MSc Medical Tourism
Spa Soaps are available, direct import from Thailand
25/05/2023
ယခုခေတ်မှာလူကြိုက်များတဲ့ Buffet ဆိုင်တွေက ဝက်သား၊အမဲသား၊သိုးသား၊ဆိတ်သား စတာတွေကိုမီးပြင်းပြင်းနဲ့ ကင်စား၊ ပြုတ်စားကြတာတွေဟာ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာသတိပြုမိကြပါသလား။
အနီရောင်ရှိတဲ့အသားတွေကို အပူချိန် ပြင်းပြင်းနဲ့ကင်လိုက်လျှင် Polycylic Aromtic Hydrocarbons (PAH ) နဲ့ Heterocylic Aromatic Amines (HAA) စတဲ့ကင်ဆာကိုဖြစ်စေတဲ့ဓာတုဓာတ် တွေဖြစ်လာစေတယ်။
အူမကြီးကင်ဆာ (Colon cancer) ဖြစ်နိုင်ခြေဟာ အခုလို စားလိုက်တဲ့ အနီရောင်ရှိတဲ့အသားပမာဏအလျောက် မြင့်တက်လာနိုင်ပါတယ်။ ထို့ကြောင့် ဆရာ၀◌န်များက တနေ့လျှင် အနီရောင်ရှိတဲ့အသား ၁၀၀ ဂရမ်စားသုံးမိတိုင်း အူမကြီးကင်ဆာ (Colon cancer) ဖြစ်နိုင်ချေ ၁၇% ပိုများနိုင်ပြီး သဘာဝ အတိုင်းမဟုတ်တဲ့ ပြုပြင်စီမံထားတဲ့ အသား ၅၀ ဂရမ်စားမိတိုင်း ကင်ဆာဖြစ်နိုင်ချေ ၁၈% ထိရှိနိုင်ကြောင်း အသိပေးလေ့ရှိပါတယ်။
စာတမ်းများအရ တနေ့တာအတွက် အနီရောင်ရှိတဲ့အသား (သို့) ပြုပြင်စီမံထားတဲ့အသား ကို ၅၀ ဂရမ်ခန့်လောက်သာစားသင့်ပါတယ်။ ဖြစ်နိုင်လျှင် ကြက်ဥ၊ ပဲ၊ပဲနို့ တို့မှရတဲ့ပရိုတင်းကို အစားထိုးစားသုံးလျှင်ပိုကောင်းပါတယ်။အသီးအရွက်ကိုတနေ့လျှင်အနဲဆုံး ၄၀၀ ဂရမ် ဖြည့်တင်း စားသုံးခြင်းဖြင့်အူမကြီးကင်ဆာ(Colon cancer)ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
15/05/2023
“လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ”
မေလ၊ ၂၀၂၃ ခုနှစ်
လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့်အစားအသောက်များကိုစားသောက်မိခြင်းမှတစ်ဆင့်ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ် ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက-
အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
လေမုန်တိုင်းကျရောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် အောက်ပါအချက်အလက် များကို တိကျစွာ လိုက်နာကျင့်သုံးကြရမည်ဖြစ်ပါသည်-
(က) သောက်သုံးရေသန့်ရရှိရေး၊
• FDAအသိအမှတ်ပြုသောက်ရေသန့်ကိုရရှိရန်အခက်အခဲရှိပါက သောက်ရေကိုကျိုချက်၍လည်းကောင်း၊ သောက်သုံးရေကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ရေသန့်စင်ဆေးပြားခပ်၍ လည်းကောင်း၊ ကလိုရင်းဆေးကို နည်းစနစ်တကျခပ်၍ လည်းကောင်း အသုံးပြုပါ၊
(ခ) လက်သန့်စင်ရေး၊
• အစားအစာများကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာ နှင့် ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောပါ၊
• လေမုန်တိုင်းရှောင်စခန်းများ၊ ကယ်ဆယ်ရေးစခန်းများတွင် လက်သန့်စင်ရေးအတွက် ဆပ်ပြာနှင့်ရေ များအသင့်ထားရှိပေးပါ။
(ဂ) အစားအစာသန့်ရှင်းရေး
• အစားအစာများကို သန့်ရှင်းစွာချက်ပြုတ်၍ ယင်မနားစေရန်ဖုံးအုပ်ပါ။ အစားအစာများကို ပူပူ နွေးနွေး စားပါ၊
• မှိုတက်နေသာ အစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်၊
(ဃ) အိမ်သာသန့်ရှင်းရေး
• သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုပါ၊
• ကလေးငယ်များ၏ မစင်ကို ယင်မနားအောင် စနစ်တကျ စွန့်ပစ်ပါ၊
• ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရသည့်လူနာ၏ အညစ်အကြေးများ၊ အဝတ်အစားများကို သောက်သုံး ရေကန်များအနီးတွင် လျှော်ဖွပ်ခြင်း မပြုရပါ။
"ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေး နေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ၊ ဓါတ်ဆားရည်ကိုစနစ်တကျဖျော်စပ်သောက်သုံးပါ။"
https://www.facebook.com/photo/?fbid=628911645932330&set=a.613312870825541
04/11/2022
🍁🍁October is the Breast Cancer Awareness month
👩🏼👩🏼အမျိုးသမီး အယောက် ၁ သိန်းတိုင်းသည် အယောက် ၄၀ ရင်သားကင်ဆာဖြစ်နေသည်ကို စစ်တမ်းများထဲမှ သိရှိရပါသည်။အမျိုးသမီးများနှစ်စဉ်ရင်သားစစ်ဆေးရန်အတွက် ဖရားထိုင်း ၂ ဆေးရုံမှတိုက်တွန်းလိုပါသည်
ဘန်ကောက်မြို့ရှိ ဖရားထိုင်း ၂ ဆေးရုံမှ အမျိုးသမီးများအတွက် ရင်သားစစ်ဆေးခြင်း ပရ်ိုဂရမ်ကို အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ အထူးပရိုမိုးရှင်းပက်ကေ့စ်ဖြင့်ဝယ်ယူရရှိနိုင်ပါပြီရှင်🎉🎉🎉
04/11/2022
တိတ်တဆိတ်လက္ခဏာဆိုတာ ခန့်မှန်းရတာအရမ်းခက်ပါတယ်
ပုံမှန်ခံစားရတဲ့ ဗိုက်နာခြင်းက ထင်တာထက် ပိုအန္တရာယ်များပါတယ်။
ကနဦးအဆင့်တွင် သည်းခြေကျောက်တည်သူများသည် ရင်သားအောက်ရှိ ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်မှုကို ခံစားရနိုင်သည်။ နာကျင်မှုသည် အစာအိမ်ရောင်ခြင်းကြောင့် ဖြစ်ရသည့် ဝေဒနာနှင့် ဆင်တူပြီး သည်းခြေအိတ်ကို ပိတ်ဆို့နေသော သည်းခြေကျောက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ရောဂါလက္ခဏာများကတော့
🚨ဝမ်းဗိုက်အောင့်ခြင်း၊ ဖောရောင်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အစာမကြေခြင်း။
🚨အထူးသဖြင့် ကိုလက်စထရောအဆီဓာတ်များသော အစားအစာများကို စားသုံးပြီးနောက် ရင်သားအောက်တွင် တောင့်တင်းတတ်ပြီး တခါတရံမှာ ညာဘက်ပခုံးကို ချွန်သောအရာဖြင့်ထိုးသလို နာကျင်တတ်ပါတယ်။
🚨အချို့လူနာများတွင် ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်းများ ခံစားရနိုင်သည်။
ဤလက္ခဏာများသည် ၁-၂ နာရီအတွင်း ပေါ်လာပြီး ပြန်သက်သာသွားကာ အချို့သောလူနာများသည် ၎င်းတို့တွင် သည်းခြေကျောက်တည်နေကြောင်း သတိမထားမိဘဲ အချိန်မီ ရောဂါရှာဖွေတွေ့ရှိခြင်းမရှိပေ။ သည်းခြေကျောက်များသည် သည်းခြေအိတ်တွင် ပိုမိုပိတ်ဆို့နေပါက နာကျင်မှုသည် ၄-၆ နာရီကြာသည်အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။ ထို့နောက် ညာဘက်နံရိုးအောက်ရှိ ပြင်းထန်သော ဝမ်းဗိုက်နာခြင်းကို ဖြစ်စေနိုင်သည်။ အချို့သောလူနာများသည် အခြားရောဂါလက္ခဏာများနှင့်အတူ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်းများဖြစ်နိုင်သည်။ ၎င်းကို လူနာတွင် Acute cholecystitis သို့မဟုတ် သည်းခြေအိတ်ရောင်ခြင်းရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ၎င်းသည် ခွဲစိတ်မှုဖြင့် ချက်ချင်းကုသမှုခံယူရန် လိုအပ်သောပြင်းထန်အခြေအနေဖြစ်သည်။
သည်းခြေကျောက်များအန္တရာယ်
🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨
အထက်ဖော်ပြပါ အစာခြေလက္ခဏာများအပြင် သည်းခြေကျောက်များသည် သည်းခြေအိတ်အတွင်းမှ ထွက်သွားနိုင်ပြီး သည်းခြေပြွန်အတွင်း ရပ်တန့်သွားကာ ပြွန်အတွင်း ပိတ်ဆို့သွားနိုင်ခြေရှိပါသေးသည်။
သည်းခြေပြွန်သည် အသည်းနှင့် သည်းခြေအိတ်ကို အူသိမ်သို့ ချိတ်ဆက်ပေးသော ပြွန်တစ်ခုဖြစ်သည်။ သည်းခြေပြွန်အတွင်း ပိတ်ဆို့ခြင်းကြောင့် အသားဝါခြင်း၊ အရေပြားနှင့် မျက်လုံးများ ဝါလာခြင်း၊ ဆီးအဝါရောင်တောက်တောက်နှင့် ဝမ်းဖျော့ခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဤရောဂါလက္ခဏာများသည် အသက်အန္တရာယ်ရှိပြီး လူနာများကို သည်းခြေအိတ်သို့ပိုးကူးစက်နိုင်ခြေအများဆုံးဖြစ်စေနိုင်သောကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။
အသေးစိတ်ဖတ်ရှုရန်
https://www.vejthani.com/2022/10/abdominal-pain-that-feels-normal-could-be-more-dangerous-than-it-seems/
#ကျန်းမာရေးဗဟုသုတ #ဝေ့ဌာနီဆေးရုံကြီး
#သည်းခြေကျောက် #သည်းခြေ #သည်းခြေပြွန်
ဆက်သွယ်ရန်
*********************************
Myanmar Line ID: +66 8 198 45111
မြန်မာ စင်တာ ဗိုင်ဘာ: +66 8 198 45111
ဆရာ၀◌န်ရှာဖွေရန် https://www.vejthani.com/find-a-doctor/
ကြိုတင်ဘိုကင်တင်ရန် : https://www.vejthani.com/make-an-appointment/
Youtube : https://www.youtube.com/c/VejthaniHospitalThailand
IG : https://www.instagram.com/vejthani.hospital/
Twitter : https://twitter.com/Vejthani
Website : https://www.vejthani.com/my/
04/11/2022
အသက်အရွယ်ကြောင့််ဖြစ်စေ မျိုးရိုးပီဇနှင့် ကိုယ်တွင်းဇီဝပြောင်းလဲမှုကြောင့့်ဖြစ်စေ ဆံပင်ကျွတ်ခြင်းပါးခြင်းများဖြစ်စေသောကြောင့် အမျိုးသားအများစု မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းကြသည်ကိုတွေ့ရပါသည်
အမှန်မှာ ဆံပင်ကျွတ်ခြင်း ပါးခြင်းသည် အမျိုးသားများသာမက အမျိုးသမီးများတွင်လဲကြုံတွေ့ရပါသည်။ပုံမှန်အားဖြင့် တနေ့လျှင် ဆံချည်မျှင် ပျမ်းမျှအမျှင် ၅၀ ကျွတ်ပြီး ဒီထက်မက ပိုပြီး ကျွတ်ပါက ဆံပင်ကျွတ်ခြင်း ပါးခြင်းအဆင့်သို့ရောက်မည်ကို သတိထားသင့်ပါသည် ထို့ပြင် မျိုးရိုးပီဇကြောင့် ဆံပင်ကျွတ်သည်မကပဲ အခြားအကြောင်းရင်းများကြောင့်လဲဖြစ်နိုင်ပြီး ဥပမာ နေမကောင်းခြင်း ဓာတုဆေးများပါဝင်သော ဆံပင်ဆိုးဆေးများ မကြာခနသုံးခြင်းနှင့် စိတ်ဖိဆီးမှုများခြင်းတို့ကြောင့်လဲဖြစ်စေနိုင်ပါသည်
ဆံပင်များ မည်သည့်အကြောင်းရင်းများကြောင့်ကျွတ်ခြင်း ပါးခြင်းများဖြစ်စေကာမူ နောက်ဆုံးပေါ် ခေတ်မီနည်းပညာဖြစ်သော PRP (Platelet Rich Plasma )နည်းပညာဖြင့် ဆံပင်တဖန်ပြန်လည်နက်မှောင်အောင် ကုသနိုင်ပြီဖြစ်ပါသည်
PRP(သွေးရည်ကြည်ကုထုံး) ဆိုသည်မှာဘာလဲ??
PRP နည်းပညာဖြင့် ကုသခြင်းသည် မနာမကျင် ခွဲစိတ်ရန်မလိုသည်သာမက ဓာတုဆေးများသုံးရန်လည်းမလိုအပ်ပဲ အရည်အသွေးပြည့်မီသော မိမိကိုယ်ပိုင်သွေးရည်ကြည်ကိုကဲ့ယူပြီး ဆံပင်ပါးခြင်း ကျွတ်ခြင်းအတွက် အဓိကပြုပြင်ကုသခြင်းဖြစ်ပါသည်
ကုထုံးသည် 2 လမှ 3လအတွင်းစိတ်ကြေနပ်သောအဖြေရခြင်း😊
ပုံမှန်အားဖြင့် PRP ကုထုံးသည် ဆံပင်ပါးခြင်းပေါ်မူတည်ပြီး အကောင်းဆုံးရလဒ်ရရှိနိုင်ရန်အတွက် 3 ကြိမ်မှ10 ကြိမ်ထိကုသမှုခံယူကြရသောကြောင့် 2-3 လဆက်တိုက်ဆရာဝန်နှင့်တွေ့ဆုံကုသရန်လိုအပ်ပါသည်။ပထမလကုသချိန်တွင် အပြောင်းအလဲများတွေ့ရမည်ဖြစ်ပြီး ဆက်တိုက်ကုသမှုခံယူပါက စိတ်ကျေနပ်ဖွယ်ရလဒ်ကိုရရှိမည်ဖြစ်ပါသည်
✅✅PRP ကုထုံးဖြင့်ကုသပြီးနောက် လိုက်နာရမည့်အချက်များ
PRP ကုထုံးသည် ခွဲစိတ်ကုသခြင်းမဟုတ်သော်လည်း ကုထုံးခံယူပြီးနောက်ပိုင်း 1 ရက်ရေထိခြင်းမှရှောင်ကြဉ်ရန် ခေါင်းလျှော်ခြင်း အဆီများစွာပါဝင်သောအစားအစာများ အရက်သောက်ခြင်း ဆေးလိပ်သောက်ခြင်းများ ရှောင်ကြဉ်ရန် နှင့် ဆံပင်ကို Gel နှင့် ဆီလိမ်းခြင်းများ ရှောင်ကြဉ်ရပါမည်
✅✅PRPကုထုံးမခံယူခင် ပြင်ဆင်မှုများ
PRPကုထုံးသည် မိမိသွေးရည်ကြည်ကို အသုံးပြုကုသမှုပြုခြင်းကြောင့် ကုသမှုမခံယူခင် လုံလောက်စွာအနားယူခြင်းနှင့် ရေတနေ့2 လီတာနေ့စဉ်သောက်သုံးခြင်း နှင့်သွေးပျစ်ခြင်းမှကာကွယ်ရန်အတွက် အဆီများစွာပါဝင်သောအစားအစာများ အရက်သောက်ခြင်း ဆေးလိပ်သောက်ခြင်းများ ရှောင်ကြဉ်ခြင်း နှင့် ဆံပင်ကို Gel နှင့် ဆီလိမ်းခြင်းများ ရှောင်ကြဉ်ရပါမည်
ကုထုံးအကြောင်းသိလိုသမျှအတွက် ကျွမ်းကျင်ဆရာဝန်ဆွေးနွေးနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းယူနိုင်ပါပြီရှင်
အရေးပြားဆေးခန်း ၊Building A ၊ ဖရားထိုင်းဆေးရုံ၂
ဖုန်း 0-2617-2444 ext 4202, 4228
04/11/2022
အကုန်လုံး စိတ်ဝင်စားကြမယ့် အမျိုးအစားပေါင်း ၃၇ မျိုးပါဝင်တဲ့ Buy 1 Get 1 ကျန်းမာရေးစစ်ဆေးခြင်းလေးပြန်လာပါပြီ
ထိုင်းနိုင်ငံ ဘန်ကောက်ရှိဝေ့ဌာနီဆေးရုံကြီးရဲ့ ဒီ buy 1 get 1 ကျန်းမာရေးစစ်ဆေးခြင်းဟာ အရင်ကတည်းက လူကြိုက်များကြတဲ့ package တစ်ခုပါ။ ခုလိုကာလမှာ ဒီလို သက်သက်သာသာနဲ့ အကုန်အစုံပါအောင်စစ်ဖို့ဆိုတာကလည်း အချိန်ကိုက်ဖြစ်နေဦးမှဆိုတော့ အခုအချိန်လေးကတော့ အချိန်အခါကောင်းပါပဲ။
အားလပ်ရက်ရှည်လည်း ပိတ်ကြတော့မှာဆိုတော့ ထိုင်းနိုင်ငံမှာ သွားလည်ပတ်ရင်း ကျန်းမာရေး စစ်ဆေးနိုင်ဖို့ အခုပဲ ကျတော်တို့ဆီ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တစ်ခုမှာရဦးမယ်
ဒီအထူးဈေးနှုန်းက နိုဝင်ဘာနဲ ဒီဇင်ဘာ ၂ လထဲပဲ ဝယ်လို့ရမှာပါနော်။
ဒါပေမယ့် စိတ်မပူပါနဲ့။ ဝယ်ပြီး မလာဖြစ်သေးလဲ သိမ်းထားပြီး နောက်နှစ် ၂၀၂၃ ဧပြီလကုန်ထိ အကျုံးဝင်သေးတာဆိုတော့ မလာဖြစ်သေးတောင် အမြန်ဝယ်ယူထားဖို့ မမေ့ကြနဲ့နော်
ကိုယ့်ကျန်းမာရေးအတွက်ပဲစစ်စစ်
ကိုယ့်ချစ်ခင်ရတဲ့ မိသားစု မိတ်ဆွေတွေကိုပဲ လက်ဆောင်ပေးပေး တကယ်ကောင်းမွန်တဲ့ အရာတခုဖြစ်မှာကတော့ အသေအချာပါပဲ
ဆက်သွယ်ရန်
Viber +95 9 5366214/ +66 6 30172505
08/10/2022
ကိုဗစ်ကာကွယ်ဆေးကို ထိုင်းမှာ ရောက်တုန်းထိုးချင်သူများအတွက်
အောက်တိုဘာ ၁ ရက်နေ့ကစပြီး ယခင်က bangsue ရထား ဘူတာမှာ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ရက်နားလိုက်ပြီဖြစ်ပါတယ်. သို့သော် အောက်ဖော်ပြပါ နေရာ ၂ ခုမှာ ဆက်လိုက်ထိုးနှံနိုင်ကြောင်း ဖော်ပြပေးထားပါတယ်.
အရေပြားတက္ကသိုလ်(လွတ်လပ်ရေးမှတ်တိုင်အနီး)
Institte of Dermatology (Victory Monument BTS)
အောက်တိုဘာ ၂ ရက်နှင့် ၂၉ ရက်
မနက် ၉ နာရီမှ တေ့လည် ၃ နာရီထိ
Google map
Institute of Dermatology
02 354 5222
https://goo.gl/maps/Y8Cz1YPFFJ9ZWuf67
Bangrak Medical Center Building (Saint Louis BTS /မြန်မာသံရုံး) မျက်နှာစောင်း
အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့
မနက် ၉ နာရီမှ နေ့လည် ၂နာရီခွဲ ထိ
Google map
Bang Rak Medical Center
02 286 0431
https://goo.gl/maps/FyzBTxE7nWmvcVo76
Central vaccination center +6622862468 ကိုလည်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်
ကိုဗစ်ကာကွယ်ဆေးကို ထိုင်းမှာ ရောက်တုန်းထိုးချင်သူများအတွက်
အောက်တိုဘာ ၁ ရက်နေ့ကစပြီး ယခင်က bangsue ရထား ဘူတာမှာ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ရက်နားလိုက်ပြီဖြစ်ပါတယ်. သို့သော် အောက်ဖော်ပြပါ နေရာ ၂ ခုမှာ ဆက်လိုက်ထိုးနှံနိုင်ကြောင်း ဖော်ပြပေးထားပါတယ်.
အရေပြားတက္ကသိုလ်(လွတ်လပ်ရေးမှတ်တိုင်အနီး)
Institte of Dermatology (Victory Monument BTS)
အောက်တိုဘာ ၂ ရက်နှင့် ၂၉ ရက်
မနက် ၉ နာရီမှ တေ့လည် ၃ နာရီထိ
Google map
Institute of Dermatology
02 354 5222
https://goo.gl/maps/Y8Cz1YPFFJ9ZWuf67
Bangrak Medical Center Building (Saint Louis BTS /မြန်မာသံရုံး) မျက်နှာစောင်း
အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့
မနက် ၉ နာရီမှ နေ့လည် ၂နာရီခွဲ ထိ
Google map
Bang Rak Medical Center
02 286 0431
https://goo.gl/maps/FyzBTxE7nWmvcVo76
Central vaccination center +6622862468 ကိုလည်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်
27/09/2022
Post COVID-19 စစ်ဆေးခြင်းဖြင့် ကိုဗစ်ကူးစက်ပြီး နောက်ဆက်တွဲ ခံစားရနိုင်သော အခြေအနေများကို ကာကွယ်ကြပါစို့
🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬🔬
COVID-19 သည် ပျောက်ကင်းသွားခြင်းမရှိပဲ ခုချိန်ထိ ကာကွယ်ဆေးအပြည့်ထိုးထားသည့်တိုင် ပြန်လည်ကူးစက်ခံနေရသူများ ရှိနေပါသေးသည်။ COVID-19 ကူးစက်မှုအတွင်း ရောဂါလက္ခဏာများ ပြသနိုင်ပြီး ရောဂါပြင်းထန်မှုနှင့် ရောဂါအခံရှိသူများအပေါ်တွင် ပိုမိုသက်ရောက်မှုရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ အချို့သောလူနာများသည် ပြန်လည်ကောင်းမွန်လာသော်လည်း အချို့သောရောဂါလက္ခဏာများကို ဆက်လက်ခံစားနေကြရသည်။ Post COVID-19 စစ်ဆေးခြင်းဆိုသည်မှာ COVID ကူးစက်မှုကို ကာလကြာရှည်စွာ ခံရသူတိုင်းအတွက် COVID-19 ၏ သက်ရောက်မှုများကြောင့် မိမိကိုယ်တွင်းထိခိုက်မှုအခြေအနေများကို စစ်ဆေးခြင်းဖြစ်သည်။ ထို့ကြောင့် Post COVID-19 စစ်ဆေးခြင်းသည် ရောဂါပြင်းထန်မှုမခွဲခြားသင့်ပဲ မိမိသည် ယခင်က ကူးစက်ခံရသူဖြစ်ခဲ့ဖူးပါက စစ်ဆေးခြင်းက ပိုမိုသင့်လျော်ပါသည်။ စစ်ဆေးခြင်းရလဒ်များကြောင့် အပြည့်အဝပြန်လည်ကောင်းမွန်လာစေပြီး ရောဂါရှာဖွယ်တွေ့ရှိပါကလည်း အမြန်ဆုံးကုသမှုခံယူနိုင်ခြင်းဖြင့် နာတာရှည်ခံစားရနိုင်ခြေကို ကာကွယ်တားဆီးပေးပါသည်။
ထို့ကြောင့် ကိုဗစ်ကူးစက်ဖူးသူတိုင်းအတွက် သင့်လျော်သော ကျန်းမာရေး စစ်ဆေးခြင်း Post COVID-19 အစီအစဥ◌်လေးကို အများပြည်သူများအဆင်ပြေစေရန် မိတ်ဆက်ပေးလိုက်ပါသည်။
အသေးစိတ်ဖတ်ရှုရန်
https://www.vejthani.com/packages-and-programs/post-covid-19-check-up/
#ကျန်းမာရေးဗဟုသုတ #ဝေ့ဌာနီဆေးရုံကြီး
--------------------------------
Website : www.vejthani.com
Myanmar Viber Center: +66 8 198 45111
Myanmar Line ID: +66 8 198 45111
Youtube Myanmar Channel : https://www.youtube.com/channel/UCTYxAvaols2UK4BYBmCwFIQ
07/09/2022
👩🏽❤️💋👨🏼💑👩🏼❤️👨🏼အသက်အရွယ်ကြောင့်ဖြစ်စေ အလုပ်စိတ်ဖိစီးမှုကြောင့်ဖြစ်စေ သားသားမီးမီးများရရှိပိုင်ဆိုင်ရန်အတွက်ခက်ခဲမှုရှိနေသော စုံတွဲများအတွက် အထူးအစီအစဥ်လေးနှင့်မိတ်ဆက်ပေးချင်ပါတယ် IVF ဖန်ပြွန်သန္ဓေသားဖန်တီးခြင်း Baby angle program ကို Phyathai2 ဖရားထိုင်း ၂ အင်တာနယ်ရှင်နယ်ဆေးရုံမှ 399,900 THB ဖြင့်ဝယ်ယူရရှိနိုင်ပါပြီ🎉🎉🎉
👶👨👩👦ပက်ကေ့စ်အတွင်းပါဝင်သော ဝန်ဆောင်မှုများမှာ
*အားပြည့်သော မျိုးဥများကြွေကျအောင် နှိုးဆွပေးခြင်း
*မျိုးဥကောက်ခြင်း မျိုးစပ်ပေးခြင်း
*သန္ဓေသားလောင်းများလွဲပြောင်းခြင်း
*သန္ဓေသားလောင်းခရိုမိုဆုန်းကျန်းမာခြင်းစစ်ဆေးခြင်း
*သန္ဓေသားလောင်းများအေးခဲထားခြင်း စသော ဝန်ဆောင်မှုအဆင့်ဆင့်ပါဝင်ပါသည်
အသေးစိတ်အချက်အလက်များသိရှိလိုပါက တာရိုက် Inbox မက်ဆေ့မှတဆင့်မေးမြန်းနိုင်ပါပြီရှင့်
#ဖယာထိုင်း၂ #ဖန်ပြွန်သန္ဓေသား
07/09/2022
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok