HM Skincare Yadanar
HM Skincareမှာကိုစိတ်ချစွားဝယ်ယူအားလို့ရပါတယ်
ထိုင်းကိုယ်စလှယ်ကြီး
ပြည်တွင်ပြည်ပအကုန်ပို့
10/11/2023
26/08/2023
မတရာကိုယ်စလှယ်အော်ဒါလေး
ဒီထပ်မကပိုရောင်းရပါစေမရေ
#အမြို့မြို့အနယ်နယ်သို့လက်လီလက်ကားပို့ဆောင်ပေးပါသည်
#ထိုင်းကိုယ်စလှယ်ကြီး
06/08/2023
ထိုင်းအော်ဒါ1Set Sold Out🤗
HMကအဝင်ကြမ်းတာအဲ့လို
ပထမတစ်ခါမှာတယ်နောက်ထပ်ထပ်မှာတာ
ကြိုက်နေပြီးတဲ့ချစ်သောလေးတွေကအဲ့လိုအစွမ်းထပ်တာရှင့်🤗🤗
28/07/2023
ဝက်ခြံ
တင်းတိတ်
အမာရွတ်
အမဲစက် သမားတွေအတွက်
ဒီ 5မျိုးset လေးရှိရုံနဲ့ လုံလောက်ပီ
#အမြို့မြို့အနယ်နယ်သို့လက်လီလက်ကားပို့ဆောင်ပေးပါသည်
23/07/2023
Jelly mask ရဲ့အသုံးဝင်ပုံကိုပြောပြမယ်နော်😊
မျက်နှာပေါ်ကအဆိပ်တောက်တွေကိုဖယ်ရှားပေးတယ်
ချွေးပေါက်ထဲက အညစ်ကြေးကို ဖယ်ရှားပေးတယ်
ဆားဝက်ခြံနဲ့အဆီဖုကို ပျောက်ကင်းစေတယ်
၁ကြိမ်သုံးရုံနဲ့စိတ်ကျေနပ်မှု အပြည့်ဝရရှိစေတယ်
၁ပတ်မှတစ်ခါပဲသုံးရမှာနော် တစ်ခါသုံးရင် ၃၀မိနစ်ပဲထားရမှာ
သူ့ကိုကပ်ထားရင်အေးပြီးအရမ်းနေလို့ကောင်းတယ် ခြစ်ချရမှာတောင်နှမြောတယ်
(make in korea)
to cb(or)0824319724
Skincare Myanmar
by yadanar
23/07/2023
ညသုံး ၅မျိုးတစ်ဆက်
သုံးဖူးပီလား
Cleansing Water & Cleanser နဲ့ အရင်သန့်စင်ပေးပါ
တိုနာ ၊စီရမ်၊မွိုက်ချာ ကို တဆင့်ပီးတဆင့် အသားထဲစိမ့်ဝင်အောင် လိမ်းပေးပါ
ကြည်ပီး Glowတဲ့ အသားအရေလေးကြိုက်ရင် ညတိုင်း ၅မျိုးတစ်ဆက်သုံးပါ
#အမြို့မြို့အနယ်နယ်သို့လက်လီလက်ကားပို့ဆောင်ပေးပါသည်
23/07/2023
Skin Care Step
Skin care လေးတွေကို
အဆင့်ဆင့်ဘယ်လိုလိမ်းရမယ်ဆိုတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်
1- Make Up Remover
- ညအိပ်ယာမဝင်မီ Make up တွေကို သေချာလေးဖျက်ပါ
- make up တွေ eye shadow တွေ eye liner တွေကို နေ့စဉ် သေချာမဖျက်ပေးရင် အညစ်အကြေးတွေ တဖြည်းဖြည်း စုလာပြီး အမဲစက်တွေ အသားအရောင်မညီညာတာတွေဖြစ်ပေါ်လာတတ်ပါတယ်
- Make up remover (or) အဆီတခုခု နဲ့မျက်နှာတပြင်လုံး မျက်တွင်းထဲအပါ ပွတ်လိမ်း ပီးရင် Cotton Pad လေးနဲ့သုတ်ပီးသေချာလေးဖျက်ပေးပါ
- မပြင်းတဲ့ remover တွေက အသားအရေမထိခိုက်စေဘဲ, မျက်လုံးသီးသန့်က waterproof eye liner တွေ mascara တွေအတွက်ပိုပြောင်စေပါတယ်
2- မျက်နှာသစ် (Cleanser)
- မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်လက်ထဲမှာပွတ်ပြီးမှ မျက်နှာပေါ်သစ်ပေးပါ
- မျက်နှာကို စက်ဝိုင်းပုံစံ အသာအယာ နှိပ်နယ်ပေးပါ
- ရေနဲ့သစ်ချပြီး facial tissue လေးနဲ့ မျက်နှာကို သာသာလေးဖိပြီး ရေစုပ်သွားအောင်ဘဲ အသာလေးဖိပေးပါ
3- Toner တိုနာလိမ်းနည်း
- Toner ကလည်းအရေးကြီးပါတယ်နော်
မျက်နှာသစ်ပီး ချွေးပေါက်အတွင်းကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်
- Toner လိမ်းရင် လက်နဲ့ပုတ်ပြီးမလိမ်းပါနဲ့နော်။ Cotton pad ( ဂွမ်း) လေးနဲ့သုတ်ပြီးလိမ်းပေးပါ
- Toner ကို Cotton Pad ပေါ်မှာ ဂွမ်းတစ်ခုလုံးစိုနေအောင်ထည့်ပြီး မျက်နှာကို cotton pad လေးနဲ့ သာသာလေးပွတ်ပေးပါ။ တစ်မျက်နှာလုံး အနှံ့သုတ်ပြီးရင် လက်ဖဝါးလေးနဲ့ အသာအယာ မျက်နှာကိုပုတ်ပေးပါ
4- Essence/ Serum လိမ်းနည်း
- skin care ဆက်လိုက်မှာ ဈေးအမြင့်ဆုံးနဲ့ အသိသာဆုံးက Essence/ serum ပါ
- Essence ကို လက်ဖဝါးထဲထည့်ပီး လက်ထိပ်လေးနဲ့ နဖူး, ပါးနှစ်ဖက်, နှာခေါင်း နဲ့ မေးစေ့ ကို တို့ပေးပါ (လက်သူကြွယ် သုံးပေးပါ)
- လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ သာသာလေးနှိပ်ပြီးပွတ်လိမ်းပေးပါ ( အမဲစက်တွေ တင်းတိတ်တွေရှိတဲ့နေရာကိုပိုပွတ်ပေးပါနော်)
- နောက်ဆုံးကျရင် လက်ဖဝါးနှစ်ဖက်နဲ့ပါးနှစ်ဖက်ကို V ပုံစံ အုပ်ပြီးသာသာလေးဖိပေးပါ ( လက်ဖဝါးက အနွေးဓာတ်လေးတွေက Essence ကိုစုပ်ယူမှုအားပိုမိုကောင်းစေပါတယ်)
5- Lotion(နို့ရည်)/Moisturizer လိမ်းနည်း
- အသားခြောက်တဲ့သူဆိုရင် အဆီဓာတ်ပိုပါတာလေးတွေနဲ့ ပိုသင့်တော်ပြီး
- အဆီပြန်တဲ့သူဆိုရင် ရေဓာတ်ပိုပါတာလေးတွေသုံးသင့်ပါတယ်
- combination skin type ဆိုရင်တော့ ရာသီဥတုနဲ့လိုက်ပြီး ရွေးချယ်သုံးသင့်ပါတယ်
- နို့ရည်/Moisturizer လိမ်းရင် လက်ထိပ်နဲ့မဟုတ်ဘဲ လက်ချောင်းလေးနဲ့လိမ်းရင်ပိုကောင်းပါတယ်
- မျက်လုံးထောင့်, နှာခေါင်းတစ်ဝိုက် နှာခေါင်းထောင့်တွေလည်းသေချာလိမ်းပေးပါ။ လည်ပင်းလေးရောအပါ တောက်လျှောက်လိမ်းပေးပါ ( လည်ပင်းလေးရော ဂရုစိုက်ပေးပါ)
6- Sunscreen/ Sunblock
( နေ့လည်ပိုင်း) ညပိုင်းဆို မလိုပါဘူးနော်
- တင်းတိတ် အမဲစက် ဖြစ်ခြင်းကို ထိထိရောက်ရောက်ကာကွယ်ဖို့အတွက်အရေးကြီးပါတယ်
- sunscreen ကို မျက်နှာတပြင်လုံး နှံ့စပ်အောင်သေချာလေးလိမ်းပေးပါနော်။ ပြီးပြီးရော လိမ်းတယ်ဆိုရုံလောက်နဲ့မထိရောက်ပါဘူး
- Skin care လိမ်းပီးရင် ကိုယ်ကြိုက်ရာ မိတ်ကပ် /သနပ်ခါးလိမ်းလို့ရပါပြီ...
ဒါလေးတွေကတော့ မျက်နှာလေးကိုဘယ်လိုသေချာထိန်းသိမ်းရမလည်းဆိုတဲ့ အခြေခံသုံးနည်းလေးတွေပါ...
သေချာလေး ဂရုစိုက်ပြီး လိမ်းပေးနိုင်ရင် skincare မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်က ပိုထိရောက်ပြီး ကျန်းမာနုပျိုတဲ့ အသားရေ လေး ပိုင်ဆိုင်နိုင်မှာပါနော်
ပို၍ပို၍ နုပျိုလှပနိုင်ကြပါစေ....
# WeCare - Health/Beauty
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Ban Khlong Maha Sawat
74130