Life by LiLi

Life by LiLi

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Life by LiLi, สุขภาพ/ความงาม, Rhythm, Bangkok.

လီလီလာလာ ဘလော့ဂါငပျင်းပါ။ စာ​ရေးရတာထက် စကားပြောရတာပိုကြိုက်တာပါ။ စိတ်ကူးပေါက်မှ ထရေးပါတယ်။ ၁ နှစ်တစ်ကြိမ်လောက်တော့ ထ​ရေး တတ်ပါတယ်။ အောင်မြင်မယ့် ဘလော့ဂါတော့မဟုတ်ပါဘူး။ ဒို့post တွေဖတ်ပြီးခရီးသွားရင် လမ်းမှားစေရပါမယ်။

05/12/2025

ကောင်လေး ကလမ်းခွဲမယ်ပြောတဲ့ အချိန်တုန်းက ကိုယ်အသဲမကွဲသေးဘူး။ ငါဘာများမှားခဲ့လို့လဲ။ . သူ့မှာအနာဆာရှိရင် ငါခွင့်လွှတ်မယ်။ ငါ့မှာ အပြစ်နာဆာရှိရင် ငါပြင်မယ် ဆိုတဲ့ စိတ်နဲ့ပဲ မရမက လိုက်တွယ် ကပ်မိတော့တယ်။ ဆွဲထားမိတယ် ထားမသွားဖို့ကို ငိုကြွေးနေခဲ့မိတာ။

ကိုယ်နဲ့ နေရတာ သူမပျော်ဘူး ဆိုတဲ့ စကားတစ်ခွန်းမှာတင် ကိုယ့်အသဲတွေအကုန်ကွဲကြေသွားတော့တယ်။

ကိုယ်က သူ့ကို အမြဲတမ်းအဆင်ပြေနေစေချင်တာ။ပျော်
ရွှင်စေချင်တာ။ သူမပျော်တော့ဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ တင် ဘာကြောင့်လဲ ဘာလို့လဲ ဆိုတဲ့ ဆင်ခြေတွေလဲ မမေးချင်တော့ဘူး။ ဆွဲထား စရာအကြောင်းလဲ မရှိတော့တာမို့ လွတ်ချလိုက်တာ။

လွတ်ချလိုက်တဲ့ အရာထဲမှာ ကောင်လေးနဲ့ အတူ နစ်ယောက်အနာ ဂတ်လည်း ပါတာမို့ ကိုယ့်မှာ စမ်းတဝါးဝါးလမ်းတွေပျောက်တယ်။ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း ဘာလုပ်ချင်မှန်းလည်း မသိတော့ဘူး။
မသိခြင်း တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် တစ်စခြင်းစီ ပြန်ကောက်ယူနေရတာ။

ချစ်ခြင်းမေတ္တာမှာ သာတယ်နာတယ်ဆိုတာ မရှိဘူးမဟုတ်လား။ သူလည်း သူ့ဘဝ လေးမှာပျော်ရွှင်နေမှာပါ။

#ကျကွဲခဲ့တဲ့အပိုင်းစများအကြောင်း

Photos from Life by LiLi's post 26/10/2025

🦋🦋🦋

05/10/2025

ပျောက်ဆုံးသွားတဲ့ အိမ်မက်တွေ ပြန်ရှာနေရတယ်။
အဲ့ထက်ပိုစိုးတာက ပျောက်ဆုံးသွားတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေရတာပါပဲ။

01/10/2025

လူတစ်ယောက်ကို
"မြို့" နဲ့ တွဲ မမှတ်ရဘူး,
" အနံ့ " နဲ့ တွဲ မမှတ်ရဘူး,
" သီချင်း " နဲ့ တွဲ မမှတ်ရဘူး..
အဲ့ " မြို့ " ပြန်ရောက်ခဲ့ ရင်,
အဲ့ " အနံ့" ပြန်ရခဲ့ ရင်,
အဲ့ " သီချင်း " ပြန်ကြားခဲ့ ရင်
ရူး တတ် လို့ .တဲ့

Crd

26/09/2025

ညတွေကလည်းရှည်လျားလိုက်တာ 💔

24/09/2025

💛

24/09/2025

ဘယ်သူ့ရဲ့ နုတ်ဆက်စကားဟာ ပိုနာကျင်စေသလဲဆိုတာ
ကမ္ဘာကြီးရဲ့ အဆုံးတနေရာကနေ မမေးပါနဲ့။
ပြန်လာမလား လို့လဲ မမေးပါနဲ့လေ
ဘယ်လိုများ ဖြေရှင်းရမလဲ ဘယ်သူမှ နားမလည်နိုင်တဲ့ အဲ့အချိန်လေးမှာ ပြိုလဲ သွားတဲ့ ခံစားချက်တွေကို
ခံစားဖူးမှ ကောင်းကောင်းသိနိုင်ကြမှာပါ။

20/09/2025
18/09/2025

ခရီးကတော့ တစ်ယောက်ထဲလဲ သွားလို့ရတာပဲလေ .

17/09/2025

တစ်ချို့အရာတွေကလေ အချိန်ကြာကြာ ဖက်တွယ်ထားလို့ ကောင်းတဲ့ အရာ မဟုတ်မှန်းသိပေမယ့်လဲ သူနဲ့ပတ်သက်သမျှ ကို ၁၀ စုနှစ်တစ်ခု နီးပါးကြာတဲ့ ထိ ကို ငါကလေ ဖက်တွယ်ထားနေမိတယိ။
သူနဲ့ စသိတဲ့ သူ့အသက် ၁၆ နှစ်တည်းက ငါတို့တွေ တူတူ chillကြတယ်။ ကြယ်တွေ တူတူဖမ်းကြတယ်။
Commitment မရှိတဲ့ ဆက်ဆံရေး တွေကြားမှာ ဝေဝေဝါးဝါးနဲ့ ငါသူ့ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတယ်။

နှစ်အတော်ကြာပြန်တွေ့တော့ သူ့ အသက်က 20နှစ်ဖြစ်သွားပြီး အရင်လို ကလေးရုပ်မဟုတိတော့ပဲ နည်းနည်းပြောင်းလဲသွားတယ်။ မမကိုပြန်တွေ့ရတာ ရင်ပါခုန်သွားတယ်လို့ သူထပ်ပြောတော့လဲ ငါ့မှာ အပျော်တွေလွန်ခဲ့ရတာပါပဲ။ ထုံးစံ တိုင်းပဲ ငါတို့ဟာ ဘယ်တော့မှ မနီးစပ်ခဲ့ဘူး။

ဘယ်တော့မှ လည်းပြန်မဆုံတော့ပါဘူးလို့ပဲ မှတ်ယူထားတဲ့ ငါကလေ သူဘယ်ချိန်ပဲ နောက်လှည့်ကြည့်ကြည့် အမြဲရှိနေခဲ့တာမျိုးဖြစ်ခဲ့တာ။

ဒီတစ်ချိန် သူပြန်ရောက်လာတော့ ဘာပြန်လာလုပ်တာလဲ လို့တော့ သူ့ကို မေးမိတယ်။ အချိန်တော်တော်ကြာကြီး ထိ သူ့ကို အကွားဝေး တစ်ခုမှာပဲ ထားခဲ့မိတယ်။
ဒီကာလ ထဲမှာတော့ ငါလည်း အများကြီးပြောင်းလဲသွားသလို သူကလဲ အသက်22 ထဲရောက်လာတဲ့ လူကြီး တစ်ပိုင်းဖြစ်နေပြီး။ ငယ်ငယ်ကထက်စာရင် အများကြီး ပြောင်းလဲ ခဲ့တာ။ ဒီတစ်ခေါက်တော့ commitment တစ်ခု နဲ့ ငါတို့ နှစ်ယောက်အိမ်က တွေ အများကြီး မက်ခဲ့ကြတာ။ သူ့ကိုစတွေ့တည်းက သူများတွေ ခေါ်သလို မောင်လေးတို့ သူ့နာမည်တို့ ကို ခေါ်တာမျိုး မလုပ်တော့ပဲ ကောင်လေးလို့ပဲ ခေါ်ခဲ့တာ။
သူ့အသက် ၁၆ နှစ်က နေ 25နှစ်ထိ ပြောင်းလဲ ရင့်ကျက်လာခဲ့တာတွေကို ကြည့်ပြီး အရမ်းကိုမြတ်နိုးခဲ့မိတာပဲ။ငါ့ကိုယ်ကိုယ် ငါချစ်တာထက်တောင် သူ.ကိုငါ ပိုချစ်ခဲ့သေးတယ်။
ထုံးစံ အတိုင်းပါပဲ အကြောင်းမျိုးမျိုးကြောင့်နဲ့ပဲ ငါတို့ ထပ်ဝေးကြပြန်တာပဲ။
ဒီလောက်ထိ ၁၀ စုနှစ်တစ်ခုကြာအောင် ငါက ဘာလို့ ရပ်ပြီး ယောင်ဝါးဝါးလုပ်နေခဲ့လဲ ဆိုတာ ကိုယ့်ကိုယ်ကို လည်းနားမလည်ဘူး။
ငါတို့ နှစ်ယောက်ကလေ တကယ်ကို ဘယ်ရထားမှာလွဲ ခဲ့လဲ မသိဘူး။ ဒီတစ်ခါ လွဲပြီးဆိုတော့ နောက်တစ်ခါ ဘယ်လောက်ကြာမှ ပြန်ဆုံရမလဲဆိုတာလဲ ငါမသိပါဘူး။

16/09/2025

လန့်နိုးလာတော့ ဒါတွေကအိမ်မက်မဟုတ်ဘူး ငါတို့တကယ်ဝေးသွားကြပြိးဆိုတဲ့အသိကလေ အရမ်းကိုမှ ခြောက်ခြားကြေကွဲစရာ ကောင်းလွန်းလှပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Rhythm
Bangkok
10120