TomorrowPlus

TomorrowPlus

Share

Welcome to TomorrowPlus – where authenticity meets affordability! Shop with confidence knowing you’ll find authentic products and the best deals in town.

Elevate your shopping experience today for a better tomorrow.
#ShopSmart
#TomorrowPlus
#2morrow+

12/09/2026

🔮 Practical Magic 2 — Magic is back!

TomorrowPlus တို့အတွက် စနေနေ့ Movie Recommendation လေးတစ်ခုနဲ့လာပါပြီ။ 🎬

Rating — PG-13 ဖြစ်လို့ ကလေးငယ်လေးတွေနဲ့ အတူကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူး။

🎬 Practical Magic 2
🧙‍♀️ Witches • Romance • Family • Magic
✨ The Owens sisters are back.

နှစ်ပေါင်းများစွာကြာပြီးနောက်… Sally နဲ့ Gillian Owens တို့ရဲ့ magical world ထဲကို ပြန်ဝင်ရောက်ဖို့ အချိန်ရောက်လာပါပြီ။ 🖤✨

တကယ်တော့ ဒီကားမထွက်ခင် 1998 ခုနှစ်က Practical Magic ကို ပြန်သွားကြည့်ထားရင် ပိုကောင်းပါတယ်။ 😌

မူရင်းကားကို ကြည့်ဖူးတဲ့သူတွေအတွက်တော့ Practical Magic 2 က sequel တစ်ကားဆိုတာထက် ပိုပါတယ်။

90s nostalgia + sisterhood + romance + witchy vibes တွေကို တစ်ခါတည်း ပြန်ခံစားရမယ့်ကားမျိုးပါ။ 🌙🔮

ဒီတစ်ခါမှာတော့ Owens မိသားစုရဲ့ magic က ဘယ်လိုပြန်လည်နိုးထလာမလဲ၊ Sally နဲ့ Gillian တို့ရဲ့ relationship က ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

အထူးသဖြင့်… 👀

Sandra Bullock + Nicole Kidman ဆိုတဲ့ Hollywood ဆရာမကြီးအတွဲကို Sally & Gillian အဖြစ် ပြန်မြင်ရတာတင်ကို မူရင်းကား fan တွေအတွက်တော့ excitement အပြည့်ပါပဲ။ 🥹🖤

အက်မင်ကတော့ ကြည့်ပြီးပါပြီ… 😎

ဒါပေမယ့် တကယ်စိတ်ဝင်စားစရာက—

အသက်တွေကြီးလာပေမယ့် Sandra Bullock + Nicole Kidman တို့ရဲ့ star power နဲ့ screen presence က မပျက်သေးဘူး။ ✨

အဲ့ဒီ chemistry နဲ့ အခုခေတ်ရဲ့ Maisie Williams + Joey King တို့အတွဲက လိုက်နိုင်ပါ့မလား?

ဒီကြားထဲမှာ ကားထွက်နည်းပေမယ့် ထိတိုင်းရွှေ လို့ ပြောလို့ရတဲ့
Dianne Wiest နဲ့ ရွှေတံဆိပ်များရှင် Stockard Channing တို့လို ဆရာ့ဆရာမကြီးနှစ်ယောက်ကလည်း ပါဝင်ထားပြန်ပါတယ်။ 👀

ဆိုတော့…

ခေတ် ၃ ခေတ်ရဲ့ Duo တွေကို Director Susanne Bier က ဘယ်လိုပုံဖော်ပြီး တစ်ကားတည်းထဲမှာ balance လုပ်ထားမလဲ? 🧙‍♀️✨

အဲ့ဒါကတော့ Practical Magic fan တွေအနေနဲ့ စောင့်ကြည့်ရမယ့် အချက်တစ်ခုပါပဲ။

မူရင်း Practical Magic ကို ကြည့်ဖူးတဲ့သူတွေကတော့ ဒီ sequel ကို ဘယ်လောက်မျှော်လင့်ထားလဲ? 👇

“There’s a little witch in all of us.” 🔮🖤

Photos from TomorrowPlus's post 10/09/2026

🍎 Apple vs Samsung — ဖုန်းလောကရဲ့ အကြီးဆုံး “Legal War” တစ်ခု ⚖️📱

ဒီနေ့ခေတ်မှာ iPhone နဲ့ Samsung Galaxy ဆိုရင် Smartphone လောကရဲ့ ထိပ်တန်းပြိုင်ဘက် ၂ ခုဆိုတာ အားလုံးသိကြပါတယ်။

ဒါပေမယ့်…ဒီပြိုင်ဘက် ၂ ယောက်ဟာ တရားခွင်ထဲမှာပါ ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာ သိကြလား? 👀
⸝

⚔️ 2011 — Apple က Samsung ကို တရားစွဲဆိုမှု

April 15, 2011 ခုနှစ်မှာ Apple Inc. က Samsung Electronics နဲ့ Samsung ရဲ့ အမေရိကန်လုပ်ငန်းခွဲတွေကို California ပြည်နယ်ရှိ U.S. District Court မှာ တရားစွဲဆိုခဲ့ပါတယ်။

Apple ရဲ့ စွပ်စွဲချက်ကတော့ Samsung ရဲ့ Galaxy ဖုန်းတွေနဲ့ Tablet တွေဟာ iPhone နဲ့ iPad ရဲ့ Design၊ User Interface နဲ့ Technology အချို့ကို Patent / Trademark / Trade Dress ချိုးဖောက်ပြီး အသုံးပြုထားတယ် ဆိုတာပါ။ 😱

အထူးသဖြင့်—

📱 Rounded-rectangle design
🎨 Icon arrangement / User Interface
👆 Touchscreen-related functions
📐 iPhone ရဲ့ overall design elements

တွေကို Apple က အဓိကထားပြီး တရားစွဲခဲ့ပါတယ်။

ဒါပေမယ့် Samsung ကလည်း လက်မလျှော့ဘူး။ 🤭 လွယ်လွယ်နဲ့ စံပါယ်တွေဘယ်ပွင့်မလဲ ပန်းသီးရာ.......

“Samsung ရဲ့ patents တွေကို Apple ကလည်း ချိုးဖောက်ထားတယ်” ဆိုပြီး Samsung က Apple ကို ပြန်လည်တရားစွဲဆိုမှု (counterclaims) တွေ တင်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ…. ကျွန်တော်တို့ ဝေး… ဝေး… ဝေး… သွားတာ 😂

🍎 Apple vs Samsung 📱

ဒီကိစ္စက တရားရုံးထဲကနေ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေတဲ့ Patent War တစ်ခု ဖြစ်လာခဲ့ပါတယ်။

Patent War တွေက Tech လောကမှာ သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ပေမယ့် ဒီတစ်ခါကတော့ ကမ္ဘာ့အကြီးဆုံး Smartphone Brand နှစ်ခုကြားက တိုက်ပွဲ ဖြစ်တာကြောင့် လူစိတ်ဝင်စားမှု အရမ်းများခဲ့ပါတယ်။
⸝

💰 $1 Billion ကျော်?! 😱

2012 ခုနှစ် ပထမဆုံး အဓိက Jury Trial မှာ Samsung ရဲ့ ထုတ်ကုန်အချို့ဟာ Apple ရဲ့ Intellectual Property Rights တွေကို ချိုးဖောက်ခဲ့တယ်လို့ Jury က ဆုံးဖြတ်ခဲ့ပြီး $1 billion ကျော် damages ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်…ဒီကိစ္စက အဲဒီမှာ မပြီးသေးပါဘူး။ 😂

Samsung က Appeal တွေ တင်ခဲ့သလို၊ Damages ပမာဏနဲ့ပတ်သက်ပြီး Retrial တွေပါ ဖြစ်လာခဲ့တာကြောင့် ဒီ Legal Battle က နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်ခဲ့ပါတယ်။
⸝

⚖️ Supreme Court အထိ ရောက်သွားတယ်!

ဒီ Case ရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုက U.S. Supreme Court အထိ ရောက်သွားတာပါ။ Samsung ရဲ့ အဓိက argument တစ်ခုက—

“ဖုန်းတစ်လုံးလုံးရဲ့ Profit ကို Design Patent ချိုးဖောက်မှုအတွက် ပေးရမယ်ဆိုတာ မမျှတဘူး။ Patent ချိုးဖောက်တဲ့ Component အပေါ်မှာပဲ Damages တွက်သင့်တယ်”

ဆိုတာပါ။

2016 ခုနှစ်မှာ U.S. Supreme Court က “article of manufacture” ဆိုတာ ဖုန်းတစ်လုံးလုံးကိုပဲ ဆိုလိုတာမဟုတ်ဘဲ၊ အဲဒီ Product ထဲက Component တစ်ခုလည်း ဖြစ်နိုင်တယ် လို့ ဆုံးဖြတ်ပြီး Case ကို ပြန်လည်စိစစ်ဖို့ Lower Court ကို ပြန်ပို့ခဲ့ပါတယ်။

⸝

💵 ဒါဆို နောက်ဆုံး ဘယ်လောက်ပေးရလဲ?

2018 ခုနှစ်မှာ Damages ကို ပြန်လည်စစ်ဆေးတဲ့ Retrial မှာ Jury က Samsung ကို Apple ထံ $539 million ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီအချိန်အထိ Samsung က Apple ကို $399 million ပေးပြီးသားဖြစ်ပြီး၊ $539 million verdict ကို အခြေခံရင် နောက်ထပ် ပေးရနိုင်တဲ့ပမာဏက အကြမ်းဖျင်း $140 million နီးပါး ဖြစ်ပါတယ်။

ပြီးတော့…

🏁 2018 မှာ Apple နဲ့ Samsung တို့ဟာ ဒီ 7 နှစ်ကြာ Patent Dispute ကို Settlement လုပ်ပြီး အဆုံးသတ်ခဲ့ကြပါတယ်။ ဒါပေမယ့် Settlement ရဲ့ အသေးစိတ် ငွေပမာဏနဲ့ Terms တွေကိုတော့ Public မလုပ်ခဲ့ပါဘူး။
⸝

🤯 စိတ်ဝင်စားစရာကောင်းတာက…

ဒီနေ့ဆိုရင် Apple နဲ့ Samsung ဟာ— “ပြိုင်ဘက်” လည်း ဟုတ်တယ်။
“Business Partner” လည်း ဖြစ်တယ်။

ဒါဆို… ရင်ဘတ်ချင်းကပ်ထားပြီး နောက်ကျောကို ဓားနဲ့ ထိုးမယ့်သူတွေလား? 🔪😂 ငါ ခါးကော့လို့ ပေးထားမှာပါ... :P

ဒါမှမဟုတ်… ကျောချင်းကပ်ထားတဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလား? 🤝😂

အဖြေကတော့… နှစ်ခုလုံးနည်းနည်းစီ ဖြစ်နေတာပါပဲ။ 😂

အခုချိန်မှာ Samsung Electronics ဟာ Apple ရဲ့ Supply Chain ထဲမှာ အရေးပါတဲ့ Supplier တစ်ခုဖြစ်နေပြီး၊ အထူးသဖြင့် Display နဲ့ Semiconductor / Memory-related components တွေမှာ Apple နဲ့ Business Relationship ရှိနေပါတယ်။

ဆိုတော့… Social Media ပေါ်မှာ
Samsung 📱 vs Apple 🍎
တစ်ဖက်နဲ့တစ်ဖက် အပြိုင် Troll ကြ၊ Marketing Battle တွေ လုပ်ကြနေပေမယ့်… နောက်ကွယ်မှာတော့ တစ်ဖက်နဲ့တစ်ဖက် Business လုပ်နေကြတဲ့ ထူးဆန်းတဲ့ Relationship တစ်ခု ရှိနေပါတယ်။ 😂

“Market မှာ ပြိုင်ဘက်…
Supply Chain မှာ Partner.” 😆
⸝

📌 မှတ်သားစရာတစ်ခုအနေနဲ့ကတော့—

Apple vs Samsung Case ဟာ Smartphone History ထဲမှာ အရေးကြီးဆုံးနဲ့ လူသိအများဆုံး Technology Patent Battles တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီတော့ TomorrowPlus လေးတို့ကရော ဘယ်ဘက်လဲ? 👀

🍎 Team iPhone
📱 Team Samsung

Comment မှာ ပြောခဲ့ပါဦး 👇😆

Photo Credit > From Samsung's page

Photos from TomorrowPlus's post 10/09/2026

🍎 **APPLE ရဲ့ NEW LINEUP ရောက်လာပြီ!** 🔥

ဒီနေ့ Apple Event မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ **New iPhone Lineup** အပြင် Apple ရဲ့ New Generation Products တွေပါ တစ်ခါတည်း မိတ်ဆက်သွားပါပြီ။ 👀✨

အထူးသဖြင့် ဒီနှစ်ရဲ့ Highlight ကတော့—

📱 **iPhone Duo — Apple's First Foldable iPhone**

Apple ရဲ့ ပထမဆုံး Foldable iPhone! 😍

✨ 7.6" Inner Display
✨ 5.4" Outer Display
✨ Foldable Design
✨ A20 Pro Chip
✨ Dual-Battery Architecture
✨ Advanced V***r Chamber
✨ Multitasking အတွက် ပိုကျယ်တဲ့ Screen Experience

ဖွင့်လိုက်ရင် iPhone ရဲ့ **အကြီးဆုံး Display** ကို ရရှိမှာဖြစ်ပြီး၊ ပိတ်လိုက်ရင်တော့ Pocket ထဲ အလွယ်တကူထည့်သွားနိုင်တဲ့ Compact Design ဖြစ်ပါတယ်။

🔥 **iPhone 18 Pro & iPhone 18 Pro Max**

ဒီနှစ် Pro Series ကတော့ Camera, Performance, Battery နဲ့ AI ပိုင်းတွေမှာ Major Upgrade တွေပါလာပါတယ်။

📸 **48MP Fusion Main Camera + Variable Aperture**
⚡ **A20 Pro Chip**
❄️ **Next-generation V***r Chamber Cooling**
🔋 **ပိုမိုကောင်းမွန်လာတဲ့ Battery Life**
🤖 **Siri AI + Apple Intelligence**
🏝️ **Smaller Dynamic Island**

အထူးသဖြင့် **iPhone 18 Pro Max** က iPhone 17 Pro Max ထက် Video Playback **6 နာရီအထိ ပိုရနိုင်ပါတယ်။**

🎨 New iPhone 18 Pro Colors — ဘယ်အရောင်က ကိုယ်နဲ့ပိုလိုက်လဲ? 👀

🖤 Black — ရိုးရိုးရှင်းရှင်းနဲ့ Classy ဖြစ်တာကြိုက်တဲ့သူတွေအတွက် 🕶️

🤍 Silver — ဖြူဖြူစင်စင်၊ Clean & Minimal Style ကြိုက်တဲ့သူတွေအတွက် ✨

🩵 Glacier — အေးအေးဆေးဆေးနဲ့ Unique ဖြစ်တာကြိုက်တဲ့သူတွေအတွက် 🧊

❤️ Burgundy — ထူးထူးခြားခြား၊ Bold & Luxury Vibe ကြိုက်တဲ့သူတွေအတွက် 🍷
တရားဓမ္မများကျင့်ကြံနေကြတဲ့ သံဃာတော်များ ယောဂီသူတော်စင်များနှင့်လဲ သင့်တော်ပါတယ်

ဒါဆို… ကိုယ်က ဘယ် Color Team လဲ? 👀👇
Comment မှာ ကိုယ်ရွေးမယ့် Color ကို ပြောခဲ့နော် ❤️

⌚ **Apple Watch Series 12**

Apple Watch Series အသစ်မှာ Health & Fitness Features တွေကို ပိုမိုတိုးတက်အောင် ပြုလုပ်ထားပြီး နေ့စဉ်အသုံးပြုမှုအတွက် ပို Smart ဖြစ်လာပါတယ်။

⌚ **Apple Watch Ultra 4**

Outdoor & Adventure ကြိုက်တဲ့သူတွေအတွက် Ultra Series အသစ်လည်း ထပ်မံမိတ်ဆက်ထားပါတယ်။ 💪

🎧 **AirPods 5**

AirPods ရဲ့ Open-ear Design ကို ဆက်လက်ထိန်းသိမ်းထားပြီး **Active Noise Cancellation (ANC)** နဲ့ Audio Features အသစ်တွေပါ ထပ်တိုးလာပါတယ်။ 🔥

━━━━━━━━━━━━━━

📢 **PRE-ORDER NOW OPEN!** 📢

New iPhone တွေထဲက
📱 iPhone Duo
📱 iPhone 18 Pro
📱 iPhone 18 Pro Max

မှာယူချင်သူများအနေနဲ့ **Pre-order စာရင်းပေးထားနိုင်ပါပြီ။** ❤️

📩 **Pre-order တင်ချင်ရင် Page Chat Box မှာ “PRE-ORDER” လို့ Message ပို့ထားလိုက်ပါ။**

Model / Storage / Color အလိုက် Order တင်ပေးနိုင်ပါတယ်။ ✨

🔥 **New iPhone ထွက်တာနဲ့ အရင်ဆုံးကိုင်ချင်တယ်ဆိုရင် — ဒီတစ်ခါ မလွတ်နဲ့နော်!**

09/09/2026

မှာယူအားပေးမှုကို ကျေးဇူးတင်ပါသည်။

30/08/2026

“Brand ပစ္စည်းဝယ်တဲ့အခါ
ဈေးသက်သာတာထက် ပိုအရေးကြီးတာ ဘာလဲ?” 👀

Authentic ဖြစ်ဖို့လား? ✅
ဈေးတန်ဖို့လား? 💰
နှစ်ခုလုံးလား? 👀

TomorrowPlus မှာတော့
Authenticity + Affordability
နှစ်ခုလုံးကို အဓိကထားပါတယ်။ ✨

Singapore မှာရရှိနိုင်တဲ့ Authentic Brand Products တွေကို
Myanmar ကနေ အလွယ်တကူမှာယူနိုင်အောင်
TomorrowPlus က ချိတ်ဆက်ပေးနေပါတယ်။ 🛍️

သဲလေးတို့အတွက် Brand ပစ္စည်းဝယ်တဲ့အခါ
“Authentic ဖြစ်တာ” နဲ့ “ဈေးတန်တာ”
ဘယ်တစ်ခုကို ပိုအရေးကြီးတယ်ထင်လဲ?

Send a message to learn more

28/08/2026

ဒီနေ့ Friday ရောက်ပြီဆိုရင် ကိုယ့်စိတ်ထဲမှာ ဒီ ၄ ခုထဲက ဘာဖြစ်နေပြီလဲ? 😎🤭

🛍️ Shopping လုပ်ချင်
😴 အိပ်ချင်
🍜 ဗိုက်ဆာ - ကောင်းတာလေးတွေ စားချင်
✈️ Weekend ခရီးထွက်ချင်နေပြီ

Comment မှာ ကိုယ့် Friday Mood ကို တစ်ခုရွေးခဲ့ပါဦး 👇😂

ပြီးတော့ လူသဲလေးတို့🛍️ Shopping ထွက်မယ်ဆိုရင် ဘာဝယ်ချင်လဲ၊ ဘာလေးတွေ ဝယ်ဖြစ်မလဲဆိုတာပါ Comment မှာ ပြောခဲ့ကြပါဦးနော် 💬✨

ချစ်တဲ့
တူမောရိုးနု🤗

Photos from TomorrowPlus's post 26/08/2026

ပန်းရောင်အလှကုန်နောက်က အနီရောင်အန္တရာယ် 💗🔴

သဲလေးတို့ရေ… Skincare သုံးတဲ့သူတွေဆို Medicube PDRN Pink Collagen Capsule Cream ကို သိကြမှာပါနော်။

“Glass skin ရမယ်”
“PDRN ပါတယ်”
“Collagen ပါတယ်”

ဆိုပြီး TikTok၊ Facebook နဲ့ Beauty influencer တွေကြားမှာ တော်တော်လေး နာမည်ကြီးခဲ့တာပါ။

ဒါပေမယ့် အခုတော့ ဒီပန်းရောင် cream လေးက Sudan Red ဆိုတဲ့ အနီရောင် synthetic dye တစ်မျိုးနဲ့ ပတ်သက်ပြီး ပြဿနာတက်လာပါတယ်။

ဘာတွေဖြစ်နေတာလဲ?

Hong Kong မှာ စစ်ဆေးရာက Sudan Red တွေ့ရှိခဲ့တယ်ဆိုတဲ့ result ထွက်လာပြီးနောက် Singapore HSA (Health Sciences Authority) ကလည်း ဒီ product ကို ရောင်းချမှုရပ်ဆိုင်းပြီး recall လုပ်ထားပါတယ်။

ဒါပေမယ့် HSA က Singapore မှာရောင်းတဲ့ cream ထဲ Sudan Red သေချာပေါက်တွေ့ပြီလို့ အတည်ပြုထားတာ မဟုတ်သေးပါဘူး။ လက်ရှိ စစ်ဆေးနေဆဲပါ။

တစ်ဖက်မှာ Medicube ရဲ့ parent company APR ကလည်း China၊ Korea နဲ့ Taiwan မှာ third-party tests လုပ်ထားပြီး Sudan I–IV မတွေ့ဘူး လို့ ပြောထားပါတယ်။

ဆိုတော့ အခုအခြေအနေက—

🇭🇰 Hong Kong — “တွေ့တယ်”
🏢 APR — “ငါတို့စစ်တာ မတွေ့ဘူး”
🇸🇬 HSA — “ငါတို့ကိုယ်တိုင် စစ်နေတယ်”

ဒီလိုပါ။

ဒါကြောင့် “Medicube က လိမ်တယ်” လို့ အခုချက်ချင်း မဆုံးဖြတ်သင့်သေးပါဘူး။

ဒါပေမယ့် သဲလေးတို့လို skincare တစ်ဘူးဝယ်ဖို့ ingredient list ကို zoom ချဲ့ကြည့်တဲ့သူတွေကတော့ မေးခွန်းထုတ်မှာပဲနော်။ 😆

ဘယ် batch ကို စစ်တာလဲ?
Hong Kong sample နဲ့ တူလား?
ဘယ် lab မှာ စစ်တာလဲ?
ဘယ် test method သုံးတာလဲ?
Test report အပြည့်အစုံကရော?

ဒီအချက်တွေကို brand ဘက်က ပိုပြီးရှင်းပြပေးနိုင်ရင် consumer တွေအနေနဲ့ ယုံကြည်ရတာ ပိုလွယ်မှာပါ။ ဒါကပဲ transparency ပေါ့။

Sudan Red က ဘာလဲ?

Sudan Red က skincare ingredient မဟုတ်ပါဘူး။ အနီရောင် synthetic dye တစ်မျိုးပါ။

PDRN မဟုတ်ဘူး။
Collagen မဟုတ်ဘူး။
Vitamin မဟုတ်ဘူး။
Glow ဖြစ်စေတဲ့ ingredient လည်း မဟုတ်ဘူး။ 😅

အရောင်ပေးဖို့ပဲ အသုံးဝင်ပါတယ်။ အဲ့တာဆို ဆိုးဆေးက skin care ထဲ ဘာဝင်လုပ်နေတာလဲ၊

ပြဿနာက Sudan dyes အုပ်စုထဲက chemical အချို့မှာ DNA ထိခိုက်စေနိုင်တဲ့ potential နဲ့ carcinogenic concern တွေရှိတာကြောင့် လူသုံးကုန်တွေမှာ တင်းကျပ်စွာ ထိန်းချုပ်ထားတာပါ။ အရေပြားနဲ့ထိတွေ့ရင်လည်း allergy / irritation ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခါလိမ်းလိုက်တာနဲ့ cancer ဖြစ်မယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူးနော်။

အဓိကက skincare အတွက် မလိုအပ်တဲ့၊ safety concern ရှိနိုင်တဲ့ chemical ဖြစ်တာပါ။

ဒါဆို PDRN က မကောင်းဘူးလား?

မဟုတ်ပါဘူး။

PDRN နဲ့ Sudan Red လုံးဝမတူပါဘူး။

အခု issue က PDRN ကြောင့်မဟုတ်ဘဲ PDRN Pink Collagen Capsule Cream မှာ Sudan Red တွေ့ရှိခဲ့တယ်ဆိုတဲ့ report ကြောင့် ဖြစ်လာတာပါ။ပြီးတော့ ဒီ cream တစ်ဘူးကြောင့် Medicube product အားလုံးကိုလည်း “မကောင်းဘူး” လို့ မပြောသင့်ပါဘူး။

Cream ဝယ်ထားပြီးသားဆိုရင်?

ကျွန်မကတော့ HSA ရဲ့ final result မထွက်သေးခင် ခဏနားထားဖို့ အကြံပြုချင်ပါတယ်။

Batch number၊ receipt/order history လေးတွေ သိမ်းထားပါ။ Recall/refund အခြေအနေကို seller ဒါမှမဟုတ် official distributor ဆီမှာ စစ်ပါ။

Skincare က ဘယ်မှထွက်မပြေးပါဘူး သဲလေးတို့ရေ။ 😂

ဒီနေ့ skin care မလုပ်မိလိုက်လို့ မနက်ဖြန် wrinkle ၄,၅ ကြောင်းလောက် တန်းပေါ်လာမှာ မဟုတ်ပါဘူး။

Glow က ခဏစောင့်လို့ရတယ်။
ကျန်းမာရေးကတော့ glow ထက် ပိုအရေးကြီးတယ်။ ❤️

ဒါကြောင့် နောက်တစ်ခါ skincare ဝယ်တဲ့အခါ review နဲ့ ingredient list ကြည့်သလို regulatory safety news လေးတွေလည်း တစ်ချက်ကြည့်ကြရအောင်နော်။

Glow တာကိုတော့ ချစ်တယ်။
ဒါပေမယ့် Glow နောက်က အန္တရာယ် အနီရောင်ကိုတော့ သတိထားကြမယ်နော်။ 💗🔴

ြန်မာ #အလှကုန်သတင်း #သတိထားသင့်တဲ့အလှကုန်

Photos from TomorrowPlus's post 04/01/2025

Dyson Styler set ကြီးတွေကြည့်ပြီး Brush တစ်ခုပဲ သုံးတတ်နေပါလား။
ဒါဆိုရင်တော့ မင်မင် ဆော့တဲ့ ဂိမ်းပေါင်း ဟုတ်ပေါင် Dryer တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
Revlon ကထုတ်တဲ့ One- Step Volumizer Hot Air Brush ပါရှင်။

-ဒီ Dryer က ဆံသားတွေကို အုံကောင်းကောင်းနှင့် တောက်ပနေအောင် တစ်ချက်ထဲနှင့် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
-ဘီးက Nylon Pin & Tufted Bristles များကြောင့် ဆံပင် ရှုပ်ခြင်း ထွေးခြင်းများကို သက်သာစေပီး ပိုပီးတော့ သပ်ရပ်စေပါတယ်။
-သပ်ရပ်လှတဲ့ ဘဲဥပုံ ဘီး က ဆံသားတွေ ချောမွေ့စေပီး အနားလုံးလေးတွေကတော့ လက်ရှိ ဆံပင်ထက် ပိုထူထဲအောင် ဖန်တီးပေးပါမယ့်အပြင် ဆံပင်ညှပ်ဆိုင်တွေမှာလို အဖျားကော့ကော့လေးတွေပါ ရရှိမှာပါ။
-Watt 1100 ရှိတာကြောင့် ဆံပင်တွေကို မြန်မြန်ခြောက်စေရုံသာမက ဦးရေပြားနှင့် နီးနီးကပ်ကပ်သုံးရင်တောင် ဆံသားနှင့် ဦးရေပြားကို အပူကြောင့် ထိခိုက်စေမှုကို လျော့ချပေးထားပါတယ်။
-ဒီလောက်ညွှန်းထားတာ စျေးကြီးမှာပေါ့ ဆိုရင်တော့ အထင်မှားပါလိမ့်မယ်။
-Classic Edition ကို ၃၅၈,၀၀၀ ပါ။ Deli ခ မပါပါ။
-Pink Edition ကတော့ အသစ်ထွက်တာဖြစ်ပီး ၃၀၃,၀၀၀ ပါ။

ဒီလိုပြည့်စုံကောင်းမွန်တဲ့ ပစ္စည်းကို ထုံးစံအတိုင်း သူငယ်ချင်း တစ်ယောက်လာမေးမှပဲ သိခဲ့ရတာပါ 😁။ တခြား dryer တွေ styler တွေ စျေးကြီးပေးဝယ်ထားမိတဲ့ မင်မင်တစ်ယောက် အသိနောက်ကျလေခြင်းလို့ နောင်တတွေရနေပါပီ။ အဲ့တော့ မင်မင်လို အသိမနောက်ကျရအောင် နှစ်ကူးစျေးကျနေတုန်းလေး မြန်မြန်အားပေးကြပါဦးလို့....

ပစ္စည်းချင်းတူရင် စျေးတန်ဖို့နဲ့ စျေးချင်းတူရင် ပစ္စည်းစစ်မှန်ဖို့ Tomorrow Plus က အမြဲတာဝန်ယူပါတယ်ရှင်။

Photos from TomorrowPlus's post 13/12/2024

Crocs 12.12 Deals

ဒီဇိုင်းအလန်းတွေစျေးချနေတာ။

ငွေစျေးမငြိမ်လို့ လိုချင်တာရှိရင် chat box မှာ စျေးတွက်ပေးပါမယ်နော်။

Prepaid ပါ။

ပစ္စည်းချင်းတူရင် စျေးတန်ဖို့နဲ့ စျေးချင်းတူရင် ပစ္စည်းစစ်မှန်ဖို့ Tomorrow Plus က အမြဲတာဝန်ယူပါတယ်ရှင်။

Photos from TomorrowPlus's post 12/12/2024

မိန်းကလေးတွေအတွက် PUMA t-shirts discount တွေပါ။ ဒါလေးတွေက ကျားဝတ်တွေထက်ပိုလှတယ် 😁 တချို့ T-shirt တွေကအရောင်ခွဲတွေရှိပါတယ်လို့။

Dec 16 ရက်နေ့အထိ 75,000ks ပါ။ (delivery ခမပါ)

Prepaid ပါ။

ပစ္စည်းချင်းတူရင် စျေးတန်ဖို့နဲ့ စျေးချင်းတူရင် ပစ္စည်းစစ်မှန်ဖို့ Tomorrow Plus က အမြဲတာဝန်ယူပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Telephone

Website

Address


Singapore