Work from Home, Myanmar
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Work from Home, Myanmar, สุขภาพ/ความงาม, Bangkok.
22/12/2022
အသက်ငယ်ငယ်လေးပဲရှိသေးတာ ဘာကြောင့်ပိုက်ဆံရှာနေတာလဲ
ကိုယ်အနားယူရမယ့်အရွယ်မှာ နောင်တမရှိ အောင် ကြိုးစားနေတာပါ
#အသက်ကြီးတဲ့အချိန်မှာနောတမရဖို့ ငယ်ရွယ်တဲ့အချိန်ကြိုတင်ပြင်ဆင်ရမယ်။
#စားဝတ်နေရေးအတွက်အလုပ်လုပ်နေရုံနဲ့ဘဝဘူး ကိုယ်ဘယ်အချိန်
ပြန်လာမလဲဆိုတဲ့မျှော်လင့်ချက်နဲ့ ကျွန်တော့ရဲ့ *မိဘ*တွေ နဲ့
ကျွန်တော်ရဲ့အနာဂတ်ကစောင့်နေပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
ကိုတိုးနိုင်လင်းSCM
21/12/2022
စိုက်ပျိုးတောင်သူဦးကြီးတွေအတွက် အကောင်းဆုံး အဖော်မွန် ဖြစ်လာတဲ့ "Transform Plus"...
-အပင်မရွေး ,ရာသီမရွေး,မြေမရွေးပဲ အချိန်တိုအတွင်း
အာနိသင် မြန်ဆန်စွာရရှိစေတဲ့ "TransForm Plus"...
-ပတ်ဝန်းကျင်နဲ့ သုံးစွဲသူ,စားသုံးသူတွေကို အန္တရာယ်ကင်းစေတဲ့ "TransForm Plus"...
-ကုန်ကျစရိတ်သက်သာစေပီး အထွက်နှုန်းကိုကောင်းမွန်စွာနဲ့ပိုတိုးစေတဲ့ " TransForm Plus" မို့ သေချာလေ့လာပြီးစနစ်တကျ နဲ့ ရှောင်ရန်လေးတွေသတိထားသုံးစွဲရင်း စိုက်ပျိုးတောင်သူတွေရဲ့ အနာဂတ်တွေ ပိုမို ကံကောင်းလာမှာ အသေအချာပါပဲ.
"TransForm Plus" ကိုသုံးကြစို့...
"TransForm Plus" ကိုသုံးကြစို့...
"TransForm Plus" ကိုသုံးကြစို့...
#ထိုင်းနိုင်ငံထုတ်တင်သွင်းခွင့်ထောက်ခံချက်များရရှိထားသောထိုင်းပစ္စည်းပါနော်
ချစ်ခင်လေးစားစွာဖြင့်
ကိုတိုးနိုင်လင်းSCM
21/12/2022
သူများနိုင်ငံမှာ အသက်၂၃နှစ်နဲ့ ကမ္ဘာက
သိနေချိန်မှာ
မြန်မာနိုင်ငံမှာက 18 ၊ 23နှစ် တွေကတော့ မိဘက
စိတ်မချလို့ဆိုတာနဲ့ လူညွှန်တုံးနေတာတွေ
မှိုလိုပေါက်လို့😁
အခုကိုယ်တွေ 24 ကျော်ပြီ
အခုထိ စိတ်မချသေးဘူးတဲ့
အေမက😁😁😁😁😁
#မိမိရဲ့သားသမီးလေးတွေကိုချစ်ပါ ဒါပေမဲ့
သူတို့လေးတွေကို ကိုယ်ပိုင်ဆုးံဖျတ်ချက်တွေနဲ့ အနာဂတ်
လှပဖို့အတွက် လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးလိုက်ပါ။
ချစ်ခင်လေးစားစွာဖြင့်
ကိုတိုးနိုင်လင်းSCM
16/12/2022
Successmore ရဲ့ CEO Noppakrit ၏ အလုပ်တစ်ခုပြီးမြောက်အောင်မည်သို့ ပြောဆိုရမလဲ နည်းစနစ် (5) ရပ်ကိုလေ့လာဖတ်ရှုရင် စိတ်ကူးသစ်များပွင့်လန်းနိုင်ကြပါစေ..............
သူတပါးနှင့် အတူလက်တွဲလုပ်ကိုင်ရာ၌ မိမိတို့ ရှောင်လွှဲ၍ မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်မှာ “ပြောဆိုဆက်ဆံမှု” ဖြစ်သည်။ အတူလက်တွဲလုပ်ကိုင် ကြရာ၌ အထူးပင် အရေးပါသည့် စွမ်းရည် တစ်ရပ်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် အလုပ်ကိစ္စများ အတွက် မိမိတို့ အနေနှင့် နေ့စဉ်ပင် ပြောဆို ဆက်ဆံမှုများ ပြုနေရသောကြောင့်ပင် ဖြစ်သည်။ နားလည်သဘောပေါက်မှု မရှိသည့် ပြောဆိုဆက်ဆံ ဆက်သွယ်မှုကြောင့် ပြီးစီးသင့်သည့် အလုပ်မှာ မပြီးစီးပဲ ဖြစ်သွားနိုင်သည်။
ဒီကနေ့မှာ ဆက်သွယ်ပြောဆိုရာမှာ နောက်ထပ် အချိန်မကုန်ရစေဖို့ အလုပ်ဖြစ်အောင် မည်သို့ပြောဆိုရမလဲ ဆိုတဲ့ နည်းစနစ် 5 ရပ် အကြောင်း ပြောပြပေးသွားပါမယ်။
1. နားလည်သဘောပေါက်အောင် နားထောင်ပါ။
ပြောဆိုဆက်ဆံရေးတော်ချင်တဲ့သူအတွက် လုံးဝ လျစ်လျူရှု ထားဖို့ မသင့်တဲ့အချက်က အရင်ဦးစွာ တော်တဲ့ နားထောင်သူ တစ်ဦး ဖြစ်အောင် လုပ်ဖို့ပါ။ တစ်ဖက်သား ပြောဆိုတာ ပြီးစီးအောင် စောင့်၍ နားလည်သဘောပေါက်အောင် နားထောင်ပြီးမှသာ ပြန်လည် ဖြေကြား ပြောဆိုဖို့ လိုပါတယ်။ တစ်ဖက်သား ပြောဆိုလာတာကို နားလည်သဘောပေါက်စွာဖြင့် သူနားလည်အောင် ပြန်လည် တုံ့ပြန်ပြောဆိုစေနိုင်တဲ့အတွက် ဒီနည်းလမ်းဟာ စကားပြောဆိုဆွေးနွေးမှုကို သွက်လက် အဆင်ချောစေပါတယ်။
2. အနှောင့်အယှက်ရှိတဲ့ ပတ်ဝန်းကျင်မျိုးကို ရှောင်ပါ။
နားလည် အလုပ်ဖြစ်အောင် ပြောဆိုဆွေးနွေးဖို့ ဆိုရာမှာ မှားယွင်းတဲ့ ဆက်သွယ်အသိပေးမှု မရှိစေမယ့် ပြောသူရော နားထောင်သူ နှစ်ဦးစလုံးမှာပါ အာရုံစူးစိုက်နိုင်ဖို့ အထူး လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တစ်ယောက်ယောက်က တစ်ခြားကိစ္စကို တွေးနေမယ် သို့မဟုတ် ဘေးပတ်ဝန်းကျင်က အရာတွေကိုပဲ စိတ်ရောက်နေမယ် ဆိုရင် အခြားတစ်ဖက်ဆီက သတင်းအချက်အလက်ကို အပြည့်အဝ လက်ခံယူနိုင်မှာ မဟုတ်ပါဘူး။
3. တစ်ဖက်သား ပုံဖော်မြင်နိုင်စေမယ့် ဥပမာသာဓကများပြပြီး ပြောဆိုပါ။
ဆွေးနွေးပြောဆိုမှုမှာ တစ်ဖက်သားမျက်စိထဲမှာ ပုံဖော်မြင်ယောင်လာနိုင်စေမယ့် ဥပမာသာဓကတွေနှင့် နှိုင်းယှဉ် ပြောဆိုခြင်းဖြင့် အချင်းချင်းကြား နားလည်သဘောပေါက်မှု ပိုတိုးလာစေနိုင်ပါတယ်။ နှစ်ဖက်စလုံးကနေ တူညီတဲ့ ပုံရိပ်ကို မြင်ယောင်နိုင်ကြမယ် ဆိုရင် ပုံရိပ်မမြင်ယောင်ပဲ ဒီအတိုင်း စကားလုံးချည်းသက်သက်ထက် ပိုပြီး အလုပ်ကို ပြည့်စုံကောင်းမွန်စွာ လုပ်ဆောင်သွားစေနိုင်မှာ အသေအချာပါ။
4. စကားလုံးအမြန်နှုန်းကို ထိန်းချုပ်ပြောဆိုပါ။
စကားအပြောကောင်းတဲ့သူဟာ ဘယ်နေရာမှာဆိုရင် ပြောဆိုမှု အမြန်နှုန်းကို တင်ရမယ်၊ ဘယ်နေရာမှာတော့ ခပ်နှေးနှေး ပြောဆိုရမယ် ဆိုတာကို သိကြပါတယ်။ ဘာကို ဆိုလိုသလဲ မသိနိုင်လောက်အောင် နှေးလွန်း၊ မြန်လွန်းစွာ ပြောဆိုတာမျိုးက ပြောသူရော နားထောင်သူ အတွက်ပါ အကျိုး မရှိစေပါဘူး။ ဘာမှ မဟုတ်ပဲနဲ့ အချိန်ကုန်စေတဲ့ အပြင် သူတစ်ပါး နားမလည်နိုင်တာကြောင့် ကိုယ်လိုချင်တဲ့ အလုပ်ပြီးစီးအောင်မြင်မှုကို ဖြစ်ထွန်း စေနိုင်မှာ မဟုတ်ပါဘူး။
5. ခန္ဓာကိုယ်အမူအရာက ခံစားချက်ကို ထင်ဟပ်ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်အမူအရာ ကလဲ အရေးကြီးပါတယ်။ တစ်စုံတစ်ယောက်နှင့် စကားပြောကြည့်လို့ ဘာတုံ့ပြန်ချက်မှ မတွေ့ရဘူး ဆိုရင် တစ်ဖက်သားက သူပြောတာကို နားမထောင်ဘူး (သို့) သဘောပေါက်နားလည်မှု တူညီရဲ့လားလို့ ပြောသူမှာ ဇဝေဇဝါဖြစ် ဝမ်းနည်းမိစေနိုင်ပါတယ်။ ဒါကြောင့်မို့ မျက်လုံးချင်းဆုံကြည့်တာ၊ ပြုံးပြတာ (သို့) အနည်းငယ်သော လက်အမူအရာ စတာတွေက ပြောဆိုဆွေးနွေးမှုကို သွက်လက် ချောမောစေနိုင်ပြီး၊ နှစ်ဖက်စလုံးကို ပိုမိုတူညီတဲ့ နားလည်သဘောပေါက်မှု ဖြစ်ထွန်း ရရှိစေနိုင်ပါတယ်။
မိမိနှင့် လုပ်ဖော်ကိုင်ဖက်အကြား ဆက်သွယ် ပြောဆိုဆက်ဆံရေးမှာ ပြဿနာ အဖြစ်မခံပါနှင့်မဟုတ်လို့ကတော့ မိမိရဲ့ အလုပ်ချိန် ဆုံးရှုံးရမှု သို့မဟုတ် အလုပ်နှောင့်နှေးမှုကို ဖြစ်စေနိုင်ပါတယ်။ အနည်းငယ် ပိုမို အလေးထား ဂရုစိုက် ပြောဆိုဆက်ဆံခြင်းဖြင့် ကိုယ်ရည်မှန်းထားတဲ့ အလုပ်ကို ပိုမို လျင်မြန်စွာဖြင့် ပြီးစီးအောင်မြင်စေနိုင်မှာ အသေအချာပါ။
15/12/2022
ဘဝကို #ဘာနဲ့ပေါင်းချင်လဲ ❓❓...........................
📕ဘဝကို အတ္တနဲ့ ပေါင်းကြည့်လိုက်တော့
နောက်ဆုံး အထီးကျန်တယ်...
📗ဘဝကို လူတွေနဲ့ ပေါင်းကြည့်တော့
သင်္ခန်းစာတွေ ကျန်တယ်....
📘ဘဝကို အမှားနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး နောင်တတွေ ကျန်တယ်...
📒ဘဝကို ပျော်စရာတွေနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး ဒုက္ခတွေ ကျန်တယ်...
📔ဘဝကို မာနနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး မြေကြီးပဲ ကျန်တယ်....
📓ဘဝကို အချစ်နဲ့ ပေါင်းကြည့်တော့
နောက်ဆုံး ဘဝပဲ ပြန်ကျန်တယ်...
📚ဘဝကို စာပေနဲ့ ချဉ်းကပ်ကြည့်တော့
ရသမြောက်တဲ့ ကဗျာတွေ ကျန်တယ်...
📗ဘဝကို ကောင်းခြင်းဓမ္မနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး အသိဉာဏ်တွေ ကျန်တယ်..
📕ယင်းအသိကို အကျင့်နဲ့ ပေါင်းကြည့်တော့
ဘာဆို ဘာမှ မကျန်တော့ဘူး...
📘နောက်ဆုံး
ဘဝကို နေဝင်ချိန်နဲ့ ပေါင်းကြည့်လိုက်တော့...?
#အထီးကျန်တဲ့သူရယ်
#နောင်တ ကျန်တဲ့သူရယ်
#အသိကျန်တဲ့ သူရယ်
#ဘဝ ကျန်တဲ့သူရယ်
#ဘာမှ မကျန်တဲ့ သူရယ်ပါပဲ....Crd:
15/12/2022
#ပစည်းကောင်းလို့ဖောက်သည်မပြတ်ဘူးလေ
ိုတာအမြဲသုံးစွဲနေရမယ့်အရာတခုပဲ
#လူဆိုတာအမြဲလှုပ်ရှားရုန်းကန်နေသူတေမို့တခုခုကတော့လျော့နေမှာအမှန်ပဲလေ၊အသက်အရွယ်အရလည်းလျော့လာနိုင်တာပဲလေ
#လျော့လာတဲ့အရာလေးတေကိုအမြဲပြန်ဖြည့်ပေးနေရင်ကျန်းမာနေပြီပေါ့
#နေစဉ်သုံးပစည်းလေးတေကလည်းဈေးသင့်ပြီးအသုံးခံရင်ဝယ်သုံးရတာတန်တာပေါ့
#မှာထားသူများအားလုံးရပြီနော်။
15/12/2022
လူတိုင်းရဲ့ခန္ဓာကိုယ်မှာရေဆိုတာအစိတ်အပိုင်းတိုင်းမှာ အသုံးပြုပြီး ခန္ဓာကိုယ်အနှံ့ကိုလည်ပတ်သွားလာကာ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်တိုင်းအတွက်လိုအပ်ပါတယ်။ ရောဂါတွေကို ပျောက်ကင်းစေတတ်သလို မျက်နှာအသားအရေကိုလဲစိုပြေဝင်းပ နေအောင်ကူညီပေးနိုင်ပါသေးတယ်။လူတော်တော်များများက ရေသောက်ဖို့အတွက်ကိုမေ့နေတတ်ကြပြီး တစ်နေ့ကိုရေဘယ်နှစ်လီတာလောက်သောက်ရမလဲဆိုတာကိုလဲမေးလေ့ရှိပါတယ်။
အသားအရေလှပြီးကျန်းမာနေဖို့အတွက်ကို S MONE’ မှ ရေကို ဘယ်လိုသောက်ရမလဲဆိုတဲ့ လွယ်ကူတဲ့နည်းလမ်းလေးတစ်ခုကို မိတ်ဆက်အကြံပြုလိုက်ပါတယ်။
Successmore မှ S MONE’ ထုတ်ကုန်များနဲ့ကိုယ့်ရဲ့တန်ဖိုးထား ရတဲ့ အလှတရားကိုနေ့တိုင်းဂရုစိုက်လိုက်ပါ။
#ရေဓာတ်ခမ်းခြောက်ခြင်း
#အသားအရေခြောက်သွေ့ခြင်း #ရေသောက်ခြင်း #ကျန်းမာခြင်း #အသားအရေစိုပြေခြင်း
15/12/2022
မင်္ဂလာပါ ချစ်မိတ်ဆွေတို့ရေ🙏🙏🙏
လက်ရှိအခြေအနေတွေကနေ
တိုးတက်အောင်မြင်အောင်ကြိုးစား
ချင်တယ်
ပြောင်းလဲချင်တယ် အောင်မြင်အောင်
ဘယ်လိုတွေ ပြောင်းလဲရမလဲဆိုတဲ့
မေးခွန်းကို လူတိုင်း ကိုယ့်ကိုယ်ကို မေးမိ
ကြမှာပါ..စဉ်းစားဖူးကြမှာပါ..
သင့်အတွေးနဲ့ တခြားသူတွေ အတွေး
တွေရောတူညီမှုရှိလား❓❓တစ်ခြားသူ
တွေရော ဘယ်လိုတွေ စဉ်းစားပြီးတော့
အောင်မြင်လာခဲ့လဲဆိုတာသိဖို့ "အောင်မြင်မှု ရဲ့အထူးသော့ချက် မေးအဖြေ" ဆိုတဲ့ ပွဲလေး
ကိုတက်ရောက်ပြီး ကျွန်တော်တို့ အတူ
Work at home project pageမှာ
ဆွေးနွေးလိုက်ကြရအောင်❗❗
စိတ်ဝင်စားသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ
ချစ်ခင်လေးစားစွာဖြင့်
ကိုတိုးနိုင်လင်းSCM
15/12/2022
မင်္ဂလာ ရှိသောနေ့သစ်လေးဖြစ်ကြပါစေ
🙏🙏🙏🙏🙏🙏🙏
ပြဿနာတစ်ခုဖြစ်ပြီဆိုတာနဲ့
အပြစ်တင်တဲ့စကားလုံးတွေနဲ့ အစချီပြီး
အသံကျယ်ကျယ် ဆူပြောမယ့်အစား
-ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလဲ?
-နောင်ကို အလားတူ ပြဿနာမျိုး မကြုံရလေအောင် ဘယ်လို ဂရုစိုက် သတိထားရမယ်ဆိုတာမျိုး ကောင်းကောင်းမွန်မွန် ရှင်းပြ ပြောပြပေးဖြစ်တယ်။
ဘယ်သူကမှ တမင်ရည်ရွယ်ချက်နဲ့
မှားအောင်၊ ပြဿနာဖြစ်အောင်
လုပ်တာမှ မဟုတ်တာလေနော်။
အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်ပြောရင်
နားထောင်ကြပါတယ်။
ချစ်ခင်လေးစွာဖြင့်
ကိုတိုးနိုင်လင်းSCM
14/12/2022
အမြတ်ကို လိုချင်ရင်
အရင်းရှိရမယ် ၊ အရှုံးကိုလည်း လက်ခံနိုင်ရမယ်။
အောင်မြင်မှုကို လိုချင်ရင်
ပေးဆပ်မှု ရှိရမယ်၊
ကျရှုံးခြင်းကို လက်ခံနိုင်ပြီး ပြန်လည်နိုးထနိုင်ရမယ်။
ချစ်ခင်လေးစွာဖြင့်
ကိုတိုးနိုင်လင်းSCM
Motivation
14/12/2022
ဘဝ ကြီးပွားတိုးတက်မှုအတွက် အကောင်းဆုးံနိယာမဆိုတာ
အဲဒီလူရဲ့ ရွေးချယ်မူပေါ်မှာ မူတည်တယ်။
ဒါဆိုရင် မိတ်ဆွေရဲ့ ရွေးချယ်မှုကဘာလဲ?
1=စားဝတ်နေရေးအတွက် အလုပ်လုပ်နေတာလား?
2=အနာဂတ်အတွက် အလုပ်လုပ်နေတာလား?
ရွေးချယ်မှုမှန်ရင် လွတ်မြှောက်မှုကရရှိသလို /
ရွေးချယ်မှုမှားနေရင်တော့ တသက်လုးံပင်ပန်းနေရလိမ့်မယ်။
#မှန်ကန်တဲ့ရွေးချယ်မှုနဲ့လွတ်မြှောက်မှုကိုလိုချင်သူများ
အခမဲ့မေးမြန်းလိုက်ပါခင်ဗျာ
ချစ်ခင်လေးစွာဖြင့်
ကိုတိုးနိုင်လင်းSCM
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
Bangkok