Suzy’s Little Corner
Suzyရဲ့ဟင်းချက်နည်း၊ကိတ်မုန့်ပြုလုပ်နည်လေးတွေမျှဝေပေးသွားမှာမို့ Like and Share လေးလုပ်ပေးပါဦးနော်
18/07/2026
စိတ်ဖိစီးမှုတွေကို ခဏချထားပြီး ကိုယ့်ရဲ့ Energy ကို ပြန်လည်ဖြည့်တင်းကြမလား? ✨🧘♀️
အလုပ်တွေရှုပ်၊ စိတ်တွေပင်ပန်းလာတဲ့အခါ အခန်းထဲမှာ ဖယောင်းတိုင်မွှေးမွှေးလေးတစ်တိုင်ထွန်း၊ ကိုယ်သဘောကျတဲ့ စာအုပ်လေးတစ်အုပ်ဖတ်ရင်း Crystals လေးတွေရဲ့ အေးချမ်းတဲ့ စွမ်းအင်ကို ခံစားကြည့်ဖူးပါသလား။
ကျောက်မျက်ရတနာတွေဆိုတာ သဘာဝတရားကြီးကပေးတဲ့ လက်ဆောင်မွန်တွေဖြစ်ပြီး တစ်ခုချင်းစီမှာ ထူးခြားတဲ့ စွမ်းအင် (Vibrations) တွေ ရှိကြပါတယ်။
💜 Amethyst (ခရမ်းစွဲကျောက်): စိတ်လှုပ်ရှားမှုကို ငြိမ်သက်စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
💗 Rose Quartz (ပန်းရောင်သလင်းကျောက်): ကိုယ့်ကိုယ်ကိုယ် ချစ်ခင်စိတ်၊ မေတ္တာတရားနဲ့ စိတ်နှလုံး နူးညံ့အေးချမ်းမှုကို ဆောင်ကြဉ်းပေးပါတယ်။
ဒီနေ့ညတော့ ဖုန်းခဏချပြီး သဘာဝတရားရဲ့ စွမ်းအင်တွေနဲ့အတူ စိတ်ဝိညာဉ်ကို အနားပေးလိုက်ပါ။ သင့်အကြိုက်ဆုံး ကျောက်လေးကရော ဘာဖြစ်မလဲ? ဆွေးနွေးခဲ့ကြပါဦး။ 🌸
03/02/2026
ပြောတတ်လိုက်တာရှင် 😬😀
တခါတုန်းက ခိုနီသထိန်းကြီးက အဆိုတော်မလေးကို သိန်းနှစ်ထောင်တန် အိမ်ဝယ်ပေးဖူးတယ်။
အဲ့ခေတ်က ရွှေစျေးက သိန်းဂဏန်းပဲရှိသေးတာနော်။ ဆယ်သိန်း မကျော်သေးတဲ့ခေတ်။
ခိုနီကြီးရဲ့ ပွဲတက်ဝတ်စုံကြီးက ဒါကိုသိတော့ ငိုတာပေါ့။
အဲ့တော့ ခိုနီက သိန်းနှစ်သောင်းတန်ခြံကို ပွဲတက်ဝတ်စုံကို ဝယ်ပေးလိုက်တယ်လေ။ ပွဲတက်ဝတ်စုံလည်း ကျေနပ်သွားရော။ 🤭
ခုလည်း အသံဖိုင်ထဲက သိုင်းဝတ်စုံ V ကို တည သိန်းတစ်ရာအမ်းတဲ့ ကိစ္စ ပွဲတက်ဝတ်စုံ မမကြီးကို သနားပါတယ် လုပ်မနေကြနဲ့။
ဟိုက တညတစ်ရာရရင် ပွဲတက်ဝတ်စုံကို မသိချင်ယောင်ဆောင်ခ တညသိန်းတစ်ထောင်လောက်ပေးပြီးပြီ။ မောင်ချစ်တဲ့ သူကို မလည်း ချစ်ပါတယ်ဆိုပြီး အိမ်မှာ နားနားနေနေ နေရုံပဲ။
သိုင်းဝတ်စုံက တရာဖိုးကျေအောင် သိုင်းကြမ်းတွေ
ပင်ပင်ပန်းပန်းလေ့ကျင့်နေချိန် ပွဲတက်ဝတ်စုံက ဘုရားစင်ရှေ့ သာဓု ခေါ်နေလိုက်ရုံ။
ယောက်ျားဆိုတာက ပိုက်ဆံရှိလာရင် cele နဲ့ ကုတင်ပေါ် တစ်တီတူးချင်တာက အလိုလိုပေါ်လာတဲ့ သူဌေးဝေဒနာကွဲ့။
တယောက်ယူပြီး မနည်းအမ်းနေရတဲ့ ကိုဒါဝတ်တို့ကတော့ ပွဲတက်တော့လည်းဒီဝတ်စုံ သိုင်းချတော့လည်းဒီဝတ်စုံပဲ။ တစ်ထည်ထဲရှိတာကို။
ဒါကိုများ ကိုဒါဝတ်ရဲ့ ဝတ်စုံတွေက ကျော့ကော့နေတဲ့ ပွဲတက်ဝတ်စုံသီးသန့်ကို သွားသနားနေကြသေး။ 🤭🤭🤣
Crd : Myo Thandar Myo
Photo : Ai
ချမ်းသာလိုက်တာကွယ် 😍
22/06/2025
ဘဝမှာ -
[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။
[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။
[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။
[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။
[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။
[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။
[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }
[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။
[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။
[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။
[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }
[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }
[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။ ။
{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ } 🚩
Burmese Duwon
#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်
မြောင်းမြခရိုင်ပညာရေးမှူးရုံးမှ
ခရိုင်ပညာရေးမှူးနှင့်အဖွဲ့သည်
မြောင်းမြ အထက ၆ တွင်ဖြစ်ပွားခဲ့သော
အုပ်စုလိုက်ပါးအကြိမ်ကြိမ်ရိုက်
ထိုင်ကန်တော့ရှိခိုးခိုင်းကာ
အနိုင်ကျင့်ကျူးလွန်ခံရသည့်
စိတ်ဒဏ်ရာအကြီးအကျယ်ရနေပြီး
ကျောင်းမတက်ရဲ ဖြစ်နေသော
ကျောင်းသူသမီးငယ်လေးအား
ခရိုင်ပညာရေးမှူးရုံးအတွင်း
ညနေ ၄ နာရီကျော်မှစကာ
အခန်းတံခါးပိတ်ကာ အချိန်တစ်နာရီကျော်ခန့်
စစ်ဆေးမေးမြန်းခဲ့သောကြောင့်
ကျူးလွန်ခံရသူ ကျောင်းသူလေး၏
စိတ်ဒဏ်ရာပိုမိုဆိုးရွားလာခဲ့ပါတယ်ဗျာ...
အဆိုပါ ကျောင်းသူလေးမှာ
ညဖက် အိပ်မရဖြစ်နေသောကြောင့်
ဆေးထိုး ဆေးသောက်နေရသော
စိတ်ဒဏ်ရာကြီးမားစွာရပြီး
စိတ်အခြေအနေပုံမှန် မဖြစ်သေးချိန်တွင်ရှိနေတုန်းပါ...
ထိုကဲ့သို့ ပုံမှန်စိတ်အခြေအနေမရှိသေးသော
စိတ်ဒဏ်ရာရနေတဲ့ ၁၃ နှစ်အရွယ်ကျောင်းသူ
ကလေးငယ်လေးအား
ယခုကဲ့သို့ မိဘတစ်ဦးဦးမပါရှိပဲ
အခန်းတံခါးပိတ်ကာ
စစ်ကြောရေးခန်း ဝင်သကဲ့သို့
မြောင်းမြခရိုင်ပညာရေးမှူးရုံးမှ
တာဝန်ရှိသူများ စစ်ဆေးမေးမြန်းခြင်းသည်
ကလေးငယ်၏ စိတ်ဒဏ်ရာကို
ပိုမိုဆိုးရွားအောင်
လူတောမတိုးအောင်ပြုလုပ်နေသကဲ့သို့ပင် ဖြစ်နေပါတယ်ဗျ...
အမှန်တကယ်ဆိုရင်
လူကြီးမိဘ တစ်ဦးဦးရှေ့မှာမေးမြန်းသင့်ပါတယ်...
လူ T- တ်တရားခံတွေတောင်
တရားသူကြီးအဖွဲ့က
အခန်းတံခါးပိတ်မေးမြန်းတာ
ဘယ်တရားရုံးမှာရှိဖူးလို့လဲ...
တရားခံတောင် လူအများရှေ့
တရားရုံးမှာ ထုချေဖြေဆိုခွင့်ရသေးတာ
ခရိုင်ပညာရေးမှူးနဲ့အဖွဲ့က
ဘာကြောင့် စိတ်ဒဏ်ရာရနေသူ
နစ်နာသူ ကျောင်းသူငယ်အား
စစ်ကြောရေးခန်းဝင်သလို
အခန်းတံခါးပိတ် မေးမြန်းရပါသလဲဗျ...
ဧရာဝတီတိုင်းလူမှု့ရေးဝန်ကြီးမှ
ကျူးလွန်ခံရသူကလေးငယ်လေးအား
စစ်ဆေးမေးမြန်းရန် လာရောက်၍သာ
ကလေးကို တံခါးဖွင့်၍
မိဘလက်ထဲသို့ ပြန်ထည့်ပေးလိုက်ခြင်းပါ...
လူမှု့ရေးဝန်ကြီးသာမလာပါက
ဘယ်အချိန်ထိ သမီးငယ်လေးအား
အခန်းတွင်း တံခါးပိတ်ပြီး
ဘယ်အချိန်ထိ မေးမြန်ပြီး
စိတ်ဒဏ်ရာဆိုးဝါးအောင်လုပ်မည်ကို
မပြောနိုင်ပါ...
ယခုကဲ့သို့ ကျုးလွန်ခံခဲ့ရသော
နစ်နာသူ ကျောင်းသူငယ်လေးအား
တရားခံ စစ်ကြောရေးခန်းဝင်သလို
အခန်းတံခါးပိတ်မေးမြန်းခဲ့သည့်
မြောင်းမြခရိုင်ပညာရေးမှူးနှင့်အဖွဲ့အား
သက်ဆိုင်ရာတာဝန်ရှိသူများမှ
စစ်ဆေးအရေးယူပေးပါရန်
လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ...
ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
Credit ကိုတိုး
13/05/2025
အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...
မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။
စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...
စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။
သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...
သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။
" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "
အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။
ဒါမှမဟုတ် ..
အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။
သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။
13/05/2025
တစ်နေ့မှာ မင်းအမေက မင်းကို နောက်ထပ် ဖုန်းဆက်မှာမဟုတ်တော့ဘူး။
တစ်နေ့မှာ မင်းအမေနဲ့အတူ အချိန်ကုန်ဆုံးဖို့ သူမရဲ့အသက်ကို ပိုရှည်စေချင်လာလိမ့်မယ်။
တစ်နေ့မှာ ဟာသလုပ်တာရပ်ဖို့ နောက်ထပ်သူမ ပြောမှာမဟုတ်တော့ဘူး။
တစ်နေ့မှာ မင်းအတွက် မှန်တယ်လို့ ထင်တဲ့အကြံဉာဏ်တွေ နောက်ထပ် သူမထပ်ပေးမှာမဟုတ်တော့ဘူး။
တစ်နေ့မှာ မင်းရောက်တိုင်း ကော်ဖီပူပူလေးနဲ့ စောင့်နေတဲ့ အိမ်ဟာ ဗလာဖြစ်နေလိမ့်မယ်။
တစ်နေ့မှာ သူတို့ရဲ့ အသံတွေ နောက်ထပ် ကြားရတော့မှာ မဟုတ်ဘူး။ တစ်နေ့မှာ မှတ်ဉာဏ်တွေပဲ ကျန်ရစ်ခဲ့မယ်။
အချိန်ဆိုတာ ပျံသန်းပြီး ဘယ်သူ့ကိုမှ၊ ဘာကိုမှ မစောင့်ဘူး။
အဲ့ဒီနေ့ရောက်ရင် မင်းဟာ ဘာနဲ့မှ၊ ဘယ်သူနဲ့မှ ဖြည့်လို့မရတဲ့ ကြီးမားတဲ့ ဟာကွက်တစ်ခုကို ခံစားရလိမ့်မယ်။
----
--လူတိုင်းအတွက် မိခင်ဆိုတာ ဘဝ ရဲ့ အေးမြတဲ့အိမ်၊ အားလုံးကို လက်ခံပွေ့ဖက်ပေးနိုင်တဲ့ နေရာပါ။
မိခင်ရဲ့ ရယ်သံ၊ စကားသံ၊ နှင့် နွေးနေတဲ့ ကော်ဖီခွက်လေးနဲ့ စောင့်နေတဲ့ အိမ်ဆိုတာ ဘဝရဲ့ အဖိုးတန်ဆုံး အမွေအနှစ်တွေပါပဲ။
အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးဆိုတဲ့ စကားလေးက အရမ်းမှန်ပါတယ်။ ဒါကြောင့် မေမေရှိနေတုန်း အမေရဲ့ ချစ်ခြင်းမေတ္တာကို ခံစားပါ၊ သူမနဲ့အတူ အချိန်တွေကို တန်ဖိုးထားပါ။
နွေးထွေးတဲ့ အတွေးလေးတွေ၊ ပျော်ရွှင်စရာ အမှတ်တရတွေက သူမ မရှိတော့တဲ့အခါမှာတောင် မင်းကို ထိတွေ့ နေဦးမှာပါ။
မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှ မကုန်ခန်းနိုင်ပါဘူး။ သူမ မရှိတော့ရင်တောင် မင်းရဲ့ အတွင်းမှာ အမြဲရှင်သန်နေမှာပါ။
အမေကို ချစ်ရင် ဒီစာလေးမျှဝေပေးပါနော်
09/04/2025
🕊️လူတစ်ချို့ဟာ အမြဲတမ်း
ခေါင်းငြိမ့် ပေးလိုက်တဲ့အခါ... 🕊️
ငါ... ဘာပြောပြော
ဖြစ်တယ် ဆိုပြီးတော့
တွေးထားခဲ့ကြတယ် ။
လူတစ်ချို့ဟာ အမြဲတမ်း
နားလည်ပေးလိုက်တဲ့ အခါ ...
ငါ... ဘာလုပ်လုပ်
ဖြစ်တယ် ဆိုပြီးတော့
ယူဆထားခဲ့ကြတယ် ။
လူတစ်ချို့ဟာ အမြဲတမ်း
အရူံးပေးလိုက်တဲ့ အခါ...
ငါ... သူ့အပေါ်ကို
အမြဲတမ်း အနိူင်ယူနိုင်တယ်
ဆိုပြီးတော့ မှတ်ယူထားခဲ့ကြတယ် ။
လူတစ်ချို့ကို အမြဲတမ်း
ခေါင်းငြိမ့် ပေးလိုက်တာ
နားလည် ပေးလိုက်တာ
အရူံး ပေးလိုက်တာဟာ ဟာ...
အနိူင်မလိုချင်လို့
အရူံးပေးလိုက်တာ
ဘာမှမပြောပဲ နုတ်ဆိတ်
နေလိုက်တာဟာ ကိုယ်က
အ နေလို့မှ မဟုတ်ခဲ့တာ...
မတူလို့ မတုတာကို သူတို့
မသိခဲ့ကြပြန်ဘူး ။
08/04/2025
ဘာလို့မနာလိုဖြစ်နေမှာလဲ
သူ့ကိုသူ စိတ်ကောင်းထားလို့
သူ့အနေအထား ကောင်းနေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့စေတနာ ကောင်းလို့
သူ့ကံ ကောင်းနေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့လုပ်ဆောင်ချက် ကောင်းလို့
သူ့ရုပ်ရည် တောက်ပနေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့ရွေးချယ်မှု တော်လို့
သူအောင်မြင်နေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့လုပ်ရပ် မှန်ကန်လို့
သူ့အကျိုးပေး မြန်ဆန်တာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့အရည်အချင်းနဲ့သူ ကြိုးစားလို့
သူ့ပိုင်ဆိုင်မှု ကြီးထွားနေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့ကိုသူ ချင့်ချိန်တတ်လို့
သူ့ဘဝ တည်ငြိမ်နေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ ။
သူ့ကိုသူ ဆင်ခြင်တတ်လို့
သူ့ဘဝ အဆင်ပြေနေတာကို
ဘာလို့ မနာလိုဖြစ်နေမှာလဲ...။
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
08/04/2025
စိတ်မကြည်နေတဲ့အချိန်မှာ
ဒီစကား(၅)ခွန်းကိုသတိရပါ
♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️
1️⃣နံပါတ်(၁)
အရာအားလုံး
အချိန်တန်ရင်ပြီးသွားမှာပါ ... ။
2️⃣နံပါတ်(၂)
အရာအားလုံးကအကောင်း
အတွက်ဖြစ်တည်လာတာပါ ... ။
3️⃣နံပါတ်(၃)
ငါပင်ပန်းနေရုံလေးပါ
တရေးလောက်အိပ်လိုက်ရင်
ကောင်းသွားမှာပါ .. ။
4️⃣နံပါတ်(၄)
ငါကငါပဲ
သာလွန်နေတဲ့လူမဟုတ်သလို
ညံ့လွန်းတဲ့လူလည်းမဟုတ်ပါဘူး ။
5️⃣နံပါတ်(၅)
ကိုယ့်ဥစ္စာမှန်ရင်
နောက်ဆုံးထိကိုယ့်ဥစ္စာပါပဲ
ကိုယ့်ဥစ္စာမမှန်ရင်
လုပ်ယူလို့လည်းမရပါဘူး
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Singapore