The Tale of Rose
From kitchen to gym,
from home to the world 🌍
Sharing real life as a mother & daughter
Beauty in balance ✨
“Cottage cheese ကို supermarket ကနေ စျေးကြီးပေးပြီး ဝယ်စရာမလိုပါဘူးနော်”
25/09/2026
ဒီအကြောင်းအရာလေး က Rose ရေးမယ်ရေးမယ် နဲ့ ပျင်းနေတာနဲ့ မရေးဖြစ်သေးတဲ့ Rose ရဲ့ TTOR ဖြစ်လာတဲ့ အကြောင်းလေးပါ။
Rose ရဲ့ အဖွားတွေက တယောက်က မွန် ,
တယောက်ကရင်
အဖိုး ၂ ယောက်လုံး က တရုတ်စစ်စစ်တွေ
အဲ့တော့ Rose က မွန်၊ကရင်၊တရုတ် 😊
အားလုံးသိတဲ့ အတိုင်း မွန်တွေက ဟင်းချက်အရမ်းကောင်းသလို ကရင်တွေကလဲ ဟင်းချက်ကောင်းမို့ အဖွား ၂ ယောက်လုံး က အရမ်းဟင်းချက်ကောင်းတယ်။ တရုတ်ကလဲ အကောင်းကြိုက်မို့ Rose ရဲ့ နှစ်ဖက် အဖိုးအဖွား အိမ် နဲ့ Rose တို့ အိမ်က တနေကုန်ချက်တာ လူအိပ်မှ မီးဖို ပိတ်တယ်။
(Rose ရဲ့ အမဖက်ရော အဖေ ဖက်ရော ၂ ဖက်လုံး က ဦးလေး တွေ အဒေါ်တွေပါ အရမ်းဟင်းချက်ကောင်းကြတယ်။ တမျိုးလုံး ရှယ်ဟင်းချက်ကောင်းတာ။ယောကျာ်းလေးတွေပါ ချက်တက်ကြတယ်။
ဝါသနာလဲ ပါကြတယ် )
Rose က Broken family က မို့ အဖေ နဲ့နေတယ်။
တအိမ်လုံးမှာ မိန်းမ က Rose နဲ့ Helper Aunty 2 ယောက်ပဲရှိတယ်။ Rose တော်တော်ငယ်ငယ် ၁၁ /၁၂ လောက်ထဲက အိမ်မှာ ဟင်းစချက်ရတယ်။ ၁၅/၁၆ လောက်ရောက်တော့ တအိမ်လုံးစာ စချက်နေရပြီ။ မိသားစု အတွက်ရယ်။ ဝန်ထမ်းတွေ အတွက်ရယ် တနေ့ ကို အယောက် ၂၀ စာလောက် Rose နဲ့ Helper 2 ယောက် တနေကုန်ချက်ရတာ။
အိမ်မှာအလှူရှိလဲ အိုးကြီးချက် ကိုယ်ပဲ ချက်ရတယ်။
Rose ရဲ့ လက်ဦးဆရာက Rose အဖေ လို့ပြောရင် အမှန်ဆုံးပဲ။ Rose အဖေ ရဲ့ Favourite က ဦးကြီးပု ဟင်းချက်နည်း။
ဦးကြီးပု စာအုပ်ကြီးကိုင်ပြီး သမီး ဒီနေ့ ဒါချက်ရမယ် ဆိုပြီး တနေ့ တမျိုး ချက်ရတာ အဲ့ စာအုပ်ကြီး ထဲက ဟင်းချက်နည်း မချက်ဘူးတာမရှိသလောက်ပဲ။
မချက်ချင်လဲ မရဘူး။
မိန်းကလေး က ချက်တက်ရမယ်
ကောင်းကောင်း မကောင်းကောင်း ပါပါးစားမယ် ဆိုပြီး
ဇွတ်ချက်ခိုင်း။
(စစချက်ချင်းတော့ အဖေ ကို ပညာပြတာ မှတ်မိသေးတယ်။ နောက်နေ့ မချက်ခိုင်းအောင် ရွဲ့ပြီး ဆားတွေ အများကြီးထည့်။ ဟင်းရည်ထဲ မကျည်းရည်တွေ နဲ့ ချဉ်စုပ်နေအောင် လုပ်သေးတာ ။ အဖေ က ငါ့ သမီးချက်တာ ကောင်းတယ် ဆိုပြီး ငံလဲစား ချဉ်လဲစားတယ်။ နောက်ပိုင်း အဖေ ကို သနားပြီး မရွဲ့ဖြစ်တော့ပါဘူး)
တနေ့ကို ၄/၅ မျိုးချက်ရတယ်။
စာအုပ်ထဲပါသမျှမုန့် အကုန်လုပ်ရတယ်။
နောက်ဟင်းချက်နည်း ၅၀၀ ဆိုတဲ့ စာအုပ်ရှိသေးတယ်။
အဲ့ဒါကြီးလဲ ချက်ပဲ။
အဆင်မပြေ ပျက်ခဲ့တဲ့ ဟင်းတွေလဲ အများကြီးပဲ။
ကြာလာတော့ စာအုပ်မပါလဲ လက်တန်းချက်တက်လာခဲ့တယ်။ အရိပ်ပြ ရင် အကောင်လိုက်မြင်လာတယ်။
နောက်ထပ် ဟင်းချက်စာအုပ်တွေ အပြင် သင်ယူခဲ့ရတာက
" Yan can Cook " American chinese တယောက်ရဲ့ TV show. ကြည့်လိုက်ရတဲ့ Yan can cook သူချက်သမျှ အကုန်လိုက်ချက်တာပဲ။
အဲ့အချိန်ထဲက Rose ရဲ့ပျော်ရွှင်မှုက ကိုယ်ချက်လိုက်တဲ့ ဟင်းတခွက်က အရသာရှိတယ် ။ စားတဲ့ လူတွေ စားကောင်းတယ် ကြိုက်ကြတယ်လို့ compliment ပေးခံရတာပဲ။
အဲ့လိုတွေချက်ရင်း မတရားတွေ စားသောက်ရင်း နဲ့ ပေါင် ၁၉၀ ရောက်သွားတာပါပဲရှင် 😬😬😬
ဒါနဲ့ပဲ ဝိတ်ကို အစားနဲ့ပဲ ပြန်ချမယ်ဆိုပြီး ကွကိုယ် creation တွေ လုပ်ရင်းရင်း အခုလို The tale of rose page လေး ဖြစ်လာတာပါပဲရှင် ။
အခုဖတ်နေတဲ့သူထဲမှာရော Rose လို ဦးကြီးပု နဲ့ Yan can cook ဖတ်ဖူးတဲ့သူတွေ ကြည့်ဖူးတဲ့ သူတွေရှိလား?
ငယ်ဘဝ အမှတ်တရတွေရော ဘာတွေရှိခဲ့လဲ?
အဆင်ပြေရင် Rose ကိုလဲ Sharing လုပ်ပေးခဲ့ပါဦး။
You တို့ရဲ့ အစားကြိုက်တဲ့ Rose 🌹
ဒီနေ့ Rest Day 🌹
Gym မသွားဘူး😊
ကလေး ကျောင်းကြိုရမယ့် အချိန်နဲနဲစော
နေသေးတယ်။
Blog ကလဲ ၂ ပတ်စာလောက်ရိုက်ပြီးသားရှိတယ်။
အလုပ် အတွက် လိုအပ်တာတွေ အကုန်လုပ်လုပ်ပေးထားတယ်။
ကိုယ့် ကို နားပူမယ့်သူ တယောက်မှအနားမှာ မရှိတဲ့ Moment လေး။
တယောက်ထဲ အေးအေး လူလူ coffeeလေး သောက်
ကြည့်ချင်တာလျှောက်ကြည့်။
တကယ်ကို ရွှေထက်ရှားတဲ့ အချိန်လေး 😊😊😊
ဘာရယ် ပါ မဟုတ်ဘူး။
ကိုယ် တကယ်စိတ်ထဲ ပျော်နေတဲ့ moment ဆိုတာ
စျေးကြီးပေးရတဲ့ ဇိမ်ခံပစ္စည်း တွေ မဟုတ်ပဲ
$3 တန် coffee တခွက် ကြောင့်နဲ့လဲ ပျော်ချင်
ပျော်နေတာပါပဲ။
Rose ခုတလော တပွဲ ထဲ မှာ အသား အရွက် နဲ့ carbs တွေပါတဲ့ ဟင်းအမျိုးအစားတွေပိုစားဖြစ်နေတယ်။ ဒီနေ့ Rose ချက်မှာကတော့ Rose version နဲ့ ကတ်ကြေးကိုက်
24/09/2026
Overnight Oatmeal & Apple Recipe & Nutrition facts 😊
Overnight oat with Apple 🍏 🍎
ညဖက် hotpot တွေစားပြီးရင် မအီမသာတွေ ဖြစ်နေတယ်ဗိုက်ရှင်းချင်တယ်ဆိုရင် လူတော်တော်များများက ဝမ်းနုတ်ဆေးသောက်တက်ကြတယ်။ ဝမ်းနုတ်ဆေးသောက်မယ့် အစား အခုလို Fiber များတဲ့ မနက်စာလေး ကိုစားရင် အဟာရလဲပြည့် အူလဲရှင်း ပြီး ဗိုက်ချောင်တယ်။
23/09/2026
ဝက်နံရိုးနဲ့ ပဲ ရဲ့ Nutrition facts နဲ့ Recipe 😉
ထမင်းကို ပဲဟင်းနဲ့ နယ်စားရတာကြိုက်တဲ့ သူတွေရှိလား?
ဒါဆိုပဲဟင်းနဲ့ အလိုက်ဖက်ဆုံးဟင်းက ဘာလေးဖြစ်
မယ်ထင်လဲ? ပဲဟင်းချက်နည်း မျိုးစုံထဲမှာတော့ Rose က အခုလို နံရိုးနဲ့ ပဲရောချက်တာ ကို အကြိုက်ဆုံးပဲ။
ပဲ က Protein rich ဖြစ်တဲ့ carbohydrate တမျိုးဖြစ်ပြီး သူ့ကို အသားနဲ့တွဲစားတာက perfect match ပါပဲ။
တရုတ်ရိုးရာ လမုန့်ပွဲတော်ဟာ လမုန့်စားဖို့အတွက်သာ မဟုတ်ပါဘူး ဝေးကွာနေသူတွေကို သတိရခြင်း၊
ချစ်ရသူတွေနဲ့ ပြန်လည်ဆုံစည်းခြင်း နဲ့
မိသားစုရဲ့ နွေးထွေးမှု ကို အမှတ်ရစေတဲ့ ပွဲတော်လေးတစ်ခုပါ။ 🤍
🥮 လမုန့်ရဲ့ ဝိုင်းဝန်းတဲ့ပုံစံကပြန်လည်ဆုံစည်းခြင်း ကို ကိုယ်စားပြုပြီး
🌕 လပြည့်ဝန်းကြီးကတော့
ပြည့်စုံခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေ ကိုဖော်ကျူးပါတယ်။
လမုန့်ပွဲတော်မှာ လမုန့်တစ်လုံးကို အစိတ်လေး တွေလှီးပြီး ဝေမျှစားသုံးခြင်းဖြင့် ချစ်ခြင်းမေတ္တာတွေ မျှဝေ ခံစားကြပါတယ်။ အခုလို လမုန့်ရာသီမှာ လမုန့်ကို flavour မျိုးစုံ နဲ့ creation တွေလုပ်ပြီး ရောင်းကြတယ်။
သမရိုးကျ ဆားဘဲဥ ပဲအနှစ် လမုန့်တွေအပြင် ဒူရင်းသီး chocolate နဲ့ မိုချီ တွေ အပြင် No sugar version နေတွေ နဲ့ပါလုပ်ရောင်းကြတယ်။
မိသားစုဝင်တွေ ဆွေမျိုး တွေနဲ့ ချစ်ရတဲ့ သူတွေကို လက်ဆောင်ပေးတက်ကြပါတယ်။
ဒါကြောင့် Rose က ကလေးလူကြီး မရွေး စားလို့ရ ပြီး အနံ့အရသာ အဟာရနဲ့ လဲပြည့်စုံ တဲ့ Rose version နဲ့ Healthy လမုန့်လေး လုပ်ဖြစ်ခဲ့ပါတယ်။
ထမင်းပူပူလေး ကို ငပိထောင်း နဲ့ နယ်စားရမှ ကြိုက်တဲ့ သူတွေ အတွက် ချဉ်ချဉ်စပ်စပ်လေး နဲ့ အရမ်းစားလို့ကောင်းတဲ့ ငပိမပါတဲ့ ငပိထောင်း
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
000
West Region