Ruth’s makeup

Ruth’s makeup

แชร์

Makeup Educator & Creator

28/08/2026

♡ ကိုယ့် Skin Type နဲ့ မလိုက်တဲ့ Makeup Product တွေဝယ်ပြီး ပိုက်ဆံဖြုန်းနေတုန်းလား? 🥹💸

Makeup ပစ္စည်းတွေ အများကြီးဝယ်ထားပေမယ့် ကိုယ့် Makeup က အဆင်မပြေသေးဘူးဆိုရင် ဒီ Video ကိုကြည့်နော် 💄✨

Oily Skin / Dry Skin အလိုက် ဘယ် Product ကိုရွေးရမလဲ၊ ဘယ်လို Makeup Set တစ်ခုထားသင့်လဲ ဆိုတာ အသေးစိတ်ပြောပြထားပါတယ်
🙂‍↕️
Daily Makeup ကနေ Advanced Makeup Look အထိ လုပ်နိုင်ဖို့ ကိုယ့်မှာရှိထားသင့်တဲ့ Makeup Set lay 💕

ပြီးတော့ ကိုယ့် Color, Skin Tone, ကိုယ့်နဲ့လိုက်တဲ့ Makeup Product & Shade တွေကို တစ်ဦးချင်းသိချင်တယ်ဆိုရင် Private Online Self-Makeup Class မှာ Ruthနဲ့အတူ လေ့လာလို့ရပါတယ် 🤍

25/08/2026

အေးအေးဆေးဆေးနဲ့ ကိုယ့်အလှကို ပိုပေါ်လွင်စေမယ့် Look လေးပါ ♡

♡ Soft & Elegant Makeup Look ♡ 🦢🌷🕊️
အရမ်းမပြင်းဘဲ နူးနူးညံ့ညံ့နဲ့ Graceful ဖြစ်တဲ့ Makeup Look လေး 🤍

နေ့တိုင်းလည်း လိမ်းလို့ရသလို Date, Dinner, Event — ဘယ် Occasion မဆို လိုက်ဖက်တဲ့ Soft Girl + Elegant Vibe လေး ✨

22/08/2026

💸ပိုက်ဆံကုန်သွားပင်မဲ့ လုံးဝနောင်တမရစေမဲ့ Makeup products 💄

15/08/2026

💄 Makeup ကို စလေ့လာချင်ပေမယ့် အချိန်မရလို့ အမြဲနောက်ဆုတ်နေမိလား?

အလုပ်များလို့ Makeup Class တက်ဖို့ အချိန်မပေးနိုင်သေးပေမယ့် Makeup အကြောင်းကို သေချာလေ့လာချင်တယ်ဆိုရင် Ruthရဲ့ *Group Online Makeup Class* ကို Join လို့ရပါတယ် 🤍

ကိုယ်အားတဲ့အချိန်တိုင်း HD Quality Makeup Videos တွေကိုကြည့်ပြီး ကိုယ့်အချိန်နဲ့ကိုယ် Step by Step လေ့လာနိုင်ပါတယ်,Homework လုပ်ပြီးရင်လည်း Telegram Group ထဲမှာ ကိုယ်လုပ်ထားတဲ့ Makeup Look ကို ပို့ပြနိုင်ပြီး Ruthက ကြည့်ပြီး Feedback နဲ့ Advice ပြန်ပေးမှာပါ 💕

✨ *Group Online Class — Promotion 95,000 Ks*

နောက်Ruth ရဲ့ Private classလေးက 2ရက်တာ Face-to-Face Video Call Class ဖြစ်ပြီး ကိုယ်နဲ့သင်တန်းသူနဲ့ နှစ်ဖက်လုံးအဆင်ပြေတဲ့အချိန်ကို ညှိပြီး သင်ယူနိုင်ပါတယ်,

ဒီ Class မှာ ကိုယ့် Skin Tone, Face Shape နဲ့လိုက်တဲ့ Color တွေ၊ Makeup Look တွေ၊ ကိုယ့်အတွက်သင့်တော်တဲ့ Makeup Products တစ်setစာ တွေကို တစ်ဦးချင်းစီ သီးသန့်ရွေးပေးပြီး Makeup Product List ပါ အကြံပေးပေးပါတယ်💄

🎀 Private Online Makeup Class — 400,000 Ks

---

📍 *Bangkok Face-to-Face Makeup Class*

Bangkok မှာရှိပြီး Ruthနဲ့ Face-to-Face သင်ချင်တယ်ဆိုရင်လည်း Booking လုပ်ပြီး သင်ယူနိုင်ပါတယ်။

၂ ရက် Class တက်လို့ရသလို အချိန်မရတဲ့သူတွေအတွက် *တစ်ရက်တည်းနဲ့လည်း ကိုယ်အဆင်ပြေတဲ့ Date ကို ညှိပြီး Join လုပ်နိုင်ပါတယ်။* 🤍

Makeup ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေစရမလဲ မသိသေးရင်…
*ကိုယ့်အချိန်၊ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Class တစ်ခုကို ရွေးပြီး Ruthနဲ့အတူ Makeup Journey ကို စတင်လိုက်ပါနော် 💄✨*

📩 Class အသေးစိတ်နဲ့ Booking အတွက် DM လာခဲ့ပါ။

14/08/2026

Hello everyone

Ruth ရဲ့ Online Class က အတန်းအပ်လက်ခံတာ (1)ရက်သာ ကျန်ပါတော့ကြောင်း
remind လေး လုပ်ပေးတာပါရှင့် ☺️

13/08/2026

ကြုံဖူးကြလား 🥲🤣

12/08/2026

Ruthရဲ့ ✨ Branch 4 မိတ်ကပ်သင်တန်း သတင်းကောင်း! ✨
နေ့တိုင်း ကိုယ့်ဘာသာလှပသပ်ရပ်စွာ မိတ်ကပ်လိမ်းတတ်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် Color Theory နည်းလမ်းတွေကို အခြေခံကစပြီး သေချာကျွမ်းကျင်ချင်တာပဲဖြစ်ဖြစ်… ဒီသင်တန်းလေးက သင့်အတွက်ပါပဲ! 💄✨
ဒီလို စျေးနှုန်းအတန်ဆုံးသင်တန်း မျိုးက ခဏခဏ မဖွင့်ပါဘူးနော်!
🎨 သင်တန်းမှာ ဘာတွေသင်ရမလဲ?
✨နေ့စဉ် Daily လှပနေစေမယ့် Everyday Look လိမ်းနည်း
✨ကိုယ့်အသားအရေနဲ့ ကွက်တိကျမယ့် Color Theory လျှို့ဝှက်ချက်များ
✨Makeup lookလေးလဲများများထည့်ပေးထားပါတယ်နော်
📅 သင်တန်းစမည့်ရက်: ဒီလ ၁၆ ရက်နေ့ပါ
📌 လူဦးရေ အကန့်အသတ်ရှိတာမို့ စိတ်ဝင်စားရင် အခုပဲ DM (Direct Message) မှာ နာမည်စာရင်းပေးသွင်းလိုက်တော့နော်! 💖

Disclaimer: I do not own the rights to the music, images, or content shared in this post unless otherwise stated. All rights belong to the respective copyright owners. This content is shared for entertainment "fair use" for purposes such as criticism, comment, news reporting, teaching, and research.

Send a message to learn more

11/08/2026

အတန်းအပ် လက်ခံတာ အချိန် (4)ရက်သာ ကျန်ပါတော့တယ် ••••

RMS Online Class Batch - 4

08/08/2026

ကိုယ်လည်း လေ့လာနေဆဲ သင်ယူနေဆဲပါ

ဒီနေ့ Ruth အကြောင်း နည်းနည်း မိတ်ဆက်ချင်လို့ ✨

မိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီး
Ruth စပြီးလေ့လာခဲ့တာ ကြာပါပြီ။

လွန်ခဲ့တဲ့ 2016 ကတည်းကပါ။

Page ထောင်ပြီး ကိုယ့်ကိုယ် စပြီးဖော်ပြချိန် ၊ Sharing လုပ်ချိန်ကတော့ 2022 မှပါ။

ဒီတိုင်း ကိုယ်သွားချင်တဲ့ပုံစံအတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ သွားဖြစ်တယ်။

Ruth ကို သဘောကျလို့ သင်ပေးပါလို့ လာတောင်းဆိုတဲ့အခါ
ထိုက်သင့်တဲ့ သင်တန်းကြေးတစ်ခုနဲ့သတ်မှတ်ပြီး အပြင်မှာပဲ လူတွေ့သင်ပေးဖြစ်ပါတယ်။

အဲ့လိုပုံစံမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တယ်။
ကိုယ်တတ်ထားတာကို အချိန်ရရင် ရသလို Sharing လုပ်ပေးရင်းနဲ့ပေါ့။

ဒီနေ့မှာ Ruth ပြောချင်တာက
မြင်တွေ့နေရ ကြုံတွေ့နေရတဲ့ပြဿနာအချို့ပေါ့

အဲ့ဒါဘာလဲဆိုတော့

မိန်းကလေးတွေ တော်တော်များများကြုံရတဲ့အရာပါ။

လှလှပပ ပြင်တတ် ဆင်တတ်ချင်ပေမယ့်
ဘယ်ကနေစပြီး ပြင်ရမှန်းမသိ ဖြစ်တဲ့သူတွေ ၊

ကိုယ့်အသားအရည်နဲ့ လိုက်မဲ့ Foundation မရွေးတတ်လို့ မျက်နှာက မွဲပြာပြီး အရှက်ကွဲခဲ့ရတာတွေ ၊

ကိုယ်နဲ့ လိုက်ဖက်မရှိတဲ့ ပြင်ဆင်မှုတွေ ၊

သင်တန်းတွေ လိုက်တက်ပေမယ့် ဘာမှ ထူးခြားမှု မရှိတာတွေ ၊

YouTube ကနေ သူများရဲ့ Tutorials တွေကို လိုက်ကြည့်ပေမယ့်
ကိုယ်တိုင်ပြင်တဲ့အခါ တစ်စက်မှ မလှတာမျိုး ဖြစ်နေတာတွေ ၊

စသဖြင့် အလွဲလွဲအမှားမှားတွေ Ruth တွေ့ခဲ့ရပါတယ်။

အဲ့ဒီလို မိန်းကလေး တော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကူညီပေးချင်လို့

Ruth အနေနဲ့ အားလုံးတတ်နိုင်မယ့် amount လေးတစ်ခု (9သောင်းခွဲ) သတ်မှတ်ပြီး
Online အတန်းလေးကို စပြီး ဖွင့်ပေးဖြစ်တဲ့ ရည်ရွယ်ချက်ပါ။
Page Chatbox ကနေ တော်တော်များများလဲ လာပြီး စုံစမ်းနေတာကြောင့်ပါ။

အခုဆိုရင်တော့ (Batch - 4) ကို ရောက်လာခဲ့ပါပြီ။

ပြီးတော့ အမြဲတမ်းဖွင့်တဲ့ online class တစ်ခု မဟုတ်ပါဘူး။
နှစ်လ သုံးလနေမှ တစ်ခေါက်ဖွင့်ပေးဖြစ်ပါတယ်။

ပုံမှန်ဆိုရင် one by one အတန်းတွေ ၊ အပြင်အတန်းတွေပဲ ဖွင့်ပေးဖြစ်တာများပါတယ်။

အချို့က BKK မှာ မဟုတ်တော့ online class က အားလုံးအတွက် ပိုပြီးအဆင်ပြေမယ်ထင်လို့ပါ။

ကျောင်းတစ်ဖက်နဲ့ ၊ အလုပ်တစ်ဖက်နဲ့ ဖြစ်နေတဲ့သူတွေလည်း
အားရင်အားသလို လေ့လာလို့ရအောင် Video lesson လေးနဲ့ ဖန်တီးပေးထားပါတယ်ရှင့်။

Online Class ပဲ join ဖို့ အဆင်ပြေတဲ့ ညီမလေးတို့ မမတို့အတွက်
Ruth ဖွင့်တဲ့အတန်းတွေထဲ ဒီအတန်းက အဆင်အပြေဆုံးဖြစ်မယ်ထင်လို့ပါရှင့်🥰

အတန်းအပ်လက်ခံတာကတော့
အချိန် (7)ရက်သာ ကျန်ပါတယ်နော်
Join ဖို့ စဉ်းစားထားရင်တော့ အချိန်သိပ်မဆွဲပါနဲ့တော့နော်😁

အပ်ထားဖို့ ready ဖြစ်ရင်တော့
👉🏻 m.me/ruthsmakeup Link လေးကို ထောက်ပြီး
“RMS” လို့သာ ရိုက်ပို့လိုက်ရုံပါရှင့် •••

06/08/2026

Makeup onတာနဲ့ ပတ်သက်ပြီးမိန်းကလေးတိုင်းရဲ့ အိမ်မက်တစ်ခု မဟုတ်သလို
Makeup ဆိုတာကလဲ လူတိုင်းနဲ့လည်း မကိုက်ညီပါဘူး။

ဘာကိုပြောချင်တာလဲဆိုတော့

▪️တစ်ချို့က ပေါ့ပေါ့ပါးပါးပဲ နေရတာ လိမ်းရတာ သဘောကျတဲ့သူတွေရှိတယ်
အဲ့လိုလူတွေဆိုရင် Makeup ဆိုတာ သူတို့အတွက် မလိုအပ်ဘူးရယ်။

▪️တစ်ချို့ကတော့
Makeup onရတာ သဘောကျတယ်
သူတို့ရဲ့ daily life မှာ မပါမဖြစ်လို ဖြစ်နေတယ်
အပြင်သွားတိုင်း Makeup မအွန်ထားရင်ကို မသွားတတ်တဲ့သူတွေရှိတယ်။
အဲ့လိုလူတွေဆိုရင် makeup ပညာကို သင်ထားရတယ် လေ့လာထားရတယ်။

▪️နောက်ဆုံးလူတစ်မျိုးကတော့
Makeup ပညာကို ကိုယ့်အတွက် ပြန်အသုံးချဖို့မဟုတ်ပဲ
ကျွမ်းကျင်မှုကို ဝင်ငွေတစ်ခုအဖြစ် ပြန်ပြီး အသုံးချချင်တဲ့သူတွေရှိတယ်။
အဲ့လိုလူတွေကျတော့ လိုအပ်တဲ့သင်တန်းတွေ တက်တယ် ၊ Certi တွေ ယူထားရတယ်။

Ruth ထောက်ပြသွားတဲ့ လူ (3)မျိုးနဲ့ ပတ်သက်ပြီး
ကိုယ်က ဘယ်လိုလူစားထဲပါနေလဲဆိုတာ
ကိုယ့်ကိုယ် ပြန်သုံးသပ်လို့ရပါတယ်။

တစ်ချို့တွေက တွေးထင်တတ်ကြတယ်
မိန်းကလေးဖြစ်ပြီဆိုတာနဲ့ makeup လိမ်းတတ်ရမယ် ဆိုပြီး
သိမ်ငယ်စိတ်ဝင်တဲ့သူတွေရှိတာ ကြုံဖူးတယ်

ပြောချင်တာက
အဲ့လိုဖြစ်ဖို့ မလိုအပ်ပါဘူးနော်

ကိုယ်က ဘယ်လိုလူစားလဲဆိုတာ ကိုယ့်ကိုယ်သိဖို့ပဲ လိုတာပါ
ဘယ်လိုပုံစံက ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေလဲဆိုတာ
သိနေဖို့ပဲ လိုတာပါရှင့် ❣️

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok