DHA Myanmar
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก DHA Myanmar, สุขภาพ/ความงาม, บางกะปิ, Bangkok.
DHAခလေးအားတိုးညဏ်ကောင်းစေ
အသင့်ရနော်🤩
26/04/2024
၂ဘူး ဝယ် အပိုတဘူး ရ တန် နေပြီ
တရက် ၂၀တောင်မကုန်ပါ ကို့ခလေး ညဏ်ရည်ထက်မြက်ဖို့အတွက်
အသင့်တော်ဆုံး DHA
26/04/2024
#ကလေးခြေထောက်ခွင်ခြင်းလား ပုံမှန်လားမေမေတို့ခွဲခြားသိထားသင့်အောင်မျှဝေပါတယ်
24/04/2024
ကလေးတစ်နှစ်မပြည့်မှီ မေမေတို့သိသင့်တဲ့အစာကျွေးနည်း ✔️✔️
အသက် ၁ နှစ်အောက် ကလေးများကို မကျွေးသင့်သော အစားအစာများ❗❗
#ဖြည့်စွက်စာ စကျွေးတဲ့ ကလေးမေမေတွေ ကလေးအတွက် ဆန်ပြုတ်လေးတွေ ချက်တဲ့အခါ အရသာရှိအောင် ဆား/ဟင်းခတ်မှုန့် တွေ ထည့်ရမလားဆိုတာ အမေးများကြလို့ ဒီအချက်အလက်လေးတွေ ပြန်လည် မျှဝေလိုက်ပါတယ်။
အသက် ၁ နှစ်အောက် ကလေးတွေကို ဒါတွေ မကျွေးပါနဲ့။
(၁) ဆား/ဟင်းခတ်မှုန့်/အချိုမှုန့်
ကလေးရဲ့ ကျောက်ကပ်ကို ဝန်ပိုစေပါတယ်။ ရှောင်ပါ။
(၂) သကြား
ကိုယ်ခံအား ကျစေပါတယ်။ သဘာဝ အရသာကို မကြိုက်တော့တာမျိုး ဖြစ်စေပါတယ်။
(၃) ပျားရည်
ဘက်တီးရီးယား ပါဝင်နိုင်ပြီး အစ အဆိပ်သင့်စေနိုင်တာကြောင့် ၁ နှစ်အောက်မှာ ရှောင်ပါ။
(၄) နွားနို့/ပဲနို့
၁ နှစ်အောက် ကလေးတွေက နွားနို့ရဲ့ အသားဓာတ်ကို မချေဖျက်နိုင်သေးပါ။ အသက် ၁ နှစ်ကျော်မှ စတိုက်ပါ။ ပဲနို့လည်း အသက် ၁ နှစ်ကျော်မှ စတိုက်ပါ။
(၅) ပြည့်ဝဆီ/အသွင်ပြောင်းဆီ
ကိတ်မုန့်/လူကြီး စားတဲ့ ဘီစကစ်များ ရှောင်ပါ။ ဝက်ဆီ အမဲဆီ အသက် ၁ နှစ်အောက် မကျွေးသင့်ပါ။
(၆)Pasteurized မလုပ်ထားသော ချိစ်
Pasteurized မလုပ်ထားသော နို့မှ ပြုလုပ်တဲ့ ချိစ်တွေ မကျွေးသင့်ပါ။ ချိစ်အခဲမှာ ပါတဲ့ အညွှန်းကို ဖတ်ဖို့ လိုပါမယ်။
(၇) ကွကျဥဘဲဥ အစိမျး
သေချာ မကျက်သောကြက်ဥဘဲဥ နဲ့ အစိမ်းကို ရှောင်ပါ။ ကျက်အောင်ပြုတ်/ပေါင်းပြီး ကျွေးပါ။
(၈) ပင်လယ်စာ/ပင်လယ်ငါး
ဓာတ်မတည့်ခြင်း/မာကျူရီပါဝင်မှု များခြင်း ရှောင်ကျဉ်ရန် အသက် ၁ နှစ်အောက်ကလေးကို ပင်လယ်စာ မကျွေးရပါ။
(၉) အသီးဖျော်ရည်များ
သကြားပါဝင်မှု များတဲ့ အသီးဖျော်ရည်တွေကို ကလေးရဲ့ အူလမ်းကြောင်းက မစုပ်ယူနိုင်တဲ့ အတွက် ဝမ်းလျှောစေတတ်ပါတယ်။
အသီး အတိုင်းပဲ ကျွေးလို့ရပါတယ်။
(၁၀) Probiotic drink
အသက် ၁ နှစ် အထက်မှ စတိုက်ပါ။ ၁ နှစ်အောက် ကလေးတွေ အတွက် အထွေအထူး မလိုအပ်ပါဘူး။
(၁၁) ရယ်ဒီမိတ် အစားအစာများ
ကြက်အူချောင်း ဝက်အူချောင်း အာလူးကြော် ငါးမုန့်ကြော် ငါးပိ ငါးခြောက် ရှောင်ပါ။
(၁၂) သီးစေနိုင်သော အစားအစာများ
ချင့်ချိန်ပြီး ကျွေးပါ။
ဥပမာ -
အစေ့အဆန် - အစေ့လိုက် မကျွေးရ။ ချေပြီး ကျွေးပါ။
စပျစ်သီး - အလုံးလိုက် မကျွေးရ။
ပြောင်းဖူးစေ့၊ ပေါက်ပေါက်ဆုပ် - မကျွေးရ။
အသား/ငါး - အတုံးကြီးကြီး မကျွေးရ။
BLW သို့ Finger foods တွေ ကျွေးရင် အသား/အသီးအရွက်ကို ၂ လက်မ အတုံး တုံးပါ။
#ဖြည့်စွက်စာ
23/04/2024
ဖခင်ဖြစ်သူရဲ့အချိန်ပေးဂရုစိုက်မှုခံရတဲ့ကလေးဟာ
ကံအကောင်းဆုံးပါပဲ❤
22/04/2024
နို့ချွတ်လိုက်တာနဲ့ နိုးရောလား မေမေတို့ရေ....😅 စိမ်စိမ်စို့လေးတွေ
22/04/2024
အာဟာရအထူးကုဆရာမနဲ့ ဆွေးနွေးတိုင်ပင်ထားတာလေးကို မေမေတို့အတွက် ပြန်မျှဝေပေးချင်ပါတယ်ရှင့်
သားသားပေါင်ချိန်က ၆လသားပေါင်ချိန်ရှိတာကတစ်ကြောင်း ၄ လအကြာမှာမွေးစကိုယ်အလေးချိန်ရဲ့ ၂ ဆဖြစ်လာပါပြီ။ ကလေးရဲ့ ကိုယ်အလေးချိန်က ၁၃ပေါင် ဒါမှမဟုတ် ၁၃ပေါင်ကျော်လာပြီဆိုရင် ကလေးက အစားစစားလို့ရနေပြီလို့ဆိုရမယ့်အနေအထားပါ။
ခေါင်းထောင်နိုင်ပြီ အမှီနဲ့ထိုင်နိုင်ပြီ အစာကိုမြိုချနိုင်ပြီကတစ်ကြောင်း
အစားခွံ့ရင် ပါးစပ်ဖွင့်ပေးတတ်ပြီကတစ်ကြောင်း
လက်နဲ့ကိုင်ပြီး ပါးစပ်ထဲထည့်စားချင်နေတာကတစ်ကြောင်း
လူကြီးအစာစားလျှင် ပါးစပ်က လှုပ်ပြီး စားချင်နေတာကတစ်ကြောင်းကြောင့် စကျွေးလို့ရပါပြီတဲ့ရှင့်
စမ်းသပ်ပြီးကျွေးတဲ့ တလတာ ကာလမို့
First 3days ကို ဆန်နဲ့မိခင်နို့ရည် or Formula ကို အရည်ကျဲကျဲ မိခင်နို့ရည်နီးပါး ကျဲတာနဲ့ စကျွေးရပါမယ်
မနက် ၈နာရီ ညနေ ၄နာရီ တနေ့ကို ၂ကြိမ်ပဲကျွေးရပါမယ်(စစချင်းမို့)
ဆန်ထမင်းစားဇွန်း တဇွန်းကို ပေါင်းအိုးနဲ့ပေါင်းပြီး ကြိတ်စက်နဲ့ သေချာညက်အောင် ပြန်ကြိတ်ပါ ပြီးရင် နို့နဲ့ရောကျွေးလို့ရပါပြီ
မညက်ရင် ကလေးအစာအိမ်က လက်မခံနိုင်မှာစိုးလို့ပါ
4-6 days ကို အဝါအသီးအနှံတစ်မျိုး လုပ်ကျွေးရပါမယ် တမျိုးကို တည့်မတည့် ၃ရက်စမ်းကျွေးပါ အသီးကိုပေါင်း ကြိတ်စက်နဲ့ကြိတ် အရည်ကျဲကျဲ တနေ့ ၂ကြိမ်
အဝါအသီးအနှံ-ပန်းသစ်တော် ပန်းသီး အာလူး သင်္ဘောသီး ရွှေဖရုံသီး နာနတ်သီး ငှက်ပျောသီး ပြောင်းဖူး လိမ္မော်သီး
7-9days ကို အဝါနဲ့ အစိမ်းအသီးအနှံ တစ်မျိုးလက်တစ်ဆစ်စာနဲ့ ထမင်းကို ပေါင်း ကြိတ်ကျွေးရပါမယ်
အစိမ်းအသီးအနှံ-ထောပတ်သီး ပဲသီး ဟင်းနုနွယ် ကန်စွန်းရွက် ပဲစိမ်းလုံး မုန်ညှင်း
10-12days ကို ဝါစိမ်းနီအသီးအနှံတစ်မျိုး လက်တစ်ဆစ်စာနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်
အနီအသီးအနှံ- ကန်စွန်းဥ ခရမ်းချဉ်သီး မုန်လာဥနီ ဖရဲသီး ပဲနီလေး (ဝက်သား အမဲသား ဆိတ်သား ၈လအထက်)
13-15days ကို ဝါစိမ်းနီ ကြက်သား ၃ကျပ်သားနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်
16-18days ကို ဝါစိမ်းနီ ငါး ၃ကျပ်သားနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ် ငါးအရိုးကို သေချာနွှင်ပါ
19-21days ကို ပဲနီလေး ဝါစိမ်းနီ အသီးအနှံတစ်မျိုးထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်
22-24days ပဲဝါ ဝါစိမ်းနီ အသီးအနှံတစ်မျိုး ဆိတ်သား ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်
25-27days ကုလားပဲ ဝါစိမ်းနီ အသီးအနှံတစ်မျိုး ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်
28-30days ဝါစိမ်းနီ အသီးအနှံတစ်မျိုး ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်
အစမ်းသပ်ကာလ တလပြည့်လျှင် ဆန်ကို ထမင်းစားဇွန်း ၂ဇွန်းတိုးကျွေးလို့ရပါတယ်
ပဲဆီစစ်စစ်ကို လက်ဖက်စားဇွန်းတဝက်ထည့်ကျွေးပါ
ကြက်သွန်ဖြူ ထည့်ကျွေးလို့ရပါတယ်
ပဲနီ ပဲဝါ ကုလားပဲကို တစ်ပတ်မှာ ၃ ၄ရက်ကျွေးလို့ရပါတယ်
အစားကျွေးခါနီး ၂နာရီအလို နို့မတိုက်ပါနဲ့
နို့တိုက်ထားလျှင် ဗိုက်ဝပြီး ထမင်းမစားချင်ဖြစ်ပါလိမ့်မယ်
ထမင်းကျွေးပြီးမှသာ နို့တိုက်ပါ
250ml ပန်းကန်လုံးတဝက်ကျွေးပါ
အစာအုပ်စုကြီး ၃စုပါဝင်အောင်ကျွေးပါ
အစာများကို ကြယ်၄ပွင့်အစာများဖြစ်အောင် ပေါင်းစပ်ကျွေးပါ
အာဟာရဆရာဝန်က ready made ကို အားမပေးပါဘူးရှင့် home made ပဲ လုပ်ကျွေးခိုင်းပါတယ်
၇လဆို Baby Noddles /Pasta ကြက်ဥစမ်းကျွေးလို့ရပါပြီ
၈လဆို Yogurt Cheese Baby ကြက်သားမှုန့် ပုစွန် အနီရောင်ရှိတဲ့အသား ဝက်သား ဆိတ်သား အမဲသား ကျွေးလို့ရပါပြီ
၁နှစ်အထက် နွားနို့ ပျားရည် Pink Salt Chocolate ကျွေးလို့ရပါပြီ
၂နှစ်အထက် ပဲနို့ သကြားကျွေးလို့ရပါပြီ
သားသားကို ကျွေးဖြစ်တာလေးတွေပါ နောက်လုပ်ကျွေးဖြစ်တာတွေလဲ ထပ်ထပ်ဖြည့်ပေးသွားပါမယ်နော်
Page ကို like & follow လုပ်ထားကြပါနော်😍
crd
22/04/2024
သင့်ကလေးကို ဖြတ်ထိုးညဏ်ကောင်းတဲ့ကလေးဖြစ်အောင် မွေးမြူနည်း....................
ဘာမှ မပြောခင် အရင်ဆုံး မေးချင်တာလေး တစ်ခု ရှိပါတယ် မေမေဖေဖေတို့ရေ။ ဒါကတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲ ဆိုတာကို သိပြီးပြီလား!
သားသားမီးမီးတို့ကို ထက်ထက်မြက်မြက် သွက်သွက်လက်လက်လေး ကြီးပြင်းစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိမှာပါ။ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာလို့ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ဖြေရှင်းနိုင်လိုက်ရင် တပြုံးပြုံးကြည့်ရင်း ငါ့သားလေးကဖြင့် တော်လိုက်တာ၊ ငါ့သမီးလေးကဖြင့်တော်လိုက်တာဆိုပြီး ကျေနပ်နေတတ်တာ မိဘတိုင်းနော်။
သားသားမီးမီးတို့ကို ဒီလိုမျိုး ပါးပါးနပ်နပ် ဖြတ်ထိုးဉာဏ် ရှိရှိနဲ့ ကြီးပြင်းလာစေဖို့က ကိုယ်တိုင်ပျိုးထောင်လို့ ရပါတယ်။ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ပြောပြပေးပါမယ်နော
Crd
21/08/2023
၇လပြည့်ပြီဆို့တော့ Salmon ငါးကို စကျွေး ဝါစိမ်းနီစုံအောင်လည်းထည့်ပါတယ်
Salmonကို ၆လကတည်းက စကျွေးလို့ရပါတယ်နော်
ဆော်လမွန်တွင် ဗီတာမင် A၊ B6၊ B12၊ D နှင့် ဖောလိတ်တို့ အပါအဝင် ကလေးငယ်များ ရှင်သန်ကြီးထွားရန် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆယ်လ်မွန်သည် DHA အပါအဝင် Omega-3 fatty acidsရဲ့ ထိပ်တန်းပင်လယ်စာအရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး အမြင်အာရုံနှင့် သိမြင်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်
#ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ
#6လအထက်လေးအတွက်
09/07/2023
DHAအစည်းအဝေးပွဲ ရောက်ရှိ🥰
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
บางกะปิ
Bangkok
10240
เวลาทำการ
| จันทร์ | 08:00 - 22:00 |
| อังคาร | 08:00 - 22:00 |
| พุธ | 08:00 - 22:00 |
| พฤหัสบดี | 08:00 - 22:00 |
| ศุกร์ | 08:00 - 22:00 |
| เสาร์ | 08:00 - 22:00 |
| อาทิตย์ | 09:00 - 22:00 |