Sein Sein

Sein Sein

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sein Sein, สุขภาพ/ความงาม, Bangbon, Bangkok.

26/01/2026

မေမေ့ရဲ့ ဘဝမှာ အရာရာတိုင်းအတွက် သားဟာ "ပထမဦးဆုံး" ပါပဲ။ သားဟာ မေမေ့ရဲ့ ပထမဆုံးသော ပြုံးပျော်ခြင်း၊ ပထမဆုံးသော မျက်ရည်စက်တွေနဲ့ ပထမဆုံးသော အိပ်ရေးပျက်ညတွေရဲ့ အကြောင်းရင်းခံလေးပေါ့။ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်အောင် ထူးခြားဆန်းပြားတဲ့ ချစ်ခြင်းမေတ္တာကို မေမေ သားဆီကနေ စတင်ခံစားခဲ့ရတာပါ။

သားဟာ မေမေ့ကို "မိခင်" ဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်ခဲ့တဲ့ ဝိညာဉ်လေးဖြစ်ပြီး သားရှိလာတဲ့အခိုက်အတန့်မှာပဲ မေမေ့ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ထာဝရပြောင်းလဲသွားခဲ့တယ်။

မေမေ့နှလုံးသားထဲမှာ သားပိုင်ဆိုင်ထားတဲ့ နေရာလေးကို ဘယ်သူမှ လာပြီးအစားထိုးလို့ မရနိုင်ပါဘူး။ မေမေ့လက်ကို အရင်ဆုံးဆုပ်ကိုင်ခဲ့တဲ့ သားရဲ့လက်ကလေးတွေ၊ မေမေ့ကို အရာရာလို့ သတ်မှတ်ပြီး မျှော်ကြည့်ခဲ့တဲ့ သားရဲ့မျက်လုံးလေးတွေ... ဒါတွေဟာ မေမေတို့နှစ်ယောက်ကြားက ဘယ်သူမှ ခွဲခြားလို့မရတဲ့ သံယောဇဉ်တွေပေါ့။

သားဟာ မေမေ့ကို သည်းခံတတ်အောင်၊ ကြံ့ခိုင်အောင် သင်ပေးခဲ့တယ်။ သားဆီကရတဲ့ အနမ်းတွေ၊ ဖက်ထားတာလေးတွေနဲ့ "ချစ်တယ်" ဆိုတဲ့ စကားလေးတွေက သားဟာ မေမေ့ဘဝအတွက် အဖိုးတန်ဆုံး လက်ဆောင်ဆိုတာကို သတိပေးနေသလိုပါပဲ။

သားဟာ မေမေ့နှလုံးသားရဲ့ ပထမဆုံးသော အိမ်ဂေဟာလေးဖြစ်သလို၊ ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်တဲ့ မေမေ့ဘဝရဲ့ လှပတဲ့အစပျိုးခြင်းလေးလည်း ဖြစ်ပါတယ်။ သားဟာ မေမေ့အတွက်တော့ အမြဲတမ်း သားဦးလေး ပါပဲကွယ်။ ❤️

ချစ်တဲ့
Ozzieလေး မေမေ

(ဘာသာပြန်ရေးသားသည်။)

10/01/2026

ငါ့သားလေးရေ…
မေမေက မင်းရဲ့ အမေဖြစ်ရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ
မင်း သိထားစေချင်ပါတယ်။
မေမေ မင်းကို ပထမဆုံး မြင်ခဲ့တဲ့ အချိန်ကို
အမြဲမှတ်မိနေပါတယ်။
မင်းက မေမေရဲ့ အကြီးမားဆုံး ကောင်းချီးမင်္ဂလာဖြစ်ပြီး
မေမေ့ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်းပါ။
အခု မင်း ကြီးလာပြီဖြစ်ပေမယ့်
မေမေအတွက်တော့
မင်းက အမြဲတမ်း မေမေရဲ့ ကလေးသားလေး ပါပဲ။
မေမေ မင်းရဲ့ အပြုံးကို ချစ်တယ်…
မင်းရဲ့ ရယ်သံကို ချစ်တယ်…
မင်းရဲ့ အသံကို ချစ်တယ်…
ဒါပေမယ့် အားလုံးထက်ပိုပြီး
မင်းက မေမေရဲ့ သားလေးဖြစ်နေတာကိုပဲ
အရမ်းချစ်တယ်။

MR SANG

#

09/12/2025

အဖေက ကလေးကို ချစ်ပေမယ့်
ကလေးအတွက် တစ်ညလုံး မအိပ်တဲ့ အဖေက ရှားတယ်။

အမေက စိတ်တိုလွယ်တယ်၊
ဒါပေမဲ့ မနက်မိုးလင်းထိ ကလေးနဲ့အတူ ရှိတယ်။

လူတွေက အမေဒေါသထွက်တာကိုပဲ မြင်တယ်။ ကလေးကို ပြုစုစောင့်ရှောက်ချိန် သူ ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်ပူပန်တာကိုတော့ သတိမထားမိတတ်ဘူး။

သူ့ကို နားလည်ပြီး နှစ်သိမ့်တာမျိုးလည်း မရှိဘူး။

လူအများက အမေတွေအပေါ် မျှော်လင့်ချက်တွေ အမြင့်ကြီး ထားကြတယ်။

ကလေးကို ပြုစုစောင့်ရှောက်တတ်ရမယ်၊
နူးညံ့သိမ်မွေ့ရမယ်၊
ကြော့ရှင်းပြီး အိမ်မှုကိစ္စမှာလည်း ကျွမ်းကျင်ရမယ်။

အမေဆိုတာ စူပါဟီးရိုး မဟုတ်ပါဘူး။

သူလည်း တစ်ချိန်က တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးထဲ ဖူးဖူးမှုတ်ခံထားရတဲ့ အဖိုးတန်သမီးလေး ပါ။

ကိုယ့်မိန်းမကို ဘယ်တော့မှ မနှိမ်ပါနဲ့။

အမျိုးသမီးတိုင်းဟာ ကလေးမရှိရင် ငွေရှာနိုင်တယ်။ ဒါပေမဲ့ ကလေးနဲ့ မိသားစုကို သူ့လောက် ဘယ်သူမှ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။

သူ့ရဲ့ ကိုယ်ကျိုးမငဲ့မှုနဲ့ ကြီးကျယ်မြင့်မြတ်မှုက ဘယ်အရာနဲ့မှ လဲလို့ မရနိုင်ပါဘူး။


💞
:နိုင်းနိုင်းစနေ

14/11/2025

ခင်ပွန်းတစ်ယောက်ဟာ သူ့ဇနီးကလွဲရင်
ကျန်တဲ့သူအားလုံးကို နားလည်ပေးတတ်တယ်။

သူ့ဇနီးကလွဲရင် ကျန်တဲ့သူအားလုံးပြောတာကို
သူနားထောင်တယ်။

တခြားသူတွေရဲ့ ပူဆွေးသောကတွေကို
သူက စာနာတတ်တယ်။

ဒါပေမဲ့ သူ့ဇနီးရဲ့ နာကျင်မှုနဲ့ အခက်အခဲတွေကျတော့
"ဟန်ဆောင်နေတာ" ဆိုပြီး အလေးမထားဘဲ ပယ်ချတတ်တယ်ယောကျာ်းတွေ့များတယ်လေ

28/09/2023

❝ များများ သိဖို့ပဲ လိုတယ် ❞
==================

"တပည့်တော်က
တရား များများမထိုင်နိုင်ဘူး ဘုရား။
ကျောရိုးမှာအတက်တွေ ထွက်နေလို့"

များများထိုင်နိုင်ဖို့ မလိုပါဘူး။
များများသိဖို့ပဲ လိုတယ်။

ပက်လက်ပဲ အိပ်အိပ်,
ပက်လက် ကုလားထိုင်ပေါ်မှာပဲ ထိုင်ထိုင်,
အဲလို အိပ်ရက်ကလေးနဲ့ပဲ
ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတာ,
ကိုယ့်စိတ်မှာ ဖြစ်နေတာကို
သိနေရင်လည်း ပြီးတာပဲ။
ပက်လက်ပဲ အိပ်အိပ်,
မှောက်ရက်ပဲ အိပ်အိပ် ကိစ္စမရှိဘူး။

ဘုရားက...
ဘယ်လောက်ထိအောင် မှာခဲ့လဲဆို
Toilet ထဲမှာ ကျင်ကြီး ကျင်ငယ် စွန့်တုန်းမှာ
သတိလေးနဲ့ ဥာဏ်လေးနဲ့သိပြီး နေရမယ်တဲ့။
သတိနဲ့ ဥာဏ်နဲ့ ယှဉ်လာရင် ဝိပဿနာဖြစ်ပြီ။

အဲဒီတော့ Toilet မှာ...
ထိုင်နေတုန်းလေးမှာ...
တရားအားထုတ် ကြည့်ပါ ရတယ်။
အဲဒီအချိန်မှာ အဲဒါ မလုပ်ရင် ဘာလုပ်မလဲ။
တွေးမိတွေးရာတွေ တွေးနေမှာနော်။

အဲဒီတော့...
ဘယ်လိုနေရာမှာ ဘယ်လိုပဲ နေနေ
ကိုယ့်စိတ်က ကိုယ့်ခန္ဓာမှာ ရှိဖို့ လိုတာ။

ကိုယ့်စိတ်က...
ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ ရုပ်တရား,
နာမၲရားရဲ့သဘာဝကို သိဖို့
အဲဒါ အရေးအကြီးဆုံးပဲ။

ကျောရိုး အဆစ်အတက်တွေကြောင့်
ပက်လက် အိပ်နေရတာဆိုတော့...
အဲဒီလို ပက်လက်လေး အိပ်နေရင်းနဲ့
တရားအားထုတ်လို့ရပါတယ်။

ပက်လက်အိပ်ရက် နာရီဝက်,
ထိုင်ရက် နာရီဝက်ဆို နည်းတာမဟုတ်ဘူး။
ပုံစံအမျိုးမျိုးနဲ့ အားထုတ်လို့ရပါတယ်။
သိဖို့ အဓိကထားပါ။

ဒီတရားအားထုတ်တာနဲ့ ပတ်သက်ပြီးတော့...

သိပ်လောဘကြီးလို့ မရဘူး။
လုပ်တိုင်းလည်း မဖြစ်ဘူး။
မှန်မှန်ပဲ လုပ်သွားနေပါ။
အခု လုပ်နိုင်သလောက်လုပ်ပါ။
အခြေအနေ ပိုပေးရင် ပိုလုပ်ပါ။

သူများတွေ...
ဘယ်လောက် လုပ်နေတယ်ဆိုတာတွေ
ခေါင်းထဲ ထည့်မထားပါနဲ့။

သူတို့ အခြေအနေပေးလို့
သူတို့လုပ်နိုင်တာ...
ဝမ်းသာတဲ့စိတ်တော့ ထားပါ။

ငါ သူတို့လို မလုပ်နိုင်ပါလားလို့တော့
စိတ်ပျက်မသွားပါနဲ့။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
"မသိရင် ခက်မယ်"စာအုပ်မှ-

Crd 🙏

11/08/2023

ကံတွေ ဖြစ်သွား ပြီ ဆို ရင် ဒုက္ခ
တွေဟာ ကိုယ့်ဘက်ကို ဦးတည်လာ
နေပြီးတော့။
လက်တွေ့ဘဝမှာရော ၊ သံသရာ
ဘဝတွေမှာပါကံတွေကစကားပြော
လာပါလိမ့်မယ်။
အဲဒီ အချိန် အ ခါ ကျ ရင် တော့
ကိုယ့်ဘက်ကနေ လျှောက် လွှဲ ချက်
ယူလို့မရေတာ့ပါဘူး။
ကံစီစဉ်တဲ့ အတိုင်းပဲ လက်ခံကြ
ရတော့မှာပါ။
ဒါကြောင့်။
အလုပ် မမှား ကြ ရ အောင် မိမိ
အတွေးတွေ ကို သတိထား ကာ ဂရု
စိုက်ပေးဖို့လိုပါတယ်။❣❣❣

အမြဲတမ်းအတွက်

Mon Wai✍

Photos from Sein Sein's post 20/03/2023

လိမ္မာပါးနပ်တဲ့ မိန်းမတွေက…
💜🌾💜🌾💜🌾💜🌾💜

လိမ္မာပါးနပ်တဲ့မိန်းမတွေက
အမုန်းကို အပြုံးနဲ့သာ တုံ့ပြန်တယ်။

လိမ္မာပါးနပ်တဲ့မိန်းမတွေက နာကျင်မှုကို
တိတ်တဆိတ်နေခြင်းနဲ့သိမ်းတယ်။

လိမ္မာပါးနပ်တဲ့ မိန်းမတွေက…
မနာလိုစိတ်နဲ့ အချိန်မဖြုန်းဘူး။
ကိုယ့်အစွမ်းအစကိုယ် ချိန်ဆနေတတ်တယ်။

လိမ္မာပါးနပ်တဲ့ မ်ိန်းမတွေက
ကိစ္စရပ်တိုင်း မြန်ဖို့ထက်
မှန်ဖို့ပဲ အာရုံစိုက်တယ်။

လိမ္မာပါးနပ်တဲ့ မ်ိန်းမတွေက
ဘယ်နေရာမှာ ဘာစကားပြောရမလဲ…
နားလည်ကြတယ်။

လိမ္မာပါးနပ်တဲ့ မိန်းမတွေက
ကိုယ့်အနား မရှိနိုင်တဲ့…
ယောကျာ်းတစ်ဦးအတွက်
တမ်းတ ပူဆွေးမနေဘူး။

တစ်ဖက်သတ်လိုက်ကြိုက်ပြီး
အိနြေ္ဒပျက်လောက်အောင်
သိက္ခာတွေ မှေးမှိန်မနေတတ်ဘူး။

လိမ္မာပါးနပ်တဲ့ မိန်းမတွေက …
ရုပ်အလှပြင်ဆိုင် သွားကြသလို…
စိတ်အလှပြင်ဖို့လည်း စာဖတ်မပျင်းကြဘူး။

လိမ္မာပါးနပ်တဲ့ မိန်းမတွေက
ဝမ်းနည်းစရာအတိတ်ကို
ဒိုင်ယာရီထဲမှာပဲ သိမ်းထားကြတယ်။
ပျော်စရာအနာဂတ်ကိုသာ
နေ့တိုင်းဖန်တီး တည်ဆောက်နေတတ်တယ်။

လိမ္မာပါးနပ်တဲ့ မိန်းမတွေက
မာနကို သူမဘဝရဲ့ လုံခြုံရေးအတွက်
ဘောင်ခတ်ဖို့သာ ထုတ်သုံးကြတယ်။

)လိမ္မာပါးနပ်တဲ့ မိန်းမတိုင်း
ချစ်ခြင်းမုန်းခြင်း ပူဆွေးခြင်း
ပျော်မြူးခြင်းနဲ့မတည်မြဲခြင်းများကို…
တည်ငြိမ်စွာပင် ရင်ဆိုင်နိုင်အောင်…
ကြိုးစားကြတယ်။

ဘာသာရေး အဆုံးမတွေနဲ့
ငြိမ်းချမ်းရာ တရားစစ်ကို
ရှာဖွေဆည်းပူးတတ်ကြပါတယ်။

...💜🌾

20/03/2023

မျက်နှာသစ်ဆေးတွေသုံးရတာအဆင်မပြေတဲ

သူတွေအတွက်ဒီAmor..အရေပြားဆရာဝန်ကို

တိုင်ထုပ်ထားပေးတဲ.မျက်နှာသစ်ဆေးလေကို

အစမ်းသုံးကြည်လိုရပါတယ်.တခါသုံးဖူသူတိုင်း

အသဲစွဲ.ဘာဖြစ်လိုလဲသိလာ.ကိုယ်ရဲမျက်နှာလေကို

သူကိုသုံးပြီတော့ယူကြည်မူရှိလာလိုပဲ.

လိုကြည်လာမှာလိုရပါတယ်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangbon
Bangkok