Fit by Nan Htet
Fit is not a Destination.It’s the way of life .
အမြဲတမ်းကစားဖြစ်နေတဲ့ core workout 5မျိုး
နန်းထက်ရဲ့ clients တွေကတော့ easy going ဖြစ်နေပါပြီး
Online class 👇🏻👇🏻👇🏻
https://www.facebook.com/share/p/1DE3yxQ3HL/?mibextid=wwXIfr
Fit by Nan Htet
၁ပတ်မှာ 5ရက်က Fighter လိုနေပြီး 2ရက်က Princess mode ဝင် 😛
28/08/2026
ကိုယ့်ဘဝကို ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမ
“မိန်းမတစ်ယောက်ရဲ့ အင်အားကို သိချင်ရင် သူ့နောက်မှာ ဘယ်သူရှိလဲ မကြည့်နဲ့…
သူတစ်ယောက်တည်းနဲ့ ဘယ်လောက်ရပ်တည်နိုင်လဲ ကြည့်।”
ဘယ်သူ့ကိုမှ မမှီခိုဘဲ နေနိုင်တယ်ဆိုတာ
ဘယ်သူ့ကိုမှ မလိုအပ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။
လိုအပ်တဲ့အချိန်မှာ အားကိုးတတ်တယ်။
ဒါပေမယ့် ကိုယ့်ဘဝတစ်ခုလုံးကိုတော့
သူများလက်ထဲ အပ်မထားဘူး။
ကိုယ့်ငွေကို ကိုယ်ရှာတတ်တယ်။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ချတတ်တယ်။
မှားရင် ကိုယ်ပဲ တာဝန်ယူတတ်တယ်။
အခက်အခဲကြုံလာတဲ့အခါ
“ဘယ်သူလာကယ်မလဲ” လို့ မစောင့်ဘူး။
“ငါ ဘယ်လိုဖြေရှင်းမလဲ” လို့ပဲ စဉ်းစားတတ်တယ်။
အဲဒီလို မိန်းမတစ်ယောက်ရဲ့ အလှက
မျက်နှာပေါ်မှာပဲ မရှိဘူး။
ကိုယ့်ဘဝကို ကိုယ်ထိန်းနိုင်တဲ့
စိတ်ဓာတ်ထဲမှာ ရှိတယ်။
post ဖြစ်လို့ အမြင်မတူကျော်သွား အာဝင်မချောင်နဲ့
အိမ်နေရင်း ကျန်းမာအောင်နေကြမယ်
September လအတွက် online slim fit class 👇🏻👇🏻👇🏻
https://www.facebook.com/share/p/19JqZskTN4/?mibextid=wwXIfr
Fit by Nan Htet
27/08/2026
ကိုယ့်ကို အယောက်၁၀၀မှာ ၁၀၀လုံး သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး
အဲ့တော့ ကျွန်မ ကျင့်သုံးတာက ကိုယ်မမြင်ချင်ရင် ကျော်သွားတယ် လိုက်မဝေဖန်နေဘူး
နန်းထက်ရဲ့ page မှာလဲ တင်နေတဲ့ စာတွေ video တွေ မိမိအတွက် အကျိုးမရှိဘူး အမြင်မတူဘူးဆို ကျော်သွား block သွားနိုင်ပါတယ်နော်
လာတော့ ဝေဖန်ရေးလေခံရေးလာမလုပ်နဲ့ ကိုယ့်ဟာကို အေးဆေးနေနေတာနော် သိဖို့
Leg day 🦵🏻 🖤🖤🖤
Fit by Nan Htet
Rainy season , Mountain & coffee
Lonely ဖြစ်တယ်ထင်ရပေမဲ့ အမှန်က အေးချမ်းနေတာပါ 🍀
26/08/2026
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ
သေချာပေါက် အုပ်စုနဲ့ မရောဘူး 🦋
သင်သိထားရမှာက
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေဟာ
သူမတို့ဟာ ချေမိုးတာ အေးစက်တာ မဟုတ်ပါ
သူမတို့ဟာ
Vibration Frequency တုန်ခါမှု ကြိမ်နှုန်း မြင့်မားတာပါ
သူမတို့နဲ့ လိုက်ဖက်တဲ့ ပြောဆိုနိုင်တဲ့လူဟာ
လက်ချိုးရေတွက်လို့ ရပါတယ်
သင်က သူမတို့ကို အုပ်စုနဲ့ ဘယ်လိုသွားရောခိုင်းမလဲ ?
သူမတို့ဟာ ဆက်ဆံရ ခက်ခဲတာ မဟုတ်ပါဘူး
သူမတို့ရဲ့ Frequency ကြိမ်နှုန်း က
အရမ်းကို သန့်ရှင်းလွန်းနေတာပါ
ဆူညံတဲ့ ရှုပ်ထွေးတဲ့ Frequency ကြိမ်နှုန်းတူတွေနဲ့
အတူတကွ ကြိမ်နှုန်းတူ တုန်ခါလို့ မရပါဘူး
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေဟာ
သူမတို့ဟာ မွေးကတည်းက
ဆူညံနေတဲ့ လူအုပ်ထဲမှာ မရှိပါဘူး
သူမတို့ဟာ ထမင်းဝိုင်းမှာ ခွက်တိုက်ရတာတွေ
တွန်းတွန်းတိုက်တိုက်တွေကို မကြိုက်ပါဘူး
လုအုပ်ထဲမှာ အတင်းပြောဆိုရတာတွေကို မကြိုက်ပါဘူး
သူမတို့ဟာ တစ်ယောက်ထဲ တိမ်တွေ သွားကြည့်ရပါစေ
သစ်ပင် သွားကြည့်ရပါစေ
နေဝင်ဆည်းဆာ ခွက်ထဲ ကျလာတာကို ကြည့်ရပါစေ
စည်ကားတဲ့ လူအုပ်ထဲမှာ
ကိုယ့်စိတ်ကို လွန်ဆန်တဲ့လူတစ်ယောက် လုပ်ရမှာကို
မလိုလားပါဘူး
သူမတို့ဟာ အတင်းပြုလုပ်ထားတဲ့ စည်ကားမှုထဲမှာ
ပင်ပန်းမှုကို ခံစားရပါလိမ့်မယ်
မိမိကိုယ်တိုင်ရဲ့ တစ်ယောက်ထဲ နေထိုင်ခြင်းမှာတော့
အာဟာရ မွေးမြူမှုကို ရရှိပါတယ်
ဒါဟာ အုပ်စုနဲ့ မရောတာ မဟုတ်ပါဘူး
ဖြစ်သလို မရောနှောတာပါ
ဒါဟာ လူမှုဆက်ဆံရေး မရှိတာ မဟုတ်ပါဘူး
စိတ်ခွန်အားကို မဖြုန်းတီးတာပါ
သူမတို့ဟာ ပြင်ပလောကကနေ
ဖြစ်တည်မှုကို ရယူဖို့ မလိုအပ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ သူမတို့ရဲ့ ဖြစ်တည်မှုဟာ
မိမိကိုယ်တိုင်ရဲ့ နိုးကြားခြင်း
သတိနဲ့ နေခြင်းကနေ လာပါတယ်
ဒီလိုအမျိုးသမီးတွေဟာ လ နဲ့ တူပါတယ်
သူမတို့ရဲ့ ကိုယ်ပေါ်မှာ
တိတ်ဆိတ်တဲ့ အလင်းရောင်တစ်မျိုး ရှိပါတယ်
မဆူညံဘူး မဖြေရှင်းဘူး မဖားဘူး
တစ်ယောက်ထဲနေတဲ့ အကြိမ်တိုင်းမှာ
သူမတို့ရဲ့ စိတ်ကို
ထပ်ပြီး လင်းလက်အောင် ပွတ်တိုက်ပါတယ်
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ
စိတ်စွမ်းအင်နိမ့်တဲ့ လူနဲ့ အတူ မကခုန်နိုင်ပါဘူး
ဒါပေမယ့် အကယ်၍ သင်ဟာ သူမရဲ့ ငြိမ်သက်ခြင်းကို
နားလည်နိုင်တယ်ဆိုရင်
သူမရဲ့ နက်ရှိူင်းမှုကို နားလည်ဖို့
သင့်မှာ အခွင့်အရေး ရှိလာပါတယ်
သူမရဲ့ လောကထဲကို သင်ဝင်ရောက်သွားတာနဲ့
သင်ဟာ သူမရဲ့ ရွေးချယ်ခြင်း ခံရတဲ့သူပါပဲ
ဒါကြောင့် သူမရဲ့ အုပ်စုနဲ့ မရောခြင်းဟာ
တကယ်တော့ စိတ်မှာ အလင်းရောင်ရှိတဲ့လူဟာ
မိမိကိုယ်ကိုပေးထားတဲ့
ကာကွယ်မှုအရောင်တစ်ခု ဖြစ်ပါတယ်
သူမဟာ တကယ်ကို အုပ်စုနဲ့ ရောလို့ မရပါဘူး
သင်ဟာ သူမကို ရှုပ်ထွေးဆူညံမှုထဲမှာ အမြဲနေခိုင်းရင်
သူမရဲ့ Energy စွမ်းအင်တွေကို ကုန်ခမ်းစေမှာ ဖြစ်ပါတယ်
ရှင်းအောင် ပြောရရင်
အဲဒါဟာ သူမရဲ့ မြေပြင် မဟုတ်ပါဘူး
ဒါပေမယ့် သင်ကလည်း သူမအတွက် စိတ်ပူစရာ မလိုပါဘူး
သင်က တွေးပါလိမ့်မယ် ဝါးး ဒီလို အမျိုးသမီးဟာ
အရမ်းကို အထီးကျန်ဆန်နေမှာပဲ လို့
သူမအတွက်ကတော့
တစ်ယောက်ထဲနေတာက အရူးအမူးပျော်တာထက်
ပိုသာပါတယ်
သူမရဲ့ ပျော်ရွှင်မှုကို
သာမန်လူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး
Fat burning compound workout 5မျိုး Part 7
Fat burning compound workout 5မျိုး Part 6
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
ที่อยู่
Bangkok