Dr Lwin

Dr Lwin

แชร์

Dental Surgeon
သွားနှင့်ခံတွင်းဆိုင်ရာဆေးပညာဗဟုသုတများမျှဝေပေးပါသည်။

29/04/2026

MIDLINE DIASTEMA
🔹 a space between the upper central incisors.

🔴 CAUSES
1. Transient Malocclusion
Seen in mixed dentition (ugly duckling stage)
Usually self-corrects as canines erupt

2. Tooth Material–Arch Length Discrepancy
Missing teeth
Microdontia (small teeth)
Peg-shaped lateral incisors

3. Unerupted Mesiodens
Supernumerary tooth between centrals
Prevents normal eruption

4. Abnormal Labial Frenum
High frenal attachment
Fibrous tissue prevents closure

5. Habits
Thumb sucking
Tongue thrusting

6. Midline Pathology
Cyst/Tumor/Odontome➡️ Midline obstruction

7. Iatrogenic
Due to improper dental treatment

🟢 TREATMENT
Step 1: Removal of Cause
Treat underlying cause first (e.g., remove mesiodens, frenectomy)

Step 2: Active Orthodontic Treatment
🔹 Removable Appliance
🔹 Fixed Appliance

Step 3: Retention
Banded retainer
Hawley’s retainer
Composite bonding

29/04/2026

ရှေ့သွား၂ချောင်းကြားကျဲခြင်း
(Median Diastema )

ရှေ့သွား၂ချောင်းကြား နေရာလွတ်ဖြစ်ပြီး သိသိသာသာကျဲနေတာကို Median Diastema လို့ခေါ်ပါတယ်။
များသောအားဖြင့် ကလေးသွားနဲ့လူကြီးသွား
ရောပေါက်တဲ့ကာလ mixed dentation မှာတွေ့ရမယ်ဆိုရင် ဒါဟာသာမန်ပဲဖြစ်ပြီး လူကြီးသွားအားလုံးအစုံပေါက်တဲ့အချိန် ပြန်ကောင်းသွားတတ်ပါတယ်။
အကယ်၍ ပြန်မကောင်းပဲဆက်ကျဲနေသေးတယ်ဆိုရင်တော့ အခြေအနေအမျိုးမျိုး ဖြစ်နိုင်ပါတယ်။

♥️ဖြစ်နိုင်သောအကြောင်းအရင်းများ

👉သွားတွေက မေးရိုးထက်သေးနေလို့ နေရာလွတ်ကျန်တာ။
👉သွား၂ချောင်းကြားမှာ မထွက်ရသေးတဲ့ သွားအပိုလေးရှိနေတာကနေ နေရာလွတ်ဖြစ်တာ။
👉နှုတ်ခမ်းနဲ့သွားကြားမှာရှိတဲ့ labial frenumလေးက ရှေ့သွား၂ချောင်းကြား နေရာဝင်ယူပြီး သွားတွေကိုဘေးကိုပိုကျဲအောင် တွန်းထုတ်တာ။
👉လက်မစုပ်ခြင်း၊လျှာနဲ့သွားကိုတွန်းခြင်း စတဲ့ ငယ်စဉ်ကအမူအကျင့်တွေကြောင့် ကျဲတာ။
👉မေးရိုးထဲမှာ အရည်အိတ်၊အလုံး၊အကျိတ်စတဲ့ရောဂါတွေကြောင့် အမျိုးမျိုးဖြစ်နိုင်တာမို့ သွားဆရာဝန်နဲ့ သေချာပြသပြီးမှ ကုသမှုခံယူသင့်ပါတယ်။

🩵ဘယ်လိုကုသမလဲ?
ရှေ့သွားကျဲခြင်းရဲ့ အကြောင်းအရင်းကိုသိပီဆို
ထိုအကြောင်းအရင်းကို အရင်ဖယ်လိုက်ရုံပါပဲ။

👉Mesiodernsတွေကိုဖယ်တာ

👉High frenum attachment တွေကို frenectomyလုပ်တာ

👉Cyst,tumorတွေကိုကုသတာ

👉နေရာလွတ်ဖြစ်နေတဲ့သွား၂ချောင်းကြားကို လေဆာနဲ့ပြန်ဖာတာ (filling)

👉သွားကြွေလွာကပ်တာ (veneer)

👉သွားညှိကုသမှုခံယူတာ(orthodontist treatment)
စတဲ့ လိုအပ်တဲ့ကုသမှုတွေ လုပ်လို့ရပါတယ်။

ရှေ့သွား၂ချောင်းကျဲခြင်းဟာ သွားကျန်းမာရေးအတွက်သာမက မိမိရဲ့မျက်နှာသွင်ပြင် အလှအပအတွက်ပါ အရေးကြီးတာမို့ ဂရုစိုက်ပီး ကုသမှုခံယူကာ ပြုပြင်သင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။လူတိုင်း အပြုံးတွေလှပကျပါစေရှင်။

12/04/2026

သွားနုတ်ပြီးလူနာများလိုက်နာရန်
လမ်းညွှန်ချက်များ

👉​ဂွမ်းကို မိနစ် ၃၀ ခန့် ကိုက်ထားပါ။
(Bite on gauze for 30 mins)

👉​ရောင်ရမ်းခြင်းအတွက် ရေခဲအိတ်ကပ်ပေးပါ။
(Apply ice for swelling)

👉​သွားတိုက်ခြင်းကို ခေတ္တရှောင်ပါ။ ဆားရည်ဖြင့် ပလုတ်ကျင်းပေးပါ။
(No brushing, rinse with saline)

👉​ပိုက်ဖြင့်စုပ်သောက်ခြင်းနှင့် တံတွေးထွေးခြင်းများကို ရှောင်ကြဉ်ပါ။
(No straw or spitting)

👉​စပ်သောအစားအစာများနှင့် မာသောအစားအစာများကို ရှောင်ပါ။
(Avoid spicy & hard foods)

👉​ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
(No smoking or alcohol)

16/03/2026

Test your knowledge.

14/03/2026

ခံတွင်းကင်ဆာ၏ လက္ခဏာများ

​ခံတွင်းကင်ဆာသည် ခံတွင်းအတွင်းပိုင်း (လျှာ၊ သွားဖုံး၊ ပါးစပ်ကြမ်းပြင်၊ အာခေါင်၊ နှုတ်ခမ်း) တွင် ဖြစ်ပွားနိုင်ပြီး အောက်ပါလက္ခဏာများကို သတိပြုသင့်ပါသည်။

​၁။ ကြာရှည်မပျောက်ကင်းသော အနာများ (Persistent Ulcers):
​ပါးစပ်အတွင်း သို့မဟုတ် နှုတ်ခမ်းပေါ်တွင် ၂ ပတ်မှ ၃ ပတ်ထက်ပို၍ ကြာရှည်နေပြီး မပျောက်ကင်းနိုင်သော အနာများ။

​၂။ အဖြူရောင် သို့မဟုတ် အနီရောင် အကွက်များ (White or Red Patches):
​ခံတွင်းအတွင်းပိုင်း၊ လျှာ သို့မဟုတ် သွားဖုံးပေါ်တွင် ဖြစ်ပေါ်လာသော ထူးခြားသည့် အဖြူရောင် (Leukoplakia) သို့မဟုတ် အနီရောင် (Erythroplakia) အကွက်များ။

​၃။ အဖုအကျိတ်များ ဖြစ်ပေါ်ခြင်း (Lumps or Swellings):
​ခံတွင်းအတွင်း၊ နှုတ်ခမ်း သို့မဟုတ် လည်ပင်းတွင် အဖုအကျိတ်များ၊ ထူထဲနေသော နေရာများ ဖြစ်ပေါ်လာခြင်း။

​၄။ သွေးထွက်ခြင်း (Bleeding):
​ခံတွင်းအတွင်းမှ အကြောင်းရင်းမရှိဘဲ ခဏခဏ သွေးထွက်ခြင်း။

​၅။ နာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း (Pain or Numbness):
​ခံတွင်းအတွင်း သို့မဟုတ် နှုတ်ခမ်းတွင် နာကျင်ခြင်း၊ သို့မဟုတ် ထုံကျင်ခြင်းကို ခံစားရခြင်း။

​၆။ ဝါးရ၊ မျိုချရ ခက်ခဲခြင်း (Difficulty Chewing or Swallowing):
​အစာစားသည့်အခါ ဝါးရခက်ခဲခြင်း၊ မျိုချရခက်ခဲခြင်း သို့မဟုတ် လျှာကို လှုပ်ရှားရခက်ခဲခြင်း။

​၇။ အသံပြောင်းလဲခြင်း (Voice Changes):
​အသံဝင်ခြင်း၊ အသံပြောင်းလဲခြင်း သို့မဟုတ် အာခေါင်ထဲတွင် တစ်ခုခုတစ်နေသကဲ့သို့ ခံစားရခြင်း။

​မှတ်ချက်: အထက်ပါလက္ခဏာများသည် အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သော်လည်း၊ ဤလက္ခဏာများ ၂ ပတ်ထက်ပို၍ ကြာရှည်နေပါက ဆရာဝန် သို့မဟုတ် သွားဆရာဝန်နှင့် ပြသ၍ စစ်ဆေးမှုခံယူရန် အရေးကြီးပါသည်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


2881, Rama4 Road, Kalong Tan, Kalong Toei
Bangkok
10400