Physio.KoLamg

Physio.KoLamg

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Physio.KoLamg, Singapore.

✨ Move Free | Think Clear | Live Better
✅ AHPC Registered Physiotherapist 🇸🇬🇲🇲
📈 Trusted by 52K+ in the community
📩 Launched " 7 Days Spinal Disc Program"
📧 Work: [email protected]

17/07/2026

Maps of the known world! ဒါကတော့ GOT fans တွေပဲသိလိမ့်မယ်။

17/07/2026

Unboxing Italian groceries!

17/07/2026

မနက်တိုင်းလဲ လုပ် တပတ်ပြည့်တော့
disc ခါးဆစ်ရိုးနုလဲ ကျွံပါလေရော 😅

Anterior pelvic tilt လို့ခေါ်တဲ့ ဖင်ကောက်လေးတွေပေါတဲ့ ကျတော်တို့ပြည်မှာ

ဒီ stretch က PID သမားတွေ LBP with sciatica တွေ, disc herniation သမားတွေ disc bulging သမားတွေဆိုရင်

မီးပုံလေးထဲကို လောင်စာဆီ ထည့်တာပါပဲ။

Solution: လုပ်လို့မရတာမဟုတ်ဘူးနော်။ new comers တွေ အတွက် danger ပါ။ butt cheek lifting လုပ်တတ်သူ၊ core ကို activate လုပ်တတ်သူတွေမှာပဲ ရံဖန်ရံခါရပါမယ်။

Still, I hate those extreme outdated stretching posts which claim all the health benefits.

မနက်ခင်းတိုင်း (၇) ရက်ဆက်တိုက် 'ခြေဆန့် ခေါင်းငုံ' လေ့ကျင့်ခန်း လုပ်ဆောင်ရုံနဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့လာရမှာပါ။
ဒီလေ့ကျင့်ခန်းဟာ ရိုးရှင်းတဲ့ အကြောဆန့်နည်းတစ်ခုတင် မဟုတ်ဘဲ ခါးနဲ့ အာရုံကြောစနစ်ကို ပြန်လည်နိုးကြားစေတဲ့ (Reset) အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ အချိန်မှန်၊ နည်းစနစ်မှန် ပြုလုပ်မယ်ဆိုရင် တစ်ရက်ထက်တစ်ရက် ထူးခြားတဲ့ အကျိုးရလဒ်တွေကို ခံစားရမှာပါ -
✅ ခါးနာ၊ ခါးတောင့်ခြင်းကို သက်သာစေတယ် - မနက်နိုးလာတဲ့အခါ ခန္ဓာကိုယ်ကို ပိုမိုပေါ့ပါးလန်းဆန်းစေပါတယ်။
✅ ဇက်၊ ပုခုံးနဲ့ လည်ပင်း တောင့်တင်းမှုကို ပြေလျော့စေတယ် - စိတ်ဖိစီးမှုတွေကိုပါ သိသိသာသာ လျော့ကျစေပါတယ်။
✅ အစာခြေစနစ်ကို ကောင်းမွန်စေတယ် - ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အညစ်အကြေး စွန့်ထုတ်ရ ပိုမိုချောမွေ့စေပါတယ်။
✅ အိပ်စက်ခြင်းကို အထောက်အကူပြုတယ် - အသက်ရှူရတာ ပိုဝလာပြီး စိတ်တည်ငြိမ်ကာ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
✅ တစ်နေ့တာလုံး အာရုံစူးစိုက်မှု (Concentration) - ပိုမိုကောင်းမွန်လာစေပါတယ်။
🧠 ဘာကြောင့် ဒီလေ့ကျင့်ခန်းက ထိရောက်တာလဲ?
ခြေဖျားကနေ ခါး၊ လည်ပင်းအထိ အကြောတွေကို တစ်ဆက်တည်း ဆန့်ထုတ်ပေးလို့ ဖြစ်ပါတယ်။ ကျောရိုးဆစ်တွေပေါ်က ဖိအားတွေကို လျော့ချပေးပြီး အာရုံကြောစနစ်ကို အနားရစေတာကြောင့် ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့ (Repair mode) ထဲကို ရောက်ရှိသွားစေပါတယ်။
⚠️ ဘေးအန္တရာယ်ကင်းပြီး ထိရောက်အောင် လုပ်ဆောင်နည်း
၁။ ခါးကို ကွေးမချဘဲ တင်ပါးဆုံကနေ စတင်ပြီး ကိုယ်ကို ဖြည်းဖြည်းချင်း ငုံ့ချပါ။
၂။ ဒူးကို အတင်းဆန့်ထားဖို့ မလိုပါဘူး၊ လိုအပ်ရင် အနည်းငယ် ကွေးထားလို့ ရပါတယ်။
၃။ ဒီပုံစံအတိုင်း ၁ မိနစ်ကနေ ၃ မိနစ်အထိ အသက်ကို မှန်မှန် ရှူသွင်းရှူထုတ်လုပ်ရင်း တည်ထားပါ။
၄။ ခေါင်းက ဒူးနဲ့ မထိလည်း ကိစ္စမရှိပါဘူး၊ ကိုယ်တိုင် တတ်နိုင်သလောက်ပဲ ငုံ့ပေးပါ။
ဒီနေ့မနက်ရော ဘယ်သူတွေ လေ့ကျင့်ပြီးပြီလဲ? အကြောတွေ တောင့်နေလား၊ ပေါ့သွားလားဆိုတာ Comment မှာ ဝေမျှပေးခဲ့ဦးနော်။ 🥰

Photos from Physio.KoLamg's post 16/07/2026

7 days Spinal Disc Program! ( Positive Review ) ☀️😍💪

နိုင်ငံရပ်ခြားရောက်နေတဲ့ လူငယ်လေးတွေဆို ခါးနာတာ ဘယ်လောက်ထိ စိတ်သောက ရောက်ရမှန်းသိတယ်။ ကိုယ်ထူမှ ကိုယ်ထရတဲ့ နေစဉ်ဘဝ မှာ ခါးပြသနာဖြစ်ပြီဆိုရင် depression ပါဝင်တာ။ Its a start. It's a process and you will be managing it better day by day.

16/07/2026

7 days Spinal Disc Program! ( Positive Review )

You can manage your own back!
You just need a good physiotherapist.
Thats it. 💪😍

16/07/2026

အရိုးချိုးပြီးလို့ ခါးတွေ တောင့်ခဲပြီး ညောင်းလာရင် အတင်းလှည့်မည့်အစား ချက်ချင်း ပက်လက်လှဲအိပ်ပြီး ခါးကို အနားပေးလိုက်ပါ။ ပြီးရင် ခါးဆစ်ကို လေ့ကျင့်ခန်းတွေကိုပဲ ညင်သာစွာ ပြောင်းလုပ်ရပါမယ်။

16/07/2026

လင်းခေးကိုရောက်ဖူးချင်တယ် 🇨🇭☀️

Photos from Physio.KoLamg's post 15/07/2026

ခါးနာသူတွေရဲ့ တူတဲ့အချက်ကတော့
ရောက်ရာနေရာ လှဲလျောင်းဖို့ကြိုးစားတာ ပါပဲ။ 🤭😅😁🇨🇭☀️

15/07/2026

📢 Batch 1 ပိတ်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်!
(ဇူလိုင် ၃၁ နောက်ဆုံး)

☀️ခါးနာသက်သာဖို့အပြင် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို စနစ်တကျ ပြန်လည်ပြုပြင်ချင်သူတွေအတွက် ကျွန်တော့်ရဲ့ 7-Days Spinal Disc Program (Batch 1) အပ်နှံမှု လက်ခံခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

ဒီပရိုဂရမ်ကို အခုမှစတာဖြစ်ပေမယ့် တက်ရောက်နေသူအများစုဆီကနေ အပြုသဘောဆောင်တဲ့ ထူးခြားမှုရလဒ်တွေကို မြင်တွေ့နေရလို့ ကျွန်တော်နဲ့ ကျွန်တော့် Team က တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် Batch တွေကို ပိုပြီး ထိရောက်၊ ပိုပြီး ပြည့်စုံအောင် အဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါပြီ။

_____________________________________________

✨ Upgrade လုပ်ရန်။
ခါးနာတာချင်း တူပေမယ့် အရှေ့ကုန်းလိုက်ရင် နာတာလား (Flexion)၊ အနောက်လှန်လိုက်ရင် နာတာလား (Extension) ဆိုတာကို ကိုယ့်ဘာကိုယ် ခွဲခြားရခက်နေသူတွေအတွက်—ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ချလက်ချ လေ့ကျင့်လို့ရမယ့် Neutral Spine Exercises (ခါးရိုးအနေအထား မပျက်စေဘဲ လေ့ကျင့်ခန်းလုပ်နည်းများ) ကိုပါ Program ထဲမှာ ထပ်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။

_____________________________________________

💡 "ဆရာ့ဆီမှာ Free Contents တွေ အများကြီးရှိတာပဲ... ဒါကို ဘာလို့ တက်ရမှာလဲ?"
ကျွန်တော် အမြဲပြောသလိုပါပဲ—ကျွန်တော့်ရဲ့ ကျန်းမာရေးဗဟုသုတ Content တွေက အမြဲတမ်း Free ပါပဲ။ ဒါပေမယ့် ပုံမှန်ကြည့်နေရတဲ့ Short Videos (ဗီဒီယိုအတို) တွေရဲ့ သဘာဝအရ ဗီဒီယိုဟောင်းတွေကို ပြန်ရှာရခက်တာ၊ ကိုယ်နဲ့ကိုက်ညီမယ့်အလှည့်ကျကို စနစ်တကျ မေ့လျော့သွားတတ်တာမျိုးတွေ ရှိပါတယ်။

နေ့စဉ် Message Box ကနေ မေးခွန်းပေါင်းများစွာကို တစ်ဦးချင်းစီ အသေးစိတ် လိုက်မဖြေနိုင်တဲ့အတွက်ကြောင့်၊ တကယ်တမ်း ထိထိရောက်ရောက် ခါးနာပျောက်ချင်သူတွေကိုပဲ သီးသန့် Filter လုပ်ပြီး (စနစ်တကျ စုစည်းပေးထားတဲ့ လမ်းညွှန်ချက်တွေနဲ့) အကောင်းဆုံး Care ပေးချင်လို့ ဒီ Program ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

_____________________________________________

⏳ Time is Running Out!
ဇူလိုင် ၃၁ ရက်နောက်ပိုင်းဆိုရင် ဒီ Batch 1 ကပိတ်သွားမှာဖြစ်ပါတယ်။ for the upgrade.

ခါးနာဝေဒနာကနေ လွတ်မြောက်ပြီး သေါ့သေါ့ပါးပါးနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် ပြန်လည်ထိန်းချုပ်ချင်တယ်ဆိုရင်တော့...
👉 ခုပဲ Page Messenger ကနေ "7-Days Program" လို့ အမြန်ဆုံး စာပို့ပြီး စာရင်းပေးသွင်းလိုက်ပါ!

______________________________________________

Team

14/07/2026

7 Days Spinal Disc Program ( Positive Review )

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Address


Singapore