Can i help you

Can i help you

Share

Male

တရားဒေဿနာအတွဲများ- ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်၌ ရှိသလော၊ သို့မဟုတ် မြေကြီးပေါ်၌ ရှ 28/02/2026

https://youtu.be/bD1DG8b8Vek?si=XpLwJswvL-0D_5Wm

တရားဒေဿနာအတွဲများ- ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်၌ ရှိသလော၊ သို့မဟုတ် မြေကြီးပေါ်၌ ရှ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း - ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်၌ ရှိသလော၊ သိ.....

Myanmar Praise Song (လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်) 02/10/2025

Myanmar Praise Song (လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်) မိတ်ဆွေ၊ သင်သည် ဘုရားသခင်ကို ပိုသိမြင်ပြီး သူ့ထံတွင် ပို ချဉ်းကပ်ချင်သလော။ ကျွန်ုပ်တို့ အဖွဲ့ဝင်ထဲကို ဝင်လ...

20/05/2025
17/05/2025

နှုတ်ကပတ်တော် ဓမ္မသီချင်း တစ်ပုဒ်
လူသားများ ဘုရားရှင်ကို ယုံကြည်ရသည့် ရည်ရွယ်ချက်
၁
ဘုရားရှင်၌ စစ်မှန်သော ယုံကြည်ခြင်းမှာ
သူ၏စစ်မှန်သော အချစ်ကို ရဖို့ရန်
နှုတ်ကပတ်တော်ကို သင့်ဘဝ၌
အမှန်တရားအဖြစ် ခံယူခြင်း
နှုတ်ကပတ်တော်မှ ဘုရားရှင်ကို သိကျွမ်းခြင်းပါ
ပိုရှင်းအောင် ပြောရရင်
ဘုရားရှင်ကို ယုံကြည်ခြင်း ဆိုတာ
ဘုရားရှင်ကို နာခံမြတ်နိုးတတ်ရန်
ဘုရား၏ဖန်ဆင်းခံများ လုပ်ဆောင်ရမည့်
တာဝန်များကို ထမ်းဆောင်ခြင်းပေ
ဒါ ဘုရားရှင်ကို ယုံကြည်ရသော ရည်ရွယ်ချက်ပဲ
ဘုရားရှင်၏ ချစ်ဖွယ်ကောင်းမှု
သူ၏ကိုးကွယ်ကြောက်ရွံ့ထိုက်ပုံ
ဖန်ဆင်းခံတို့ကို ကယ်တင်ခြင်း
နှင့် စုံလင်စေခြင်းအမှု ဆောင်ရွက်ပုံတို့အား သိနားလည်ရန်
ဒါ ဘုရားရှင်ကို ယုံကြည်ခြင်း၌
အနည်းဆုံး ပိုင်ဆိုင်ရမည့် အချက်တွေပဲ
ဘုရားရှင်ကို ယုံကြည်ခြင်းက နိမိတ်လက္ခဏာ၊
အံ့ဖွယ်ရာများ မြင်ရဖို့သာ မဟုတ်ရဘူး
သွေးသားဇာတိအတွက် လည်း မဖြစ်ရပါ
ပေတရုလို သက်ဆုံးထိနာခံရင်း
ဘုရားရှင်ကို သိကျွမ်းဖို့ရာ ကြိုးပမ်းခြင်းပင်
ဒါ အဓိက ကြိုးပမ်းရယူရမည့် အရာတွေပဲ
၂
ဘုရားရှင်ကို ယုံကြည်ခြင်းမှာ အဓိကအားဖြင့်
ဇာတိပကတိ အသက်တာမှ
ဘုရားရှင်ကို ချစ်မြတ်နိုးသည့် အသက်တာသို့၊
ဇာတိအသက်တာမှ ဝိညာဉ်အသက်တာသို့
သင့်အသက်တာ ပြောင်းလဲခြင်းပါ
ဘုရားရှင်ကို ကျိုးနွံကာ
ဘုရားရှင်၏ကာကွယ် စောင့်ရှောက်မှုအောက်တွင်
အသက်ရှင်ရန်
စာတန်၏အုပ်စိုးမှုအောက်မှ ရုန်းထွက်ခြင်းပါ
သွေးသားဇာတိကို လိုက်နာခြင်းမဟုတ်
သင့်နှလုံးသား တစ်ခုလုံးအား ဘုရားရှင်ထံ ပုံအပ်ခြင်းပါ
သင့်အား စုံလင်စေရန် ဘုရားရှင်ကို အခွင့်ပေးကာ
စာတန်၏ဖောက်ပြန်သောစိတ်သဘောမှ
သင့်ကိုယ်သင် ရုန်းလွတ်ခြင်းပါ
ဘုရားရှင်ကို ယုံကြည်ခြင်းမှာ အဓိကအားဖြင့်
အခွင့်အာဏာ တန်ခိုးတော်ကို သင့်အထဲ၌ ထင်ရှားဖို့ပေ
ဘုရားရှင်ကို ယုံကြည်ခြင်းက နိမိတ်လက္ခဏာ၊
အံ့ဖွယ်ရာများ မြင်ရဖို့သာ မဟုတ်ရဘူး
သွေးသားဇာတိအတွက်လည်း မဖြစ်ရပါ
ပေတရုလို သက်ဆုံးထိနာခံရင်း
ဘုရားရှင်ကို သိကျွမ်းဖို့ရာ ကြိုးပမ်းခြင်းပင်
ဒါ အဓိက ကြိုးပမ်းရယူရမည့် အရာတွေပဲ
၃
သင့်အထဲ၌ ဘုရား၏ တန်ခိုးတော်များ ထင်ရှားဖို့ရန်
ထိုသို့ဖြင့် အလိုတော်ကို ဆောင်ရွက်နိုင် ကာ
ဘုရားရှင်၏ အကြံအစည်ကို ပြီးမြောက်နိုင်မည်
စာတန်ရှေ့မှောက် ဘုရားသခင် သက်သေခံနိုင်လိမ့်မည်
--
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

04/05/2025
01/05/2025

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ

01/05/2025
Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Website

Address


126D Tembeling Road
Singapore
423637

Alerts

Be the first to know and let us send you an email when Can i help you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Singapore.