All about my Rigel

All about my Rigel

แชร์

Sharing about my essential things in daily life 💛🌻

22/10/2025

Quotes of the day 💚

10/10/2025

knowledge sharing လုပ်ရတာဝါသနာပါတာမို့ page ဖွင့်ခဲ့ပေမယ့် ဒီတစ်နှစ်တာလုံးမှာလဲ admin ကိုယ်တိုင် mental grief တွေ စိတ်ပင်ပန်းမှုတွေကြောင့် content လေးတွေတောင်မရေးနိုင်တော့လောက်အောင်ဖြစ်ခဲ့ရ page ကိုပစ်ထားမိတယ်ပေါ့နော် public sharing မလုပ်နိုင်တော့ပေမယ့် နီးစပ်ရာခင်မင်သူတွေကျောင်းလျှောက်ရာမှာ ကူညီပေးနိုင်ခဲ့ပြီး ကျောင်းဝင်ခွင့်တွေရကြတာတွေမြင်ရတဲ့အချိန်ရဲ့ ပျော်ရွှင်မှုခွန်အားတွေကနေ ကိုယ်တိုင်အတွက်လဲ healing ဖြစ်ခဲ့ပြီး အလုပ်တွေပုံမှန်ပြန်လုပ်ပြီး public contribution event တွေပြန်ပါဝင်ဖြစ်လာပြီပေါ့နော်

တစ်နှစ်ကျော်ပစ်ထားတဲ့ page လေးကို World Mental Health Day နေ့မှာပြန်ဝင်ဖြစ်ပါပြီ ဒီနှစ်ပိုင်းတွေမှာ လူတွေပိုပြီးသတိထားမိလာတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာလိုအကောင်အထည်ဖော်ပြလို့မရပေမယ့် နေ့စဉ်လူနေမှုဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ admin ရဲ့ master ဘွဲ့ thesis ကလဲ depression နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်သလို child psychology diploma အတန်းတစ်ခုတက်ဖြစ်ထားတာမို့ နောက်ရက်တွေမှာ စိတ်ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်

အားလုံးလဲ စိတ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်

Photo credit to original owner

15/09/2024

MELISSA ကနေ လိုအပ်တဲ့နေရာတွေမှာ menstrual pad တွေကို ကူညီပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့ "တထုပ်ဝယ်ယူ တထုပ်ကူ" menstrual product contribution movement လေးကို ယခုနှစ်March လကတည်းကလုပ်နေခဲ့ပြီး ဒီလမှာတော့ ရေဘေးသင့် ဒေသတွေကို လိုအပ်တဲ့ mentrual product တွေ လှူဒါန်းနိုင်ဖို့ movement ရဲ့အခွဲအနေနဲ့ "Go with the flow 🩸" ဆိုတဲ့ Menstrual products contribution campaign လေးကို ပြုလုပ်နေပါတယ်။
စိမ့်အနေနဲ့ MELISSA ကနေစီစဉ်တဲ့ အမျိုးသမီးကျန်းမာရေးနဲ့ မျိုးဆက်ပွါးကျန်းမာရေးပွဲတွေမှာ SRH educator/speaker အနေနဲ့ဝင်ရောက်ကူညီပါဝင်ခဲ့ဖူးပါတယ်။ အခု campaign မှာလဲ 10 packs ပါဝင်လှူဒါန်းထားပါတယ်။ အမျိုးသမီးတွေရဲ့သဘာဝဖြစ်စဉ်ကိစ္စတွေနဲ့လိုအပ်မှုဟာ လက်ရှိ crisis ကာလတွေမှာ ပိုမိုလိုအပ်မှုတွေရှိနေတာမို့ ပါဝင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်။ Campaign link လေးကိုလဲထည့်ပေးထားတာမို့ ပါဝင်လှူဒါန်းလိုသူများ MELISSA page မှာဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင့် 🤍

Campaign link >> https://www.facebook.com/share/p/rtxQ6L67GBEWN7sy/?

25/08/2024

Approaching the Mpox & past infection or vaccination with Global case series 🍀

လတ်တလော trend ဖြစ်နေတဲ့ emerging disease တစ်ခုဖြစ်တဲ့ Mpox နဲ့ပတ်သတ်ပြီး ရောဂါလက္ခဏာတွေ ကာကွယ်ကုသပုံတွေရေးနေကြပြီဆိုတော့ အဲ့အပိုင်းတွေမရေးတော့ဘဲ နာမည်ကျော်ဆေးပညာ journal တစ်ခုဖြစ်တဲ့ Lancet journal Jan 2024 မှာဖော်ပြခဲ့တဲ့ global case series တစ်ခုကို မှီငြမ်းပြီး ယခင် Mpox ကူးစက်ခံရပြီး reinfection ပြန်ဖြစ်ကြသူ (သို့) pox အနွယ်ဝင် smallpox vaccine ထိုးထားဖူးသူများ Mpox ကူးစက်ခံရပါက လက်ရှိ Mpox အပေါ် immune ကိုယ်ခံအားသက်ရောက်မှုဘယ်လိုရှိိနိုင်လဲလေ့လာထားတဲ့ paper ကို စိမ့်ကsharing လုပ်ပေးမှာပါ။ တကယ်တော့ Mpox နဲ့ပတ်သက်ပြီး global case series အများကြီးရှိပေမယ့် ဒီတစ်ခုကိုရွေးရခြင်းအကြောင်းက Master တန်းအတွက် presentation တစ်ခုမှာ ဒီ paper ကို ဖတ်ခဲ့ရလို့ဖြစ်ပါတယ်။ Citation ကိုလဲ post အောက်ဆုံးမှာထည့်ပေးထားပါတယ်။

အခု global case series ကတော့ 2022 Mpox outbreak ဖြစ်ချိန်မှာ လုပ်ခဲ့တဲ့ study တစ်ခုဖြစ်ပါတယ်။ May 2022 - June 2023 ကြား နိုင်ငံ ၉နိုင်ငံမှ report လုပ်လာတဲ့ PCR နဲ့ confirm လုပ်ထားတဲ့ cases တွေကို study လုပ်ထားတာဖြစ်ပါတယ်။ case series ဖြစ်တာမို့ epidemiological study types အရ observational descriptive အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဖြေတွေက descriptive ပုံစံ distribution (time, place, person) နဲ့သာ ပြပေးထားပါတယ်။ case series ဖြစ်တာကြောင့် research question တို့ hypothesis တို့တိကျစွာမပါဝင်ဘဲ အခု study ကနေ သိရတဲ့အဖြေပေါ်မူတည်ပြီးမှ တိကျတဲ့ research hypothesis တွေ questions တွေ ပေါက်ဖွားလာနိုင်ပြီး analytical studies များဆက်လုပ်သွားလို့ရပါတယ်။ (ဒါလေးကတော့ study types တွေအကြောင်းလမ်းကြုံလေးပါ 😁)
အခု study မှာတော့ case definition အရ ဘယ်လို case တွေကိုယူမလဲဆို Mpox ပထမအကြိမ်ဖြစ်သူ၊ ယခင် Mpox ဖြစ်ဖူးပြီး reinfection ပြန်ဖြစ်သူနဲ့ childhood smallpox vaccine ထိုးထားဖူးပြီး Mpox ဖြစ်သူတွေကို study case အနေနဲ့ယူမှာဖြစ်ပြီး 1st infection ရသူများရဲ့ ရောဂါလက္ခဏာများကို တခြားနှစ်ဖွဲ့နဲ့ယှဉ်ပြီးလေ့လာမှာပါ။ Study resultများအရ reinfection or vaccine ထိုးဖူးသူများက ရောဂါလက္ခဏာခံစားရမှုနည်းတာ၊ အနာသက်သာစေရန်ဆေးဝါးလိုအပ်မှုပိုနည်းတာနဲ့ ဆေးရုံတက်ရသည်အထိလက္ခဏာပြင်းထန်မှုမရှိတာတွေကို တွေ့ရပါတယ်။ ဒီ study ကိုကြည့်ခြင်းအားဖြင့် Mpox ရဲ့ဆိုးကျိုးများကိုလျှော့ချဖို့ immunity မြှင့်ဖို့နဲ့ vaccine ထိုးထားခြင်းကအထောက်အကူဖြစ်ကြောင်း evidence တစ်ခုရခဲ့ပါတယ်။ limitations တွေအနေနဲ့လဲ study case number နည်းတာ၊ လွတ်သွားတဲ့ case တွေရှိနိုင်တာ၊ reinfection နဲ့ relapse ခွဲဖို့ virological findings တွေမလုပ်နိုင်တာစသဖြင့်ရှိပါသေးတယ်။ Limitation တွေရှိနေပေမယ့် အပေါ်မှာပြောထားသလိုပဲ case series result ကနေ ရလာတဲ့အဖြေက immune response နဲ့ MPox, vaccination နဲ့ Mpox ကို သုတေသနတွေအများကြီးထပ်လုပ်သင့်ကြောင်း ကောက်ချက်ချလို့ရပါတယ်။

စိမ့်သိသလောက် sharing လုပ်ပေးတာမို့ လိုအပ်ချက်တွေရှိနေရင်လဲ ထောက်ပြပေး၊ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။
Paper အပြည့်အစုံဖတ်ချင်သူများက အောက်က citation အတိုင်းရှာကြည့်လို့ရပါတယ်။

Reference: Hazra A, Zucker J, Bell E, Flores J, Gordon L, MitjĂ  O, SuĂąer C, Lemaignen A, Jamard S, Nozza S, Nori AV. Mpox in people with past infection or a complete vaccination course: a global case series. The Lancet Infectious Diseases. 2024 Jan 1;24(1):57-64.

16/08/2024

ကိုယ့် page လေးကဝါသနာအရရေးတာ followers လဲများမနေပေမယ့် Research Proposal နဲ့ပတ်သက်တဲ့စာကို idea & outline တစ်ပုံစံထဲကူးပြီး sentence structure နည်းနည်းပြောင်းရေး သူများစာခိုးမှန်းမသိသာအောင် ခေတ်မီခိုးချသူတွေလဲရှိပ
တခြား idea တွေလာကူးဖို့ page ကိုဝင်ကြည့်မိရင်လဲ ကူးနေမှန်း တို့ကသိပါကြောင်းပြောချင်လို့ ပို့စ်လေးတင်ထားလိုက်ပါတယ်နော် ကျေးဇူး 🙏😌

02/08/2024

Research Proposal Outline 🍀

Page မှာ ဘာဆိုဘာမှမရေးဖြစ်တာမှ နှစ်လနီးပါးလောက်ရှိသွားပါပြီ။ စိမ့် တက်နေတဲ့အတန်းအတွက် final exam ရှိတာရယ် Thesis အတွက်စာရွက်စာတမ်းပြင်တာရယ်နဲ့ ရှုပ်နေလို့ပါ။ တကယ်ကတော့ ပျင်းနေတာလဲပါပါတယ် 🤭
ဒီနေ့ကတော့ ကျောင်းတွေလျှောက်တဲ့အခါမှာ အထူးသဖြင့် ဘွဲ့လွန်အတန်း postgraduate တွေမှာ research proposal ဆိုပြီးရေးခိုင်းတတ်လေ့ရှိကြတဲ့ proposal outline လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာပညာရေးမှာ သုတေသနဖက်ကို တအားအားပေးကြသလို ကျောင်းသားတိုင်း ကိုယ်ယူတဲ့ဘာသာရပ် နဲ့ program အပေါ်မူတည်ပြီး စာတမ်းအသေးဖြစ်ဖြစ် သုတေသနအကြီးဖြစ်ဖြစ် တစ်ခုခုတော့လုပ်ရတတ်ပါတယ်။ စိမ့်တို့ မြန်မာကျောင်းပညာရေးအနေနဲ့ကတော့ သုတေသနဆိုတာနဲ့နည်းနည်းအလှမ်းဝေးတတ်ကြတာမို့ research proposal လို့မြင်လိုက်ရင် ဘယ်ကစရမလဲ ဘာတွေပါရမလဲ ပျာသွားတတ်ပါတယ်။ ဒီနေ့ ပြောပြပေးမယ့်ဟာက တကယ့် basic outline လောက်ပါပဲ အရပ်ရပ်အထွေထွေ ကျောင်းအမျိုးမျိုးပေါ်မူတည်ပြီး style အမျိုးမျိုးကွဲနိုင်ပါတယ်နော်။ စိမ့်က basic knowledge sharing အနေနဲ့ပဲပြောပြပေးသွားမှာပါ။
Research proposal ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အပိုင်း သုတေသနလုပ်ချင်တဲ့အပိုင်းကို ဘာတွေလုပ်မှာပါ ဘာလို့ဒီခေါင်းစဉ်ဟာလုပ်သင့်ပါတယ်လို့ ရေးပြပြီး အဆိုပြုချက်တင်သွင်းတာပါပဲ။ စစချင်းအနေနဲ့ကတော့ Title ပါရပါမယ်။ Title မှာ လုပ်ချင်တဲ့ကိစ္စ ကိုယ်လုပ်မယ့်နေရာနဲ့ ဘယ်သူ or ဘယ်အရာဝတ္ထုအပေါ်မှာလုပ်မှာလဲပါအောင်ရေးရပါမယ်။ (e.g Evaluating effectiveness of Covid vaccine on elderly people in Myanmar)
ပြီးရင်တော့ Abstract ပါ။ ကိုယ့်ရဲ့ proposal တစ်ခုလုံးကို ချုံ့ပြီးအနှစ်ချုပ်ရေးထားတာမျိုးပါ။
ပြီးရင်တော့ Introduction စရေးလို့ရပါပြီ။ Intro မှာ အပိုင်းတွေထပ်ခွဲပြီးရေးရပါမယ်။ မပါမဖြစ်ကတော့ background justification & significance ပါ။ အကြမ်းဖျင်းရှင်းပြရရင် ဘာလို့ ဒီကိစ္စကိုသုတေသနလုပ်သင့်တာလဲ၊ ဒါကိုဖြေရှင်းဖို့ အဖြေရှာဖို့ဘာလို့လိုတာလဲ၊ အခုလုပ်မယ့်ဟာက ဒီကိစ္စကိုဖြေရှင်းဖို့ ဘယ်လိုအထောက်အပံ့ဖြစ်တဲ့သုတေသနမျိုးလဲအစရှိသဖြင့် facts & evidence များပြပြီးရေးရမှာပါ၊ ပြီးရင်တော့ Research Questions & Research Objectives ရေးရပါမယ်။
တချို့တွေကတော့ literature review အနေနဲ့ section သပ်သပ်ခွဲပြီး အရင်ရှိခဲ့ဖူးသော စာတမ်း၊စာအုပ်တွေကို ကိုးကားပြီးရေးပါတယ်။ တချို့ proposal တွေမှာတော့ literature review သီးသန့်ထည့်မရေးကြတာလဲတွေ့ဖူးပါတယ်။
နောက်တစ်ဆင့်အနေနဲ့ Methodology အပိုင်းကိုရေးရပါမယ်။ Study design ကဘာလဲ၊ participants က ဘယ်သူတွေလဲ၊ ဘာ data တွေကို ဘယ်လိုကောက်မှာလဲ အစရှိသဖြင့်ရှင်းပြရပါမယ်။
ပြီးရင်တော့ Expected results ကဘာလဲနဲ့ discussion ရေးရပါမယ်။
Proposal ဖြစ်တာမို့ ကိုယ့်သုတေသနကနေ ပါဝင်သူတွေအပေါ် ethical concern အနေနဲ့ ဘာတွေဖြစ်နိုင်လဲ၊ ဘယ်လို management လုပ်မလဲရယ်၊ timeline နဲ့ budget support အကြမ်းဖျင်းရှင်းပြရပါမယ်။ အပိတ်မှာတော့ ကိုယ် reference ယူထားတဲ့ sources တွေကိုဖော်ပြပေးရပါမယ်။ reference format က standard format အမျိုးမျိုးရှိတာမို့ ကိုယ်လျှောက်တဲ့ကျောင်းကသုံးတဲ့ format အတိုင်းရေးပေးပါနော်။
ဒါဆိုရင်တော့ research proposal outline general knowledgeလေး သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။

02/06/2024

Page ကဝယ်တာမဟုတ်ပေမယ့် အသိညီမလေး page ဆိုတော့ ကိုယ် အဲ့ bra လေးဝယ်ဝတ်ဖူးတုန်းက အဆင်ပြေတယ်ဝင်ရေးလိုက်တာ order တွေတက်ကုန်တယ်ဆိုလို့
ဘဝမှာလေ ကိုယ်သိတဲ့အရာတစ်ခုခုဆို သူများလာမေးရင်ဖြစ်စေ သူတို့ဘာသာလုပ်နေရင်းအဆင်မပြေရင် အမြဲ sharing လုပ်ပေးချင်တာ လုပ်လဲလုပ်ပေးခဲ့တယ်
မစိမ့်ပြောတာဆိုဝယ်မယ်တို့ တစ်ခုခုဆို စိမ့်ကိုမေးလိုက်ဦးမယ်တို့တွေအမြဲကြုံနေကြ ဝါသနာအရကို ကူညီပေးချင်တာ အချိန်ကုန်ခံပြီးကို ရှင်းပြပေးချင်တာ

Health related education တွေပြောပေးပြီး online ကနေ ပိုက်ဆံဝင်နေမယ့်အလုပ်လာပြောလဲ ကျောင်းစာပဲအာရုံစိုက်ချင်လို့ဆိုပြီး သူများကိုပြန်ညွှန်းပေးလိုက်တာလဲရှိသေးတယ် volunteer အလုပ်တွေပဲလက်ခံတာမျိုး အပင်ပန်းခံ အချိန်ကုန်ခံလုပ်ပေးတာမျိုး 🤭

စိမ့်ရယ် နင် branding လုပ်လို့ရနေတာ passive incomeပဲဖြစ်ဖြစ်ရှာလို့ရနေတာ ဘာလို့မလုပ်လဲလို့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေကပြောတာ ဒီအပတ်ထဲတင်နှစ်ယောက်ဆက်တိုက် အရင်ကလဲခဏခဏလာပြောတယ် လုပ်မှာပါဟဲ့လို့တော့ပြောထားတယ် တကယ်မလုပ်ရင်တုပ်ခံရတော့မှာသိတယ် 😅

Page မှာဘာမှမတင်ဖြစ်လို့ စိတ်ကူးပေါ်တာလေး လာရေးတာပါ
တို့ အလကားမတ်တင်း sharing လုပ်ပေးနေတုန်း ကိုက်ညီတယ်ဆို တန်ဖိုးထားဖတ်ကြပါနော် ဒါပါပဲ 😁

21/05/2024

Thai University Ed visa Extension, TM 30, 90 days report, re-entry stamp ဘာညာစုံစီနဖာ

26/04/2024

Thailand University ED visa ကို မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကနေလျှောက်တဲ့အခါ ဘာတွေလိုလဲ information sharing လုပ်ထားတာပါ
own experience sharing ပါ 🍀

P.S စိမ့်လျှောက်တဲ့အချိန်နဲ့ နှစ်ကွာသွားပြီမို့ အပြောင်းအလဲရှိတဲ့အချက်လေးတွေလဲရှိနိုင်ပါတယ်

Photos from All about my Rigel 's post 08/04/2024

Dry, Dull & fallen Hair treatment (personal review) 🍀

စိမ့် ဆံသားက hair type အရ 1a နဲ့ 1b အရောပါ အလွယ်ပြောရရင် ဆံသားပါးပါး ဆံလုံးသေးသေး အဖြောင့်နဲ့ wave နည်းနည်းအရောပေါ့။ အစထဲက ဆံလုံးသေးရတဲ့အထဲ နိုင်ငံရွှေ့နေပြီးတဲ့နောက်မှာ တစ်နှစ်နီးပါးလောက် treatment ဘာမှမလုပ်ဖြစ်တာရယ် ဒီက ရေက chlorine ပါတာရယ် နေပူထိတာရယ်နဲ့ ဘာ weight မှမရှိတော့ဘဲ dry and dull ဖြစ် အဖျားတွေခြောက်သွေ့ အားမရှိ ဆံပင်ကျွတ် အစုံကိုဖြစ်လာတာ။ ဦးရေပြားက အဆီပြန်တတ်တော့ ခေါင်းခဏခဏလျှော် အဲ့တော့ dry scalp ဖြစ် ဦးရေပြားမှာ အဖြူဖတ်တွေထတာလဲဖြစ် အဲ့တော့ ခေါင်းကို ရက်ဆက်တိုက်ပြန်လျှော် ပတ်လည်ကို ရိုက်နေတာ။ အရင်ကဆံပင်သားက ပျော့ပျော့လေးဆိုတော့ အခုကြဆံသားတွေခြောက်လာတော့ ဆံပင်ကိုကိုင်ကြည့်ပြီး ငိုလိုက်ရသေးတယ်။ spa treatment မယူဖြစ်ရင်တောင် home treatment လေးတော့သေချာလုပ်မှဆိုပြီး products ရွေးလိုက်တာ အရွေးမှန်တယ်ပေါ့နော် ကိုယ်နဲ့တော့ စျေးလဲ fair price, results လဲအဆင်ပြေလို့ sharing လုပ်လိုက်ပါတယ်။

Watsons treatment wax
ဒါကတော့ ကိုယ့်အနီးအနားတင်အလွယ်ဝယ်လို့ရတဲ့ထဲက reviewတွေဖတ်ကြည့်ပြီး သုံးလိုက်တာ။ ခေါင်းလျှော်ပြီး ဆံသားအပေါ် သူ့ကိုလိမ်းထားလိုက်တယ် ၃-၅မိနစ်လောက်ထားပြီး ရေပြောင်အောင်ဆေးချလိုက်တယ်။ ဦးရေပြားပေါ်တော့ မသုံးပါဘူး။ အဓိကက ဆံပင်အဖျားခြောက်သွေ့တာအတွက်သုံးကြည့်တာ။ တစ်လလောက်ပုံမှန်သုံးတော့ ဆံသားခြောက်တာ အဖျားတွေကွဲတာ တော်တော်သက်သာတယ်။ ဆံသားပြန်ပျော့လာတယ်။ ဦးရေပြား အဆီပြန် အဖြူဖတ်ကိစ္စနဲ့ ဆံပင်ကျွတ်တာတော့ မသက်သာဘူး (သူကလဲ အဲ့ဒါတွေအတွက်ထုတ်ထားတာမှမဟုတ်တာလေနော်)။ သူ့စျေးနဲ့ သူ့အညွှန်းအရတော့ တန်ပါတယ် ဘတ် ၁၀၀ကျော်လေးပဲရှိတယ် (စျေးချရင် ဘတ် ၈၀-၉၀ ကြားပဲရှိ)

နောက်တစ်ခုက မဖူး review ရေးထားတဲ့ Moremo ထဲက Miracle 100
သူက ပထမက Miracle 10 ဆိုလား ထွက်ထားသေးတယ် အဲ့ဒါက ဆံပင်ပေါ်ပဲသုံးလို့ရတယ် ဦးရေပြား မရ၊ အခုဟာက ဦးရေပြားက စသုံးလို့ရတယ်။ခေါင်းလျှော် ရေနည်းနည်းစင်အောင်ညှစ်ပြီးရင် ဘူးထိပ်မှာ ညှစ်ရလွယ်အောင် အချွန်လေးလုပ်ထားပြီးသား၊ ဦးရေပြားပေါ်ကို ညှစ်ချလိုက်ရုံပဲ အရည်ကြည်ကြည်လေး ပြီးရင် ဆံပင်အကုန်နှံ့သွားအောင် ဘီးနဲ့ဖြီးချလိုက် thermal treatment လိုမျိုးခံစားရတယ် ပူနွေးနွေးလေးဖြစ်လာတယ် ဦးရေပြားမှာလဲ ရှိန်းတိန်းတိန်းဖြစ်တယ် စိမ့်ကတော့ အဲ့ feeling ကြိုက်တော့အဆင်ပြေတယ် သူပြောထားသလိုပဲ 100 seconds ထားပြီးရင် ရေဆေးချလို့ရတယ်
တစ်လလောက်သုံးကြည့်ပြီးတော့ ဘာသိသာလဲဆို ဆံပင်က weight ပြန်ရှိလာတာ ဆံသားမှာ protective coating ဖြစ်တဲ့ feeling ခံစားရတယ် ဆံပင်ကျွတ်တာ တော်တော်နည်းသွားတယ်၊ ဆံပင်အရှည်လဲ အတော်မြန်လာတာ။ အသိသာဆုံးကတော့ scalp problem ပဲ လုံးဝသက်သာ အခုတအားပူနေတာတောင် ခေါင်းလျှော်ပြီး ၄ရက်လောက်အထိ အဆီမပြန် အဖြူဖတ်တွေလဲ မရှိတော့ဘူး။ စျေးကတော့ 200ml ဘူးကို 40,000 MMK (Myanmar official distributor Libra က မှာတာပါ) Miracle 2x shampoo အထုပ်တွေ လက်ဆောင်ထည့်ပေးလိုက်သေးတယ် တွဲသုံးရင် result ပိုကောင်းတယ်ပြောတယ် မစမ်းကြည့်ရသေးဘူး (ကြိုက်သွားရင် shampoo ဖိုးပါ ထပ်ကုန်နေမှာစိုးလို့ 😅)

Watsons ကတော့ အရင်သုံးတာ သူ့သုံးပြီး လဝက်လောက်မှာ Moremo ရောက်လာတော့ တစ်လှည့်စီ သုံးတယ်၊ Watsons က ၁လခွဲ၊ Moremo က ၁လအကြာ results ပါ။

Photos from All about my Rigel 's post 07/04/2024

Bangkok ရထားလမ်းကြောင်းများ 🍀

Traffic နဲ့နာမည်ကျော်တဲ့ ဘန်ကောက်မှာ လမ်းပေါ်မှာကားပိတ်ရင်းအချိန်မကုန်ချင်ဘူးဆို public transport သာရွေးကြပါနော်။
ဘန်ကောက်ရဲ့public transport မှာ bus၊ ရထား၊ လှေ ferry boat ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဲ့ထဲက ရထားနဲ့ပတ်သတ်တာလေးတွေ သိသလောက်မျှဝေပေးပါမယ်။

ဘန်ကောက်က ရထားနဲ့သွားလာလို့ရတဲ့အထဲမှာမှ အမျိုးအစားတွေတော့ပြန်ကွဲပါသေးတယ်။ အဓိကအားဖြင့်တော့ BTS, MRT, SRT နဲ့ ARL တွေရှိပါတယ်။ BTS, MRT နဲ့ SRT တို့က အရောင်တွေနဲ့ပြန်ကွဲပါသေးတယ်။ ဥပမာ နာမည်ကျော် BTS အစိမ်းရောင်လိုင်း၊ MRT အပြာလိုင်း၊ MRT အဝါလိုင်းတို့က မြို့ရဲ့အချက်အချာနေရာတွေက ပတ်သွားတာမို့ လူပိုသိကြပါတယ်။
ARL airport railway link ကတော့ Suvarnabhumi Airport ကနေ မြို့ထဲကိုဆက်သွယ်ထားတဲ့ ရထားလိုင်းပါ။ Phayathai station မှာဂိတ်ဆုံးပြီး BTS အစိမ်းလိုင်းနဲ့သွားဆုံပါတယ်။ ARL တစ်လျှောက်မှာ MRT အပြာလိုင်း၊ အဝါလိုင်းနဲ့ interchange ဖြစ်တဲ့ဘူတာတွေလဲရှိပါတယ်။ ပေါ့ပေါ့ပါးပါး luggage ၁လုံးလောက်နဲ့ပဲ လေယာဉ်စီးမယ်ဆိုရင်တော့ ARL နဲ့သာသွားပါ။ ဘတ် ၁၀၀ အောက်သာကုန်ကျမှာဖြစ်ပြီး Suvarnabhumi airport အောက်တည့်တည့်အထိရောက်ပါတယ်။ လမ်းပိတ်မှာလဲစိတ်ပူစရာမလိုပါဘူး။

BTS လို့ခေါ်တဲ့ Sky Train မှာ Silom အစိမ်းရင့်နှင့် Sukhumvit အစိမ်းနုလိုင်းဆိုပြီးနှစ်ခုရှိပါတယ်။

Silomလိုင်းကတော့ National Stadium နဲ့ Bangwa ကြားကိုဆက်သွယ်ထားပြီး BTS အစိမ်းနု Sukhumvit လိုင်း၊ MRT အပြာလိုင်း၊ golden line တို့နဲ့ interchange တွေရှိပါတယ်။ မြန်မာသံရုံးကိုသွားချင်ရင်တော့ Silom လိုင်းပေါ်က S4 Saint Louis station မှာဆင်းလိုက်ရင် သံရုံးနားကိုကွက်တိရောက်ပါတယ်နော်။

Sukhumvit လိုင်းကတော့ နာမည်ကျော်လိုင်းပါ။ Khut Kot မှ Kheha အထိ ဆက်သွယ်ထားပြီး မြန်မာလူမျိုးတွေအကြားနာမည်ကျော် Siam, Central World, Pratunum, Sukhumvit, On Nut, Chatuchak တို့က ဒီလိုင်းတစ်လျှောက်မှာရှိတာမို့ပါ။ လိုင်းတစ်လျှောက်လုံးမှာလဲ တခြားရထားလိုင်းမျိုးစုံနဲ့ interchange လုပ်လို့ရတဲ့ မှတ်တိုင်တွေအတော်များပါတယ်။

MRT လိုင်းတွေထဲမှာတော့ အပြာလိုင်းနဲ့ အဝါလိုင်းက မြန်မာလူမျိုးတွေကြား ပိုအသိများပါတယ်။ China Town သွားချင်ရင် MRT အပြာလိုင်းပေါ်က Wat Mangkon station မှာသာဆင်းလိုက်ပါ။ အဲ့ကနေကပ်ရပ် Hua Lamphong station ကတော့ ဘန်ကောက်ရဲ့ မူလလက်ဟောင်း ဘူတာရုံအကြီးဖြစ်ပြီး ခရီးဝေးရထားလက်မှတ်တွေ tourist train ticketတွေပါဝယ်လို့ရပါတယ်။ ချင်းမိုင်တို့ ဖူးခက်တို့ဖက် ရထားတွေဆိုရင်တော့ အပြာလိုင်းပေါ်က Bangsue station နဲ့ကပ်ရပ် Krung Thep Aphiwat station မှာလက်မှတ်ဝယ်ပြီး စီးလို့ရပါတယ်။

MRT အဝါလိုင်းကတော့ မြန်မာလူမျိုးတွေအသိများတဲ့ Huamak, Lat Phrao, Bang Kapi တို့လိုနေရာတွေကိုဖြတ်သွားတာပါ။

တခြား အနီလိုင်းတွေ၊ ပန်းရောင်လိုင်းတွေ၊ ခရမ်းရောင်လိုင်းတွေ ကာလာစုံရှိပါတယ်။ ပုံထည့်ပေးထားပါတယ်။ အဲ့ဒါတွေကတော့ မစီးဖူးလို့အကျယ်ချဲ့မရေးတော့ပါဘူး 😅

ရထားလက်မှတ်ဝယ်တဲ့အခါ ဘူတာကလက်မှတ်ကောင်တာမှာ ဝယ်ယူနိုင်သလို ticket machine စက်တွေမှာ ငွေသားထည့်ပြီးဖြစ်စေ mobile banking or QR payment တွေနဲ့လဲ ကိုယ့်ဘာသာရွေးချယ်ဝယ်ယူနိုင်ပါတယ်။ လက်မှတ်ဝယ်ရင် token အဝိုင်း ဒါမှမဟုတ် လေးထောင့်ကတ်ပြားလေးရလာမှာဖြစ်ပြီး ဂိတ်အဝင်မှာ touch scan ထိပြီး ဝင်ရပါမယ်။ ဂိတ်ကပြန်အထွက်မှာဆိုရင်တော့ စက်က အပေါက်ထဲကို token ပြားပြန်ထည့်ပေးခဲ့ရပါမယ်။ ရထားလပေးကတ်လိုမျိုး package နဲ့ဝယ်ယူထားသူတွေကတော့ အဝင်ရော အထွက်ရော touch scan လုပ်ရုံပါပဲ။
ရထားစီးမယ်ဆိုရင်တော့ platform မမှားစေဖို့ ကိုယ်သွားမယ့် direction ဖက်ခြမ်း ဂိတ်ဆုံးမှတ်တိုင်ကို ကြည့်ထားဖို့လိုပါတယ်။ ဥပမာ Siam ကနေ On Nut ကိုစီးမယ်ဆို Kheha ဖက်သို့ဆိုတဲ့ platform ဖက်ကနေစီးရမှာဖြစ်ပြီး On Nut ကနေ Siam ကိုပြန်စီးရင်တော့ Khu Khot လို့ညွှန်ထားတဲ့ platform ဖက်ကနေစီးရပါမယ်။ ရထားပေါ်မှာတော့ ရောက်ခါနီးရယ် ရောက်တဲ့အခါရယ် မှတ်တိုင်နာမည်ကို ထိုင်းလိုရော English လိုရော ကြော်ငြာပေးပါတယ်။
မြေပုံလမ်းညွှန်တွေအတွက် free application အမျိုးမျိုးရှိပါတယ်။ သက်ဆိုင်ရာ application store တွေမှာ download လုပ်ထားလို့ရပါတယ်။

ဘန်ကောက်မှာ နေပူ ကားကြပ်တဲ့ဒဏ်ကိုရှောင်ချင်ရင်တော့ ရထားနဲ့သာသွားကြပါ။ လမ်းပိတ်တာမျိုးမရှိလို့ ကြာချိန်လဲကွက်တိတွက်လို့ရပါတယ်။
အားနည်းချက်ကတော့ လိုင်းအမျိုးအစားမတူရင် လက်မှတ်ကတစ်ဆက်တည်းဝယ်လို့မရတာပါ။ interchange နေရာတွေမှာ တချို့နေရာတွေက station တစ်ခုထဲမှာပဲ ကူးလို့ရပေမယ့် လိုင်းအရောင်မတူရင် အတော်လှမ်းလှမ်းအထိလမ်းထပ်လျှောက်ရတာမျိုးရှိပါတယ်။ နေပူ မိုးရွာချိန်အထုပ်တွေနဲ့ဆိုသိပ်အဆင်မပြေပါဘူး။
စျေးကလဲ တစ်ယောက်တည်းဆို grab taxi သီးသန့်ဌားတာမျိုးထက်တော့သက်သာပေမယ့် လူများရင်တော့ထွေထူးပြီးမသက်သာပါဘူး။ ဥပမာ taxi ဌားရင် ဘတ် ၂၅၀ လောက်ကျမယ့်ခရီးကို တစ်ယောက်တည်းမို့ ရထားနဲ့ဘတ် ၅၀လောက်ပဲကျတာက တန်ပေမယ့် ၄ယောက်ဆို ဘတ် ၂၀၀ဖြစ်နေပါပြီ။ လူလဲများတယ် အထုပ်တွေလဲပါတယ် ဘူတာနဲ့သွားမယ့်နေရာနဲ့ကွက်တိမဟုတ်ဘူးဆိုရင်တော့ taxi စျေးနဲ့ပြန်ယှဉ်ကြည့်သင့်ပါတယ်။
ဒီနေရာမှာတော့ အရာရာစျေးကြီးတဲ့Singapore ကို public transport ရထား system မှာဘန်ကောက်ထက် ပိုအဆင်ပြေတယ်ခံစားရပါတယ်။ interchange link တွေရော လက်မှတ်ဝယ်ရတာရော စျေးရော ပိုအဆင်ပြေပါတယ်။ (personal review ပါ)
ဘန်ကောက် ရထားလမ်းကြောင်းတွေ မှတ်တိုင်တွေ
interchange တွေအတွက် ပုံတွေထည့်ပေးထားပါတယ်။

18/03/2024

ထိုင်းမှာ student visa အတွက်ကျောင်းရွေးကြသောအခါ

အခုအချိန်မှာ နိုင်ငံရပ်ခြားကိုရွှေ့ပြောင်းဖို့စီစဉ်ကြတာများလာကြတာမို့ ကိုယ့်ဆီမှာလာမေးကြတဲ့ထဲကအမေးများကြတာလေးတွေအတွက် ရေးပေးချင်လို့ပါ
နိုင်ငံရွှေ့ဖို့ရွေးကြတဲ့အခါ ကိုယ့်အခြေအနေတွေပေါ်မူတည်ပြီး နိုင်ငံလဲအမျိုးမျိုး visa type လဲအမျိုးမျိုးရွေးချယ်နေကြတာပါပဲ။ အများဆုံးကတော့ အနီးဆုံးကပ်ရပ်က ထိုင်းကို ရွှေ့ကြတယ်ပေါ့နော်။ ထိုင်းမှာလဲ visa type အမျိုးမျိုးရှိပေမယ့် လူငယ်အများစုက ကျောင်းသား visa ကိုစိတ်ဝင်စားကြပါတယ်။ visa အမျိုးအစားက Non-immigrant ED visa (education visa) ဖြစ်ပြီးတော့ မြန်မာပြည်ကနေပဲလျှောက်လျှောက် ထိုင်းမှာ visa တစ်ခုခုကနေပဲ student visa ပြောင်းပြောင်း စစချင်းလျှောက်ရင် ၃လ visa အရင်ရပါမယ်၊ ပြီးရင် တစ်ခါတိုးရင် visa သက်တမ်း ၁နှစ်စီတိုးသွားလို့ရပြီး ဘယ်အချိန်ထိတိုးလို့ရလဲဆို ကျောင်းမပြီးမချင်းတိုးလို့ရပါတယ်။
ခေတ်စားတာကတော့ language visa လို့ခေါ်ကြတဲ့ ထိုင်းစာ or English စာ သင်တန်းကျောင်းတစ်ခုခုမှာ ကျောင်းအပ်ပြီး student visa လျှောက်ကြတာပါ။ သင်တန်းကတော့ online ကနေတက်လို့ရတာမျိုးရှိပြီး တချို့ကျောင်းတွေကလဲ on-site class ပါ။ သူ့ရဲ့အားသာချက်ကတော့ ကျောင်းလခအရမ်းမများဘဲ ရွေးချယ်စရာကျောင်းတွေများတာပါ။ အားနည်းချက်ကတော့ language school program မို့ အများစုက study program 1 year ပါ နောက်နှစ်တွေကြ visa ထပ်တိုးဖို့အတွက် နည်းလမ်းထပ်ရှာပေါ့နော်။ language school အပ်ကြသူတွေက ကျောင်းအတည်တက်ဖို့ထက် နေထိုင်ခွင့် visa အတွက်ပိုဦးတည်ချက်ထားတာမို့ အများစုက freelance job လုပ်ကြတာ၊ တခြားနိုင်ငံထပ်ကူးဖို့ပြင်ဆင်နေတာ၊ အလုပ်လျှောက်ထားနေဆဲ မရသေးခင်ကြား နေထိုင်ခွင့်အတွက် ဒီနည်းလမ်းကိုရွေးကြတာများပါတယ်။

University visa
Non-immigrant ED visa ပါပဲ။ သူကတော့ ရွေးစရာက private university or public university ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဲ့ဒါအပြင် ဘယ် major ယူမှာလဲထပ်ရွေးစရာတွေအများကြီးရှိပါသေးတယ်။ ကျောင်းက on-site ကိုအချိန်ပြည့်တက်ရတာများပါတယ်။ visa ကတော့ ကျောင်းဖက်ကထောက်ခံစာရတာနဲ့လျှောက်ရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပညာရေးဖြစ်တာကြောင့် ကျောင်းက လက်ခံဖို့အတွက်ကို တက္ကသိုလ်ရယ် အဲ့တက္ကသိုလ်အောက်မှာပဲ ကိုယ်လျှောက်မယ့် program ပေါ်မူတည်ပြီး အရင်ကဘာကျောင်းပြီးခဲ့ရမယ် GPA or score ဘယ်လောက်ရှိရမယ် English level ဘယ်လောက်ရှိရမယ် သတ်မှတ်ချက်ကတစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ ကုန်ကျစရိတ်လဲမတူနိုင်ပါဘူး။ university တွေရဲ့ official website တွေမှာကြည့်နိုင်သလို official line channel ကနေ ကိုယ်သိချင်တာအသေးစိတ်မေးတာပိုသေချာပါတယ်။ ထိုင်းမှာက line application တအားသုံးပါတယ်။ line ကဆက်သွယ်ရင် ပိုမြန်ပါတယ်နော်။
scholarship အစီအစဉ်တွေလဲ အများကြီးရှိပါတယ်။ အဲ့ဒါကလဲ တစ်နှစ်နဲ့တစ်နှစ်မတူနိုင်သလို programs ပေါ်မူတည်ပြီးလဲ မတူနိုင်ပါဘူး။ university ရော major ရော တစ်ထပ်တည်းတူရင်တော့ alumni အသိတွေရှိပါက ခန့်မှန်းချေမေးကြည့်လို့တော့ရနိုင်ပါတယ်။
Visa ကတော့ ကျောင်းမပြီးမချင်းတိုးလို့ရပါတယ်။ partner or ကလေးအငယ်ရှိရင် dependent visa ထပ်လျှောက်ပေးလို့ရပါတယ်။
ကုန်ကျစရိတ်က ကျောင်းစရိတ်ရယ် နေစရိတ်ရယ် စားစရိတ်ရယ် အထွေထွေကုန်ကျစရိတ် e.g transportation fees ဆိုပြီး ၃မျိုးခွဲပြီးတွက်ပါနော်။
ဥပမာ ကိုယ့် campus က မြို့ထဲမှာမို့ နီးတဲ့နားနေရင် သွားစရိတ်ရော အချိန်ရောသက်သာမယ် အခန်းဌားခစျေးကြီးပါမယ်။ စရိတ်သက်သာတဲ့နား မြို့ထဲနဲ့ဝေးတဲ့နားဌားရင် transport fees ရယ် traffic ကြောင့် အချိန်ကုန်မှာထည့်တွက်ပါနော်။ ထိုင်းမှာက public transport က fully well-established and cheap ဖြစ်မနေသေးပါဘူး။ ကုန်ကျစရိတ်လို့မေးရင် တစ်ယောက်ချင်းစီရဲ့ needs & demand ပေါ်မူတည်ပြီးကွာနိုင်လို့ မတွက်ပေးတတ်ပါဘူးနော်။ ကိုယ့် experience ပဲပြောပြပေးတတ်ပါတယ်။
ကျောင်းတွေရဲ့ program အများစုက August မှာစဖွင့်တတ်ပြီး semester 2 (January) မှာဖွင့်တဲ့အတန်းအနည်းငယ်ရှိတတ်ပါတယ်။ 2024 August semester အတွက်ဆို application process က နှစ်အစ 2024 Jan-March လောက်ဆို စ နေပြီမို့ ကျောင်းလျှောက်ဖို့ idea ရှိရင် ၆လ-၁နှစ်လောက် ကြိုရှာ ကြိုပြင်မှမီမှာပါ။ scholarship application တွေက အဲ့ထက်ပိုစောခေါ်တတ်ပါတယ်။
International program တွေလျှောက်ရင် ထိုင်းစကားတတ်ဖို့မလိုပါဘူး။ English လိုပဲသင်တာပါ။
ကျောင်းပြီးရင် အလုပ်ရဖို့လွယ်လားဆိုတာမျိုးလဲ မေးကြတာအတွက်က ဘွဲ့ရဖို့အတွက်တောင် ဘွဲ့ရဖို့လိုတဲ့ creditတွေပြည့်မှရမှာပါ။ paper or thesis တစ်စောင်၊ နှစ်စောင်ပြီးရမယ်ဆိုလဲ အဲ့ဒါပါပြီးမှ ဘွဲ့ရမှာပါ။ ဘွဲ့လဲ အချိန်တန်auto မရပါဘူး။ အလုပ်ရဖို့လွယ်လားကလဲ အဲ့လိုပါပဲ။ job requirements နဲ့ကိုက်ရင်ရပါလိမ့်မယ်။
ထိုင်းမှာ ကျောင်းသား visa က official အလုပ်လုပ်လို့မရပါဘူး။ freelance job လုပ်ကြသူရှိသလို part-time job လုပ်ကြတာရှိပေမယ့် pay rate နည်းနိုင်ပြီး official မဟုတ်ပါဘူး။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok