Daw Nilar Win

Daw Nilar Win

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Daw Nilar Win, สุขภาพ/ความงาม, Amphoe Koh Sa-mui

21/09/2026

လမင်းပမာသတ္တဝါ ကြည်သာရွှင်လန်းကြပါစေ
နေမင်းပမာ သတ္တဝါ မျက်နှာပွင့်လန်းကြပါစေ
ပန်းပွင့်ပမာ သတ္တဝါ သင်းပျန့် မွေးကြိုင်ကြပါစေ
စမ်းရေပမာသတ္တဝါ ရင်မှာအေးမြကြပါစေ
သတ္တဝါအားလုံး ကြည်ရွှင်ပြုံး ပီတိဖုံးနိုင်ကြပါစေ။🙏
#ရွှေတိဂုံ 🙏
゚viralシalシ

20/09/2026

အရပ် ဆယ်မျက်နှာရှိ
ဝေနေယျ သုခိတ ဒုက္ခိတအပေါင်း တို့....
* ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ...
* ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ...
* ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ...
* နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...!🙏🙏🙏🙏🙏

20/09/2026

@📚စာပေချစ်သူများဆုံဆည်းရာ📚:လူတစ်ယောက်အကြောင်းကို
အ ခြား တစ်ယောက်က ဘာပြောတယ်ဆိုတာထက်
ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်သိလဲ
ဆိုတာက ပိုအရေးကြီးပါတယ်...
လူတွေက ပြောကြမှာပဲ...
မင်းက ဒီလိုရှိတယ်
မင်းက ဟိုလိုရှိတယ်
မင်းက ဘာဖြစ်တယ်
မင်းက ဘာမဖြစ်ဘူး၊ဘယ်လိုဖြစ်တယ်
ဆိုပြီး တော့...
ကြားရသမျှတိုင်းကို စိတ်ထဲထည့်ထားရင်
တစ်နေ့နေ့မှာ ကိုယ့်စိတ်ကို ကိုယ်တောင်
မပိုင်တော့ဘူး ဖြစ်သွားလိမ့်မယ်...
ဒါကြောင့်
နားနဲ့ပဲ နားထောင်သင့်တဲ့စကားကို
နားနဲ့ပဲ အဆုံးသတ်ပါ...
နှလုံးသားထဲ မသိမ်းပါနဲ့...
တချို့စကားတွေက ပြန်ဖြေဖို့မလိုဘူး...
တချို့လူတွေက ရှင်းပြနေ ဖို့လည်းမလိုဘူး...
တချို့အရာတွေကိုလည်း ကိုယ်မှန်နေကြောင်းကို သက်သေပြဖို့တောင် မလိုဘူး...
တချို့လူတွေက
ကိုယ့်အကြောင်းကို ကိုယ်ထက်ပိုသိသလို
ပြောတတ်ကြတယ်...
တချို့က ကိုယ့်ဘဝကို မသိဘဲ
ကိုယ့်ဘဝအကြောင်း ဆုံးဖြတ်တတ်ကြတယ်...
အချိန်ကပဲ အကောင်းဆုံး
သက် သေပြပေးသွားပါလိမ့်မယ်...
လူတိုင်းကို သူတို့ ကျေနပ်အောင်နေဖို့
ကြိုးစားရင်း ကိုယ့်စိတ်ကို မပျောက်ဆုံးပါစေနဲ့...
သူများရဲ့အမြင်နဲ့ ကိုယ့်တန်ဖိုးကို မတိုင်းပါနဲ့...
သူများပြောတဲ့စကားနဲ့ ကိုယ့်ဘဝကို မဆုံးဖြတ်ပါနဲ့...
ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ...
ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်အသိဆုံးပါ...
ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ အခက်အခဲတွေကိုလည်း
ကိုယ်တစ်ယောက်တည်းသာ အသိဆုံးပါ...
ဒါကြောင့်…
နားက ကြားရသမျှအရာတိုင်း
နှလုံးသားဆီ မပို့ပါနဲ့...
နားနဲ့ နားထောင်ပါ...
ဦးနှောက်နဲ့စဉ်းစားပါ...
မှန်တာကို ဆုံးဖြတ်၊သင်ယူပါ...
မလိုအပ်တာကို လွှတ်ချပါ...
ဘာလို့လဲဆိုတော့
နှလုံးသားဆိုတာ သူများစကားတွေ
ထည့်ထားဖို့အတွက် မဟုတ်ဘူး...
ကိုယ်ချစ်ရတဲ့အရာတွေ၊ကိုယ်တန်ဖိုးထားရတဲ့လူတွေ၊
ကိုယ်လိုချင်တဲ့ အနာဂတ် အိပ်မက်တွေအတွက်ပဲ
နေရာချန်ထားသင့်တာပါ...
တစ်ချို့စကားတွေကို
မကြားသလိုနေတတ်တာက အားနည်းတာ
မဟုတ်ဘူး…
ကိုယ့်စိတ်ကို ကိုယ်တန်ဖိုးထား
တတ်လာတာပါ...
လူ့လောကကြီးထဲမှာ တချို့အရာတွေက
မကြားချင်ယောင်ဆောင် တတ်ရတယ်..
သိနေလည်း မသိချင်ယောင်ဆောင် တတ်ရတယ်...
ကိုယ် ကြား၊သိ သမျှအရာတိုင်းက
ကိုယ့်အတွက် မှ မဟုတ်ရင် လျစ်လျူရှုလိုက်တာ
အကောင်းဆုံး ပါ......***
#စာပေချစ်သူ✍
❤️❤️

゚viral🖤tiktok

20/09/2026

🌅 မင်္ဂလာနံနက်ခင်းပါ ☕🌿

မနေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ဒီနေ့မနက်မှာတော့ စိတ်သစ်၊ အားသစ်နဲ့
ကိုယ့်ဘဝကို ကိုယ်ပြန်စလိုက်ပါ။

မရသေးတာတွေရှိပေမယ့်
ရှိပြီးသားအရာလေးတွေအတွက် ကျေးဇူးတင်တတ်ပြီး
ဒီနေ့ကို အပြုံးလေးနဲ့ ဖြတ်သန်းနိုင်ပါစေဗျာ။ ❤️

မနက်ခင်းကောင်းလေးဖြစ်ပါစေ…
ဒီနေ့လည်း ကိုယ်မျှော်လင့်ထားတာထက် ပိုကောင်းပါစေ။ 🌤️🙏

19/09/2026

"လူဖြစ်ရခြင်း၏ အနှစ်သာရ"

သူများ လဲကျရင် ဝမ်းမသာပါနဲ့၊

သူများ ခက်ခဲချိန်မှာ မလှောင်ပါနဲ့…

ဘဝရဲ့ ခက်ခဲတဲ့ လမ်းတဝက်မှာ
"သူ့နေရာမှာ ငါသာဆိုရင်" ဆိုတဲ့
စာနာစိတ်လေး မပျောက်သမျှ
ကိုယ်ဟာ လောကမှာ
အလှပဆုံး လူပီသနေဦးမှာပါပဲ။

"သူတစ်ပါးရဲ့
နာကျင်မှုကို နားလည်ပေးနိုင်တဲ့ စာနာစိတ်ကလေးဟာ… လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အလှတရားပါပဲ"

ရင်ဘတ်ထဲက
မေတ္တာလေးကို ထိန်းသိမ်းရင်း ‘မိမိကိုယ်ကို ပြန်လည်ပျိုးထောင်လိုက်ပါ’။
#နေ့စဉ်ဘဝ

19/09/2026

🌙 ဘဝမှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို မမေ့ဖို့ပါ… ❤️

ထမင်းကို အရသာရှိရှိစားပါ 🍚
ကိုယ့်ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ပါ။
ကိုယ့်ဘဝထဲမှာ ပျော်ရွှင်စရာလေးတွေကို များများရှာဖွေပါ။ 🌿

သူများဆီက အချစ်နဲ့ ဂရုစိုက်မှုကို မစောင့်နေပါနဲ့…
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပြီး တန်ဖိုးထားတတ်တဲ့အခါ
ဘယ်သူမရှိလည်း ကိုယ့်ဘဝက ပြည့်စုံနေတတ်ပါတယ်။ 🫶

တစ်နေ့နေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး
“ငါ့ဘဝကို ငါကောင်းကောင်းနေခဲ့တယ်” လို့ ပြောနိုင်ပါစေ။ ✨

#ကိုယ့်ကိုယ်ကိုချစ်ပါ #ဘဝအတွေးအခေါ် #နေ့စဉ်ဘဝ #ပျော်ရွှင်စွာနေပါ ❤️

17/09/2026

အရပ် ဆယ်မျက်နှာရှိ
ဝေနေယျ သုခိတ ဒုက္ခိတအပေါင်း တို့....
* ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ...
* ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ...
* ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ...
* နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...!

17/09/2026

Nilar Win :ကြုံခဲ့ဆုံခဲ့သမျှ လူတွေအားလုံးကိုကျေးဇူးတင်နေမှာပါ…တချို့က အပြုံးတွေ ချန်ခဲ့ကြတယ်၊တချို့က မျက်ရည်တွေ ချန်ခဲ့ကြတယ်။တချို့က နွေးထွေးမှုတွေ ပေးခဲ့ကြသလိုတချို့ကနာကျင်မှု့တွေနဲ့
သင်ခန်းစာတွေ ပေးခဲ့ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်…လူတိုင်းဟာ ကိုယ့်ဘဝစာမျက်နှာထဲမှာမတူညီတဲ့အခန်းကဏ္ဍတစ်ခုစီနဲ့ဝင်လာခဲ့ကြသူတွေပါ။ကျေးဇူးတင်ပါတယ်…ပျော်ရွှင်မှုတွေအတွက်ရော၊ နာကျင်မှုတွေအတွက်ရော။အဆုံးမှာတော့ အားလုံးကပိုရင့်ကျက်တဲ့ “ကိုယ်” တစ်ယောက်ဖြစ်လာအောင်သင်ပေးခဲ့ကြလို့ပါ။ 🤍

16/09/2026

ဘဝရဲ့ ခရီးလမ်းမှာ
မုန်တိုင်းတွေ တိုက်ခတ်ပါစေ၊
လှိုင်းလေတွေ ကြမ်းတမ်းပါစေ၊
မဲမှောင်တဲ့ ညဉ့်ယံတွေ ပြီးရင်
နံနက်ခင်း အရုဏ်တက်တော့မှာပါ 🏜️
ရင်ဆိုင်လိုက်ပါ…
မင်းရဲ့ ခြေလှမ်းတိုင်းမှာ
ခွန်အားတွေ ပြည့်နေတယ်၊
လဲကျရင် ပြန်ထ 💐
အမှောင်ဆုံး အချိန်ဟာ
အရုဏ်မတက်မီ ခဏပါပဲ
အောင်မြင်ခြင်းပန်းတိုင်ဆီ
ယုံကြည်ချက်ကို ခိုင်ခိုင်ဆုပ်ကိုင်ပြီး 🌹💗
ဆက်လျှောက်သွားပါ၊
မင်း လုပ်နိုင်ပါတယ်…
ငါတို့ အမြဲ ဘေးနားမှာ ရှိနေတယ်🌻

16/09/2026

🌙 မင်္ဂလာ ညချမ်းလေးပါရှင် 🌙

ဘဝမှာ...
အရာရာကို ပိုင်ဆိုင်ဖို့ မလိုပါဘူး။

စိတ်ကောင်းလေးတစ်ခု၊
မေတ္တာလေးတစ်ခု၊
ကုသိုလ်ကောင်းမှုလေးတွေ ရှိနေရင်
ဘဝက အေးချမ်းနေပါပြီ။ 💛✨

မြတ်စွာဘုရား၏ ဂုဏ်တော်ကို
အာရုံပြုရင်း..
အားလုံး စိတ်ချမ်းသာကြပါစေ။ 🙏

#မင်္ဂလာညချမ်း #ဓမ္မ #မေတ္တာ #ကုသိုလ် 💙

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Amphoe Koh Sa-mui หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Amphoe Koh Sa-mui
84320

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Daw Nilar Win โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Amphoe Koh Sa-mui