Paradise Beauty Salon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Paradise Beauty Salon, Hair salon, No. 777 Pyitawaye phayar Street, Bago City.
11/05/2021
၀က်ခြံပေါက်တတ်သူများ သိထားရအောင်ပါ
Photo credit
လူတိုင်းလုပ်ဖို့မလွယ်သလို လုပ်တဲ့သူတိုင်း
အောင်မြင်ဖို့မလွယ်ကူတာ အလှပြင်ဆိုင်အလုပ်ပါ 🙂
(၁) အလှပြင်ဆိုင်အလုပ်က နတ်ကြီးပါတယ်နော်😁
လူတိုင်းလုပ်ဖို့မလွယ်သလို ဆရာတိုင်းလဲ
အောင်မြင်ဖို့မလွယ်ပါဘူး ဆိုင်တွေ မှိုလို
ပေါက်နေလဲ နာမည်ကြီးဖို့အောင်မြင်ဖို့
အချိန်ကို ပေးဆပ်ပြီး အလုပ်လုပ်ကြရတာ
တော်ယုံ ဇွဲနဲ့တော့မဟုတ်ပါဘူး💪💪
(၂)အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့
shampoo girl, hair assistant, hair stylist
တွေဟာ ပညာရေး ဆက်မတက်တော့လို့
စီးပွားရေးအဆင်မပြေလို့ ဒီလောကထဲ ဝင်လာ
တာရှိသလို ဘွဲ့ရပညာတတ်တွေလဲ ရှိပါတယ်
ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးကပဲ ဝင်လာ
သည်ဖြစ်စေ ကြိုးစားမှု နဲ့ အချိန်ကို မပေးဆပ်နိုင်ရင်
ရပ်တည်ဖို့မလွယ်ပါဘူးးး😎😎
(၃)တော်ယုံအပျင်းစိတ်ရှိတဲ့သူများ၊အပျော်အပါး
ခုံမင်သူများ ဟာ အလှပြင်ဆိုင်အလုပ်နဲ့ မသင့်တော်ပါ
ဘူး 👌👌ဘာဖြစ်လို့လဲ ဆိုတော့ အချိန်တွေ
အားလုံးကို ဧည့်သည်ရှိသည် ဖြစ်စေ မရှိသည်
ဖြစ်စေ မနက် ၉ နာရီ ကနေ ည ၈နာရီ ၉ နာရီ
ထိ ပေးဆပ်ထားရတာပါ အားလပ်တဲ့ ကိုယ်
ပိုင်အချိန်ဆိုတာ ည၉နာရီကနေ မနက် လင်းတဲ့
လုပ်ငန်းခွင် မဝင်မီ အချိန်ပါပဲ😔😔
အစိုးရ ရုံးပိတ်ရက် စနေ တနင်္ဂနွေ လပြည့်
လကွယ် အခါကြီး ရက်ကြီး နေ့တွေ ဆိုတာ
အလှပြင်ဆိုင် လုပ်နေသူများအတွက် မသက်ဆိုင်တဲ့
စိတ်ကူး မယဉ် ဖူးတဲ့ နေ့ရက်တွေပါ😢😢😢
တစ်လမှာ ဆိုင်က သတ်မှတ်ပေးတဲ့ တစ်လ နှစ်ရက်
တစ်ချို့ဆိုင်က ၃ရက် အချို့ တစ်ပတ်တစ်ရက်
ကလွဲရင် အမြဲ လုပ်ငန်းခွင်မှာ stand by မိသားစု
နဲ့တောင် နေချိန်မရပဲ အလုပ်ကိုပဲ second
family လိုသဘောထားပြီ ဖြတ်သန်းနေရသူ
တွေပါ (ဒီနေရာမှာ အလှပြင်ဆိုင်အလုပ်ကို
အထင်မကြီးသူတွေ ဒီလိုနေကြည့်ပါ ရူးတောင်
သွားဦးမယ်)လို့ ပြောချငိပါတယ်
(၄)လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ လာသမျှ
customer ရဲ့ မတူညီတဲ့ ပြသနာ မတူညီတဲ့
ဆံသား တွေ ကိုလဲ စိတ်ရောကိုယ်ရော ဦးနှောက်
နဲ့ စကားပြောစွမ်းရည်ပါမကျန် လက်လှုပ်သလို
ပါးစပ်လှုပ်ပြီး စိတ်ရှည်လက်ရှည် ပြောဆို
အလုပ်လုပ်နေကြရတဲ့သူတွေပါ ဖြစ်လာတဲ့
complain တွေကိုလဲ ပါးနပ်စွာ ပြောဆို
ရပါတယ် အများလို အပြင်မထွက် အရိပ်ထဲ
မှာ ပဲ နေပြီး ကတ်ကြေးနဲ့ ဘီးလေးကိုင်
ယုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး လူမပင်ပန်း
ပေမယ့် စိတ်အများကြီး နှစ်မြှုပ်ပြီး လုပ်နေရ
သူတွေပါ
(၅)ဆံပင်ကို ရေလေးလောင်းဆပ်ပြာပွတ်
လေမှုတ် တာနဲ့ ဘီးလေး ကတ်ကြေးလေး
ကိုင်တတ်တာနဲ့ ပိုက်ဆံလွယ်လွယ်ရတာ
မဟုတ်ပါဘူး shampoo ကနေ stylist
ဖြစ်ဖို့ ကတ်ကြေးကိုင်ရဖို့ထိ လေ့လာမှု
လေ့ကျင့်မှု စိတိပါဝင်စားမှု နဲ့ ဝါသနာ
အများကြီး ပေးဆပ်ပြီး လေ့လာကျော်ဖြတ်
လာကွရတာပါ 😎😎
ခုသင် ခုတတ် ၃လ ၅လ ဥုံဖွ မန်းပြီး
assistant,နဲ့ stylist ဖြစ်လာတဲ့ သူတွေ
မဟုတ်ကြပါဘူး
ကျွမိးကျင်ဆရာတစ်ယောက် ဆရာမ
တစ်ယောက်ဖြစ်ဖို့ဆို နှစ်ပေါင်းများစွာ
ကြိုးစားရတာပါ
(၆)product နဲ့ ပကိသက်လို့လဲ မေ့ထားလို့
မရပဲ လေ့လာနေရသူတွေပါ shampoo က
စလို့ styling ပစ္စည်းအဆုံး ဆိုင်မှာ တင်သမျှ
သုံးသမျှ အားလုံးကို လေ့လာရပါတယ်
အမြှုပ်ထွက်ယုံ ချေးပြောင်ယုံ shampoo
လျှော်တာ မဟုတိပဲ ဒီခေါင်းလျှော်ရည်
ဒီပစ္စည်း ဘယ်ကထုတ်တယ် အနံ့က ဘယ်လို
လျှော်ပြီးရင် ဘယ်လိုresult ရတယ် ဒါက
အဆီထွက်တဲ့ ဆံပင် ဒါက ဗောက်ထတဲ့ ဆံပင်
ကျွတ်တဲ့ ဆံပင် ခြောက်တဲ့ဆံပင်၊ပါးတဲ့ဆံပင်
ဖြောင့်ထားတဲ့ဆံပင် ကောက်ထားတဲ့ဆံပင်
ဆေးဆိုးထားတဲ့ဆံပင် အတွက်ဆိုပြီး
အများကြီး လေ့လာရပါတယ် stylist
ဆိုလဲ ဆံပင်ညှပ်တာ ပုံသွင်းတာ ကအစ
ဧည့်သည်နဲ့လိုက်မယ့်ပုံ လိုက်ဖက်မယ့်
ဆံပင်အရောင် ကောက်တာ ဖြောင့်တာ
ဆေးဝင်တာ မဝင်တာ မာတဲ့ဆံပင်
ပျော့တဲ့ဆံပင် ဆေးဝင်လွယ်တဲ့ဆံပင်
ဆေးဝင် အချိနိပေးရတဲ့ဆံပင် virgin hair
လား normal hair ,damage hair လား
ဆေးဝင်ချိန် ရေဆေးချိန် အပူချိန် ထွက်လာမယ့်
result, customer ဆိုးချင်တဲ့ colour
ပင်မ အရောင်ခံ မှာ ဆိုးနည်း သဘာဝ ဆံပင်ကို
ဆိုးနည်း ကာလာစပ်နည်း အာ့တာတွေကို အဆင့်
ဆင့်ကျော်ဖြတ် သင်ယူပြီးမှ ဆရာတစ်ယောက်
နေရာကို ရောက်လာတဲ့ သူတွေပါ
😊😊😊😊😊😊😊😊😊😊😊
☄️တစ်ကယ်တော့ အလှပြင်ဆိုင်အလုပ်ဆိုတာ
အတော်များများပြောသလို ဘီး ကတ်ကြေး
ရှိယုံနဲ့ လွယ်လွယ် ပိုက်ဆံရတဲ့ အလုပ်မဟုတ်ပါ
ဘူး ရပ်ကွက်ဆိုင်လဲ ရပ်ကွက်အလျောက်
ဆိုင်ကြီး တွေလဲ ဆိုင်ကြီးသလောက် သူ့ပညာ
နဲ့သူ သူ့ပေးဆပ်မှုနဲ့သူ ရပ်တည်ကြိုးစားနေကြ
ရသူတွေပါ တစ်ကယ်ပြောပြကြေးဆို
အများကြီး ရင်ဆိုင်ရတဲ့ တာဝန်ယူမှု
တာဝန်ခံမှု လေ့လာမှု တွေ အများကြီး
ပါ အဓိကကျတဲ့ အချက်လေးတွေကိုပဲ
ပြောပြထားတာပါ
အလှပြင်ဆိုင်မှာ လုပ်တဲ့ သူတွေကို
အထင်သေးတယ် အမြင်မကြည်
ဘူးဆို ကိုယ်တိုင် ဒီလောကထဲ
ဝင်လာပြီး အချိန်တွေကို ပေးဆပ်ကြည့်
ပါ။
လောကသားတွေလည်း ရှဲပေးလိုက်ကြပါဦး
15/01/2021
နှိပ်ပေးခြင်း၏ အကျိုးသက်ရောက်မှု့များ
Photo credit
ဆိုင်ဖွင့်လား လို့ လာလာမေးကြသူများ
ဆိုင်ပိတ်ထားပါတယ်ရှင့်🙅🙅🙅
ဆိုင်ဖွင့်မဲ့ ရက် ပြန်တင်ပေးပါ့မယ်နော်😊😊😊
အားပေးမှု့ကို ကျေးဇူးတင်ပါတယ်ရှင့် 😍😍😍
မိတ်ဟောင်း မိတ်သစ်များ အားလုံး ဆိုင်ပြန်ဖွင့်ပါပြီနော် 😍
28/03/2020
ချစ်ခင်လေးစားရသော Paradise Beauty Salon မှ မိတ်ဟောင်းမိတ်သစ်များရှင် COVID-19 ရောဂါပြန့်ပွားနေသောကြောင့် 28.3.2020 မှစ၍ဆိုင်စပိတ်မည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးကြော်ငြာအပ်ပါတယ်
01/03/2020
ဒီနေ့ ရဲ့ သတို့သမီးလေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 777 Pyitawaye Phayar Street
Bago City
11121