Lia's Curiosity
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Lia's Curiosity, สุขภาพ/ความงาม, Bangkok.
Learn English with a Simple Story: Ten Hours 😊
Hi Everyone, Let’s learn English with a simple story today 😊Try this easy English story (very helpful!)
🤜 curiosity 🤛
Hi Everyone, အားလုံးပဲ မဂ်လာညချမ်းလေးပါ။ English B1,B2သမားတွေ listening practiceလုပ်လို့ရမယ့် videoလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။လုပ်ငန်းခွင်၊ ကျောင်းတွေမှာ Presentationလုပ်တဲ့အခါ လေ့ကျင့်လို့ရအောင်ပဲဖြစ်ဖြစ်၊ အားလုံးလိုက်နားထောင်ပြီး ဘယ်လောက်ထိ မှတ်မိပြီး နားလည်လဲဆိုတာ လေ့ကျင့်ကြရအောင်နော်။ နောက်နေ့တွေမှာလည်း Listeningအတွက် videoလေးတွေ တင်ပေးနေမှာမို့ like&shareလုပ်ဖို့ မမေ့နဲ့နော်။
13/04/2026
Hello Everyone, Happy Myanmar New Yearပါ။ ဒီနေ့ ရာရာ English meaningလေးတစ်လုံးshareပေးချင်ပါတယ်။ ကိုယ့်ကို သူများတွေက အလုပ်အကိုင်အခြေ အနေဘယ်လိုရှိလဲ? ဒီနေ့ အပြင်သွားတာအဆင်ပြေလား? မင်းရဲ့ လေ့လာရေးခရီးစဉ်ကော ဘယ်လိုလဲ? အစရှိသဖြင့် ကိုယ့်ရဲ့ အကြောင်းအရာကို သူငယ်ချင်းဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ထဲကဖြစ်ဖြစ်၊ အသိမိတ်ဆွေတွေက လှမ်းပြီးနုတ်ဆက်ရာမှာ မေးတဲ့ မေးခွန်းတွေကို ခြုံပြီး ဖြေမယ်ဆိုရင် အခုထိတော့ အဆင်ပြေနေတယ် or အခုချိန်အထိ ကောင်းကောင်းဖြစ်နေတယ်လို့ ပြန်ဖြေကြပါတယ်။ အဲ့လိုမျိုးဖြေမယ်ဆိုရင် "So far so good" ဆိုပြီး သုံးလို့ရပါတယ်။ သူရဲ့ Example Sentenceလေးတွေ ကြည့်ရအောင်။
✍️ Example Sentences
1️⃣ Daily life
A: How is your new job?
B: So far, so good.
👉
A: အလုပ်အသစ်ဘယ်လိုလဲ?
B: အခုထိတော့ အဆင်ပြေနေတယ်။
2️⃣ Study
My English learning is going well so far, so good.
👉 အင်္ဂလိပ်လေ့လာတာ အခုထိတော့ အဆင်ပြေနေတယ်။
3️⃣ Work situation
The project is going well so far, so good.
👉 Project က အခုထိတော့ ကောင်းကောင်းဖြစ်နေတယ်။
12/04/2026
Hello everyone,ဒီနေ့ sharingလုပ်ပေးမယ့် English sentenceလေးရှိပါတယ်။ Storyဖတ်ရင်းနဲ့ ဒီစာကြောင်းလေးတွေ့တော့ six senseရဲ့ အဓိပ္ပာယ်လေးကို လာပြီးမျှဝေပေးတာပါ။ Titileက "The Red Button" စိတ်ဝင်စားလို့သွားဖတ်ချင်ရင် Fabulang storyတွေ သွားဖတ်နိုင်ပါတယ်ရှင်။အကြောင်းအရာ အတိုချုံးပြောရရင် Ravenလို့ခေါ်တဲ့ စုံထောက်အကြောင်းလေးပါ။ သူက လူသတ်သမားဖော်ထုတ်ရာမှာ အရမ်းတော် လွန်းလို့ သူရဲ့ အကြီးအကဲ Chiefက ဒီစာကြောင်းလေးနဲ့ သူကို ချီးကျူးစကားပြောလိုက်ပါတယ်။ "You've got some sort of six sense, Raven, "said the Chief.“ မင်းမှာ တစ်မျိုးထူးခြားတဲ့ ခံစားနိုင်စွမ်း (sixth sense) တစ်ခု ရှိနေသလိုပဲ၊ Raven လို့ Chief က ပြောခဲ့တယ်။”
'
'
'
****အဓိပ္ပာယ်လေးသိသွားရင် six senseကို သုံးပြီး အောက်က ဉပမာ စာကြောင်းလေးပေးထားမယ်။ စာဖတ်သူများလည်း စာကြောင်းတိုလေးဖြစ်ဖြစ် ကွန့်မန့်မှာ ရေးပြီးဖြေကြည့်နိုင်ပါတယ်ရှင် ....
✏️ Example Sentences
1. Example:
She has a sixth sense about danger.
👉 သူမမှာ အန္တရာယ်ကို အလိုလိုသိနိုင်တဲ့ စိတ်ရှိတယ်။
2. Example:
I don’t know how, but I had a sixth sense something was wrong.
👉 ဘာကြောင့်လဲ မသိပေမယ့် တစ်ခုခုမှားနေတယ်လို့ အလိုလိုခံစားမိတယ်။
3. Example:
He’s got some sort of sixth sense for business.
👉 သူက စီးပွားရေးမှာ အလိုလိုသိနိုင်တဲ့ ခံစားချက်တစ်ခု ရှိတယ်။
🧠 Easy Way to Remember
👉sixth sense = intuition (အလိုလိုသိနိုင်မှု)
နောက်နေ့တွေမှာလည်း ဗဟုသုတရမယ့် အကြောင်းအရာတွေ တင်နိုင်အောင် ကြိုးစားသွားပါမယ်။ ဗဟုသုတရတယ်ဆိုရင် Pageလေးကို followလေး
လုပ်ပေးကြပါရှင်။ ကျေးဇူးတင်ပါတယ်။
05/04/2026
Hi everyone, ဒီနေ့ englishစာလေး sharingလုပ်ပေးချင်ပါတယ်။ တော်တော်များများသိထားပြီး၊ မြင်ဖူးထားပြီးသားဖြစ်မှာပါ။ မသိသေးသူများလည်း အခုရာရာ့ မျှဝေပေးတာလေးကို မြင်ပြီး သိသွားအောင်ကြည့်လိုက်ပါနော်။ Levelအနေနဲ့ B2, C1လေ့လာနေသူတွေ အတွက် ကိုယ်တိုင်သုံးပြီး ဝါကျတွေ တည်ဆောက်ပြီး သုံးလို့ရပါတယ်။ အဲ့စကားလုံးလေးက "So far= up to now / until now" ပါ။ မြန်မာလို အဓိပ္ပာယ်လေးက so far = ယခုအချိန်အထိ / လက်ရှိအထိ ဖြစ်ပါတယ်။ British Council Learningမှာ သုံးထားတဲ့ စာကြောင်းလေးက “I know we're working cross-functionally on this project, but so far the key stakeholders are really pleased with how it's going.” ဒီ project ကို department အများကြီးနဲ့ လုပ်နေတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် အခုအချိန်အထိ အရေးကြီးတဲ့ stakeholder တွေက တိုးတက်မှုအပေါ် စိတ်ကျေနပ်နေကြတယ်။ ကဲဒါဆို so farရဲ့ အဓိပ္ပာယ်ကို သိရင် ကိုယ်တိုင် စာကြောင်းတွေ တည်ဆောက်လို့ရပါပြီနော်။
example: "My English is improving so far." ငါ့ English က အခုအထိ တိုးတက်နေတယ်။
"I like Thailand so far." ငါ ထိုင်းနိုင်ငံကို အခုအထိ ကြိုက်နေတယ်။
"The project is successful so far." Project က အခုအထိ အောင်မြင်နေတယ်။
"So far, I haven’t faced any problems." အခုအထိ ပြဿနာမကြုံရသေးဘူး။
"So far, I’ve gained valuable experience in team management."အခုအထိ အသင်းစီမံခန့်ခွဲမှုမှာ အတွေ့အကြုံကောင်းတွေ ရရှိခဲ့တယ်။
Important Grammar Tip: So farကို သုံးမယ်ဆိုရင် သူ့နောက်မှာ များသောအားဖြင့် Present Perfectလိုက်ပါမယ်။
👉 “So far” → usually with Present Perfect
Examples:
I have learned a lot so far ✔
I learned a lot so far ❌ (not natural)
🧠 Easy Memory Trick
👉 Think:
so far = from past → until NOW
အခုမျှဝေပေးတဲ့ စာလုံးလေးကို နားလည်သွားပြီဆိုရင် စာကြောင်းလေးတွေတည်ဆောက်ကြည့်ကြနော်။ အောက်မှာ exampleအနေနဲ့ စာကြောင်းလေးမေးထားပေးမယ်။
“So far, I have ______.”
Example:
“So far, I have improved my English speaking skills.”
“So far, I have improved my ______ by ______.”
Example:
“So far, I have improved my English by practicing every day.”
Hi everyone, ဒီနေ့ ရာရာ့sharingလုပ်ပေးချင်တဲ့ အကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါတယ်။ General Knowledgeအနေနဲ့ပါ။ အခုခေတ်မှာ အလုပ်အကိုင်ရှားပါးလာတာနဲ့ အညီလူငယ်တွေအတွက် နည်းပညာဖြည့်စည်းဖို့လိုအပ်ချက်တွေကလည်း များသထက် များပြားလာပါတယ်။ နိုင်ငံကူးပြောင်းမယ်ဆိုနံပါတ်တစ်အနေနဲ့ ဘာသာစကားကလည်း First Priorityအနေနဲ့ အရေးကြီးလာသလို ကိုယ်လုပ်မယ့် အလုပ်ရဲ့ Skillကလည်း အဓိက လိုအပ်ပါတယ်။ ဆိုတော့ကာအနဲဆုံးတော့ မိခင် ဘာသာအပြင် ဘာသာစကား၂မျိုးလောက်ပြောနိုင်တဲ့ သူက၊ nativeတစ်ခုထဲတတ်တဲ့ သူထက်တော့ အခွင့်အလမ်းက ပိုသာသွားတာ အမှန်ပါပဲ။ ဒါကြောင့် nativeအပြင် international languageဖြစ်တဲ့ English or other languageတစ်ခုခုကို အနိမ့်ဆုံးbasicလောက်တော့ တတ်ထားသင့်ပါတယ်။ Levelဆိုရင် intermediateလောက်တတ်ထားရင် ပိုပြီးကောင်းပါတယ်။ဘာသာစကား ၃မျိုး ၄မျိုးတတ်တဲ့ သူဆိုရင်တော့ ပိုပြီးတော့ အခွင့်လမ်း ရမည်မှာ မလွဲမုချ အမှန်ဖြစ်ပါတယ်။ နောက်ပြီး အခုလို AIတိုးတက်လာတဲ့ ခေတ်မှာ Companyတွေက လူတွေအစားAIีကိုအစားထိုးလာတာ တကယ်ရှိလာပါပြီ။ ရာရာ့တို့ အလုပ်မှာဆိုရင် AIနဲ့ အစားထိုးပြီး လူတွေ ထက်ဝက်ခန့်လျှော့ချလာခဲ့ပါပြီ။ Data Centerတွေမှာလည်း AIတွေ အစားထိုးပြီး လူပေါင်းများစွာ လျှော့ချလာပါပြီ။ AIဆိုတာ လူကတီထွင်ထားတဲ့ အရာဖြစ်ပါတယ်။ လူတွေတီထွင်ထားတဲ့ အရာကပဲ လူတွေနေရာကိုအစားထိုးသွားတာပါ။ နောက်ပိုင်း AIလုပ်နိုင်တဲ့ အလုပ်တွေမှာ လူတွေကို အစားထိုးသွားမှာမလွဲမုချပါပဲ။ ရာရာစဉ်းစားမိတာက AIထက် လူတွေက ဉီးနှောက်နဲ့ အလုပ်လုပ်တဲ့အတွက် အတွေးတွေက ကျယ်ပြန့်တယ်၊ စဉ်းစားပုံချင်းမတူဘူး၊ ဆင်ခြင်ဉာဏ်ရှိတယ်။ AIက programနဲ့ တည်ဆောက်ထားတဲ့အတွက် လူတွေလို မလုပ်နိုင်ဘူး။ အဲ့လိုအားသာချက်တွေနဲ့ပဲ AIနဲ့မတူတဲ့ အလုပ်အကိူင်တွေ ဖန်တီးပြီးလုပ်ခွင့် ရမယ် ကိုယ့်ဖက်က Skillတွေရှိဖို့ ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ ရာရာလည်းAIကြောင့် အလုပ်ရှာနေသူတစ်ဉီးပြန်ဖြစ်နေပါပြီ။ တစ်ဖက်မှာလည်း AIကို trainမယ့် remote ကို offerရထားတာဖြစ်တဲ့ အတွက် သူတို့ရဲ့ အကျိုးအပြစ်ကို စဉ်းစားပြီး နောက် postတွေမှာ sharingလုပ်ပေးသွားပါမယ်။ စာဖတ်သူတွေလည်းအတွေ့အကြုံရှိခဲ့ရင် ဝိုင်းဝန်းဆွေးနွေးနိုင်ပါတယ်။
အလှအပတစ်ခုမှာ ရုပ်လှဖို့အပြင် စိတ်လှနေဖို့လည်းအရေးကြီးတယ်။ စိတ်ကလေးကြည်လင်လန်းဆန်းနေပြီး ရှင်းလင်းနေရင် အပြင်ပိုင်းရုပ်ကလေးဟာလည်းအကြည်ဓာတ်တွေနဲ့တောက်ပနေမှာပါ။ဘဝအမောတွေရှင်းပြီး ကြည်လင်လန်းဆန်းပါစေ guys
’s Curiosity
ဒီနေ့ရာသီဉတုကြည်လင်လို့ စိတ်လေးအေးချမ်းနေတယ် butအိပ်ရေးတော့မဝဘူးရယ် 😴
Hello guys,
ဒီနေ့ရာရာပြောပြပေးချင်တာက ကိုယ်နဲ့အဆင်မပြေတဲ့သူ၊ကိုယ်ကြည့်မရသူလည်းကြည့်မရသူ၊ကိုယ်ကမုန်းသူလည်းမုန်းတဲ့သူနဲ့အလုပ်တွဲလုပ်ရတဲ့အခါဘယ်လိုလုပ်မလဲ?အဖြေကတော့‐-------- ‐-------- ‐-------- ‐--------
‐-------- ‐-------- ‐-------- ‐-------- ‐--------
ဘာမှမလုပ်ပါနဲ့😁 ဟီးစတာပါ။စိတ်နောက်တာတွေကြည်သွားအောင်။အမှန်တကယ်ကစိတ်နောက်စရာ၊စိတ်ရှုပ်စရာအလွန်ကိုကောင်းလှပါတယ်။Anywayရာရာတို့ကပုထုဇဥ်လူသားပဲလေနော်။ကိုယ်နဲ့အဆင်မပြေ၊စိတ်ကသိကအောင့်ဖြစ်စရာလူနဲ့အလုပ်ဘယ်တွဲလုပ်ချင်မလဲ။မဖြစ်မနေလုပ်ရတဲ့အခါစိတ်ကိုဘယ်လိုပြင်ဆင်မလဲ။အဲ့ဒါပဲအရင်တွေးရမှာပေါ့နော်။ရာရာတို့က ကိုယ့်ကိုယ်ပိုင်အလုပ်လုပ်နေတာမဟုတ်ဖူးလေ။ကိုယ်ပိုင်အလုပ်လုပ်ရင်တောင်ဒါကကြုံလာနိုင်တာပဲလေ။အဲ့တော့ကိုယ့်စိတ်ကိုပဲပြင်ဆင်ရမှာပေါ။Firstly, you never stop your step but you should pretend stop your inconvenient person with working together.That's why. အရင်ဆုံးဆရာလုပ်တတ်တဲ့သူဆိုသူ့ကိုပေးလုပ်လိုက်ပါ။သူဘယ်လောက်ဆရာလုပ်နိုင်မလဲ။သူ့မှာကိုယ်နဲ့အဆင်မပြေတဲ့အရာ၊မကြိုက်တဲ့အရာရှိနေရင်သူ့ကိုဦးစားပေးလိုက်၊လုပ်ခွင့်ပေးလိုက်၊ကိုယ်ကကိုယ့်အလုပ်ကိုဆက်လုပ်နေလိုက်။သူများတွေမေးရင်လည်းသူ့ကိုတကူးတကခေါ်ပေးလိုက်၊သူလုပ်တတ်ကြောင်း အမွှမ်းတင်ပေးလိုက်၊ဒါဆိုသူလည်းကြိုက်တယ်။ကိုယ့်အတွက်လည်းစိတ်ဖိစီးမှုမဖြစ်တော့ဘူး။တစ်ခုပဲသူ့အပေါ်မှာriskတွေပိလာလိမ့်မယ်။ဆရာလုပ်တတ်တဲ့သူဆိုသူပြောတဲ့စကားသူတာဝန်ယူရတော့မယ်၊သူလုပ်တဲ့အလုပ်သူတာဝန်ယူရတော့မယ်။အဲ့အပိုင်းမှာသူဘယ်လိုရှေ့ဆက်မလဲ။ရင်ဆိုင်မလဲ။ဘာလိူ့လဲဆိုတော့ကိုယ်ကအကြောင်းသိတယ်လေဒီကောင်လေအိုး၊အပြောပဲရှိတာလက်တွေ့ကချိုမိုင်မိုင်ဆိုတာ။ဒီအတိုင်းထိုင်ကြည့်နေလိုက်။သူ့ရှေ့မှာကိုယ့်အလုပ်ကိုတော့မလစ်ဟင်းစေပဲအေးဆေးအမူအရာနဲ့လုပ်နေလိုက်ရင်ကိုယ့်စိတ်လဲနေရထိုင်ရအဆင်ပြေသွားမယ်။ အမြှောက်ကြိုက်တဲ့သူကိုမြှောက်ပေးလိုက်။သူ့ဘာသာသူကနေလိမ့်မယ်။မောသွားလဲ ကနေတဲ့အထိမြှောက်ပေးလိုက်။အဲ့ဒါကိုယ်မကြိုက်တဲ့သူ၊ကိုယ်ကိုကြည့်မရတဲ့သူ၊ကိုယ်နဲ့အဆင်မပြေတဲ့သူကို အေးဆေးစွာတုံ့ပြန်နည်းပဲ။ရာရာကတော့အစကစိတ်မထားတတ်တော့အရမ်းကိုလူပင်ပန်း၊စိတ်ပင်ပန်းဖြစ်ရတယ်။နောက်တော့အဲ့နည်းလမ်းစဥ်းစားမိပြီးလုပ်ကြည့်တာ တော်တော်အဆင်ပြေတယ်။တချို့ကိစ္စတွေမှာ ရိုးသားစွာနေတာထက် ၊ ဟန်ဆောင်ပြီးနေရတာက သူ့ဖက်ကိုယ့်ဖက်အဆင်ပြေတဲ့သဘောမှာရှိတယ်။ဒါ့ကြောင့် ရာရာ့မန်ဘာတွေလည်းစိတ်ထားတတ်အောင်နည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်။အသုံးတည့်ပြီးကျန်းမာပျော်ရွှင်ပါစေ။
Hello guys
ဒီနေ့ရာရာခေါင်းထဲမှာပေါ်လာတဲ့မျက်နှာသစ်ဆပ်ပြာအကြောင်းလေးဗဟုသုတအဖြစ်shareပေးချင်ပါတယ်။ရာရာအသားအရေအကြောင်းအရင်ပြောမယ်နော်။ရာရာကsensitive skinဖြစ်ပြီးTzoneတစ်ဝှိုက်အဆီပြန်တယ်ပေါ့နော်။မျက်နှာမှာအရေးကြီးဆုံးကတော့သန့်စင်ဆုံးအပိုင်းပေါ့နော်။ထွေထွေထူးထူးတော့လီရာမပြောတတ်ပါဘူး။ဘာလို့လဲဆိုတော့ရာရာကမိတ်ကပ်မလိမ်းတတ်ဖူး။သို့သော်လည်းအပြင်သွားပြီးအိမ်ပြန်ရောက်ရင်မဖြစ်မနေကတော့Removerနဲ့ပထမအကြိမ်ဂျီးတွေ၊ဖှုန်တွေဖျက်ပါတယ်။နောက်မှမျက်နှာသစ်ပါတယ်။အဓိကပြောချင်တဲ့အပိုင်းလာပါပြီ။ဪမေ့လို့cleansing removerကတော့alcohol freeဆိုဘာဖြစ်ဖြစ်တည့်ပါတယ်။ရာရာကတော့မဖြစ်မနေစွဲသုံးနေတာအခုထိတံဆိပ်တစ်မျိုးပဲရှိပါသေးတယ်။အဲ့အကြောင်းနောက်တစ်ခေါက်ထပ်ရေးပါ့မယ်။အခုပြောပြပေးချင်တာကရာရာတို့လိုskin ကTzoneအဆီပြန်ပြီးsensitiveဖြစ်တဲ့သူတွေအတွက်အရမ်းအဆင်ပြေပြီးskinလေးချောသွားတဲ့facial whipလေးအကြောင်းပါ။ရာရာသုံးနေတာအခုဆို၂ဗူးရှိပါပြီ။သူ့တံဆိပ်ကိုမှfacial formသုံးပါသေးတယ်။ခံစားရတဲ့feelingကတော့whipကိုပိုကြိုက်ပါတယ်၊အရမ်းနူးညံ့ပြီးအတွင်းပိုင်းထိသန့်စင်တဲ့ခံစားချက်ကိုရလို့ပါ။ရာရာနဲ့တည့်သလိုသုံးဖူးတဲ့သူတော်တော်များလည်းရှိမယ်ထင်ပါတယ်။ရာရာနဲ့အဆင်ပြေလို့personalအရsharingလုပ်ပေးတာဖြစ်ပါတယ်ရှင်။သူ့မှာတခြားအရောင်တွေနဲ့dry, normalဆိုပြီးရှိပါသေးတယ်။မသုံးဖူးတော့မသိပါ။ရာရာပထမတစ်ဗူးသုံးတာကSEBUMပါ။အခုသုံးနေတာBRIGHTUPပါ။သူကပိုတည့်သလိုခံစားရပြီးလုံးဝsmoothဖြစ်နေတဲ့ခံစားချက်ကိုရတာပါ။စျေးလဲအရမ်းမကြီးပါဘူးနော်။Japanနိုင်ငံထုတ်ပါ။အောက်မှာပုံလေးထည့်ပေးထားပါတယ်။အားလုံးပန်းလိုလန်းလို့ရေလိုအေးမြပြီးလှပကြပါစေရှင်😊
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Bangkok