Ei Pont

Ei Pont

Share

နွေဦးတော်လှန်ရေး

Photos from Ei Pont's post 04/03/2025

Hello Be With Me!

ကဲ ဒီတခေါက် Campaign ကတော့ ဦးဂျမ်းတွေအတွက်ပါနော်... လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းရေးအတွက်ရည်ရွယ်ပါတယ်...

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့လက်ပါးစေများကိုတစိုက်မတ်မတ်တွန်းလှန်နေဆဲနဲ့ ဆက်လက်တွန်းလှန်သွားကြမယ့်
ဦးဂျမ်းတို့အတွက် လိုအပ်ချက်ပေါင်းများစွာထဲက ဒီတခေါက် ကျမတို့ လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းရေးကိုသွားလိုက်ကြရအောင်...

နေရာအနှံ့မှာပုံစံမျိုးစုံနဲ့လှုပ်ရှားနေကြတဲ့ ဦးဂျမ်းတို့အတွက်အကြီးမားဆုံးအခက်အခဲက Funding အပိုင်းပါ...ဒီကြားထဲ Mission တခုပြီးသွားရင် UG ရဲဘော်တွေရဲ့ Safety ဆိုတာကိုအကြောင်းပြပြီး လူတဦးတယောက် (သို့) အယောင်ဆောင်အဖွဲ့အစည်းတွေက ပြီးသွားတဲ့ Mission ခေါင်းစဥ်တပ် အလှူငွေကောက်ခံကြတာလဲ ခဏခဏကြားရပါတယ်...

ဒါ့ကြောင့်အောက်ဖော်ပြပါ Missions တွေကို ဖော်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာတာဝန်ရှိသူနဲ့ တိုင်ပင်ပြီး ဝန်းရံပြည်သူများအတွက်စုစည်းပြီးတင်ပေးလိုက်ပါတယ်...

🛑 List ထဲမှာ Ground Safety အတွက်လူသိများတဲ့ တချို့ Mission တွေကိုဖယ်ထားပါတယ်...

ယခုလိုတင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ Missions တွေကိုတကယ်ဖော်ဆောင်ခဲ့တဲ့ ဒီအဖွဲ့အတွက် ကျမနှင့်အတူ Be With Me ကိုပြန်လည်ဝန်းရံပေးစေချင်လို့ပါ..

မတ်လနဲ့ ဧပြီလ (၂လ) အတွက် Target သိန်း ၂၀၀ မှန်းထားပါတယ်...

🛑 Upcoming High Value Target 🛑 တွေဖော်ဆောင်ရေးအတွက် နိုင်သလောက်ပါဝင်ပေးကြပါဦးနော်....

Campaign မှာ အစီအစဥ်တခုထည့်ထားပါတယ်...

ဝန်းရံပြည်သူများအတွက် ရဲဘော်လေးများရဲ့ Postcard အရွယ် ခဲခြစ်ပန်းချီလက်ရာလေးတွေကို အမှတ်တရပြန်လည်ပေးအပ်သွားမှာပါ ...

ဝန်းရံပြည်သူများ မိမိရေးဆွဲစေချင်တဲ့ဓါတ်ပုံကို ကျမရဲ့ Messenger မှာပေးထားလို့ရပါတယ်နော်...

ရဲဘော်လေးတွေရဲ့ ခဲခြစ်ပန်းချီလက်ရာတချို့လဲတင်ပေးထားတယ် ...

>> ခွေးစိတ်ကြိုက်

>>>> မြို့ပြ

>>>>>>>> ငြိမ်နေလို့မရ

>>>>>>>>>>>>>>>> လုံးဝအုပ်ချုပ်ခွင့်မရစေရ

✊️✊️✊️

02/03/2025

ရဲဘော်နိုင်သူအောင်အတွက် ဖေဖော်ဝါရီလစာရင်းပါ

*လစဥ်ပံ့ပိုးအမည်စာရင်း*

မြကြီး = ၂သိန်း
မမအဖွဲ့ = ၂သိန်း
ဖြိုးလေး = ၂သိန်း
Tiffany = ၁သိန်း
အန်တီခင်ခင် = ၁သိန်း
Ei Pont = ၅သိန်း
----------------------------------
စုစုပေါင်း = ၁၃ သိန်း
---------------------------------

လစဥ်မဟုတ်ပဲ တတ်နိုင်တဲ့လတွေမှာ ရဲဘော်လေးအတွက်
ပံ့ပိုးပေးလို့ရပါတယ်နော်...

ရဲဘော်နှင့် သူ့မိသားစုကိုယ်စားပံ့ပိုးပေးသူများကိုကျေးဇူးအထူးတင်ပါတယ်...

🙏🙏🙏

28/02/2025

တော်လှန်ရေးက ၄နှစ်ကျော်နေပြီ တော်လှန်ရေးပါးမဝဘူးပဲပြောရမလား.. အထူအပါးနားမလည်ဘူးပဲပြောရမလား... ဒါမှမဟုတ် သိသိကြီးနဲ့ သောက်ကျင့်မကောင်းတာလား .. မပြောသင့်တဲ့ကိစ္စဆို ပြောကိုမပြောရဘူး ...

ကိုယ်နဲ့ပတ်သက်တဲ့ ဦးဂျမ်းအဖွဲ့တွေ mission တခုရဲ့ before and after ကိုယ့်ကိုပြောပြရင် နားထောင်ရတာ ထိတ်လန့်သည်းဖိုပါသလို ရင်ဘတ်စည်တီးပြီးငိုချင်စရာ ရုပ်ရှင်တခုလိုပဲ....

ဒါဟာရုပ်ရှင်မဟုတ်တဲ့ ပြည်သူ့သားကောင်း သမီးကောင်း
တွေသရုပ်ဆောင်နေကြတာ... အလွဲအချော်နဲ့ သတင်းပေါက်ကြားခြင်းဟာ Cut ဆိုပြီး ပြန်ရိုက်လို့မရဘူး...

တချို့အကြောင်းအရာတွေနားထောင်လို့ကောင်းတယ် ဒါပေမယ့်ပြန်လည်မျှဝေဖို့မလုပ်သင့်တာကို လူကမွေးရင်လူလို
နားလည်ကြပါ...

15/02/2025

👵သိန်း ၁၀၀ ဆိုလဲ ပေးရမှာပဲ သိန်း ၃၀၀ ဆိုလဲပေးရမှာပဲ

👩တော်လှန်ရေးအတွက်လား

👵မဟုတ်ဘူး ... စစ်မှုထမ်းမပါအောင်

👩သြော်...အင်း .. အင်း... အရင်ကရော တော်လှန်ရေးအတွက်လုပ်လား?

👵ဘယ်သူ့ကိုတော်လှန်နေကြတာလဲ ... ပြောဦး

😅😅

08/02/2025

ကိုယ်တွေကို ငယ်ငယ်ကနှုတ်ခမ်းနီဆိုးပေးထားရင် အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းမထိတော့ဘူး.. နှုတ်ခမ်းနီပျက်မှာစိုးလို့... ငါ့သမီးကတော့ ခေါင်းစည်းပေးထားတာ ခေါင်းပါမလှုပ်တော့ဘူး... ခေါင်းစည်းကြိုးပြုတ်ကျမှာစိုးလို့ 🤣

Photos from Ei Pont's post 06/02/2025

80th ❣️

04/02/2025

စကစရဲ့ စစ်မှုထမ်းဥပဒေ ထွက်လာတော့ စကစ ဘာလုပ်လုပ်မခံဘူးဆိုတဲ့ မြို့ပြကပြည်သူတချို့ကိုယ့်ဆီကိုချဥ်းကပ်ခဲ့ကြတယ်...

စိတ်ဓါတ်လေးတွေကို လေးစားလို့ ကိုယ်ပဲအစအဆုံး စီစဥ်ပေးပြီးလွတ်မြောက်ကိုပို့ပေးခဲ့တာ ၂၀၂၄ နှစ်ဆန်းကတည်းက ... အခုဆို ၁နှစ်ပြည့်တော့မယ်... တချို့ဆိုမိသားစုလိုက်တောင်ပါသေးတယ်...

အဆင်အပြေကြီးမဟုတ်ကြပေမယ့် အခုဆိုရင် စကစရဲ့ ရေဒါအောက်ကလွတ်မြောက်ပြီး လက်ရှိတော်လှန်ရေးမှာ အုတ်တချပ်သဲတပွင့်ပါနေနိုင်ကြပြီ....

အခုကိုယ့်အိမ်ကိုတံခါးလာခေါက်ကြပြီဆိုတော့ စိုးရိမ်ပူပန်နေကြတာကိုကိုယ်ချင်းစာပေမယ့် အဲ့ပြည်သူတွေ မနှစ်ကဒီအချိန် ဘာတွေများတွေးနေကြလဲဆိုတာ သိချင်မိ 🤔

အဆဲတောင်းတာမဟုတ်ဘူးနော် .. သိချင်လို့ဆေးပေါ့လိပ်ကြီးခဲပြီးမေးကြည့်တာ 😉

01/02/2025

Be With Me မှ ထောက်ပို့ပြည်သူများသို့ ... 🥰

01/02/2025

သူငယ်ချင်း တယောက်က တော်လှန်ရေးအတွက် စလုံး ၅၀၀ လွှဲပေးတယ်... လိုတာစိုက်ပြီး မြေပြင်အတွက်ထောက်ပို့ပေးလိုက်တယ်...

၄နှစ်ပြည့်ပြီနော်.. အေး.. ငါတို့သည်ဖွဲမီးတွေ...✊️✊️✊️

မှတ်တမ်းကနာမည်ကိုတော့သီးခံဖတ်ကြ ...

(လိုရင် အလှဆုံး... မလိုရင် စလုံးက ကြီးတော်/ အားဂျီးမ)😏

16/01/2025

ဒီ Video လေးထဲမှာ မင်းသမီးလေး မမဒဖ် ကသူ့ရဲ့မာမီကိုစိတ်ဆိုးပြီး အိမ်ကနေထွက်ပြေးသွားပါတယ်... ထွက်ပြေးတာတောင် အိမ်နောက်ကနေကပျာကယာထွက်ပြေးတာပါ...

မကြာပါဘူး သူ့မာမီက သူ့သမီးရှာပုံတော်ကို စံမတူရွှေပျောက်သလိုလ ခုန်စွ ခုန်စွမဖြစ်ယုံတမည် လိုက်ရှာပါတော့တယ်...

သားအမိနှစ်ယောက်ပြန်ဆုံတဲ့ Happy Ending ဇာတ်လမ်းလေးပါ 😍😍😍

Duffy ငါ့ဆံပင်မွှေးတွေထောင်အောင်နှောက်တာဟေ့ 🥴

Photos from Ei Pont's post 07/01/2025

သူ့လိုလဲ ဘရန်းဒက်တွေဝယ်မလွယ်နိုင်ဘူး...

အေး ..သူ့လိုလဲ သွားမခေါဘူး 😁

လူကိုယ်တိုင်ကဘရန်းဒက်ဖြစ်နေသော မတ်မတ်အိ

😇😇😇

Photos from ဒေါင်းမင်း - PDF's post 05/01/2025

😇😇😇

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Singapore