်လာနံနက်ခင်းပါရှင်....
လောကမှာ အရေကြီးဆုံးအလုပ်ဆိုတာ အရေးမကြီးတာတွေကို အရေးတကြီးမလုပ်မိနေစေဖို့ပါပဲတဲ့....
25/07/2022
ကိုယ့်ကိုယ်ကိုယ်ချစ်မယ်။ ထွေးပွေးမယ့်သူမရှိရင် စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နဲ့ နွေးထွေးမယ်။
မိမိဖြစ်တည်မှု အခြေအနေကို လက်ခံသဘောကျကာ ပျော်ရွှင်နှစ်သက်မှုကို ပိုဦးစားပေးမယ်။
နှလုံးသားထက် အသိဉာဏ်ကို ပိုရှေ့တန်းတင်မယ်။ စိတ်နေသဘောထားနှင့် အကျင့်စရိုက်ကို ပိုတာဝန်ယူပြီး အတ္တကိုလက်ကိုင်မထားပဲနေမယ်။
ကိုယ်လက် လေ့ကျင့်ခန်းများများလုပ်ပြီး စိတ်အာရဖြည့်ဖို့ စာများများဖတ်မယ်။ မကျန်းမာစေတဲ့ အရာမှန်သမျှကိုရှောင်မယ်။ ပိုကျန်းမာအောင်နေမယ်။ မျှော်လင့်ခြင်းနည်းနည်းနဲ့ပဲ ရှင်သန်မယ်။
အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်သိပ်မရှိအောင် ကြိုးစားမယ်။ စိတ်နေစိတ်ထားကို ပိုရိုးသားမယ်။ လဲကျရင်ပြန်ထပြီး အသစ်ပြန်စရဲတဲ့ သတ္တိရှိမယ်။
ပြီးတော့ ဘယ်သူတွေနဲ့မှမတူတဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုရင့်ကျက်စွာပဲကြီးပြင်းတော့မယ်။ သူများကိုချစ်မှာထက် ကိုယ့်ကိုယ်ကိုယ်ပဲနှစ်ဆပိုချစ်တော့မယ်။
21/07/2022
တိုင်းပြည်က ပျက်ရုံမက
ပြိုပဲကျကျ၊ ပြာပုံပဲဖြစ်ဖြစ်
ဒေဝါလီပဲ ခံခံ၊ ဖေးပဲစတိတ်တိတ်
ဘယ်မှလည်း ထွက်မပြေးဘူး
ပြေးစရာလည်း မြေမရှိဘူး
ချစ်လွန်းလို့လည်း မဟုတ်ဘူး
မွေးတာလည်း ဒီနိုင်ငံ
သေလည်း ဒီနိုင်ငံ
ကိုယ့်အကြောင်းနဲ့ကိုယ်
နေနေကြတဲ့ ပြည်တွင်းကလူတွေကို
ပျော်မနေကြနဲ့ တိုင်ပြည်းက ပျက်ပြီ
ပျက်တော့မယ် ပျက်တော့မှာ
အကုန်ထိတော့မှာနဲ့ ခြိမ်းနေ
ချောက်နေကြတဲ့ သူတွေကို
မေးချင်တာ
ငါတို့ကို ရင်ပတ်စည်တီး
ငိုပြနေတာ မြင်ချင်တာလား❓
အရပ်ပျက်သလို အတန်းမီးလောင်
ကျီးလန့်စာစား ဖြစ်တာလိုချင်တာလား❓
ဘာပဲလာလာ အပြုံးလေးနဲ့
အရယ်လေးနဲ့ ရင်ဆိုင်နေကြတာ
ပိုမကောင်းဘူးလား❓
တစ်မြေထဲနေတဲ့သူအချင်းချင်း
ဖေးမ၊ အားပေး၊ ကူညီစောင့်ရှောက်ရင်း
မုန်တိုင်းကို ရယ်မောဖြတ်သန်းနေကြတာ
ပိုစိတ်ချမ်းသာစရာ
မကောင်းဘူးလား⁉️
ကိုယ်တွေက သေမထူး နေမထူးနဲ့
တိုင်းပြည်ပျက်ပျက်
ကမ္ဘာပဲ ပျက်ပျက် ဘယ်မှလည်း
ထွက်ပြေးနိုင်စွမ်းမရှိတဲ့အတူတူ
ဒီရေ ဒီမြေ ဒီနေရာမှာပဲ
ခေါင်းချကြမယ့်သူတွေမို့
ပျက်လည်း ပြန်စရုံ
ငတ်လည်း တောင်းစားရုံအပြင် ပိုမရှိ
ခုလည်း ထူးပြီးကောင်းနေတာ
မဟုတ်တဲ့ တိုင်းပြည်မှာ
ဒီထက်ပိုဆိုးလာမယ်ဆိုတာ
အစကတည်းက မျှော်လင့်ပြီးသားမို့
အဆိုးဆုံးကို စောင့်နေကြတာမှ
တော်တော်ကြီးတောင် ကြာလှပြီပဲ
အဲ့တော့ မနက်ဖြန် ဘာဖြစ်မလဲ
မသေချာတဲ့ နေရာမှာ ဒီနေ့ဆိုတဲ့
နေတိုင်းကို စိတ်ချမ်းသာအောင်သာ
နေပစ်လိုက်ကြ...အေးဆေး
မုန်တိုင်းဆိုတာ မင်းကြောက်ဒူးတုန်
ငိုပြနေလည်း ရှောင်ကွင်းမသွားဘူး
အဲ့တော့ ပျော်ပျော်ပဲ သားကြီးတို့
မကျေနပ်လည်း လေဖြတ်ကြတော့
မုန်တိုင်းကြားမှာ
ရယ်နေနိုင်သူ အချင်းချင်းကတော့
ကဲ.... စခွီအပေါင်းတို့ရေ
ချီးယားစ် ❗️
😜✊🍺🍷🍾
Crd...မိုးနီလွင်
21/07/2022
ပထမအပတ်လေး အောင်မြင်သွားပါပြီး
ဒီနေ့ ဒုတိယအပတ် ပထမရက်🙏🙏🙏
20/07/2022
စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။
အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။
ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။
ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။
ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။
ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။
စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......
လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
A.San......
14/07/2022
စိတ်ဓာတ်ကျနေသူအတွက် စိတ်ခွန်အားဖြစ် စာစုများ😝😝
14/07/2022
14.7.2022✨✨✨
ဒီနေ့ဆို ကျမ အသက် ၃၂နှစ်ပြည့်တဲ့နေ့ပေါ့...
အမှန်အတိုင်းဝန်ခံရရင် ဒီအသက်ဒီအရွယ်ထိ တရားထိုင်တာ ပုတီးစိပ်တာတို့တစ်ခါမှမလုပ်ဖူးဘူးးး
ဒီနှစ် ဝါဆို တော့ လုပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်..မဖြစ်မနေအောင်မြင်အောင်လုပ်မယ်လို့ ရည်ရွယ်ထားတယ်...ဒီနေ့ဆို ၃ရက်မြောက်ပေ့ါ....
ကိုယ့်ရဲ့ပူပင်သောကတွေပြေပျောက် ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသူအားလုံးလည်း သောကကင်းစင်ပါစေလို့ အဓိဠာန်ပြုရင်း ကျန်ရက်များကို အောင်မြင်အောင်လုပ်ဆောင်သွားနိုင်ပါစေ🙏🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ကျိုက်ပေါ
Bago City
Alerts
Be the first to know and let us send you an email when Cho Aye's Skincare Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.