No No
sharing travel knowledge and my lifestyle here 💕🌸
11/01/2025
Srilanka က little England လို့ခေါ်တဲ့ Nuwara Eliya မြို့လေး ပြင်ဦးလွင်လိုပဲ ကိုလိုနီခေတ်က အဂ်လိပ်တွေရဲ့ အပူရှောင်ဖို့ အပန်းဖြေမြို့အနေနဲ့ ထားထားတာ
မြို့ပတ်ပတ်လည်မှာ tea plantation တွေနဲ့ဖုံးထားပြီး ရာသီဥတုကလဲ အေးအေးလေး
တမြို့လုံးက hotel တွေ guest house တွေဆိုလဲ ရှေးခေတ် English cottage style အိမ် ပုံစံမျိုးတွေ
အရင်ကတော့ ကိုလိုနီအဂ်လိပ်အရာရှိတွေရဲ့ အိမ်တွေပေါ့ အခုတော့ ပေးခဲ့တာတွေကော တဆင့်ဆင့်လက်ဆင့်ကမ်းလာတာရောနဲ့ srilanka နိုင်ငံသားတွေပဲ အပိုင်ဖြစ်သွားပါပြီ
အာ့အိမ်လေးတွေကို guest house လိုပြန်ပြင်ပြီး ပြန်ငှါးကြတာပေါ့
အထဲမှာ အာ့အိမ်တွေရဲ့ပိုင်ရှင်ဖြစ်ခဲ့ဖူးတဲ့ ကိုလိုနီခေတ်က အရာရှိတွေရဲ့ portrait ပန်းချီကားတွေ သူတို့အသုံးအဆောင်တွေဆို အခန်းနဲ့ သက်သက်ခင်းထားတာ ကိုယ်ကတော့သရဲကြောက်လို့မနေခဲ့ဘူး modern style hotel အသစ်ကတမြို့လုံးမှာ အများကြီးမရှိဘူး
မြို့လေးကိုရောက်သွားတော့ ချက်ချင်းအနွေးထည်တွေထုတ်ဝတ်ရတာ ငယ်ငယ်က ကလောတောင်ကြိးဖက်ကို သွားလည်တာ သတိရမိတယ်
09/01/2025
အမျော်ကင့်ကြီးပဲနော်
07/01/2025
Kashmir in Summer & Kashmir in Winter
04/01/2025
Ban Rak Thai 🌸💕🇹🇭
အခုလို အချိန်ဆို အရမ်းနာမည်ကြီးပြီး တကယ့်ဆောင်း feeling ကိုခံစားရမယ့် ban rak thai ရွာလေး
ဘန်ကောက်ကနေ အာ့ကိုသွားခဲ့တဲ့အကြောင်းလေး share ပေးမယ်နော် အောက်ကပုံလေးတွေမှာ caption နဲ့ အသေးစိတ်လေးရေးပေးထားပါတယ်ရှင်
02/01/2025
📍Sala Rattanakosin
24/12/2024
china 🇨🇳⛳️
chinese visa ကို bangkok မှာလျှောက်တဲ့ အတွေ့အကြုံလေး share ပေးပါ့မယ်နော်
အရင်ကတော့ visa center မှာတိုက်ရိုက်သွားလျှောက်ရုံပါပဲ အခုက August 2024 ကစပြီး website မှာအရင်လျှောက်ပြီး approved ရမှ visa center မှာထပ်သွားလျှောက်ရမှာပါ
အောက်မှာ အသေးစိတ်ကိုအချက်လေးတွေနဲ့ ရေးပေးထားတယ်နော်
21/12/2024
Korea visa ကခက်လား??
မမဆောင်းလိုပါပဲ ခက်လားဆို မခက်ဘူး မခက်ဘူးလားဆိုလဲ မရခင်တော့ ရင်တမမနဲ့ပါပဲ tickets ကဝယ်ပြီးသားဆိုတော့
Visa processing time က အချိန်အရမ်းကြာပါတယ်. ၁ လ အတိအကျ ကြာတာမို့ ၁ လခွဲလောက်ကြိုတင်မှ စိတ်ချရမှာပါ. ကိုယ့်ဖက်က စာရွက်စာတမ်းစုံရင်တော့ မရပဲမနေပါဘူး
မြန်မာတွေကတော့ ထိုင်းမှာ long term visa 2 နှစ်ရှိထားပြီးသားမှသာ korea visa လျှောက်ခွင့်ရှိတဲ့ country list ထဲမှာပါပါတယ်
အောက်ကပုံလေးတွေမှာ လိုအပ်တဲ့ information တွေကို သေချာလေးရေးထားပါတယ်ရှင်
koreaကတော့drama တွေကလိုမဟုတ်ပါဘူးလို့ 😒😜
သွားလည်ပြီးရင်လဲ အတွေ့ကြုံလေးတွေလဲ ရှယ်ပေးသွားပါဦး
06/12/2024
ဘန်ကောက်မှာ မလေးရှား ဗီဇာ ဘယ်လိုလျှောက်ကြမလဲ ?
ပထမဆုံး ဗီဇာမလျှောက်ခင် သံရုံးမှာ booking ကြိုယူရပါတယ်. Booking ယူရမယ့် QR ကို အောက်မှာ ပုံထည့်ပေးထားပါတယ်.
လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
6 လသက်တမ်းရှိတဲ့ ပတ်စပို့မူရင်း
နောက်ခံ အဖြူရောင် ဗီဇာ size ဒါတ်ပုံ (2) ပုံ
Application form (သံရုံးမှာတောင်းပြီး ဖြည့်လို့ရ)
Invitation form (မရှိရင် travel itinerary, ဘယ်တွေလည်မယ် ဘယ်နှရက် လည်မယ်ဆိုတာမျိုး )
Flight ticket ( အသွားအပြန်)
ဟိုတယ် booking
Bank statement ( 3 months စာပဲတင်လိုက်ပါတယ်)
ဗီဇာကြေးကတော့ ၂၀၀ ဘတ်ဖြစ်ပြီး စာရွက်စာတမ်းစုံရင် 3 ရက်ဆို ဗီဇာရပါပြီ
မလေးရှာ သံရုံးလိပ်စာကတော့ Kronos Office, Building ชั้นที่ 17, 46 N Sathon Rd, Si Lom မှာပါ. Lumpini MRT ကနေ လမ်းလျှောက် ရင်ဖြစ်ဖြစ်ဆိုင်ကယ်ငှားစီးရင်လဲ နီးပါတယ်.
မလေးရှားမှာ ဘယ်တွေ လည်ဖြစ်လဲဆိုတာ နောက် ပို့စ်မှာ ထပ်ရေးပေးမယ်နော်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
11120