Myanmar's Yoe Yar Natural Shampoo

Myanmar's Yoe Yar Natural Shampoo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar's Yoe Yar Natural Shampoo, Health/Beauty, Singapore.

Photos from Myanmar's Yoe Yar Natural Shampoo's post 04/10/2022

ချစ်စရာကောင်းတဲ့ခြေအိတ်လေးတွေ 🧦💖
Non slip Cartoon cotton ankle socks Invisible socks

■New brand 100% high quality
■Gender: Unisex
■Season:Spring,Summer,Autumn
■Size:Free Size
■Colour: Displayed as a picture
■Main material:Quality Cotton

1 pair $3
4 pairs $10

Photos from Myanmar's Yoe Yar Natural Shampoo's post 11/01/2022

Super Hero Watch Avengers Cartoon Captain America Spiderman Electronic Kids Watch

Photos from Myanmar's Yoe Yar Natural Shampoo's post 13/11/2021

မျက်နှာအဆီအရမ်းပြန် ချွေးပေါက်တွေကျယ်ပီး ဆားဝက်ခြံတွေအဆီဖုတွေပေါက်လို့စိတ်ညစ်နေလား အဲဒါတွေကိုအထိရောက်ဆုံးဖြေရှင်းပေးနိုင်မဲ့မျက်နှာသစ်ဆေးလေးရှိတယ်နော် 🤩🤩🤩
baking sodaကိုအခြေခံပီးထုတ်ထားတဲ့အတွက်ကြောင့်အဆီပြန်တဲ့အသားအရေ ဆားဝက်ခြံအဆီဖုထွက်တဲ့သူတွေအတွက်အရမ်းကောင်းတဲ့အပြင် Dead cellsတွေကိုဖယ်ရှားပေးပီးအဆီတွေနဲ့ချွေးပေါက်ထဲကအညစ်ကြေးတွေနဲ့မိတ်ကပ်အကြွင်းအကျန်များကိုထိရောက်စွာဖယ်ရှားပေးမဲ့ ကိုရီယားနာမည်ကြီးဘရန်းလေး ETUDE HOUSE ဆို မသိတဲ့သူမရှိလောက်ပါဘူးနော် 😘😘😘
မျက်နှာလေးလှအောင်မိတ်ကပ်တွေလိမ်းပေးသလို မျက်နှာလေးသန့်ရှင်းစင်ကြယ်သွားအောင် အသားအရေထိန်းသိမ်းဖို့ cleansing သေချာလုပ်ပေးဖို့လိုမယ်နော်အချစ်တို့ရေ 💕💕💕
Baking powder pore cleansing foam ( 160 ml )
- Deep pore cleansing foam for fresh, clean skin

- Uses baking powder to purify and gently exfoliate

- Has a hydrating formula to ensure skin isn't dehydrated

- Baking soda - Bubbles up to remove impurities from the pores

- Citric acid - Gently exfoliates and reduces signs of aging

- Glycerin - A humectant that attracts moisture to the skin, keeping it soft and supple

22/10/2021

" ဆံကေသာကိုမြတ်နိုးတန်ဖိုးထားတဲ့ စင်္ကာပူကလေဒီတို့အတွက်အိတုန်ဖြောင့်စင်းသွားစေမယ့် ဆံပင်ပျော့လိမ်းဆေးဆီ Hair Serumလေး "
✔ ရှုပ်ထွေးခြောက်သွေ့နေတဲ့ ဆံသားတွေကို ဘီးဖီးစရာ မလိုအောင်ကို ချက်ချင်းလက်ငင်း ရှင်းလင်း ချောမွတ်သွားစေမယ့် စေးကပ်ခြင်းလုံးဝမရှိတဲ့ ဆီလေးပါ ✔️

💥Jojobaရဲ့ဗီတာမင်E အစွမ်းကတော့ပျက်စီးခြောက်သွေ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကို ပြန်လည်ကောင်းမွန်လာစေမယ့်အပြင် ဆံသားအတွင်းပိုင်းအထိ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးပါတယ်နော်
💥နေရောင်ခြည် နဲ့ အပူပေးကိရိယာတွေရဲ့ဒဏ်ကနေလည်း တားစီးကာကွယ်ပေးပါတယ်ရှင့်
💥ကောက်ထား ဖြောင့်ထား chemical တွေအများကြီးသုံးထားတဲ့ဆံကေသာတွေအတွက်မဖြစ်မနေသုံးပေးဖို့လိုမယ်နော်
💥ဆံပင်ကို hair coat အနေနဲ့ နေ့တိုင်းသုံးလို့ရသလို ခေါင်းလျှော်ပီးတဲ့အခါတိုင်းဆံပင်ခြောက်သွေ့အောင်ပြုလုပ်ပီးလိမ်းပေးသင့်ပါတယ်နော်

Photos from Myanmar's Yoe Yar Natural Shampoo's post 22/10/2021

ချစ်စရာကောင်းတဲ့ခြေအိတ်လေးတွေ
Non slip Cartoon cotton ankle socks Invisible socks

■New brand 100% high quality
■Gender: Unisex
■Season:Spring,Summer,Autumn
■Size:Free Size
■Colour: Displayed as a picture
■Main material:Quality Cotton

1 pair $3
4 pairs $10

Photos from Myanmar's Yoe Yar Natural Shampoo's post 18/10/2021

ရှုးဖိနပ်လှလှလေးတွေစီးပီဆိုရင် ပေါ့ပါးပီးသက်တောင့်သက်သာရှိတဲ့ ချစ်စရာကောင်းတဲ့ခြေအိတ်လေးတစ်စုံတော့ရှိမှဖြစ်မယ် အချစ်လေးတို့ 😍
1 pairs $3
4 pairs $10

08/10/2021

ချစ်စရာဘီးကုပ် ဒီဇိုင်းဆန်းလေးနဲ့ အချစ်လေးတို့ဆံကေသာကိုအလှဆင်လိုက်ရအောင် 🥰

Korean Style Clip Headband

1 for $5

24/11/2020

“ဆံပင်ပြန်ပေါက်လာအောင်နေထိုင်စားသောက်နည်းများ”

ဆံပင်ကျွတ်နှုန်းများတဲ့အတွက် စိတ်ပူနေပါသလား၊ ဆံပင်ကျွတ်လွန်းတာက သင့်ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဆံပင် ပြန်ပေါက်ဖို့အတွက် သဘာ၀ကုထုံးနဲ့ ကျန်းမာရေး ကုထုံးတွေ အများကြီး ရှိပါတယ်။
ဆံပင်ကျွတ်နှုန်းများရခြင်း အကြောင်းရင်းများ
ဗီတာမင်ချို့တဲ့တာကနေ ဟော်မုန်းအပြောင်းအလဲအထိ ဆံပင်ကျွတ်နှုန်းများစေတဲ့
အကြောင်း ရင်းများစွာရှိပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဆေးလိပ်သောက်တာ၊ သိုင်းရွိုက်ရောဂါနဲ့ သွေးဆုံးတာတွေက ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေပါ။ ဆံပင်ကို ခပ်တင်းတင်းစည်းတာနဲ့ ဆံပင် လိမ်းပစ္စည်းတွေ လိမ်းတာကြောင့် ဆံပင်ကျွတ်စေပါတယ်။
ဆံပင်ကျွတ်ခြင်းအတွက် သဘာ၀ကုထုံးများ
-စိတ်ကို အနားပေးပါ
သင် ဆံပင်ကျွတ်နှုန်းများနေရင် ပထမဆုံး လုပ်သင့်တဲ့အရာက သင့်နေထိုင်စားသောက်မှုပုံစံကို ဆန်းစစ်ဖို့ပဲ ဖြစ်ပါတယ်။ အိပ်ရေးပျက်နေသလား၊ စိတ်ဖိစီးမှုများနေသလားဆိုတာကို ဆန်းစစ်လိုက်ပါ။
အလုပ်အချိန်ဇယားကိုပြန်ကြည့်ပါ။ အလုပ်ပင်ပန်းပြီး စိတ်အပန်းပြေဖို့ ခက်ခဲနေရင် ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်ခဲနေရင် တရားထိုင်ပါ။ ဖုန်းကို အသံ (silent လုပ်)ပြီး တိတ်ဆိတ်တဲ့ အခန်းထဲမှာ သက်သောင့်သက်သာ မျက်လုံးမှိတ်ထိုင်ကာ တရားမှတ်ပါ။ ၀င်လေထွက်လေကို အာရုံပြုပြီး စိတ်ကို ကြည်ကြည်လင်လင် ထားရပါမယ်။
ဆံပင်ကျွတ်နှုန်းများခြင်းကို ကာကွယ်ပေးမည့် အစာ များ
သင်က အိပ်ချိန် အလုံအလောက်ရရှိပြီး စိတ်ဖိစီးမှုမများဘူးဆိုရင် သင် စားနေတဲ့ အစားအသောက် ပုံစံကိုပြန်ဆန်းစစ်ကြည့်ပါ။ သံဓာတ်၊ ပရိုတင်းနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ချို့တဲ့တာကလည်း ဆံပင် ကျွတ်တာနဲ့ ဆက်စပ်နေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်က ဆံချည်မျှင်အိတ်နဲ့ ဦးရေပြား ကျန်းမာစေ တဲ့အတွက် ဆံပင်သား သန်စွမ်းပြီး ဆံပင်ပြတ်တောက်နှုန်းကို လျော့ကျစေပါတယ်။
ဆံပင်သား ကျန်းမာစေသည့် စားသောက်နည်းများ
– နေ့တိုင်း ဟင်းသီးဟင်းရွက် ၆-၁၀ ကြိမ် စားပါ။
– နေ့စဉ် သစ်သီး ၂-၄ ကြိမ် စားပါ။
– ပရိုတင်းအလုံအလောက်စားပါ။ အသားအပြင် ပဲအမျိုးမျိုးစားပြီး ပရိုတင်းဓာတ်ကို ရယူသင့်ပါတယ်။
– အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါ၀င်တဲ့ ဥအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ငါးစတာတွေကို စားပါ။
– နေ့တိုင်း မာလ်တီဗီတာမင်အားဆေးစားပါ။
ဆံပင်သား သန်စွမ်းစေမည့် အစာ
တချို့အစာတွေက ပုံမှန်စားပေးရင် ဆံပင်ကျွတ်နှုန်း သက်သာပြီး ဆံပင်သား သန်စွမ်းကျန်းမာစေပါတယ်။
– ထောပတ်သီး၊ ရွှေဖရုံစေ့နှင့် သစ်ကြားသီး
ဒီအစာတွေမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါ ၀င်မှုများပြီး ဆံပင်သား သန်စွမ်းကျန်းမာစေပါတယ်။
– ကမာကောင်
ကမာကောင်မှာ ဇင့်(သွပ်)ဓာတ်၊ သံဓာတ်နဲ့ ပရိုတင်းဓာတ် များစွာ ပါ၀င်ပြီး ကမာကောင် ခြောက် ကောင်စားရုံနဲ့ တစ်နေ့တာလိုအပ်တဲ့ ဇင့်(သွပ်)ဓာတ် ပမာဏရဲ့ ၂၂၀ ရာခိုင်နှုန်း၊ တစ်နေ့တာ လိုအပ်တဲ့ သံဓာတ် ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းနဲ့ ပရိုတင်း ရှစ်ဂရမ် ပါ၀င်နေပါတယ်။
– ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနှင့် မက်ကရယ်ငါး
ငါးသေတ္တာငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့မက်ကရယ်ငါးတွေမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တို့ ပါ၀င်ပါတယ်။လူ့ခန္ဓာကိုယ်က အိုမီဂါ ၃ထဲမှာပါတဲ့ ဖက်တီးအက်ဆစ်ကို အလိုလို မထုတ်နိုင်ပါဘူး။ ဒီဖက်တီးအက်ဆစ်က ဆံပင်သားရဲ့ ၃ ရာခိုင်နှုန်းကို ဖန်တီးပေးပြီး ဦးရေပြားမှာလည်း တွေ့ရပါတယ်။
– ကန်စွန်းဥနှင့် မုန်လာဥနီ
ကန်စွန်းဥနဲ့ မုန်လာဥနီမှာ ဗီတာမင်အေပါ၀င်မှု များတာကြောင့် ဦးရေပြား ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ ဗီတာမင်အေချို့တဲ့မှုကြောင့် ဗောက်ထစေနိုင်ပါတယ်။

– ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်၊ ဇင့်(သွပ်)ဓာတ်၊ ဆီလီနီယမ်၊ ဆာလဖာနဲ့ သံဓာတ်တို့ ပါရှိပါတယ်။ သံဓာတ်ချို့တဲ့ရင် ဆံပင်ကျွတ်နှုန်းများတတ်ပါတယ်။ ဒါကြောင့် လစဉ်ရာသီလာပြီး သွေးဆင်းနှုန်းများနေ သူအမျိုးသမီးတွေဟာ သံဓာတ်ပါတဲ့ အစာတွေကို များများစားပေးရပါမယ်။
– ဟင်းနုနယ်ရွက်နှင့် အခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနယ်ရွက်နဲ့ တခြား အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါရှိပါတယ်။
ဆံပင်ကျွတ်ခြင်းအပေါ် ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါး မှီဝဲခြင်း၏ ဆိုးကျိုးများ
ဆေးလိပ်သောက်တာက ဆံပင်ကျွတ်တာနဲ့ ထိပ်ပြောင်တာတို့နဲ့ ဆက်စပ်နေပါတယ်။ တချို့ဆေး တွေကလည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာ၀န်ရဲ့ ညွှန်ကြားချက်ပါရှိမှသာ ဆေးတွေကို မှီ ဝဲသင့်ပါတယ်။
ဆံပင်ကျွတ်ခြင်းအတွက် ဆေးကုထုံး
အပေါ်က သဘာ၀ကုထုံးတွေနဲ့ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ မသက်သာဘူးဆိုရင် ဆရာ၀န် နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါပြီ။ ဆံပင်ကျွတ်တာက သိုင်းရွိုက်ရောဂါ ဒါမှမဟုတ် ဆီးချိုရောဂါလို ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုခုရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သွေးစစ်ဆေးမှု ခံယူပြီး ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဆန်းစစ်လိုက်ပါ။
ဆံပင်ကျွတ်တာက ဘဝနေထိုင်မှုပုံစံ၊အစားအသောက်၊ ရောဂါတွေနဲ့ မဆက်စပ်ဘဲ အိုမင်းမှုနဲ့ဆက်စပ်နေတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်ဆိုရင် ဆေးနှစ်မျိုး ရှိပါတယ်။
(၁) Rogaine (Minoxidil)
Rogaine က ဦးရေပြားပေါ်လိမ်းရတဲ့ ဆေးပါ။ ဆံပင်စတင်ပါးလာသူတွေအတွက် အထိရောက်ဆုံး ဖြစ်ပါတယ်။ ဒီဆေးသုံးစွဲသူ ၅၀ ရာခိုင်နှုန်းက ဆံပင်တွေ စထူလာပြီး ဆံပင်ကျွတ်နှုန်း နှေးသွားတယ်လို့ ဆိုထားပါတယ်။
(၂) Propecia (Finasteride)
ဒီဆေးက အမျိုးသားတွေမှာ ဖြစ်တဲ့ ဆံပင်ကျွတ်တာကို ကုသနိုင်ပါတယ်။ အရေပြားဆီ ဆံပင်ကျွတ်စေတဲ့ ဟော်မုန်း မရောက်အောင် ဟန့်တားတဲ့ နည်းနဲ့ အလုပ်လုပ်ပါတယ်။ ဒီဆေး မမှီဝဲခင် ဆရာ၀န်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။
၊ ကိုမိုး ၊
(Ref;HD)

08/10/2020

မြန်မာ့ရိုးရာခေါင်းလျှော်ရည်အတွက် အဓိကဖြစ်တဲ့ ကင်ပွန်းသီး 😘

Photos from Myanmar's Yoe Yar Natural Shampoo's post 26/05/2020

အားလုံးအကြိုက် မြန်မာ့ရိုးရာသဘာဝခေါင်းလျှော်ရည် ( natural shampoo ) ကို အနီလိုင်းမှာဆိုရင်Yishun က “ မေမြန်မာ “ May Myanmar mini mart မှာဝယ်ယူနိုင်ပီး City Hall မှာဆိုရင် ပင်နဆူလာ ၂ လွှာက “ ငွေသော်တာ “ ဆိုင်မှာဝယ်ယူအားပေးလို့ရပါတယ်နော် ❤️❤️ ❤️

11/12/2019

အရင်ကလဲအားပေးနေကျ ဒီလ၉ရက်နေ့မှာလဲ နောက်ထပ် ၁၂ ဘူးဝယ်သွားတဲ့ ညီမလေးရေ ကျေးဇူးတင်ပါတယ်နော် 😍😘

Photos from Myanmar's Yoe Yar Natural Shampoo's post 10/12/2019
Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Address


Singapore